1 တစ်ဖန် ထာဝရဘုရားက၊ အနန္တတန်ခိုးရှင်ကို ဆုံးမသောသူသည် ဆန့်ကျင်ဘက်ပြုဦးမည်လော။ 2 ဘုရားသခင်ကို အပြစ်တင်သောသူသည် ပြန်ပြောစေတော့ဟု ယောဘအားမိန့်တော်မူလျှင်၊
3 ယောဘက အကျွန်ုပ်သည် ဆိုးယုတ်ပါ၏။ 4 ကိုယ်တော်အား အဘယ်သို့ ပြန်လျှောက်ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်နှုတ်ကို ကိုယ်လက်နှင့် ပိတ်ပါမည်။ 5 တစ်ကြိမ် ပြောမိပါပြီ။ တစ်ဖန် မပြောဝံ့ပါ။ နှစ်ကြိမ်တိုင်အောင် ပြောမိပါပြီ။ သို့ရာတွင် ထပ်၍မပြောဝံ့ပါဟု ထာဝရဘုရားအား ပြန်၍လျှောက်လေ၏။
6 တစ်ဖန် ထာဝရဘုရားသည် မိုးသက်မုန်တိုင်းထဲက ယောဘအား မိန့်တော်မူသည်ကား၊ 7 လူယောက်ျားကဲ့သို့ သင်၏ခါးကိုစည်းလော့။ ငါမေးမြန်းသော ပြဿနာတို့ကို ဖြေလော့။ 8 သင်သည် ငါတရားစီရင်ချက်ကို ပယ်မည်လော။ သင်သည် ကိုယ်တိုင်ဖြောင့်မတ်ဟန် ရှိစေခြင်းငှာ၊ ငါ့ကိုအပြစ်ရှိသည်ဟု စီရင်မည်လော။ 9 သင်သည် ဘုရားသခင်၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့သောအသံနှင့် မိုးချုန်းနိုင်သလော။ 10 ထူးဆန်းသော ဘုန်းတန်ခိုးအာနုဘော်ကို ဝတ်ဆောင်လော့။ တင့်တယ်သောဂုဏ်အသရေနှင့် တန်ဆာဆင်လော့။ 11 သင်၏အမျက်အရှိန်ကို လွှတ်လော့။ မာနထောင်လွှားသော သူအပေါင်းတို့ကို ကြည့်ရှု၍ နှိမ့်ချလော့။ 12 မာနထောင်လွှားသော သူအပေါင်းတို့ကို ကြည့်ရှု၍ ရှုတ်ချလော့။ အဓမ္မလူတို့ကို နှိပ်နင်း၍၊ 13 သူတို့ကိုမြေမှုန့်၌ တစ်စုတည်း ဝှက်ထားလော့။ သူတို့မျက်နှာများကို မှောင်မိုက်၌ ဖုံးအုပ်လော့။ 14 သို့ပြုလျှင် သင်၏လက်ယာလက်ရုံးသည် သင့်ကို ကယ်တင်နိုင်သည်ဟု ငါဝန်ခံမည်။
15 သင်နှင့်အတူ ငါဖန်ဆင်းသော ဗေဟမုတ်မြင်းကို ကြည့်ရှုလော့။ နွားကဲ့သို့ မြက်ကိုစားတတ်၏။ 16 သူ၏တန်ခိုးသည် ခါး၌လည်းကောင်း၊ သူ၏ခွန်အားသည် ဝမ်းကြော၌လည်းကောင်း တည်လျက်ရှိ၏။ 17 သူ့အမြီးသည် အာရဇ်ပင်ကဲ့သို့ လှုပ်တတ်၏။ ပေါင်ကြောတို့သည် အထပ်ထပ်ရှိကြ၏။ 18 အရိုးငယ်တို့သည် ကြေးဝါချောင်း၊ အရိုးကြီးတို့သည် သံတုံးကဲ့သို့ဖြစ်ကြ၏။ 19 ဘုရားသခင်ဖန်ဆင်းသော သတ္တဝါတို့တွင် ထူးဆန်းသော သတ္တဝါဖြစ်၏။ သူ့ကိုဖန်ဆင်းသော ဘုရားသာလျှင် သူ၏တံစဉ်ကိုပေးပြီ။ 20 မြေတိရစ္ဆာန်အပေါင်းတို့ ကစားရာတောင်ရိုးသည် သူ၏ကျက်စားရာအရပ် ဖြစ်၏။ 21 အရိပ်ကောင်းသော အပင်အောက်၊ ကျူပင် ချုံပုတ်အောက်၊ ရေများသောအရပ်၌ နေတတ်၏။ 22 ထိုအပင်တို့သည် အရိပ်နှင့်လွှမ်းမိုး၍ ချောင်းနားမိုးမခပင်တို့သည် ဝိုင်းကြ၏။ 23 မြစ်ရေထသော်လည်း သူသည်မပြေးတတ်။ သူ၏ခံတွင်းကို ယော်ဒန်မြစ်ရေ ဝှေ့တိုက်သော်လည်း မတုန်မလှုပ်ဘဲ နေတတ်၏။ 24 ထိုမြင်းကို ထင်ရှားစွာဖမ်းယူမည်လော။ သူ၏နှာခေါင်းကို သံချိတ်နှင့် ဖောက်မည်လော။
1 Prosseguiu Jeová na sua resposta a Jó e disse:
2 Acaso, com o Todo-Poderoso Jó 9.3;10.2;33.13contenderá quem usa de cavilações?
Responda a isso quem Jó 13.3;23.4;31.35argui a Deus.
3 Então, respondeu Jó a Jeová:
4 Eis que sou vil; que te hei de responder?
Jó 21.5;29.9Ponho a minha mão sobre a boca.
5 Uma vez falei e Jó 9.3,15não direi mais;
sim, duas vezes, porém não prosseguirei.
6 Então do redemoinho Jó 38.1respondeu Jeová a Jó:
7 Jó 38.3Cinge os teus lombos como homem;
eu te Jó 38.3;42.4perguntarei, e tu me responderás.
8 Porventura, farás tu vão o meu juízo?
Jó 10.3,7;16.11;19.6;27.2Condenar-me-ás Jó 13.18;27.6para te justificares a ti?
9 Ou tens tu um braço como Deus?
E podes Jó 37.5trovejar com a voz, como ele o faz?
10 Orna-te de excelência e de dignidade
e veste-te de honra e de majestade.
11 Derrama as Is 42.25;Na 1.6,8inundações da tua ira.
Olha para todo Is 2.12;Dn 4.37soberbo e abate-o;
12 olha para todo 1Sm 2.7;Is 13.11soberbo, e humilha-o,
Is 63.3e calca aos pés os iníquos onde estão.
13 Is 2.10-12Esconde-os juntamente no pó,
ata-lhes os rostos no lugar escondido.
14 Então, eu também confessarei a respeito de ti
que a tua destra te poderá salvar.
15 Eis beemote, Jó 40.19que eu criei contigo;
ele come o feno como o boi.
16 Eis que a sua fortaleza está nos seus lombos,
e a sua força está nos músculos do seu ventre.
17 Move a sua cauda como o cedro;
os nervos da sua coxa são entretecidos.
18 Os seus ossos são como tubos de bronze,
as suas costelas são como barras de ferro.
19 Ele é Jó 41.33o principal das obras de Deus;
aquele Jó 40.15que o fez o proveu de espada.
20 Na verdade, os montes lhe produzem pastos,
e ali Sl 104.26folgam todos os animais do campo.
21 Deita-se debaixo dos lotos,
no esconderijo dos canaviais e no pântano.
22 Os lotos cobrem-no com a sua sombra,
os salgueiros do ribeiro o rodeiam.
23 Se um rio trasbordar, ele não treme;
está sem cuidado ainda que o Jordão se levante até a sua boca.
24 Poderá alguém apanhá-lo, quando ele estiver de vigia,
ou pôr-lhe um anel ao nariz?