1 ရှင်ဘုရင်အမိန့်တော်အတိုင်း စီရင်ရသောအချိန်နီး၍၊ ယုဒအမျိုး၏ ရန်သူတို့က၊ ငါတို့နိုင်မည်ဟု မျှော်လင့်သောနေ့၊ အမှုပြောင်းလဲ၍ ယုဒလူတို့သည် မနာလိုသောသူတို့ကို နိုင်သော နေ့ရက်တည်းဟူသော အာဒါမည်သော ဒွါဒသမလ တစ်ဆယ်သုံးရက်နေ့တွင်၊ 2 ရှင်ဘုရင်အာရွှေရု၏ နိုင်ငံတော် အပြည်ပြည် အမြို့မြို့၌နေသော ယုဒလူတို့သည်၊ ညှဉ်းဆဲလိုသော သူတို့ကို ဆီးတားခြင်းငှာ စုဝေးကြ၏။ ပြည်သူပြည်သား အပေါင်းတို့သည် ကြောက်ရွံ့သောကြောင့်၊ အဘယ်သူမျှ ရန်မပြုဝံ့ဘဲ နေကြ၏။ 3 အပြည်ပြည်ကို အုပ်စိုးသောမင်း၊ ကိုယ်စားတော်မင်း၊ မြို့ဝန်မင်း၊ အမှုတော်စောင့် အရာရှိအပေါင်းတို့သည် မော်ဒကဲကို ကြောက်ရွံ့သောကြောင့်၊ ယုဒလူတို့ကို မစကြ၏။ 4 အကြောင်းမူကား၊ မော်ဒကဲသည် နန်းတော်တွင် ဘုန်းကြီးလျက်၊ အတိုင်းတိုင်းအပြည်ပြည်၌ သတင်းနှံ့ပြား၍၊ တစ်နေ့ထက်တစ်နေ့ ကြီးမြင့်ရာသို့ ရောက်သတည်း။ 5 ထိုနေ့တွင် ယုဒလူတို့သည် ရန်သူအပေါင်းတို့ကို ဓားနှင့်လုပ်ကြံသတ်ဖြတ် ဖျက်ဆီး၍၊ မနာလိုသောသူတို့၌ ပြုချင်သမျှပြုကြ၏။ 6 ရှုရှန်မြို့တော်၌ လူငါးရာတို့ကို လုပ်ကြံသတ်ဖြတ်ကြ၏။ 7-10 ယုဒအမျိုး၏ရန်သူ ဟမ္မေဒါသသားဖြစ်သော ဟာမန်၏သား တစ်ကျိပ်တည်းဟူသော ပါရှန္ဒာသ၊ ဒါလဖုန်၊ အာသပါသ၊ ပေါရသ၊ အာဒလိ၊ အာရိဒါသ၊ ပါမရှာတ၊ အရိသဲ၊ အရိဒဲ၊ ဝါဇေဇာသတို့ကိုလည်း သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲနေကြ၏။
11 ထိုနေ့၌ ရှုရှန်မြို့တော်တွင် သေသောသူစာရင်းကို ရှင်ဘုရင်ရှေ့တော်မှာ ပြကြ၏။ 12 ရှင်ဘုရင်သည် မိဖုရားဧသတာကို ခေါ်၍၊ ယုဒလူတို့သည် ရှုရှန်မြို့တော်၌ ဟာမန်သားတစ်ကျိပ်နှင့်တကွ လူငါးရာတို့ကို လုပ်ကြံသတ်ဖြတ် ကြပြီ။ နိုင်ငံတော်တွင် အခြားသော အပြည်ပြည်တို့၌ အဘယ်သို့ ပြုကြပြီနည်း။ သင်သည် အဘယ်အလို ရှိသေးသနည်း။ အလိုရှိသည်အတိုင်း ငါပြုမည်။ အဘယ်ဆုကို တောင်းချင်သေးသနည်း။ တောင်းသမျှကို ငါပေးမည်ဟု မိန့်တော်မူလျှင်၊ 13 ဧသတာက၊ အရှင်မင်းကြီး အလိုတော်ရှိလျှင်၊ ရှုရှန်မြို့၌ရှိသော ယုဒလူတို့သည် ယနေ့ အမိန့်တော်အတိုင်း နက်ဖြန်နေ့၌လည်း ပြုရမည်အကြောင်း၊ ဟာမန်သားတစ်ကျိပ်ကိုလည်း လည်ဆွဲချတိုင်၌ ဆွဲထားရမည် အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်သည်အတိုင်း၊ 14 ရှင်ဘုရင်မိန့်တော်မူ၍ ရှုရှန်နန်းတော်၌ အမိန့်တော်ကို ထုတ်ပြီးမှ၊ ဟာမန်သားတစ်ကျိပ်ကို ဆွဲထားကြ၏။ 15 ရှုရှန်မြို့၌ရှိသော ယုဒလူတို့သည်လည်း၊ အာဒါလတစ်ဆယ်လေးရက်နေ့တွင် စုဝေး၍၊ ရှုရှန်မြို့သား သုံးရာတို့ကို သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်း မယူဘဲနေကြ၏။ 16 နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်၌ရှိသော ယုဒလူအခြားတို့သည် အာဒါလ တစ်ဆယ်သုံးရက်နေ့တွင်၊ မိမိတို့အသက်ကို စောင့်လျက်၊ ရန်သူလက်သို့မရောက်ဘဲ ချမ်းသာရမည်အကြောင်း၊ စုဝေး၍ ရန်သူ ခုနစ်သောင်းငါးထောင်တို့ကို သတ်ကြ၏။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲ နေကြ၏။ 17 ထိုလ တစ်ဆယ်လေးရက်နေ့တွင် ငြိမ်ဝပ်စွာနေ၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့ဖြစ်စေခြင်းငှာ စောင့်ရှောက်ကြ၏။ 18 ရှုရှန်မြို့၌ရှိသော ယုဒလူများမူကား၊ တစ်ဆယ်သုံးရက်နေ့နှင့် တစ်ဆယ်လေးရက်နေ့တွင် စုဝေးကြ၏။ တစ်ဆယ်ငါးရက် မြောက်သောအခါ ငြိမ်ဝပ်စွာနေ၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့ဖြစ်စေခြင်းငှာ စောင့်ရှောက်ကြ၏။ 19 မြို့ရိုးမရှိသောရွာတို့၌နေသော ယုဒလူတို့သည်လည်း၊ အာဒါလ တစ်ဆယ်လေးရက်နေ့ကို ပျော်မွေ့စွာ ပွဲခံရာနေ့၊ မင်္ဂလာနေ့၊ တစ်ယောက်ကိုတစ်ယောက် လက်ဆောင်ပေးလိုက်ရာနေ့ ဖြစ်စေကြ၏။
20 တစ်ဖန် မော်ဒကဲသည် ဤအမှုအရာတို့ကို ရေးထား၏။ 21,22 ယုဒလူတို့သည် ရန်သူလက်မှလွတ်၍ ချမ်းသာရသောနေ့၊ သူတို့ဝမ်းနည်းခြင်းနှင့် မြည်တမ်းခြင်းပျောက်၍ ဝမ်းမြောက်ခြင်းနှင့်ပျော်မွေ့ခြင်းသို့ ရောက်သော လတည်းဟူသော အာဒါလ တစ်ဆယ်လေးရက်နှင့် တစ်ဆယ်ငါးရက်နေ့တို့ကို နှစ်တိုင်းစောင့်၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့၊ တစ်ယောက်ကိုတစ်ယောက် လက်ဆောင်ပေးလိုက်၍၊ ဆင်းရဲသောသူတို့အား စွန့်ကြဲရာနေ့ဖြစ်စေသော ထုံးစံကို စီရင်ခြင်းငှာ၊ ရှင်ဘုရင် အာရွှေရု နိုင်ငံတော်အပြည်ပြည်၌ အနီးအဝေးရှိသော ယုဒလူအပေါင်းတို့နေရာသို့ မှာစာကို ပေးလိုက်လေ၏။ 23 ယုဒလူတို့သည်လည်း၊ ပြုစရှိ၍ မော်ဒကဲမှာလိုက်သည်အတိုင်း အမြဲပြုပါမည်ဟု ဝန်ခံကြ၏။ 24 ယုဒလူအပေါင်းတို့၏ ရန်သူဖြစ်သော အာဂတ်အမျိုး၊ ဟမ္မေဒါသသား ဟာမန်သည် ယုဒအမျိုးကို ဖျက်ဆီးမည်အကြံရှိ၍၊ ဖျက်ဆီးပယ်ရှင်းခြင်းငှာ ပုရစာရေးတံ ချသောကြောင့်လည်းကောင်း၊ဧသ၊၃:၇။25 ဧသတာသည် ရှင်ဘုရင်ထံတော်သို့ဝင်၍ ယုဒလူတို့တစ်ဖက်၌ ဟာမန်ကြံစည်သော အဓမ္မအကြံကို သူ၏ခေါင်းပေါ်သို့ ပြန်ရောက်စေမည်အကြောင်း၊ သူနှင့်သူ၏သားတို့ကိုလည်း လည်ဆွဲချတိုင်၌ ဆွဲထားစေမည် အကြောင်း၊ အမိန့်တော်စာကို ပေးတော်မူသည်ဖြစ်၍လည်းကောင်း၊ 26 ပုရဟူသောစကားကို အစွဲပြုသဖြင့်၊ ထိုနေ့ကို ပုရနေ့ဟူ၍ ခေါ်ဝေါ်ကြ၏။ ထိုအမိန့်တော်စာချက်နှင့် ကိုယ်တိုင်တွေ့မြင်သော အမှုကိုထောက်လျက်၊ 27 ယုဒလူတို့သည် ကိုယ်တိုင်မှစ၍ သားမြေး၊ ဘာသာဝင်သူ အပေါင်းတို့နှင့်တကွ၊ မော်ဒကဲမှာစာ၌ စီရင်ထုံးဖွဲ့သည်အတိုင်း၊ ထိုနေ့ နှစ်ရက်ကို နှစ်တိုင်းအစဉ်မပြတ် စောင့်မည်အကြောင်း၊ 28 ထိုပုရနေ့တို့သည် ယုဒအမျိုး၌ မပျောက်၊ သားစဉ်မြေးဆက်တို့သည် မမေ့မလျော့၊ အပြည်ပြည် အမြို့မြို့၌နေသော အဆွေအမျိုးအသီးအသီး အစဉ်အဆက်တို့သည် အောက်မေ့ စောင့်ရှောက်မည်အကြောင်း ဝန်ခံကြ၏။ 29 ထိုအခါ အဘိဟဲလသမီး မိဖုရားဧသတာနှင့် ယုဒအမျိုး မော်ဒကဲတို့သည်၊ ပုရနေ့တို့ကို မြဲမြံစွာ တည်စေခြင်းငှာ ကျပ်တည်းစွာ အာဏာထား၍ မှာစာကို တစ်ဖန်ရေးထားကြ၏။ 30,31 ယုဒအမျိုးသား မော်ဒကဲနှင့် မိဖုရားဧသတာမှာထား၍၊ ယုဒလူတို့သည် ကိုယ်အဖို့နှင့် သားစဉ်မြေးဆက်အဖို့ စီရင်သည်အတိုင်း၊ ချိန်းချက်သော အချိန်၌ အစာရှောင်ခြင်း၊ ဆုတောင်းခြင်းနှင့်တကွ ပုရနေ့တို့ကို အမြဲစောင့်စေခြင်းငှာ၊ အာရွှေရုနိုင်ငံတော်တွင် တိုင်းပြည် တစ်ရာနှစ်ဆယ်ခုနစ်ပြည်၌ရှိသော ယုဒလူအပေါင်းတို့ နေရာသို့ ငြိမ်သက်စေသော သစ္စာစကားနှင့် ထိုမှာစာကို မော်ဒကဲပေးလိုက်လေ၏။ 32 ဧသတာစီရင်သောအားဖြင့်၊ ပုရနေ့တို့ကို စောင့်ရာထုံးစံသည် အမြဲတည်၍ ဤစာ၌ရေးထား လျက်ရှိသတည်း။
1 Ora, Et 8.12no duodécimo mês, que é o mês de adar, Et 9.17aos treze dias do mesmo, Et 3.13em que a ordem do rei, e o seu decreto, chegou para se executar, no dia em que os inimigos dos judeus esperavam assenhorear-se deles, sucedeu o contrário; de sorte que os judeus se assenhorearam dos que os odiavam. 2 Et 8.11;9.15-18Os judeus se tinham ajuntado nas suas cidades, em todas as províncias do rei Assuero, para atacarem os que lhes procuravam o mal. Ninguém podia resistir-lhes, Et 8.17pois o medo que inspiravam tinha caído sobre todos os povos. 3 Todos os príncipes das províncias, e os Ed 8.36sátrapas, e os governadores, e os que faziam a obra do rei tinham estado ajudando os judeus, porque o medo que tinham de Mordecai se apoderara deles. 4 Pois Mordecai era grande na casa do rei, e a sua fama ia crescendo em todas as províncias, porque 2Sm 3.1se ia engrandecendo mais e mais. 5 Et 3.13Os judeus feriram à espada a todos os seus inimigos, e os mataram, e fizeram perecer; aos que os odiavam, eles trataram como quiseram. 6 No castelo de Susã, os judeus mataram e destruíram quinhentos homens. 7 Também mataram a Parsandata, Dalom, Aspata, 8 Porata, Adalia, Aridata, 9 Parmasta, Arisai, Aridai e Vaisata, 10 Et 5.11os dez filhos de Hamã, filho de Hamedata e inimigo dos judeus; porém Et 8.11no despojo não tocaram.
11 Nesse mesmo dia, veio ao conhecimento do rei o número dos que foram mortos no castelo de Susã. 12 O rei disse à rainha Ester: No castelo de Susã, mataram e destruíram os judeus quinhentos homens e os dez filhos de Hamã; que não terão eles feito no resto da província do rei? Et 7.2Ora, qual é a tua petição? E te será concedida; e qual é ainda o teu rogo? E cumprir-se-á. 13 Respondeu Ester: Se parecer bem ao rei, Et 8.11;9.15conceda-se aos judeus que estão em Susã que façam amanhã também segundo o decreto de hoje, e sejam pendurados na forca os dez filhos de Hamã. 14 O rei mandou que assim se fizesse; o decreto foi divulgado em Susã, e dependuraram os dez filhos de Hamã. 15 Os judeus que estavam em Susã ajuntaram-se também no dia quatorze do mês de adar e mataram Et 9.12trezentos homens em Susã; porém Et 9.10no despojo não tocaram. 16 Et 9.2Os demais judeus que estavam nas províncias do rei ajuntaram-se, e dispuseram-se para defender as suas vidas, e tiveram descanso dos seus inimigos, e mataram dos que os odiavam setenta e cinco mil; Et 9.10,15porém no despojo não tocaram.
17 Sucedeu isso no Et 9.1dia treze do mês de adar; no Et 9.21dia quatorze do mesmo, descansaram e fizeram-no dia de banquetes e de alegria. 18 Mas os judeus que estavam em Susã Et 8.11;9.2ajuntaram-se no dia treze como também Et 9.21no dia quatorze do mesmo; no dia quinze, descansaram e fizeram-no dia de banquetes e de alegria. 19 Portanto, os judeus das vilas que assistem Dt 3.5;Zc 2.4nas aldeias não muradas fazem o dia quatorze do mês de adar dia de alegria, e de banquetes, Et 9.22e de festas, Ne 8.10e dia de enviarem quinhões uns aos outros.
20 Mordecai escreveu essas coisas e enviou cartas a todos os judeus que estavam em todas as províncias do rei Assuero, aos de perto e aos de longe, 21 ordenando-lhes que celebrassem o dia quatorze do mês de adar e o dia quinze do mesmo todos os anos, 22 como os dias em que os judeus tiveram descanso dos seus inimigos e como o mês que se lhes mudou de tristeza em alegria e de pranto em festim, a fim de que os fizessem dias de banquetes e de alegria, em que enviassem quinhões uns aos outros e dádivas aos pobres. 23 Os judeus encarregaram-se de fazer como já tinham começado e como Mordecai lhes tinha escrito; 24 porque Hamã, filho de Hamedata, agagita, inimigo dos judeus, tinha formado contra os judeus o projeto de os destruir Et 3.7e tinha deitado Pur, que quer dizer sortes, para os assolar e para os destruir. 25 Et 7.4-10Vindo isso perante o rei, mandou ele por cartas Et 3.6-15que o mau desígnio que Hamã tinha excogitado contra os judeus Sl 7.16recaísse sobre a cabeça dele, e que ele e seus filhos fossem pendurados na forca.
26 Pelo que se chamaram esses dias Purim, por causa do nome de Pur. Portanto, Et 9.20por causa das palavras dessa carta, e do que tinham testemunhado, e do que lhes havia sucedido, 27 os judeus estabeleceram e tomaram sobre si, sobre os seus descendentes e sobre Et 8.17todos os que haviam de unir-se com eles a resolução irrevogável de Et 9.20-21que fossem celebrados esses dois dias, de acordo com a carta que os prescreveu e de acordo com o tempo marcado para eles, em todos os anos; 28 e que esses dias fossem lembrados e celebrados em todas as gerações, em todas as famílias, em todas as províncias e em todas as cidades; e que esses dias de Purim não fossem revogados entre os judeus, nem o memorial deles se extinguisse dentre os seus descendentes.
29 Então, escreveram à rainha Ester, Et 2.15filha de Abiail, e o judeu Mordecai com toda a autoridade uma segunda vez para confirmar Et 9.20-21a carta a respeito de Purim. 30 Enviaram cartas a todos os judeus, Et 1.1às cento e vinte e sete províncias do reino de Assuero, palavras de paz e de verdade, 31 para confirmar esses dias de Purim nos seus tempos determinados, como o judeu Mordecai e a rainha Ester lhes tinham ordenado e como eles se tinham obrigado por si e pela sua descendência, Et 4.3nas particularidades de jejuns e do seu clamor. 32 O mandamento de Ester confirmou essas particularidades de Et 9.26Purim, e foi escrito no livro.