1 သုံးရက်မြောက်သောနေ့၌၊ ဧသတာသည် မိဖုရားအဝတ်တန်ဆာကို ဝတ်ဆင်၍၊ နန်းတော် အဆောင်မ တစ်ဖက်တစ်ချက်၊ နန်းတော်အတွင်း တံတိုင်းထဲမှာ ရပ်နေ၏။ ရှင်ဘုရင်သည် နန်းတော်တံခါး တစ်ဖက်တစ်ချက်၊ နန်းတော်ထဲ၊ ရာဇပလ္လင်ပေါ်မှာ ထိုင်တော်မူ၏။ 2 မိဖုရားဧသတာသည် တံတိုင်းတော်ထဲမှာ ရပ်နေသည်ကို ရှင်ဘုရင်သည်မြင်လျှင်၊ နူးညွတ်သောစိတ်ရှိ၍ လက်တော်၌ပါသော ရွှေရာဇလှံတံကို၊ ဧသတာသို့ ကမ်းတော်မူသဖြင့်၊ ဧသတာသည် ချဉ်းကပ်၍ ရာဇလှံတံတော်အထွတ်ကို တို့လေ၏။ 3 ရှင်ဘုရင်ကလည်း၊ မိဖုရားဧသတာ၊ သင်သည် အဘယ်အလိုရှိသနည်း။ အဘယ်ဆုကို တောင်းချင်သနည်း။ တောင်းသမျှကို နိုင်ငံတော် တစ်ဝက်တိုင်အောင် ငါပေးမည်ဟု မိန့်တော်မူလျှင်၊ 4 ဧသတာက၊ အရှင်မင်းကြီး အလိုတော်ရှိလျှင်၊ အရှင်မင်းကြီးအဖို့ ကျွန်တော်မပြင်ဆင်သောပွဲသို့ ဟာမန်နှင့်တကွ ယနေ့ ကြွတော်မူပါဟု လျှောက်သော်၊ 5 ရှင်ဘုရင်က၊ ဧသတာ လျှောက်သည်အတိုင်း ပြုအံ့သောငှာ၊ ဟာမန်သည် အလျင်အမြန်လာစေဟု မိန့်တော်မူသဖြင့်၊ ဧသတာပြင်ဆင်သောပွဲသို့ ဟာမန်နှင့်တကွ ရှင်ဘုရင်ကြွတော်မူ၏။
6 တစ်ဖန် စပျစ်ရည်သောက်ပွဲခံစဉ်၊ ရှင်ဘုရင်က၊ သင်သည် အဘယ်သို့ အလိုရှိသနည်း။ အလိုရှိသည်အတိုင်း ငါပေးမည်။ အဘယ်ဆုကို တောင်းချင်သနည်း။ တောင်းသမျှကို နိုင်ငံတော်တစ်ဝက်တိုင်အောင် ငါပေးမည်ဟု ဧသတာအားမိန့်တော်မူလျှင်၊ 7 ဧသတာက၊ ကျွန်တော်မအလိုရှိ၍ ကျွန်တော်မတောင်းချင်သောဆု ဟူမူကား၊ 8 ကျွန်တော်မကို အရှင်မင်းကြီး၏စိတ်နှင့် တွေ့တော်မူလျှင်လည်းကောင်း၊ ကျွန်တော်မအလိုရှိ၍ ကျွန်တော်မတောင်းချင်သောဆုကို ပေးသနားခြင်းငှာ အရှင်မင်းကြီး အလိုတော်ရှိလျှင်လည်းကောင်း၊ ကျွန်တော်မပြင်ဆင်သောပွဲသို့ အရှင်မင်းကြီးသည် ဟာမန်နှင့်တကွ တစ်ဖန်ကြွတော်မူပါ။ အမိန့်တော်ရှိသည်အတိုင်း နက်ဖြန်နေ့၌ ကျွန်တော်မပြုပါမည်ဟု ပြန်လျှောက်လေ၏။
9 ထိုနေ့၌ ဟာမန်သည် ဝမ်းမြောက်ရွှင်လန်းသော စိတ်နှင့် ထွက်သွားသော်လည်း၊ နန်းတော်တံခါးဝမှာ မော်ဒကဲသည် ရိုသေစွာမထ၊ အလျှင်းမလှုပ်ဘဲနေသည်ကို မြင်သောအခါ၊ မော်ဒကဲကို အလွန်အမျက်ထွက်လေ၏။ 10 သို့ရာတွင် မိမိစိတ်ကို ချုပ်တည်းလျက်သွား၍၊ မိမိအိမ်သို့ရောက်သောအခါ၊ မယားဇေရက်နှင့် အဆွေခင်ပွန်းတို့ကို ခေါ်ပြီးလျှင်၊ 11 မိမိဘုန်းစည်းစိမ်ကြီးကြောင်း၊ သားသမီးများကြောင်း၊ ရှင်ဘုရင် အလွန်ချီးမြှောက်၍ မှူးတော်မတ်တော် ကျွန်တော်မျိုးများထက် သာ၍မြတ်သောအရာ၌ ခန့်ထားတော်မူကြောင်းများကို ဖော်ပြလျက်၊ 12 မိဖုရားဧသတာသည် မိမိပြင်ဆင်သောပွဲသို့ ငါမှတစ်ပါး၊ အဘယ်သူကိုမျှ ရှင်ဘုရင်နှင့်အတူ မဝင်စေ။ နက်ဖြန်နေ့၌လည်း ရှင်ဘုရင်နှင့်အတူ ငါ့ကိုဖိတ်ပြန်၏။ 13 သို့ရာတွင်၊ ယုဒလူမော်ဒကဲသည် နန်းတော်တံခါးဝမှာ ထိုင်လျက်ရှိသည်ကို ငါမြင်ရသည် ကာလပတ်လုံး၊ ယခုဖော်ပြသမျှတို့သည် ငါ၌ကျေးဇူးမရှိဟု ဆို၏။ 14 ထိုအခါ မယားဇေရက်နှင့် အဆွေခင်ပွန်းရှိသမျှတို့က၊ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချတိုင်ကိုစိုက်ပါစေ။ ထိုတိုင်၌ မော်ဒကဲကိုလည်ဆွဲချစေမည်အကြောင်း နက်ဖြန်သံတော်ဦးတင်လော့။ ထိုနောက်မှ စိတ်ရွှင်လန်းလျက် ရှင်ဘုရင်နှင့်အတူ ပွဲသို့ဝင်လော့ဟု ပြောဆိုသောစကားကို ဟာမန်သည် နှစ်သက်၍၊ လည်ဆွဲချတိုင်ကို လုပ်စေ၏။
1 Et 4.16Ao terceiro dia, vestiu Ester seus trajes reais e pôs-se Et 4.11;6.4no átrio interior da casa do rei, defronte da casa do rei. O rei estava sentado no seu trono real, na casa real, defronte da entrada da casa. 2 Quando o rei viu a rainha Ester parada no átrio, Et 2.9alcançou ela o favor do rei; e Et 4.11;8.4ele estendeu para Ester o cetro de ouro que estava na mão. Chegou-se Ester e tocou na ponta do cetro. 3 Então, lhe disse o rei: Que é o que queres, rainha Ester? Qual é a tua petição? Ainda que peças Et 7.2;Mc 6.23metade do reino, ser-te-á dada. 4 Ester respondeu: Se parecer bem ao rei, venha com Hamã hoje ao banquete que lhe preparei.
5 Disse o rei: Et 6.14Fazei a Hamã apressar-se, para que se faça conforme a palavra de Ester. Vieram o rei e Hamã ao banquete que Ester tinha preparado. 6 Disse Et 7.2o rei a Ester no banquete de vinho: Et 5.3Qual é a tua petição? E ser-te-á concedida; e qual é o teu rogo? Ainda que peças metade do reino, será cumprido. 7 Respondeu Ester: A minha petição e o meu rogo, é: 8 Et 7.3;8.5Se tiver alcançado o favor do rei, e se lhe parecer bem conceder a minha petição e cumprir o meu rogo, venham o rei e Hamã ao Et 6.14banquete que lhes hei de preparar, e amanhã farei o pedido que me acaba de permitir.
9 Saiu Hamã alegre e contente, mas, quando viu Et 2.19na porta do rei a Mordecai, Et 3.5que não se levantou, nem se moveu por ele, encheu-se de furor contra Mordecai. 10 Todavia, Hamã se refreou e foi para casa; enviou e mandou vir os seus amigos e sua mulher Et 6.13Zeres. 11 Hamã contou-lhes a grandeza das suas riquezas, e Et 9.7-10a multidão de seus filhos, e tudo em que o rei Et 3.1o tinha engrandecido, e como o tinha exaltado sobre os príncipes e servos do rei. 12 Hamã acrescentou: Até a rainha Ester a ninguém fez vir com o rei para o banquete que tinha preparado, senão a mim; e também para Et 5.8amanhã estou convidado por ela a vir com o rei. 13 Todavia, tudo isso não me satisfaz, enquanto vejo o judeu Mordecai sentado Et 5.9na porta do rei. 14 Então, lhe disse sua mulher Zeres e todos os seus amigos: Et 6.4;7.9-10Faça-se uma forca de cinquenta cúbitos de altura, e pela manhã dize ao rei que nela seja enforcado Mordecai; então, entra alegre com o rei para o banquete. O conselho agradou a Hamã, e mandou que se preparasse a forca.