1 ထိုအခါ ထာဝရဘုရားသည် ယောဘစကားကို လှန်ပြန်၍၊ မိုးသက်မုန်တိုင်းထဲက မိန့်တော်မူသည်ကား၊ 2 ပညာမရှိဘဲ စကားပြောကာမျှနှင့် ငါ့အကြံကိုမိုက်စေသော ဤသူကား အဘယ်သူနည်း။ 3 လူယောက်ျားကဲ့သို့ သင့်ခါးကို စီးလော့။ ငါမေးမြန်းသော ပြဿနာတို့ကို ဖြေလော့။ 4 မြေကြီးအမြစ်ကို ငါတည်သောအခါ၊ သင်သည် အဘယ်မှာရှိသနည်း။ နားလည်လျှင် ဖော်ပြလော့။ 5 မြေကြီးအတိုင်းအရှည် ပမာဏကို အဘယ်သူ စီရင်သနည်း။ နားလည်လျှင် ပြောလော့။ မျဉ်းကြိုးကို အဘယ်သူတန်း၍ ချသနည်း။ 6 မြေကြီးတိုက်မြစ်ကို အဘယ်အရပ်၌ စွဲစေသနည်း။ 7 နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍၊ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်းမြောက်သဖြင့်၊ ကြွေးကြော်ကြစဉ်၊ တိုက်ထောင့်အထွတ်ကျောက်ကို အဘယ်သူတင်ထားသနည်း။ 8 သမုဒ္ဒရာသည် အမိဝမ်းထဲက ဖွား၍ထွက်လာသောအခါ၊ အဘယ်သူသည် တံခါးပိတ်နှင့် ပိတ်ထားသနည်း။ 9 သမုဒ္ဒရာကို မိုးတိမ်နှင့် ငါခြုံ၍ ထူထပ်သောမှောင်မိုက်နှင့် ထုပ်ရစ်သည်ကာလ၌လည်းကောင်း၊ 10 သင်သည် ဤအရပ်တိုင်အောင် လာရ၏။ 11 တိုး၍မလွန်ရ၊ ဤအရပ်၌ သင်၏ထောင်လွှားသော လှိုင်းတံပိုးဆုံးရ၏ဟု ပညတ်လျက်၊ သမုဒ္ဒရာအပိုင်းအခြားကို ငါစီရင်၍၊ တံခါးပိတ်နှင့် ကန့်လန့်ကျင်တို့ကို ထားသည်ကာလ၌လည်းကောင်း၊ အဘယ်သူသည် ဝိုင်း၍ကူညီသနည်း။ယေ၊ ၅း၂၂။12 သင်သည် တစ်သက်လုံးတွင် တစ်ခါမျှ နံနက်ကို မှာထားဖူးသလော။ မိုးသောက်လင်းကို နေရာချဖူးသလော။ 13 နံနက်အလင်းသည် မြေကြီးစွန်းကိုကိုင်လျက်၊ လူဆိုးတို့ကိုခါ၍ ပစ်စေခြင်းငှာ စီရင်ဖူးသလော။ 14 မြေကြီးသည် တံဆိပ်ခတ်သကဲ့သို့ပုံပေါ်၍ အဝတ်တန်ဆာဆင်သကဲ့သို့ ရှိ၏။ 15 လူဆိုးတို့၏အလင်းသည် ကွယ်၍ ချီကြွသောလက်လည်း ကျိုးတတ်၏။ 16 သင်သည် သမုဒ္ဒရာစမ်းရေပေါက်ထဲသို့ ဝင်ဖူးသလော။ နက်နဲသော အောက်ဆုံးအရပ်၌ လှည့်လည်ဖူးသလော။ 17 သေခြင်းတံခါးတို့ကို သင့်အားဖွင့်ဖူးသလော။ သေမင်းအရိပ်ထဲသို့ဝင်သော လမ်းဝတို့ကို မြင်ဖူးသလော။ 18 မြေကြီးမျက်နှာ တစ်ပြင်လုံးကို ကြည့်ရှုဖူးသလော။ အလုံးစုံကို သိမြင်လျှင် ဖော်ပြလော့။ 19 အလင်းနေရာသို့ အဘယ်မည်သောလမ်းဖြင့် ရောက်ရသနည်း။ မှောင်မိုက်နေရာလည်း အဘယ်မှာရှိသနည်း။ 20 အကယ်စင်စစ် သင်သည် အလင်းအမိုက်အပိုင်းအခြားသို့ ငါတို့ကို ပို့ဆောင်နိုင်၏။ သူတို့နေရာအိမ်သို့ ရောက်သောလမ်းတို့ကို သိလိမ့်မည်။ 21 သင်သည် ရှေးကာလ၌ဖွားမြင်၍ အလွန် အသက်ကြီးသောကြောင့် သိလိမ့်မည်။
22 သင်သည် မိုးပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဖူးသလော။ 23 ဘေးရောက်ရာ အချိန်ကာလနှင့် စစ်ပြိုင်၍ တိုက်ရာအချိန်ကာလဖို့၊ ငါသိုထားသော မိုးသီးဘဏ္ဍာများကို မြင်ဖူးသလော။ 24 အလင်းသည် အဘယ်သို့သောလမ်းဖြင့် နှံ့ပြားသနည်း။ အရှေ့လေသည် မြေကြီးပေါ်မှာ အဘယ်ကြောင့်လွင့်သနည်း။ 25 လူမရှိသောမြေနှင့် လူမနေသောတော၌ မိုးရွာစေခြင်းငှာလည်းကောင်း၊ 26 လွတ်လပ်သောလွင်ပြင်ကို ရေနှင့်ဝစေ၍၊ နုသောမြက်ပင်အညှောက်ကို ထွက်စေခြင်းငှာလည်းကောင်း၊ 27 လျှံသောမိုးရေစီးရာလမ်း၊ မိုးကြိုးနှင့်ဆိုင်သော လျှပ်စစ်ပြက်ရာလမ်းကို အဘယ်သူဖွင့်သနည်း။ 28 မိုးရေ၏အဘကား အဘယ်သူနည်း။ နှင်းပေါက်တို့ကို အဘယ်သူ ဖြစ်ပွားစေသနည်း။ 29 ရေခဲသည် အဘယ်သူ၏ဝမ်းထဲက ထွက်လာသနည်း။ မိုးကောင်းကင်နှင်းခဲကို အဘယ်သူသည် ပဋိသန္ဓေပေးသနည်း။ 30 ရေသည် ကျောက်ခဲကဲ့သို့ဖြစ်၍ ပင်လယ်မျက်နှာ တင်းမာလျက်ရှိ၏။ 31 သင်သည် ခိမကြယ်စု၏ သာယာစွာပြုပြင်ခြင်းကို ချုပ်တည်းနိုင်သလော။ ကသိလကြယ်၏ ချည်နှောင်ခြင်းကို ဖြည်နိုင်သလော။ယောဘ၊ ၉:၉၊အာ၊ ၅:၈။32 မာဇရုတ်ကြယ်တို့ကို အချိန်ရောက်လျှင် ထုတ်ဖော်နိုင်သလော။ အာရှကြယ်နှင့် သူ၏သားတို့ကို ပဲ့ပြင်နိုင်သလော။ 33 မိုးကောင်းကင်တရားတို့ကို နားလည်သလော။ ထိုတရားတို့သည် မြေကြီးကိုအုပ်စိုးမည်အကြောင်း အခွင့်ပေးနိုင်သလော။ 34 များစွာသောမိုးရေသည် သင့်ကို လွှမ်းမိုးစေခြင်းငှာ မိုးတိမ်တို့ကို အသံလွှင့်နိုင်သလော။ 35 လျှပ်စစ်တို့ကို လွှတ်နိုင်သလော။ သူတို့က ကျွန်တော်တို့ရှိပါ၏ဟု သင့်ကိုလျှောက်လျက် သွားကြလိမ့်မည်လော။ 36 ကိုယ်ခန္ဓာထဲသို့ ပညာကို အဘယ်သူသွင်းသနည်း။ နားလည်နိုင်သောဉာဏ်ကို အဘယ်သူပေးသနည်း။ ပညာရှိ၍ မိုးတိမ်တို့ကို အဘယ်သူ ရေတွက်နိုင်သနည်း။ 37 မြေမှုန့်သည် လုံးထွေး၍ မြေစိုင်တို့သည် ကပ်လျက်နေသောအခါ၊ 38 မိုးကောင်းကင်၏ ရေဘူးတို့ကို အဘယ်သူသွန်းချသနည်း။
39 သင်သည် ခြင်္သေ့မအဖို့ စားစရာအကောင်ကို လိုက်ရှာနိုင်သလော။ 40 ခြင်္သေ့ပျိုတို့သည် ခိုလှုံရာ၌ဝပ်၍၊ ချုံပုတ်အောက်၌ ချောင်းကြည့်လျက်နေသောအခါ၊ သူတို့ကို ဝစွာကျွေးနိုင်သလော။ 41 ကျီးအသူငယ်တို့သည် စားစရာမရှိသောကြောင့် လှည့်လည်၍ ဘုရားသခင်ကို အော်ဟစ်သောအခါ၊ စားစရာကို အဘယ်သူပေးသနည်း။
1 Então, do meio dum redemoinho Jó 40.6respondeu Jeová a Jó:
2 Quem é este que Jó 35.16;42.3escurece o conselho
com palavras sem conhecimento?
3 Jó 40.7Cinge, pois, os teus lombos como homem,
porque Jó 42.4te perguntarei, e tu me responderás.
4 Onde estavas tu Jó 15.7;Sl 104.5;Pv 30.4quando eu lançava os fundamentos da terra?
Dize-mo, se tens entendimento.
5 Quem lhe determinou Pv 8.29;Is 40.12as medidas, se é que o sabes?
Ou quem estendeu sobre ela o cordel?
6 Jó 26.7Sobre que foram firmadas as suas bases?
Ou quem lhe assentou a pedra angular,
7 Quando, juntas, cantavam as estrelas da manhã,
e jubilavam todos os Jó 1.6filhos de Deus?
8 Ou quem encerrou com portas o mar,
quando ele rompeu e saiu da madre;
9 quando eu lhe punha nuvens por vestidura,
e escuridão, por faixas,
10 Gn 1.9;Sl 33.7;104.9;Pv 8.29;Jr 5.22e lhe tracei limites,
e lhe pus ferrolhos e portas,
11 e disse: Até aqui virás, porém não mais adiante;
e aqui pararão as tuas ondas orgulhosas?
12 Porventura, alguma vez na tua vida deste ordens à manhã
e mostraste à aurora o seu lugar,
13 para que pegasse Jó 28.24;37.3nos limites da terra,
e deles os Jó 34.25-26;36.6ímpios fossem sacudidos?
14 A terra se transforma como o barro que é estampado;
e todas as coisas se apresentam como um vestido;
15 e Jó 5.14, ref.dos iníquos é retirada a sua luz,
e quebra-se Nm 15.30;Sl 10.15;37.17o braço levantado.
16 Acaso, entraste nos Gn 7.11;8.2;Pv 8.24,28mananciais do mar?
Ou andaste pelos recessos do abismo?
17 Porventura, te foram reveladas as portas da morte?
Ou viste as portas da Jó 10.21;26.6;34.22sombra da morte?
18 Compreendeste a Jó 28.24largura da terra?
Dize, se souberes tudo isso.
19 Onde é o caminho da morada da luz,
e onde é a habitação das trevas,
20 Jó 26.10para que conduzas a luz ao seu lugar
e discirnas as veredas para a casa das trevas?
21 Sem dúvida, sabes, porque nesse tempo Jó 15.7eras nascido,
e é grande o número dos teus dias.
22 Acaso, entraste nos tesouros Jó 37.6da neve
ou viste os tesouros da Êx 9.18;Js 10.11;Is 30.30;Ez 13.11,13;Ap 16.21saraiva,
23 que tenho reservado para o tempo da angústia,
para o dia da peleja e da guerra?
24 Por que caminho Jó 26.10se difunde a luz
ou se espalha o vento oriental sobre a terra?
25 Quem abriu veredas para o aguaceiro
ou caminho, para o relâmpago do trovão,
26 para Jó 36.27, ref.fazer cair a chuva numa terra onde não há homem,
no deserto em que não há gente;
27 Sl 104.13-14para fartar a terra deserta e assolada,
e fazer brotar a tenra relva?
28 Jó 36.27-28;Sl 147.8;Jr 14.22Acaso, tem a chuva pai?
Ou quem gerou as gotas do orvalho?
29 Do ventre de quem saiu o Jó 37.10;Sl 147.17gelo?
E quem deu à luz a geada do céu?
30 As águas se endurecem a modo de pedra,
e a superfície do abismo se congela.
31 Podes atar as cadeias das Jó 9.9;Am 5.8Plêiades
ou soltar as ataduras do Órion?
32 Podes fazer sair as Mazarote a seu tempo?
Ou guiar a Ursa com seus filhos?
33 Sabes, porventura, as Sl 148.6;Jr 31.35-36ordenanças dos céus?
Podes estabelecer o seu domínio sobre a terra?
34 Podes levantar a tua voz até as nuvens,
para que a Jó 38.37;22.11;36.27-28abundância das águas te cubra?
35 Podes Jó 36.32;37.3enviar os relâmpagos, para que saiam
e te digam: Aqui estamos?
36 Quem Jó 9.4, ref.;Sl 51.6;Ec 2.26pôs sabedoria nas camadas de nuvens?
Ou quem deu Jó 32.8entendimento ao meteoro?
37 Quem pode numerar com sabedoria as nuvens?
Ou quem pode Jó 38.34esvaziar os odres do céu,
38 quando o pó se funde numa massa,
e os torrões se apegam uns aos outros?
39 Caçarás, porventura, Sl 104.21a presa para a leoa?
Ou saciarás a fome dos leõezinhos,
40 quando Jó 37.8estão deitados nos seus covis
e ficam nas covas à espreita?
41 Quem prepara ao Sl 147.9;Mt 6.26;Lc 12.24corvo o seu alimento,
quando os seus pintainhos clamam a Deus
e vagueiam por não terem que comer?