1 ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ မိုးကောင်းကင်အောက်၌ ကြံစည်သမျှ အသီးအသီးတို့ကို ပြုရသောအချိန်ရှိ၏။ 2 ဖွားချိန်နှင့် သေချိန်လည်းရှိ၏။ စိုက်ပျိုးရသောအချိန်နှင့် စိုက်ပျိုးရသောအရာကို နုတ်ရသောအချိန်လည်း ရှိ၏။ 3 သတ်ရသောအချိန်နှင့် အနာပျောက်စေရသော အချိန်လည်းရှိ၏။ ဖြိုဖျက်ရသောအချိန်နှင့် တည်ဆောက်ရသော အချိန်လည်းရှိ၏။ 4 ငိုရသောအချိန်နှင့် ရယ်ရသောအချိန်လည်းရှိ၏။ ညည်းတွားရသောအချိန်နှင့် ကခုန်ရသောအချိန်လည်း ရှိ၏။ 5 ကျောက်တို့ကို ဖြန့်ကြဲရသောအချိန်နှင့် စုသိမ်းရသော အချိန်လည်းရှိ၏။ ဖက်ယမ်းရသောအချိန်နှင့်၊ မဖက်ယမ်းဘဲ ခွဲခွာ၍ နေရသောအချိန်လည်းရှိ၏။ 6 ဆည်းပူးရသောအချိန်နှင့် ဥစ္စာပျောက်ရသော အချိန်လည်း ရှိ၏။ သိုထားရသောအချိန်နှင့် ပစ်လိုက်ရသောအချိန်လည်း ရှိ၏။ 7 အဝတ်ကို ဆုတ်ရသောအချိန်နှင့် ချုပ်ရသောအချိန်လည်းရှိ၏။ တိတ်ဆိတ်စွာနေသောအချိန်နှင့်၊ စကားပြောရသော အချိန်လည်းရှိ၏။ 8 ချစ်ရသောအချိန်နှင့် မုန်းရသောအချိန်လည်း ရှိ၏။ စစ်တိုက်သောအချိန်နှင့် စစ်ငြိမ်းရသောအချိန်လည်း ရှိ၏။
9 လုပ်ကိုင်သောသူသည် ကြိုးစားအားထုတ်ရာတွင်၊ အဘယ်ကျေးဇူးရှိသနည်း။ 10 လူသားတို့ ကျင်လည်ရာဖို့ ဘုရားသခင်ပေးတော်မူသော ပင်ပန်းခြင်းအမှုကို ငါကြည့်မြင်ပြီ။ 11 ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။ လူစိတ်နှလုံးကိုလည်း အနန္တကာလ၌ စွဲလန်းစေတော်မူပြီ။ သို့ရာတွင်၊ ဘုရားသခင်စီရင်တော်မူသောအမှုကို၊ အစမှအဆုံးတိုင်အောင်၊ လူသည် စစ်၍မကုန်နိုင်။ 12 ရွှင်လန်းခြင်းအမှုနှင့် အသက်ရှင်စဉ်တွင် ကျေးဇူးပြုခြင်းအမှုမှတစ်ပါး အခြားသောအမှုအရာတို့၌၊ အကျိုးကျေးဇူးမရှိသည်ကို ငါသိ၏။ 13 လူတိုင်းစားသောက်ခြင်းငှာလည်းကောင်း၊ မိမိကြိုးစား အားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှာလည်းကောင်း၊ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။ 14 ဘုရားသခင်ပြုတော်မူသမျှသောအမှုသည် နိစ္စထာဝရ ဖြစ်သည်ကို ငါသိ၏။ ထပ်၍ မပြုနိုင်ရာ။ နုတ်၍ မယူနိုင်ရာ။ လူတို့သည် ရှေ့တော်၌ကြောက်ရွံ့မည်အကြောင်း၊ ဘုရားသခင်ပြုတော်မူ၏။ 15 ဖြစ်ဖူးသောအရာသည် ယခုဖြစ်သောအရာနှင့် တူ၏။ ဖြစ်လတ္တံ့သောအရာသည်လည်း၊ ဖြစ်ဖူးသောအရာနှင့်တူ၏။ လွန်ပြီးသောအရာတို့ကိုလည်း ဘုရားသခင်တောင်းပြန်တော်မူ၏။
16 ထိုမှတစ်ပါး၊ နေအောက်မှာ တရားစီရင်ရာအရပ်၌ အဓမ္မအမှုရှိသည်ကိုလည်းကောင်း၊ ဖြောင့်မတ်ရာအရပ်၌ ဒုစရိုက် ရှိသည်ကိုလည်းကောင်း ငါမြင်ပြီ။ 17 ဘုရားသခင်သည် ဖြောင့်မတ်သောသူတို့၏အမှုနှင့်၊ မတရားသောသူတို့၏အမှုကို စစ်ကြောစီရင်တော်မူမည်ဟု ငါအောက်မေ့၏။ အကြောင်းမူကား၊ ခပ်သိမ်းသောအကြံ၊ ခပ်သိမ်းသောအမှုတို့ကို စစ်ကြောစီရင်ရသောအချိန် ရှိ၏။ 18 လူသားတို့နေရာကိုရည်မှတ်၍ ငါအောက်မေ့သည်ကား၊ လူတို့ကို ဘုရားသခင် စုံစမ်းတော်မူမည်အကြောင်းနှင့်၊ သူတို့သည် တိရစ္ဆာန်ကဲ့သို့ဖြစ်သည်ကို သူတို့သိမြင်မည်အကြောင်း၊ နေရာကျသတည်း၊ 19 လူသားတွေ့ကြုံသောအမှုကို တိရစ္ဆာန်တွေ့ကြုံတတ်၏။ ထိုသူနှစ်ဦးတို့သည် တစ်ပါးတည်းသောအမှုကို တွေ့ကြုံလျက်၊ တစ်ဦးသေသကဲ့သို့ တစ်ဦးသေတတ်၏။ အလုံးစုံတို့သည် အသက်တစ်မျိုးတည်းရှိကြ၏။ သို့ဖြစ်၍၊ လူသည် တိရစ္ဆာန်ထက် ထူးမြတ်သောအကြောင်းမရှိ။ အလုံးစုံတို့သည် အနတ္တဖြစ်ကြ၏။ 20 အလုံးစုံတို့သည် တစ်ခုတည်းသောအရပ်သို့ ရောက်တတ်ကြ၏။ အလုံးစုံတို့သည် မြေမှုန့်ထဲက ဖြစ်သည်နှင့်အညီ၊ မြေမှုန့်ထဲသို့ ပြန်သွားတတ်ကြ၏။ 21 သို့ရာတွင်၊ အထက်သို့တက်သော လူသား၏ဝိညာဉ်ကိုလည်းကောင်း၊ အောက်အရပ်မြေသို့ဆင်းတတ်သော တိရစ္ဆာန်၏ဝိညာဉ်ကိုလည်းကောင်း၊ အဘယ်သူသည် ပိုင်းခြား၍ သိသနည်း။ 22 လူသည် မိမိပြုမူရာ၌ ပျော်မွေ့ခြင်းအမှုထက် သာ၍ကောင်းသောအမှု မရှိသည်ကို ငါသိမြင်၏။ ထိုအမှုသည် သူ၏အဖို့ ဖြစ်၏။ သူသည် မိမိနောက်မှာ အဘယ်သို့ဖြစ်လတ္တံ့သည်ကို သိမြင်မည်အကြောင်း၊ အဘယ်သူဆောင်ခဲ့လိမ့်မည်နည်း။
1 Tudo tem a sua ocasião própria, e todo propósito debaixo do céu Ec 3.17;8.6tem o seu tempo. 2 Há tempo de nascer e Jó 14.5;Hb 9.27tempo de morrer; tempo de plantar e tempo de arrancar o que se plantou; 3 tempo de matar e tempo de curar; tempo de derrubar e tempo de edificar; 4 tempo de Rm 12.15chorar e tempo de Sl 126.2rir; tempo de prantear e tempo de Êx 15.20dançar; 5 tempo de espalhar pedras e tempo de ajuntar pedras; tempo de abraçar e tempo de abster-se de abraçar; 6 tempo de buscar e tempo de perder; tempo de guardar e tempo de lançar fora; 7 tempo de rasgar e tempo de coser; tempo de Am 5.13calar e tempo de falar; 8 tempo de amar e tempo de Sl 101.3;Pv 13.5odiar; tempo de guerra e tempo de paz. 9 Ec 1.3;2.11;5.16Que proveito tem o trabalhador naquilo com que se fadiga? 10 Vi o Ec 1.13;2.26trabalho que Deus deu aos filhos dos homens para nele se exercitarem. 11 Tudo que Deus Gn 1.31fez é apropriado a seu tempo; também pôs no coração deles a ideia da eternidade; contudo, de maneira que o homem Ec 7.23;8.17;Jó 5.9;Rm 11.33não possa descobrir do princípio ao fim a obra que Deus fez. 12 Sei que para eles Ec 2.24, ref.nada é melhor do que regozijar-se e fazer o bem durante a sua vida. 13 Também que todo o homem coma, e beba, e goze o bem em todo o seu trabalho é Ec 2.24;5.19dom de Deus. 14 Sei que tudo quanto Deus faz durará para sempre; nada se lhe pode acrescentar e nada tirar; Deus o faz para que os homens Ec 5.7;7.18;8.12-13;12.13temam diante dele. 15 Ec 1.9;6.10Aquilo que é já foi; e aquilo que há de ser já foi; Deus fará vir outra vez o que já se passou.
16 Vi ainda debaixo do sol que, no lugar do juízo, Ec 4.1;5.8;8.9estava a perversidade e que, no lugar da justiça, estava a perversidade. 17 Disse eu no meu coração: Ec 11.9;Gn 18.25;Sl 96.13;98.9;Mt 16.27;Rm 2.6-10;2Ts 1.6-9Deus julgará ao justo e ao perverso, pois há Ec 3.1;8.6tempo para todo propósito e para toda obra. 18 Eu disse no meu coração: É por causa dos filhos dos homens, para que Deus os prove e para que vejam que eles mesmos são como os Sl 49.12,20;73.22brutos. 19 Pois Ec 9.12o que sucede aos filhos dos homens sucede aos brutos; uma e a mesma coisa lhes sucede a eles. Como morre um, assim morre o outro; todos têm o mesmo fôlego, e o homem não tem vantagem sobre os brutos. Pois tudo é vaidade. 20 Todos vão para um lugar; todos foram feitos do Ec 12.7;Gn 3.19;Sl 103.14pó e todos voltarão para o pó. 21 Quem sabe se o Ec 12.7espírito dos filhos do homem sobe para cima e se o espírito dos brutos desce para baixo, para a terra? 22 Pelo que vi que não há Ec 2.24nada melhor do que regozijar-se o homem nas suas obras; porque essa é a sua porção. Pois quem o poderá fazer voltar para ver Ec 2.18;6.12;8.7;10.14o que há de ser depois dele?