1 တစ်ဖန် ငါသည် ကိုယ်စိတ်နှလုံးထဲမှာပြောသည်ကား၊ လာပါ။ ရွှင်လန်းခြင်းအားဖြင့် သင့်ကိုငါစုံစမ်းမည်။ သို့ဖြစ်၍၊ ကာမဂုဏ်၌ ပျော်မွေ့လော့ဟုဆိုရာတွင်၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်လေ၏။ 2 ရယ်မောခြင်းကို သင်သည်အရူးဖြစ်၏ ဟူ၍လည်းကောင်း၊ ရွှင်လန်းခြင်းကို အဘယ်ကြောင့် ဤသို့ပြုသနည်း ဟူ၍လည်းကောင်း ငါဆိုရ၏။ 3 တစ်ဖန် လူသားတို့သည် မိုးကောင်းကင်အောက်၌၊ တစ်သက်လုံး ပြုသင့်သောအမှုကောင်းကို သိအံ့သောငှာ၊ ပညာတရားကိုလေ့ကျက်လျက်နှင့်၊ စပျစ်ရည်အလိုသို့လိုက်၍၊ မိုက်သောအကျင့်ဓလေ့၌ ကျင်လည်ခြင်းငှာ၊ ငါကြံစည်၏။ 4 ကြီးကျယ်သောအလုပ်ကို စီရင်၍ အိမ်တို့ကို ဆောက်၏။ စပျစ်ဥယျာဉ်တို့ကိုလည်း စိုက်၏။၃ရာ၊ ၁၀း၂၃-၂၇။ ၆ရာ၊ ၉း၂၂-၂၇။5 ဥယျာဉ်အမျိုးမျိုးကို ပြုစု၍၊ ခပ်သိမ်းသော အသီးမျိုးကိုသီးသောအပင်တို့ကိုလည်း စိုက်၏။ 6 သစ်ပင်မျိုးနှင့် ပြည့်စုံသောတောကို ရေလောင်းစရာဖို့ ရေကန်တို့ကိုလည်း လုပ်၏။ 7 ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကို သိမ်းယူ၍၊ ကျွန်သားပေါက်များလည်း ရှိကြ၏။ ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဖူးသော သူအပေါင်းတို့ထက်၊ ငါသည် တိရစ္ဆာန်အကြီးအငယ်တို့နှင့် အလွန်ရတတ်၏။ 8 ရွှေငွေကိုလည်းကောင်း၊ ရှင်ဘုရင်နှင့်ဆိုင်သော ဘဏ္ဍာ၊ ကျေးရွာတို့၌ခွဲသော အခွန်ကိုလည်းကောင်း ငါဆည်းပူး၏။ အငြိမ့်သမား ယောက်ျားမိန်းမတို့ကိုလည်းကောင်း၊ လူသားတို့ ပျော်မွေ့တတ်သော ကြင်ရာ မိန်းမမောင်းမမိဿံတို့ကိုလည်းကောင်း ငါသိမ်းယူ၏။ 9 ထိုသို့ ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဖူးသောသူအပေါင်းတို့ထက်၊ ငါသည် တိုးပွား၍ ကြီးမြင့်ခြင်းသို့ ရောက်၏။ ငါ့ပညာလည်း တည်လျက်ရှိ၏။ 10 ငါ့မျက်စိတပ်မက်လိုချင်သောအရာ တစ်စုံတစ်ခုကိုမျှ ငါမငြင်း၊ ငါ့စိတ်ရွှင်လန်းစရာ တစ်စုံတစ်ခုကိုမျှ မပယ်။ ငါကြိုးစားသမျှတို့၌ ဝမ်းမြောက်လျက်ရှိ၍၊ ကြိုးစားခြင်းအကျိုးကို ခံရ၏။ 11 ထိုအခါ ငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ်သမျှတို့ကို ငါကြည့်ရှု၍၊ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်ကြ၏။ နေအောက်မှာကောင်းသောအကျိုး တစ်စုံတစ်ခုမျှ မရှိ။
12 တစ်ဖန်ငါလှည့်၍ ပညာတရားကိုလည်းကောင်း၊ လျှပ်ပေါ်ခြင်းနှင့် မိုက်မဲခြင်းတရားတို့ကိုလည်းကောင်း ဆင်ခြင်၏။ ရှင်ဘုရင်နောက်မှာဖြစ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း။ ပြုဖူးသည်အတိုင်းသာ ပြုနိုင်၏။ 13 သို့ရာတွင်၊ အလင်းသည် မှောင်မိုက်ထက်မြတ်သကဲ့သို့၊ ပညာသည် မိုက်မဲခြင်းထက် မြတ်သည်ကို ငါသိမြင်၏။ 14 ပညာရှိသောသူ၏မျက်စိတို့သည် သူ၏ဦးခေါင်း၌ ရှိ၏။ မိုက်သောသူမူကား၊ မှောင်မိုက်၌ ကျင်လည်တတ်၏။ သို့သော်လည်း ထိုသူအပေါင်းတို့သည် တစ်ခုတည်းသောအမှုနှင့် တွေ့ကြုံတတ်သည်ကို ငါရိပ်မိ၏။ 15 သို့ဖြစ်၍၊ မိုက်သောသူတွေ့ကြုံသကဲ့သို့၊ ငါသည်တွေ့ကြုံလျှင်၊ အဘယ်ကြောင့် သူ့ထက်သာ၍ ပညာရှိသနည်း ဟူ၍လည်းကောင်း၊ ဤအမှုအရာသည်လည်း အနတ္တဖြစ်သည်ဟူ၍လည်းကောင်း ငါအောက်မေ့၏။ 16 ယခုဖြစ်သမျှသော အမှုအရာတို့ကို နောင်ကာလ၌ မေ့လျော့လိမ့်မည်ဖြစ်၍၊ မိုက်သောသူသည် အစဉ်မအောက်မေ့သကဲ့သို့၊ ပညာရှိသောသူကိုလည်း အစဉ်မအောက်မေ့တတ်။ ပညာရှိသောသူသည် မိုက်သောသူသေသကဲ့သို့ သေတတ်ပါသည်တကား။ 17 ထိုကြောင့်၊ အသက်ရှင်ခြင်းကို ငါငြီးငွေ့၏။ နေအောက်မှာ ပြုသောအမှုသည် ငါ၌ခက်ခဲ၏။ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်ကြ၏။
18 ထိုမှတစ်ပါး၊ ငါသည် နေအောက်မှာ ကြိုးစားအားထုတ်သော အမှုအလုံးစုံတို့ကို ငါငြီးငွေ့ရသောအကြောင်းဟူမူကား၊ ထိုအမှုကို ငါ့နောက်မှ ဖြစ်လတ္တံ့သောသူအဖို့ ငါချန်ထားရမည်။ 19 ထိုသူသည် ပညာရှိမည်လော၊ မိုက်မည်လောဟု အဘယ်သူပြောနိုင်သနည်း။ ထိုသူသည် ငါကြိုးစားအားထုတ်သမျှ၊ နေအောက်မှာ ငါ့ပညာကို ထင်ရှားပြလေသမျှသောအမှုတို့ကို အစိုးရလိမ့်မည်၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ 20 ထိုကြောင့် နေအောက်မှာ ငါကြိုးစားအားထုတ်သမျှတို့၌ မျှော်လင့်စရာမရှိ။ စိတ်ပျက်အောင် တစ်ဖန်ငါကြံစည်၏။ 21 အကြောင်းမူကား၊ ပညာရှိလျက် သိပ္ပံအတတ်နှင့် ပြည့်စုံလျက်၊ အမှုအောင်လျက် ကြိုးစားအားထုတ်သောသူ ဖြစ်သော်လည်း၊ မကြိုးစား၊ အားမထုတ်သောသူဝင်စရာဖို့ ထိုအမှုကိုစွန့်ထားရမည်။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ အလွန်ဆိုးသောအမှုဖြစ်၏။ 22 လူသည် နေအောက်မှာ ကြိုးစားအားထုတ်သောအမှု၊ အလွန်စိတ်စွဲလမ်းသောအမှု၊ အလုံးစုံတို့၌ အဘယ်အကျိုး ရှိသနည်း။ 23 သူ၏နေ့ရက်အပေါင်းတို့သည် ဝမ်းနည်းခြင်း၊ သူ၏အလုပ်အကိုင်လည်း ငြိုငြင်ခြင်းဖြစ်၏။ ညအခါ၌ပင် သူ၏စိတ်နှလုံး မငြိမ်ရ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ 24 စားသောက်ခြင်းငှာလည်းကောင်း၊ ကြိုးစားအားထုတ်ရာ၌ စိတ်နှလုံးပျော်မွေ့ခြင်းငှာလည်းကောင်း၊ လူ၌ကောင်းသောအခွင့် မရှိ။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ၊ ထိုသို့သောအခွင့်ကို ရနိုင်သည်ဟု ငါသိမြင်၏။ 25 ဘုရားသခင်၏အခွင့်မရှိဘဲ အဘယ်သူစားရသနည်း။ အဘယ်သူ ခံစားရသနည်း။ 26 ရှေ့တော်၌ ကောင်းသောသူအား ဉာဏ်ပညာ၊ သိပ္ပံအတတ်နှင့် ဝမ်းမြောက်ခြင်းအခွင့်ကိုပေးတော်မူ၏။ အပြစ်ရှိသောသူအား ပင်ပန်းစွာအလုပ်လုပ်ရသောအခွင့်ကိုလည်းကောင်း၊ ဘုရားသခင်၏ရှေ့တော်၌ ကောင်းသောသူအား ပေးစရာဖို့၊ ဆည်းပူးသိုထားရသောအခွင့်ကိုလည်းကောင်း ပေးတော်မူ၏။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်၏။
1 Eu disse no meu coração: Vamos! Eu te provarei pela Ec 7.4;8.15alegria; sê, pois, feliz. Eis que isso também era vaidade. 2 Ec 7.3,6;Pv 14.13Falando do riso, disse eu: É loucura! E da alegria: Que consegue ela? 3 Procurei no meu coração como Ec 10.19;Jz 9.13;Sl 104.15estimular com vinho a minha carne, sem deixar de me guiar pela sabedoria, e como me apoderar da Ec 7.25estultícia, até ver Ec 2.24;3.12-13;5.18;6.12;8.15;12.13o que era bom que os filhos dos homens fizessem debaixo do céu todos os dias da sua vida. 4 Empreendi grandes obras; 1Rs 7.1-12edifiquei para mim casas; plantei para mim Ct 8.10-11vinhas; 5 fiz para mim Ct 4.16;5.1jardins e Ne 2.8quintas e neles plantei árvores frutíferas de todas as espécies; 6 fiz para mim Ne 2.14;3.15-16depósitos de água, para deles regar o bosque em que cresciam as árvores. 7 Comprei servos e servas e tive servos Gn 14.14;15.3que nasceram em minha casa; tive também grandes possessões de 1Rs 4.23gados e de rebanhos, mais do que todos os que antes de mim existiram em Jerusalém. 8 Amontoei para meu uso a prata, e 1Rs 9.28;10.10,14,21o ouro, e os tesouros 1Rs 4.21dos reis e 1Rs 20.14;Lm 1.1das províncias; provi-me de 2Sm 19.35cantores e cantoras e das delícias dos filhos dos homens, e concubinas em grande número. 9 Assim, me Ec 1.16;1Cr 29.25engrandeci e me tornei mais rico do que todos os que antes de mim existiram em Jerusalém; perseverou também comigo a minha sabedoria. 10 De Ec 6.2tudo quanto desejaram os meus olhos, não lhes privei; não neguei alegria alguma ao meu coração, pois o meu coração se pode alegrar de todo o meu trabalho; esta foi de todo o meu trabalho Ec 3.22;5.18;9.9a minha porção. 11 Então, olhei eu para todas as obras que as minhas mãos haviam feito e para todo o trabalho que me tinha esforçado por fazer; eis que tudo era Ec 2.22-23;1.14vaidade e desejo vão, não havendo Ec 1.3;3.9;5.16proveito algum debaixo do sol.
12 Virei-me para Ec 1.17contemplar a sabedoria, e a loucura, e a estultícia, porque, depois do rei, que pode fazer o homem? Ec 1.9-10Somente o que já se fez. 13 Então, vi eu que Ec 7.11-12,19;9.18;10.10a sabedoria é mais excelente do que a estultícia, quanto a luz é mais excelente do que as trevas. 14 Os olhos do sábio estão na sua cabeça, mas Pv 17.24;1Jo 2.11o estulto anda em trevas; contudo, percebi eu que Ec 3.19;6.6;7.2;9.2-3;Sl 49.10uma e a mesma coisa lhes sucede a ambos. 15 Disse eu no meu coração: Ec 2.16Como sucede ao estulto, assim me sucede a mim; Ec 6.8,11de que vale, pois, ser sábio? Então, disse eu, no meu coração, que também isso era vaidade. 16 Pois do sábio, bem como do estulto, Ec 1.11;4.16;9.5a memória não durará para sempre, visto que nos dias vindouros tudo já se terá esquecido. Ec 2.14Como se explica que o sábio morre assim como o estulto! 17 Assim Ec 4.2aborreci a vida, porque me pareceu bem duro todo o trabalho que se faz debaixo do sol. Pois tudo é vaidade e desejo vão.
18 Aborreci Ec 2.11;1.3todo o meu trabalho com que me tinha afadigado debaixo do sol, visto que tenho de Sl 39.6;49.10deixá-lo a quem virá depois de mim. 19 Quem sabe se ele será sábio ou estulto? Contudo, ele terá domínio sobre todo o meu trabalho com que me afadiguei e em que mostrei a sabedoria debaixo do sol. Também isso é vaidade. 20 Pelo que tratei de fazer que o meu coração perdesse a esperança de todo o trabalho com que me tinha afadigado debaixo do sol. 21 Pois há homem que trabalha com sabedoria, com ciência e com Ec 4.4destreza; contudo, Ec 2.18deixará o seu trabalho para ser a porção de quem nele não trabalhou. Também isso é vaidade e grande mal. 22 Pois que alcança o homem com todo o seu trabalho e com a Ec 1.14fadiga do seu coração, em que ele anda trabalhando debaixo do sol? 23 Pois todos os seus dias são Ec 1.18;5.17;Jó 5.7;14.1dores, e o seu trabalho, vexação; até de noite não Sl 127.2descansa o seu coração. Também isso é vaidade.
24 Não há Ec 2.3;3.12-13,22;5.18;6.12;8.15;9.7;1Tm 6.17nada melhor para o homem do que comer, beber e fazer que a sua alma goze o bem do seu trabalho. Também eu vi que isso vem Ec 3.13da mão de Deus. 25 Pois quem pode comer ou quem pode gozar mais do que eu? 26 Pois, ao homem que lhe agrada, Jó 32.8;Pv 2.6Deus dá sabedoria, e ciência, e alegria; mas, Jó 15.20ao pecador, dá trabalho para que ele ajunte e amontoe, Jó 27.16-17;Pv 13.22a fim de dar àquele que agrada a Deus. Também isso é Ec 1.14vaidade e desejo vão.