1 အဘယ်သူသည် ပညာရှိသောသူကဲ့သို့ ဖြစ်သနည်း။ နက်နဲသောအနက်ကို အဘယ်သူနားလည်သနည်း။ ပညာသည် ပညာရှိသောသူ၏မျက်နှာကို ထွန်းလင်းစေတတ်၏။ ထိုသူ၏မျက်နှာသည် အထူးသဖြင့် ရဲရင့်သောအဆင်းရှိတတ်၏။ 2 ဘုရားသခင့်ရှေ့တော်၌ ပြုသောသစ္စာကိုထောက်၍၊ ရှင်ဘုရင်အမိန့်တော်ကို စောင့်လော့။ 3 သမ္မာသတိလစ်၍ အထံတော်မှ မထွက်နှင့်။ မကောင်းသောအမှုကို မဆွဲမကိုင်နှင့်။ အလိုတော်ရှိသည်အတိုင်း စီရင်တော်မူမည်။ 4 ရှင်ဘုရင်အမိန့်တော်၌ တန်ခိုးပါ၏။ ကိုယ်တော်သည် အဘယ်သို့ပြုသနည်းဟု အဘယ်သူ ဆိုရာသနည်း။ 5 အမိန့်တော်ကိုစောင့်သောသူသည် ရာဇဝတ်နှင့် လွတ်လိမ့်မည်။ ပညာရှိသောသူ၏ စိတ်နှလုံးသည်လည်း၊ ကာလအချိန်ကိုလည်းကောင်း၊ စီရင်ရသောအခွင့်ကိုလည်းကောင်း သိမြင်တတ်၏။ 6 လူကြံစည်သမျှအဖို့၊ ကာလအချိန်နှင့် စီရင်ရသောအခွင့်ရှိ၏။ သို့သော်လည်း၊ လူသည် အလွန်ဆင်းရဲခြင်းကို ခံရ၏။ 7 နောက်ဖြစ်လတ္တံ့သောအရာကိုမသိ။ အဘယ်သို့ ဖြစ်လတ္တံ့သည်ကို တစ်စုံတစ်ယောက်မျှ မပြောနိုင်ရာ။
8 နာမ်ဝိညာဉ်ကိုအစိုးရ၍ ချုပ်ထားနိုင်သောလူ တစ်ယောက်မျှမရှိ။ သေချိန်ရောက်သောအခါ တန်ခိုးမရှိ။ ထိုစစ်မှုထဲက ထွက်စရာအခွင့် မရှိ။ ဒုစရိုက်ကိုပြုသော်လည်း၊ ဒုစရိုက်သည် ထိုအမှုထဲက မကယ်မနုတ်နိုင်။
9 ဤအမှုအရာအလုံးစုံတို့ကို ငါတွေ့မြင်ပြီ။ နေအောက်မှာ ပြုလေသမျှတို့ကို ဆင်ခြင်ပြီ။ မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက် အုပ်စိုးသောအချိန်လည်းရှိ၏။
10 ထိုမှတစ်ပါး၊ သန့်ရှင်းရာအရပ်ဌာနတော်သို့ သွားလာသော အဓမ္မလူတို့သည် သင်္ဂြိုဟ်ခြင်းခံရကြောင်းကိုလည်းကောင်း၊ အဓမ္မပြုဖူးသောမြို့၌ သူတို့ကို အဘယ်သူမျှ မအောက်မေ့ကြောင်းကိုလည်းကောင်း ငါမြင်ပြီ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ 11 အဓမ္မအမှုကို အလျင်အမြန်စစ်ကြော၍၊ ဒဏ်မပေးသောကြောင့်၊ လူသားတို့သည် အဓမ္မအမှုကိုပြုခြင်းငှာ၊ ခိုင်မာစွာ သဘောထားကြ၏။ 12 အဓမ္မလူသည် အကြိမ်တစ်ရာတိုင်အောင် အဓမ္မအမှုကိုပြု၍၊ အသက်တာရှည်သော်လည်း၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့သည် ရှေ့တော်၌ကြောက်ရွံ့သောကြောင့်၊ ကောင်းသောအကျိုးကိုခံရကြမည်ဟု ငါအမှန်သိ၏။ 13 အဓမ္မလူကား၊ ဘုရားသခင်ရှေ့တော်၌ မကြောက်ရွံ့သောကြောင့်၊ ကောင်းသောအကျိုးကို မခံရ။ အရိပ်နှင့်တူသော မိမိအသက်သည်လည်း မရှည်ရ။
14 မြေကြီးပေါ်မှာ ဖြစ်တတ်သော အနတ္တအမှုတစ်ပါးဟူမူကား၊ အဓမ္မလူပြုသောအမှုကြောင့် ခံထိုက်သည်အတိုင်း၊ ဖြောင့်မတ်သောသူအချို့တို့သည် အပြစ်ကိုခံရကြ၏။ ထိုနည်းတူ၊ ဖြောင့်မတ်သောသူပြုသောအမှုကြောင့် ခံထိုက်သည်အတိုင်း၊ အဓမ္မလူအချို့တို့သည် အကျိုးကို ခံရကြ၏။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်သည်ဟု ငါ့သဘောရှိ၏။ 15 ထိုအခါ ပျော်မွေ့ခြင်းအမှုကို ငါချီးမွမ်း၏။ အကြောင်းမူကား၊ လူသည်နေအောက်မှာ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းအမှုထက် သာ၍ကောင်းသောအမှု မရှိ။ နေအောက်မှာ ဘုရားသခင် ပေးသနားတော်မူသောအသက်ကာလ၌၊ ကြိုးစားအားထုတ်၍ရသော အကျိုးတို့တွင်၊ ထိုအကျိုးကိုသာ အမြဲခံရ၏။ 16 လူအချို့တို့သည် တစ်နေ့နှင့် တစ်ညလုံးမအိပ်ဘဲ နေတတ်သည်ဖြစ်၍၊ ပညာတရားကို သိခြင်းငှာလည်းကောင်း၊ မြေကြီးပေါ်မှာ ပြုသောအမှုများကို ကြည့်ရှုခြင်းငှာလည်းကောင်း၊ ငါသည် ကိုယ်နှလုံးကို နှိုးဆော်၏။ 17 ဘုရားသခင်ပြုတော်မူသော အမှုအလုံးစုံတို့ကို ငါကြည့်ရှုသောအခါ၊ နေအောက်မှာ ပြုသောအမှုများကို လူသည် စစ်၍မကုန်နိုင်။ ကြိုးစား၍စစ်သော်လည်း၊ အကုန်အစင်မသိနိုင်။ ထိုမျှမက၊ ပညာရှိသောသူသည် ငါသိမည်ဟု ကြံသော်လည်း၊ အကြံမမြောက်နိုင်ရာ။
1 Quem é como o sábio? Quem sabe a interpretação das coisas? A sabedoria do homem faz Êx 34.29-30resplandecer o seu rosto, e muda-se Dt 28.50a aspereza da sua face. 2 Eu te digo: Observa o mandamento do rei, e isso, por causa do Êx 22.11;2Sm 21.7;Ez 17.18juramento a Deus. 3 Não te apresses a Ec 10.4sair da sua presença; não persistas no que é mau, porque ele faz tudo o que lhe agrada. 4 Porquanto a palavra do rei é poderosa; e Jó 9.12;Dn 4.35quem pode dizer-lhe: Que fazes? 5 Quem Ec 12.13guarda o mandamento Pv 12.21não experimentará mal algum; e o coração do sábio conhece o tempo e o juízo. 6 Pois Ec 3.1,17para tudo há tempo e juízo, porquanto a miséria do homem pesa sobre ele. 7 Ec 3.22;6.12;7.14;9.12Não sabe o que há de suceder, pois quem pode declarar-lhe como há de ser? 8 Sl 49.7-9Não há nenhum homem que tenha domínio sobre o espírito, para o reter; nem tampouco tem ele poder sobre o dia da morte; nem nessa guerra Dt 20.5-8há licença para se ausentar; Ec 8.13nem a perversidade livrará aquele que a ela está entregue.
9 Tudo isso tenho visto e tenho aplicado o meu coração a todas as obras que se fazem debaixo do sol. Há tempo em que um homem tem Ec 4.1;5.8;7.7domínio sobre outro para dano seu. 10 Vi também os perversos serem enterrados, saindo do templo para onde tinham vindo, e serem Ec 1.11;2.16;4.16;9.5,15esquecidos na cidade onde assim tinham procedido; também isso é vaidade. 11 Porque a Êx 34.6;Sl 86.15;Rm 2.4;2Pe 3.9sentença não se executa logo contra uma má obra; por isso, Ec 9.3o coração dos filhos dos homens é inteiramente disposto a praticar o mal. 12 Embora o pecador pratique o mal cem vezes, e Ec 7.15;Is 65.20os dias se lhe prolonguem, contudo, eu sei, com certeza, que Dt 4.40;12.25;Sl 37.11;Pv 1.33;Is 3.10a felicidade será para os que temem a Deus, que temem diante dele; 13 porém Ec 8.8;Is 3.11a felicidade não será para o perverso, nem prolongará ele os seus dias, que são como Ec 6.12;Jó 14.2sombra, porque não teme diante de Deus.
14 Há uma vaidade que se realiza sobre a terra: há Ec 7.15;Sl 73.14justos a quem sucede segundo as obras do perverso, e há Jó 21.7;Sl 73.3,12;Jr 12.1;Ml 3.15perversos a quem sucede segundo as obras dos justos. Eu disse que também isso é vaidade. 15 De modo que louvei a alegria, porque para Ec 2.24;3.12-13;5.18;9.7o homem nada há melhor debaixo do sol do que comer, beber e alegrar-se. Pois isso o acompanhará no seu trabalho todos os dias da vida que Deus lhe deu debaixo do sol.
16 Quando Ec 1.13-14apliquei o meu coração a conhecer a sabedoria e a ver o trabalho que se faz sobre a terra (pois homens há Ec 2.23que nem de dia nem de noite conseguem dar sono aos seus olhos), 17 então, contemplei toda a obra de Deus e vi que Ec 3.11o homem não pode compreender a obra que se faz debaixo do sol; pois, por mais que o homem trabalhe para a descobrir, contudo, não a compreenderá; embora Ec 7.23;Sl 73.16;Rm 11.33o sábio queira conhecê-la, contudo, não a poderá compreender.