1 ယောဘအမည်ရှိသောသူ တစ်ယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။ 2 သားခုနစ်ယောက်နှင့် သမီးသုံးယောက်ရှိ၏။ 3 သူ၏ဥစ္စာကား၊ သိုး ခုနစ်ထောင်၊ ကုလားအုတ် သုံးထောင်၊ နွားယှဉ် ငါးရာ၊ မြည်းမ ငါးရာ၊ ငယ်သားအတိုင်းမသိများသည်ဖြစ်၍၊ ထိုသူသည် အရှေ့မျက်နှာ အရပ်သားတကာတို့ထက် သာ၍ကြီးသောသူ ဖြစ်၏။
4 ယောဘ၏သားတို့သည် နှစ်စဉ်အတိုင်း အသီးအသီးဖွားသော နေ့ရောက်လျှင်၊ မိမိတို့အိမ်၌ ပွဲခံသဖြင့်၊ နှမသုံးယောက်ကိုလည်း ခေါ်၍ အတူစားသောက်လေ့ ရှိကြ၏။ 5 ပွဲခံသောနေ့ရက် လွန်သောအခါ၊ ယောဘသည် သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကို ပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပယ်ကြပြီလောဟု ယောဘအောက်မေ့၏။ ထိုသို့ ယောဘသည် အစဉ်ပြုမြဲရှိ၏။
6 ဘုရားသခင်၏သားတို့သည် ထာဝရဘုရားထံတော်၌ ခစားခြင်းငှာ လာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း သူတို့နှင့်ရောနှော၍ လာ၏။ 7 ထာဝရဘုရားကလည်း၊ သင်သည် အဘယ်အရပ်က လာသနည်းဟု စာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာ လှည့်လည်၍ အရပ်ရပ်သွားလာခြင်းအမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏။ 8 ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကို ဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာ သူနှင့်တူသောသူ တစ်ယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အားမိန့်တော်မူ၏။ 9 စာတန်ကလည်း၊ ယောဘသည်အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော။ 10 ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာရှိသမျှပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းချီးပေးတော်မူပြီ။ သူ့သိုးနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။ 11 ယခုမူကား၊ လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။ 12 ထာဝရဘုရားကလည်း၊ သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။ သူ့ကိုယ်တစ်ခုကိုသာ မထိမခိုက်နှင့်ဟု မိန့်တော်မူလျှင်၊ စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွားလေ၏။
13 တစ်နေ့သ၌ ယောဘ၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်တွင် စား၍ စပျစ်ရည်ကိုသောက်လျက် နေကြစဉ်၊ 14 ယောဘထံသို့ တစ်မန်တစ်ယောက်လာ၍၊ နွားတို့သည် လယ်ထွန်လျက်၊ သူတို့အနားမှာ မြည်းမတို့သည် ကျက်စားလျက်ရှိကြသောအခါ၊ 15 ရှေဘအမျိုးသားတို့သည် တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ဓားနှင့်သတ်၍ ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ 16 ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတစ်ယောက်သည် လာ၍၊ ဘုရားသခင်၏မီးသည် မိုးကောင်းကင်မှ ကျသဖြင့်၊ သိုးများနှင့် လူစောင့်များတို့ကို လောင်၍ သူတို့သည် ကျွမ်းကုန်ကြပါပြီ။ ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ 17 ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတစ်ယောက်သည် လာ၍၊ ခါလဒဲအမျိုးသား တပ်သုံးတပ်တို့သည် ချီ၍ ကုလားအုတ်တို့ကို တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ဓားနှင့်သတ်၍ ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ 18 ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတစ်ယောက်သည် လာ၍၊ ကိုယ်တော်၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်၌ စား၍ စပျစ်ရည်ကိုသောက်လျက် နေကြသောအခါ၊ 19 တောမှ လေကြီးလာ၍ အိမ်လေးထောင့်ကို တိုက်သဖြင့်၊ အိမ်သည် ထိုလုလင်တို့အပေါ်၌ ပြိုလဲပါ၏။ သူတို့သည်သေ၍ ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ 20 ထိုအခါ ယောဘသည်ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်းရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲက ထွက်လာ၏။ 21 အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရား ပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။ 22 ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း မမှားယွင်း။ ထာဝရဘုရားကိုလည်း အပြစ်မတင်ဘဲ နေ၏။
1 Havia um homem, na terra de Jr 25.20;Lm 4.21Uz, por nome Ez 14.14,20;Tg 5.11Jó. Era esse homem Gn 6.9;17.1;Dt 18.13íntegro e reto, Gn 22.12;42.18;Êx 18.21temia a Deus, e Jó 28.28desviava-se do mal. 2 Jó 42.13Nasceram-lhe sete filhos e três filhas. 3 Jó 42.12Possuía ele sete mil ovelhas, e três mil camelos, e quinhentas juntas de bois, e quinhentas jumentas, e família numerosíssima; de sorte que este homem era Jó 29.25;31.37o maior de todos os filhos do Oriente. 4 Seus filhos iam nas casas uns dos outros e davam banquetes, cada um por sua vez; e mandavam convidar suas três irmãs a comerem e a beberem com eles. 5 Quando os dias dos seus banquetes eram passados, enviava Jó, e santificava-os, e, levantando-se de manhã cedo, oferecia Jó 42.8holocaustos segundo o número de todos eles, pois dizia: Jó 8.4Talvez que meus filhos tenham pecado e renunciado a Deus nos seus corações. Assim o fazia Jó sempre.
6 Num dia em que os filhos de Deus vieram apresentar-se perante Jeová, sucedeu vir também entre eles Satanás. 7 Perguntou Jeová a Satanás: Donde vens? Respondeu Satanás a Jeová: 1Pe 5.8De rodear a terra e de passear por ela. 8 Disse Jeová a Satanás: Acaso, notaste o Nm 12.7;Js 1.2,7;Jó 42.7-8meu servo Jó? Pois não há ninguém semelhante a ele na terra, homem Jó 1.1íntegro e reto, que teme a Deus e que se desvia do mal. 9 Respondeu Satanás a Jeová: Acaso Jó teme debalde a Deus? 10 Jó 29.2-6Porventura não tens posto uma sebe ao redor dele, da sua casa e de tudo o que ele tem? Jó 31.25tens abençoado a obra das suas mãos, Jó 1.3;31.25e os seus bens multiplicam-se na terra. 11 Jó 2.5Mas estende a mão agora, Jó 19.21toca em tudo quanto ele tem, e ele te renunciará à tua face. 12 Disse Jeová a Satanás: Eis que tudo o que ele tem está ao teu dispor; somente contra ele não estendas a tua mão. Saiu Satanás da presença de Jeová.
13 Um dia em que seus filhos e suas filhas estavam comendo e bebendo vinho na casa de seu irmão mais velho, 14 sucedeu que veio um mensageiro a Jó e lhe disse: Os bois lavravam e as jumentas pastavam junto a eles. 15 Vieram sobre eles de repente Jó 6.19os sabeus e os levaram; mataram aos servos ao fio da espada, e só eu escapei para te trazer a nova. 16 Estando este ainda falando, veio também outro e disse: Gn 19.24;Lv 10.2;Nm 11.1-3Fogo de Deus caiu do céu, e queimou as ovelhas e os servos, e os consumiu; e só eu escapei para te trazer a nova. 17 Estando este ainda falando, veio também outro e disse: Os Gn 11.28,31caldeus dividiram-se em três tropas, e deram sobre os camelos, e os levaram; mataram os servos ao fio da espada, e só eu escapei para te trazer a nova. 18 Estando este ainda falando, veio também outro e disse: Teus filhos e tuas filhas estavam comendo e bebendo vinho na casa de seu irmão mais velho. 19 Eis que um grande vento se levantou da banda do deserto e deu nos quatro cantos da casa, que caiu sobre os mancebos, e morreram. Só eu escapei para te trazer a nova.
20 Então, se levantou Jó, Gn 37.29,34;Js 7.6rasgou o seu manto, rapou a sua cabeça, prostrou-se em terra e adorou; 21 e disse: Ec 5.15Nu saí do ventre de minha mãe e nu tornarei para lá. Jó 2.10;1Sm 2.7-8Jeová deu e Jeová tirou; bendito seja o nome de Jeová. 22 Em tudo isso, não pecou Jó, nem atribuiu a Deus inconveniênciaJó 2.10.