1 တစ်ဖန် ရှုအာအမျိုးသား ဗိလဒဒ်မြွက်ဆိုသည်ကား၊ 2 ဤစကားသည် အဘယ်အခါမှ ပြတ်လိမ့်မည်နည်း။ သတိပြုကြ။ သို့မှသာငါတို့သည် စကားပြောကြမည်။ 3 သင်သည်ငါတို့ကို တိရစ္ဆာန်ကဲ့သို့ အဘယ်ကြောင့်မှတ်သနည်း။ အဘယ်ကြောင့် မထီမဲ့မြင်ပြုသနည်း။ 4 အမျက်ထွက်၍ မိမိကိုယ်ကို ကိုက်ဖြတ်သောသူ၊ သင့်အတွက် မြေကြီးကိုစွန့်ပစ်ရမည်လော။ ကျောက်သည် မိမိနေရာမှ ရွေ့ရမည်လော။ 5 အကယ်စင်စစ် ဆိုးသောသူ၏အလင်းသည် ကွယ်လိမ့်မည်။ သူ၏မီးလျှံ မတောက်ရ။ 6 သူ၏နေရာအလင်းလည်း မှောင်မိုက်ဖြစ်လိမ့်မည်။ သူ၏ဆီမီးလည်း သေလိမ့်မည်။ 7 ခိုင်ခံ့စွာသွားသောအခါ ကျဉ်းမြောင်းရာသို့ ရောက်လိမ့်မည်။ မိမိအကြံအစည်အားဖြင့် ရှုံးရလိမ့်မည်။ 8 ပိုက်ထဲသို့ အလိုလိုဝင်တတ်၏။ ကျော့ကွင်းပေါ်မှာ နင်းတတ်၏။ 9 ဂိုင်းပြုတ်၍ ခြေကိုမိသဖြင့် ကျော့ကွင်းနှင့် မကျွတ်နိုင်ဘဲ နေရ၏။ 10 မြေ၌ဂျမ်းကြိုးကို သူ့အဖို့ ဝှက်ထားလျက်၊ သူသွားရာလမ်း၌ ထောင်ချောက်ကို ပြင်လျက်ရှိ၏။ 11 ကြောက်မက်ဖွယ်သော အခြင်းအရာတို့သည်ဝိုင်း၍ ကျပ်တည်းစွာ လိုက်နှင့်ကြလိမ့်မည်။ 12 သူသည် ငတ်မွတ်သောအားဖြင့် အားလျော့လျက်၊ ပျက်စီးခြင်းဘေးနှင့် တွေ့လုလျက်ရှိ၏။ 13 ထိုဘေးသည် သူ၏အရိုးတို့ကို ကိုက်ခဲ၍၊ သေမင်း၏သားဦးသည် သူ၏ခွန်အားကို မျိုလိမ့်မည်။ 14 သူခိုလှုံရာအကြောင်းကို သူ၏နေရာမှပယ်ရှင်း၍၊ သူ့ကိုယ်ကို ဘေးဒဏ်တို့၏ရှင်ဘုရင်ထံသို့ ဆောင်သွားရ၏။ 15 သူ၏နေရာ၌ အရှင်မရှိ။ ပျက်စီးခြင်းဘေးနေ၍ အမိုးပေါ်မှာ ကန့်ဖြူးလျက်ရှိလိမ့်မည်။ 16 သူ၏အမြစ်တို့သည် သွေ့ခြောက်လျက်၊ အခက်အလက်တို့လည်း သေလျက်ရှိကြလိမ့်မည်။ 17 မြေပေါ်မှာသူ့ကို အောက်မေ့စရာအမှတ်ပျောက်ပျက်၍၊ ပွဲသဘင်၌ သူ၏နာမကို အဘယ်သူမျှ မခေါ်မပြော။ 18 သူ့ကိုအလင်းထဲက မှောင်မိုက်ထဲသို့ မောင်း၍ လူ့ပြည်မှနှင်ထုတ်ရ၏။ 19 သူ့အမျိုးတွင် သူ့သားမြေးမရှိ။ သူ၏အိမ်သူအိမ်သားတစ်ယောက်မျှ မကျန်ရစ်ရ။ 20 သူ၏လက်ထက်၌ရှိသောသူတို့သည် ထိတ်လန့်သကဲ့သို့၊ သူ့နောက်၌ဖြစ်သော သူတို့သည် သူ၏အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ 21 အကယ်စင်စစ် ဆိုးသောသူ၏နေရာသည် ထိုသို့သော လက္ခဏာရှိ၏။ ဘုရားသခင်ကိုမသိသောသူသည် ထိုသို့သောနေရာသို့ ရောက်လိမ့်မည်ဟု မြွက်ဆို၏။
1 Então, respondeu Bildade, suíta:
2 Até quando andareis à caça de palavras?
Entendei, e depois falaremos.
3 Por que somos Sl 73.22reputados por animais
e feitos imundos aos vossos olhos?
4 Tu que te despedaças na tua ira,
acaso, por amor de ti, será abandonada a terra?
Ou será a penha removida do seu lugar?
5 Na verdade, Jó 21.17;Pv 13.9;20.20;24.20a luz do iníquo se apagará,
e não resplandecerá a chama do seu fogo.
6 A luz Jó 12.25se obscurecerá na sua tenda,
e a lâmpada que está por cima dele se apagará.
7 Estreitar-se-ão os passos do seu poder,
e o Jó 15.6seu conselho o derribará.
8 Pois, pelos seus próprios pés, Jó 22.10;Sl 9.15;35.8;Is 24.17-18é lançado na rede
e anda sobre as malhas.
9 O alçapé o apanha pelo calcanhar,
e o laço o prende.
10 A corda está-lhe escondida na terra,
e a armadilha, na vereda.
11 De todos os lados o amedrontam Jó 15.21, ref.terrores,
e, de perto, Jó 18.18;20.8perseguem-lhe os pés.
12 O seu vigor será Is 8.21consumido pela fome,
e a calamidade estará pronta ao seu lado.
13 Serão devorados os membros do seu corpo;
o primogênito da morte Zc 14.12devorará os seus membros.
14 Jó 18.6;8.22, ref.;27.18Será arrancado da sua tenda, em que confia,
será levado ao rei dos Jó 15.21, ref.terrores.
15 Na sua tenda, habitarão os que não lhe pertencem,
espalhar-se-á Sl 11.6enxofre sobre a sua habitação.
16 Por baixo, Is 5.24;Os 9.16;Am 2.9;Ml 4.1as suas raízes secarão,
e, por cima, murcharão Jó 15.30,32os seus ramos.
17 A sua Jó 24.20;Sl 34.16;Pv 10.7memória perecerá do país,
e o seu nome não ficará sobre a face da terra.
18 Será lançado da luz Jó 5.14, ref.;Is 8.21;5.30;Jó 20.8para as trevas
e Jó 27.21-23afugentado do mundo.
19 Não terá Jó 27.14-15;Is 14.22nem filho nem neto entre o seu povo,
nem alguém que fique onde ele peregrinava.
20 Os do Ocidente pasmam Sl 37.13;Jr 50.27;Ob 12do dia dele,
assim como se espantam os do Oriente.
21 Na verdade, tais são as Jó 21.28moradas do ímpio,
e este é o paradeiro daquele que não conhece a Deus.