1 လူတို့သည် မြေကြီးပေါ်မှာ ပင်ပန်းစွာအမှုထမ်းရသည် မဟုတ်လော။ သူနေရသော နေ့ရက်တို့သည် အငှားခံသောသူ၏ နေ့ရက်ကဲ့သို့ ဖြစ်သည်မဟုတ်လော။ 2 ကျွန်ခံရသောသူသည် မိုးချုပ်သောအချိန်ကို တောင့်တ၍၊ အငှားခံသောသူသည် အခရမည့်အချိန်ကို မျှော်လင့်သကဲ့သို့၊ 3 ထိုနည်းတူ ငါသည် ဒုက္ခနေ့လတို့နှင့် ဆိုင်ရ၏။ ပင်ပန်းစွာခံရသော ညတို့သည်လည်း ငါ၏ အငန်းအတာဖြစ်၏။ 4 အဘယ်အခါမှ ညကုန်၍ ငါထရပါမည်နည်းဟု ငါသည် ညည်းတွားလျက် အိပ်ရ၏။ မိုးလင်းသည်တိုင်အောင် လှိမ့်လျက်လူးလျက် နေရ၏။ 5 လောက်နှင့်ရွှံ့တို့သည် အဝတ်ကဲ့သို့ ငါ့ကိုယ်ကို ဖုံးလွှမ်းကြ၏။ ငါ့အရေသည် ကွဲ၍ ယိလျက်ရှိ၏။ 6 ငါ့နေ့ရက်တို့သည် ရက်ကန်းလွန်းထက်မြန်၍ မျှော်လင့်ခြင်းမရှိဘဲ လွန်သွားတတ်ကြ၏။ 7 ငါ့အသက်သည် လေသက်သက်ဖြစ်ကြောင်းကို အောက်မေ့တော်မူပါ။ နောက်တစ်ဖန် ကောင်းသောအကျိုးကို ငါမမြင်ရ။ 8 ငါ့ကို မြင်သောသူသည် နောက်တစ်ဖန် မမြင်ရ။ ကိုယ်တော်သည် ကြည့်ရှုတော်မူသောအခါ ငါပျောက်ပါပြီ။ 9 မိုးတိမ်သည် ပြယ်ပျောက် ကွယ်လွင့်သကဲ့သို့၊ သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူသည် နောက်တစ်ဖန် မတက်ရ။ 10 မိမိအိမ်သို့ မပြန်ရ။ သူ၏နေရင်းအရပ်သည် နောက်တစ်ဖန် သူ့ကိုမသိရ။ 11 ထိုကြောင့်ငါသည် ကိုယ်နှုတ်ကို မချုပ်တည်း။ စိတ်ပင်ပန်းလျက်နှင့် စကားပြောရ၏။ အလွန်ညှိုးငယ်သော စိတ်နှင့် မြည်တမ်းရ၏။
12 ငါသည် ပင်လယ်ဖြစ်သလော။ နဂါးဖြစ်သလော။ ထိုသို့ဖြစ်သောကြောင့် ငါ့ကို အစောင့်ထားတော်မူရသလော။ 13 ငါသည်အိပ်၍ သက်သာမည်။ ငါ့ခုတင်သည် ချမ်းသာပေးမည်ဟု ငါဆိုလျှင်၊ 14 ကိုယ်တော်သည် ကြောက်မက်ဖွယ်သော အိပ်မက်ကို ပေးတော်မူ၏။ ညရူပါရုံအားဖြင့် ငါ့ကို ထိတ်လန့်စေတော်မူ၏။ 15 ငါသည် ကိုယ်အရိုးကို နှမြောသည်ထက် အသက်ချုပ်၍ သေရသောအခွင့်ကို သာ၍တောင့်တပါ၏။ 16 ငါသည် အားလျော့လျက်ရှိ၏။ အစဉ်မပြတ် အသက်မရှင်ရာ။ ငါ့ကို တတ်တိုင်းရှိစေတော်မူပါ။ ငါ့အသက်သည် အခိုးအငွေ့ဖြစ်၏။ 17 ကိုယ်တော်သည် လူကိုပမာဏပြု၍ စိတ်စွဲလမ်းတော်မူမည်အကြောင်း၊ 18 သူ့ကို နံနက်တိုင်း အကြည့်အရှုကြွလာ၍၊ ခဏခဏ စုံစမ်းတော်မူမည်အကြောင်း၊ လူသည် အဘယ်သို့သောသူ ဖြစ်ပါသနည်း။ 19 အဘယ်ကာလမှ ငါ့ကိုမကြည့်မရှု၊ မျက်နှာလွှဲတော်မူမည်နည်း။ ငါသည် ကိုယ်တံတွေးကို မျိုရသည်တိုင်အောင်၊ အဘယ်ကာလမှ တတ်တိုင်း ရှိစေတော်မူမည်နည်း။ 20 လူကို စောင့်တော်မူသောအရှင်၊ အကျွန်ုပ်အပြစ်ရှိသည် မှန်ပါစေတော့။ ကိုယ်တော်ရှေ့မှာ အဘယ်သို့ ပြုရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်ကိုကိုယ် ရွံရှာရသည်တိုင်အောင် အကျွန်ုပ်ကို အဘယ်ကြောင့် ပစ်စရာစက်သွင်းတော်မူသနည်း။ 21 အကျွန်ုပ်ပြစ်မှားခြင်းကို အဘယ်ကြောင့် သည်းခံတော်မမူသနည်း။ အကျွန်ုပ်အပြစ်ကို အဘယ်ကြောင့် ဖြေရှင်းတော်မမူသနည်း။ ယခုမှာ အကျွန်ုပ်သည် မြေမှုန့်၌အိပ်ရပါမည်။ ကိုယ်တော်သည် နံနက်အချိန်၌ ရှာတော်မူသောအခါ၊ အကျွန်ုပ်မရှိပါဟု မြွက်ဆို၏။
1 Não é a sorte do homem sobre a terra Jó 5.7;10.17;14.1,14a dum soldado?
Não são os seus dias como os dum Jó 14.6jornaleiro?
2 Como o escravo que suspira pela sombra
e como o jornaleiro que espera pela sua paga,
3 assim se me fez passar meses de vaidade,
Jó 16.7e noites trabalhosas me são apontadas.
4 Jó 7.13-14;Dt 28.67Ao deitar-me, digo:
Quando me levantarei? Mas comprida é a noite;
estou farto de me revolver até o romper da alva.
5 Jó 2.7, ref.A minha carne está vestida de vermes e de crostas terrosas;
a minha pele solda-se e, de novo, rebenta.
6 Os meus dias são Jó 9.25mais velozes do que a lançadeira do tecelão
e gastam-se Jó 13.15;14.19;17.15-16;19.10sem esperança.
7 Lembra-te de que a minha vida é Jó 7.16vento;
os meus olhos Jó 9.25não tornarão a ver a felicidade.
8 Jó 8.18;20.9Os olhos do que me vê não me contemplarão mais;
os teus olhos estarão sobre mim, porém Jó 7.21não serei mais.
9 Assim como a Jó 30.15nuvem se desfaz e passa,
assim Jó 3.13-19, ref.aquele que desce ao Jó 11.8;14.13;17.13,16Sheol não subirá mais.
10 Nunca mais tornará à sua casa,
nem Jó 8.18;20.9;27.21,23o lugar onde habita o conhecerá jamais.
11 Portanto, Jó 10.1;21.4;23.2eu não reprimirei a minha boca,
falarei na angústia do meu espírito
e queixar-me-ei na amargura da minha alma.
12 Sou eu o mar ou Ez 32.2-3monstro do mar,
para que me ponhas guarda?
13 Dizendo eu: Jó 7.4;Sl 6.6Consolar-me-á o meu leito,
a minha cama aliviará a minha queixa;
14 então, me assustas com sonhos,
e, com visões, me atemorizas;
15 de sorte que a minha alma escolhe a sufocação
e a morte antes do que estes meus ossos.
16 Jó 6.9;9.21;10.1Abomino a minha vida; não quero viver para sempre.
Deixa-me, pois, porque Jó 7.7os meus dias são vaidade.
17 Jó 22.2;Sl 8.4;144.3;Hb 2.6Que é o homem, para tu o engrandeceres,
e pores nele o teu coração,
18 Jó 14.3e o visitares todos os dias,
e o experimentares a todo o momento?
19 Até quando Jó 9.18;10.20;14.6não apartará de mim a tua vista,
até quando não me darás tempo de engolir a minha saliva?
20 Jó 35.3,6Se pequei, que é o que te pude fazer, ó vigia dos homens?
Por que Jó 10.14;16.12me puseste como tropeço a ti,
de sorte que me tornei pesado a mim mesmo?
21 Por que Jó 9.28;10.14não perdoas a minha transgressão
e não tiras a minha iniquidade?
Pois, agora, Jó 10.9me deitarei no pó;
tu me buscarás com empenho, Jó 8.8porém eu não serei mais.