1 ထိုနေ့ချင်းတွင်၊ ရှင်ဘုရင်အာရွှေရုသည် ယုဒအမျိုး၏ ရန်သူဟာမန်အိမ်ကို မိဖုရားဧသတာအား ပေးတော်မူ၏။ ဧသတာသည် မော်ဒကဲနှင့် အဘယ်သို့ ပေါက်ဖော်တော်သည်ကို ဧသတာလျှောက်သဖြင့်၊ မော်ဒကဲသည် ရှင်ဘုရင်ထံတော်သို့ ဝင်ရ၏။ 2 ရှင်ဘုရင်သည်လည်း၊ ဟာမန်လက်မှနုတ်သော လက်စွပ်တော်ကို တစ်ဖန်ချွတ်၍ မော်ဒကဲအား ပေးတော်မူ၏။ ဧသတာလည်း၊ ဟာမန်အိမ်ကို မော်ဒကဲ၌ အပ်လေ၏။
3 တစ်ဖန် ဧသတာသည် ရှင်ဘုရင်ခြေတော်ရင်း၌ ပျပ်ဝပ်၍၊ အာဂတ်အမျိုး ဟာမန်ပြုသောအပြစ်၊ ယုဒအမျိုးတစ်ဖက်၌ ကြံစည်သောအကြံအစည်ကို ပယ်တော်မူမည်အကြောင်း၊ မျက်ရည်ကျလျက် တောင်းပန်လေ၏။ 4 ရှင်ဘုရင်သည် ရွှေရာဇလှံတံကို ဧသတာသို့ ကမ်းတော်မူသဖြင့်၊ ဧသတာသည်ထ၍ ရှင်ဘုရင်ရှေ့တော်၌ ရပ်လျက်၊ 5 အရှင်မင်းကြီး အလိုတော်ရှိ၍၊ ကျွန်တော်မကို စိတ်နှင့် တွေ့တော်မူလျှင်လည်းကောင်း၊ ကျွန်တော်မအမှုသည် ရှေ့တော်၌ လျောက်ပတ်၍ ကိုယ်တော်သည် ကျွန်တော်မကိုလည်း ချစ်တော်မူလျှင်လည်းကောင်း၊ နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်တို့၌ရှိသော ယုဒလူတို့ကို ဖျက်ဆီးခြင်းငှာ၊ အာဂတ်အမျိုး ဟမ္မေဒါသသား ဟာမန်စီရင်သောစာကို ပယ်မည်အကြောင်း၊ ထပ်၍ စာရေးစေတော်မူပါ။ 6 ကျွန်တော်မအမျိုးအပေါ်သို့ ရောက်ရသော ဘေးကိုလည်းကောင်း၊ ကျွန်တော်မအမျိုးသားချင်း ပျက်စီးသော အမှုကိုလည်းကောင်း၊ ကျွန်တော်မသည် ကြည့်ရှုခြင်းငှာ၊ အဘယ်သို့ တတ်နိုင်ပါအံ့နည်းဟု လျှောက်ဆို၏။ 7 ရှင်ဘုရင် အာရွှေရုကလည်း၊ ဟာမန်သည် ယုဒလူတို့ကို ထိခိုက်သောကြောင့်၊ သူ၏အိမ်ကို မိဖုရားဧသတာအား ငါပေးပြီ။ ထိုသူကိုလည်း လည်ဆွဲချတိုင်၌ ကွပ်မျက်စေပြီ။ 8 သို့ရာတွင် ရှင်ဘုရင်လက်စွပ်နှင့် တံဆိပ်ခတ်သော ရှင်ဘုရင် အမိန့်တော်စာကို အဘယ်သူမျှ မပယ်ရသည်ဖြစ်၍၊ စိတ်ရှိသည်အတိုင်း ယုဒလူတို့အဖို့ အမိန့်တော်စာကို တစ်ဖန်ရေး၍၊ လက်စွပ်တော်နှင့် တံဆိပ်ခတ်ရမည်ဟု မိဖုရားဧသတာနှင့် ယုဒလူမော်ဒကဲတို့အား မိန့်တော်မူ၏။
9 ထိုအခါ သိဝန်အမည်ရှိသော တတိယလ နှစ်ဆယ်သုံးရက်နေ့တွင်၊ စာရေးတော်ကြီးတို့ကို ခေါ်၍၊ အိန္ဒိယပြည်မှ ကုရှပြည်တိုင်အောင် တိုင်းပြည်တစ်ရာနှစ်ဆယ် ခုနစ်ပြည်တို့၌ရှိသော ယုဒလူ၊ ကိုယ်စားတော်မင်း၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ မြို့သူကြီးတို့ကို မော်ဒကဲ မှာထားသမျှအတိုင်း၊ ယုဒဘာသာစကားမှစ၍ လူအမျိုးမျိုး ပြောသောစကား အသီးအသီးအားဖြင့်၊ 10 ရှင်ဘုရင် အာရွှေရု၏ အမိန့်တော်စာကိုရေး၍ ရှင်ဘုရင်လက်စွပ်တော်နှင့် တံဆိပ်ခတ်ပြီးမှ၊ မြင်း၊ လား၊ ကုလားအုတ်၊ မြည်းစီးသော စာပို့လုလင်တို့ဖြင့် ပေးလိုက်လေ၏။ 11 အမိန့်တော်စာချက်ဟူမူကား၊ အာဒါအမည်ရှိသော ဒွါဒသမလ တစ်ဆယ်သုံးရက် တစ်နေ့ချင်းတွင်၊ 12 နိုင်ငံတော် အတိုင်းတိုင်း အပြည်ပြည် အမြို့မြို့၌ရှိသော ယုဒလူတို့သည် စုဝေး၍၊ မိမိတို့အသက်ကို စောင့်ရသောအခွင့်၊ တိုက်လာသောပြည်သူ၊ စစ်သူရဲအပေါင်းတို့ကို မိန်းမသူငယ်နှင့်တကွ သတ်ဖြတ်သုတ်သင်ပယ်ရှင်း၍၊ သူတို့ဥစ္စာကို လုယူသိမ်းရုံးရသောအခွင့်ကို ရှင်ဘုရင်ပေးတော်မူ၏။ 13 ဤရွေ့ကား၊ ယုဒလူတို့သည် ထိုနေ့ရက်တွင် ရန်သူတို့ကို ရန်တုံ့ပြုစေခြင်းငှာ၊ အတိုင်းတိုင်း အပြည်ပြည်၌နေသော လူမျိုးအပေါင်းတို့အား ကြော်ငြာရသော အမိန့်တော်စာချက် ဖြစ်သတည်း။ 14 ထိုအမိန့်တော်စာကို ရှုရှန်နန်းတော်၌ ကြော်ငြာပြီးမှ၊ ရှင်ဘုရင် ကျပ်တည်းစွာ စီရင်သည်အတိုင်း၊ စာပို့ လုလင်တို့သည် အလျင်အမြန် ပြေးသွားကြ၏။
15 မော်ဒကဲသည်လည်း၊ မင်းမြောက်တန်ဆာ တည်းဟူသော အဝတ်အဖြူအပြာကို ဝတ်ဆင်လျက်၊ ကြီးစွာသော ရွှေသရဖူကို ဆောင်းလျက်၊ ပိတ်ချောနှင့် မောင်းသောအထည်ဖြင့်ပြီးသော ဝတ်လုံကိုခြုံလျက်၊ ရှင်ဘုရင်ထံတော်မှ ထွက်သွား၍၊ 16 ရှုရှန်မြို့တော်သည် ဝမ်းမြောက်ရွှင်လန်းခြင်းသို့ ရောက်လေ၏။ ယုဒလူတို့သည်လည်း၊ သက်သာရွှင်လန်း၍ ဝမ်းမြောက်ခြင်း၊ အသရေထွန်းလင်းခြင်းသို့ ရောက်ကြ၏။ 17 ရှင်ဘုရင်အမိန့်တော်စာ ရောက်လေသော အပြည်ပြည်အမြို့မြို့၌၊ ယုဒလူတို့သည် ဝမ်းမြောက်ရွှင်လန်းခြင်း၊ ပွဲခံခြင်း၊ မင်္ဂလာနေ့စောင့်ခြင်းကို ပြု၍၊ ပြည်သူပြည်သားအများတို့သည် ယုဒလူတို့ကို ကြောက်ရွံသောကြောင့် ယုဒဘာသာကိုဝင်ကြ၏။
1 Naquele dia, deu o rei Assuero à rainha Ester a casa de Hamã, Et 7.6inimigo dos judeus. Mordecai apresentou-se ao rei, pois Ester tinha revelado Et 2.7,15que era sua parenta. 2 Et 3.10O rei tirou o seu anel, que tinha tirado a Hamã, e deu-o a Mordecai. Ester encarregou a Mordecai da casa de Hamã.
3 Ester tornou a falar perante o rei, e lançou-se-lhe aos pés, e, com lágrimas, suplicou que impedisse a maldade de Hamã, agagita, e o plano que tinha excogitado contra os judeus. 4 Et 4.11;5.2Então, o rei estendeu para ela o cetro de ouro. Ester levantou-se, pôs-se em pé diante do rei 5 e disse: Et 5.8;7.3Se parecer bem ao rei, e se eu tiver alcançado o seu favor, e se parecer justo ao rei, e se eu lhe agradar, escreva-se que sejam revogados Et 3.13os despachos concebidos por Hamã, filho de Hamedata, agagita, os quais escreveu para lançar a perder os judeus que estão em todas as províncias do rei. 6 Pois Et 7.4;9.1como poderei ver a calamidade que cairá sobre o meu povo ou como poderei ver a destruição dos meus parentes? 7 O rei Assuero disse à rainha Ester e ao judeu Mordecai: Eis Et 8.1que dei a Ester a casa de Hamã, e a ele penduraram-no na forca, porque estendeu a mão contra os judeus. 8 Escrevei vós também aos judeus como vos parecer bem, em nome do rei, e Et 8.10;Et 3.12selai-o com o anel do rei, pois o documento que se escreve em nome do rei e que se sela com o anel do rei Et 1.19não se pode revogar.
9 Et 3.12Então, foram chamados os secretários do rei naquele tempo, no terceiro mês, que é o mês de sivã, aos vinte e três dias do mesmo. Um despacho foi preparado, segundo tudo o que Mordecai ordenou, para os judeus, para os sátrapas, para os governadores e para os príncipes das províncias, que se estendem Et 1.1da Índia até a Etiópia, cento e vinte e sete províncias, para Et 1.22;3.12cada província segundo o seu modo de escrever, para cada povo segundo a sua língua e para os judeus segundo o seu modo de escrever e segundo a sua língua. 10 Ele escreveu em nome de Assuero, selou-o com o anel do rei e enviou cartas por correios a cavalo, montados em 1Rs 4.28ginetes que se usavam no serviço do rei e que eram da sua coudelaria. 11 Nessas cartas, o rei concedeu aos judeus de cada cidade Et 9.2que se ajuntassem, e se dispusessem para defender a sua vida, e Et 3.13que destruíssem, e matassem, e fizessem perecer, juntamente com os seus pequeninos e suas mulheres, todos os poderosos do povo e da província que os quiseram assaltar, Et 9.10e que os saqueassem, 12 num mesmo dia, por todas as províncias do rei Assuero, no dia treze do duodécimo mês, que é o mês de adar. 13 Et 3.14A cópia do despacho, que determinou a divulgação do decreto em todas as províncias, foi publicada entre todos os povos, para que os judeus estivessem preparados para aquele dia, a fim de se vingarem dos seus inimigos. 14 Partiram os correios montados em ginetes que se usavam no serviço do rei, apressados e impelidos pela ordem do rei; o decreto foi proclamado no castelo de Susã.
15 Mordecai saiu da presença do rei, Et 5.11;Gn 41.42trajando um vestido real de azul e branco, tendo uma grande coroa de ouro, e Et 3.15vestido de um manto de linho fino e de púrpura; a cidade de Susã jubilou e alegrou-se. 16 Para os judeus havia luz e alegria, gozo e honra. 17 Em todas as províncias e em todas as cidades aonde chegou a ordem do rei e o seu decreto, havia entre os judeus alegria e gozo, banquetes Et 9.19e festas. Et 9.27Muitos dos povos da terra se tornaram judeus, porque o medo dos judeus tinha caído sobre eles.