1 တစ်စုံတစ်ယောက်သောသူသည် အမှုကိုမြင်သည်ဖြစ်စေ၊ သိသည်ဖြစ်စေ၊ ကျိန်ဆိုစေသောစကားကိုကြား၍၊ သက်သေဖြစ်လျက်နှင့် ပြန်မပြောဘဲနေသဖြင့် ပြစ်မှား၍၊ မိမိဒုစရိုက်အပြစ်ကိုခံရသော်လည်းကောင်း၊ 2 တစ်စုံတစ်ယောက်သောသူသည် မစင်ကြယ်သော သားရဲ၊ သားယဉ်၊ တွားတတ်သော တိရစ္ဆာန်၏အသေကောင်အစရှိသော မစင်ကြယ်သောအရာတစ်စုံတစ်ခုကို အမှတ်တမဲ့ထိမိသဖြင့်၊ မစင်ကြယ်ရာသို့ရောက်၍ အပြစ်ရှိသော်လည်းကောင်း၊ 3 လူ၌ကပ်သော မစင်ကြယ်သော အရာတစ်စုံတစ်ခုကိုလည်း၊ မသိဘဲထိမိ၍ နောက်တစ်ဖန်သိလျှင်၊ အပြစ်ရှိရာသို့ရောက်သော်လည်းကောင်း၊ 4 တစ်စုံတစ်ယောက်သောသူသည် ကောင်းသောအမှု၊ မကောင်းသောအမှုကို ပြုမည်ဟု အကျိုးအပြစ်ကိုမသိဘဲ ကျိန်ဆိုလျက် သစ္စာပြု၍ နောက်တစ်ဖန်သိလျှင်၊ အရင်ကျိန်ဆိုလျက် သစ္စာပြုလေရာရာ၌ အပြစ်တစ်စုံတစ်ခုရောက်သော်လည်းကောင်း၊ 5 ထိုသို့သော အပြစ်တစ်စုံတစ်ခုရောက်လျှင်၊ ထိုအပြစ်ကို ဖော်ပြတောင်းပန်ရမည်။ 6 ပြစ်မှားမိသောအပြစ်အတွက် အပြစ်ဖြေရာယဇ်ဖြစ်စေခြင်းငှာ သိုးသငယ်ဖြစ်စေ၊ ဆိတ်သငယ်ဖြစ်စေ၊ အမတစ်ကောင်ကောင်တည်းဟူသော ဒုစရိုက်ဖြေရာယဇ်ကို ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့ပြီးလျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူ၏အပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုရမည်။
7 သိုးသငယ်ကို မတတ်နိုင်လျှင်၊ ပြစ်မှားမိသောအပြစ်အတွက် အပြစ်ဖြေရာယဇ်ဖို့တစ်ကောင်၊ မီးရှို့ရာယဇ်ဖို့တစ်ကောင်၊ ခိုနှစ်ကောင်၊ သို့မဟုတ် ချိုးကလေးနှစ်ကောင်ကို ထာဝရဘုရားအထံတော်၊ 8 ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့ရမည်။ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ကောင်ကို အရင်ပူဇော်လျက်၊ ခေါင်းကိုလိမ်၍ ဖြတ်ရမည်။ ကိုယ်ကို ရှင်းရှင်းမခွဲရ။ 9 ထိုအပြစ်ဖြေရာ ယဇ်ကောင်အသွေးကို ယဇ်ပလ္လင်နံရံ၌ဖျန်း၍၊ ကြွင်းသော အသွေးကို ယဇ်ပလ္လင်ခြေရင်းနားမှာ ညှစ်ရမည်။ အပြစ်ဖြေရာယဇ်ဖြစ်သတည်း။ 10 ဒုတိယငှက်ကောင်ကို၊ ပညတ်တရားအတိုင်း မီးရှို့ရာယဇ်ပူဇော်ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည်၊ ထိုသူပြစ်မှားမိသောအပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏အပြစ်လွတ်လိမ့်မည်။
11 ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တစ်ခုခုကိုမတတ်နိုင်လျှင်၊ ပြစ်မှားသောသူသည် အပြစ်ဖြေရာယဇ်အရာ၌ မုန့်ညက်တစ်ဩမဲကိုဆောင်ခဲ့၍၊ ဆက်ရမည်။ အပြစ်ဖြေရာယဇ်ဖြစ်သောကြောင့် ဆီကိုမလောင်းရ။ လောဗန်ကို မတင်ရ။ 12 ယဇ်ပုရောဟိတ်ထံသို့ဆောင်ခဲ့ပြီးလျှင်၊ ယဇ်ပုရောဟိတ်သည် မုန့်ညက်တစ်လက်ဆွန်းတည်းဟူသော ပူဇော်သကာ အတွက်အတာကိုယူ၍၊ ထာဝရဘုရားအားမီးဖြင့်ပြုသော ပူဇော်သကာနှင့်အတူ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ အပြစ်ဖြေရာယဇ်ဖြစ်သတည်း။ 13 ထိုသို့ယဇ်ပုရောဟိတ်သည်၊ ထိုသူပြစ်မှားမိသော အပြစ်တစ်စုံတစ်ခုအတွက် အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏အပြစ်လွတ်လိမ့်မည်။ ကြွင်းသောအရာသည် ဘောဇဉ်ပူဇော်သကာကဲ့သို့၊ ယဇ်ပုရောဟိတ်အဖို့ဖြစ်သည်ဟု မောရှေအားမိန့်တော်မူ၏။
14 တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ 15 တစ်စုံတစ်ယောက်သောသူသည် တရားကိုမသိ၊ ထာဝရဘုရားနှင့် ဆိုင်သောအရာတို့၌ လွန်ကျူးပြစ်မှားမိလျှင်၊ ထိုပြစ်မှားခြင်းအတွက် ဒုစရိုက်ဖြေရာယဇ်တည်းဟူသော အပြစ်မပါသောသိုးထီးကိုလည်းကောင်း၊ အကျပ်တော်အလိုက် ချင့်တွက်၍ ချိန်သောအလျော်ငွေကိုလည်းကောင်း၊ ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့ရမည်။ 16 ထိုသို့ ဘုရားနှင့်ဆိုင်သောအရာ၌ ပြစ်မှားမိရာကိုပြုပြင်ပြီးလျှင်၊ ငါးစုတစ်စုကိုလည်းထပ်၍ ယဇ်ပုရောဟိတ်အားပေးရမည်။ ယဇ်ပုရောဟိတ်သည်လည်း၊ ဒုစရိုက်ဖြေရာယဇ်ဖြစ်သော သိုးအားဖြင့်၊ ထိုသူအဖို့ အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏အပြစ်လွတ်လိမ့်မည်။
17 တစ်စုံတစ်ယောက်သောသူသည်၊ ထာဝရဘုရားပညတ်တော်မူသော အမှုတစ်စုံတစ်ခုကိုပြု၍ ပြစ်မှားမိလျှင်၊ ကိုယ်ပြစ်မှားမှန်းကိုမသိသော်လည်း၊ အပြစ်ရောက်၍၊ ထိုအပြစ်ကိုခံရမည်။ 18 ဒုစရိုက်ဖြေရာယဇ်ကိုပြုခြင်းငှာ ချင့်တွက်သောအလျော်ငွေနှင့်တကွ၊ အပြစ်မပါသော သိုးထီးကိုဆောင်ခဲ့ရမည်။ တရားကိုမသိ ပြစ်မှားမိသော်လည်း၊ ကိုယ်ပြစ်မှားမှန်းကို မသိသောသူအဖို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်းကို ပြုလျှင်၊ ထိုသူ၏အပြစ်လွတ်လိမ့်မည်။ 19 ဒုစရိုက်ဖြေသောယဇ်ဖြစ်သတည်း။ အကယ်စင်စစ် ထိုသူသည် ထာဝရဘုရားကို ပြစ်မှားရာရောက်သတည်းဟု မိန့်တော်မူ၏။
1 Se alguém, chamado como Pv 29.24;Jr 23.10testemunha dum fato (ou por ter visto ou sabido), pecar, não o denunciando, levará a sua iniquidade. 2 Se alguém tocar Lv 11.8,11,24-39;Nm 19.11-16;Dt 14.8alguma coisa imunda, seja o cadáver de uma besta imunda, seja o cadáver de um animal imundo, seja o cadáver de um réptil imundo, e isso lhe for oculto, e ele se tornar imundo, então será culpado. 3 Se tocar a imundícia do homem, seja qual for a imundícia com que o homem se faz imundo, e lhe for oculto, quando ele o souber, será culpado. 4 Se alguém jurar temerariamente com os seus lábios fazer o mal ou fazer o bem, seja o que for que o homem pronuncie temerariamente com um juramento, e lhe for oculto, quando o souber, será culpado nestas coisas. 5 Quando for culpado numa destas coisas, Lv 16.21;26.40;Nm 5.7;Pv 28.13confessará aquilo em que há pecado. 6 Como sua oferta pela culpa, ele trará a Jeová pelo pecado que cometeu, do gado miúdo, Lv 4.28,32uma cordeira ou uma cabra, como uma oferta pelo pecado; e o sacerdote fará expiação por ele no tocante ao seu pecado.
7 Se as suas posses não lhe permitirem trazer uma cordeira, trará a Jeová, como uma oferta pela culpa por aquilo em que há pecado, duas rolas, ou dois pombinhos: Lv 12.6,8;14.22,30-31um como oferta pelo pecado, e o outro como holocausto. 8 Levá-los-á ao sacerdote, o qual oferecerá primeiro aquele que é para a oferta pelo pecado, e lhe destroncará o pescoço, Lv 1.17porém não o partirá. 9 Do sangue da oferta pelo pecado aspergirá Lv 1.15sobre a borda do altar, e o resto do sangue fá-lo-á correr Lv 4.7à base do altar: é oferta pelo pecado. 10 Então, oferecerá o segundo em holocausto, Lv 1.14-17conforme a ordenança; o sacerdote fará expiação por ele no tocante ao pecado que cometeu, e ele será perdoado.
11 Mas, Lv 14.21-32;27.8se as suas posses não lhe permitirem trazer duas rolas ou dois pombinhos como a sua oblação por aquilo em que há pecado, trará ele a décima parte de um efa de flor de farinha como uma oferta pelo pecado. Lv 2.1-2Não lhe deitará azeite, nem lhe porá em cima incenso algum, pois é oferta pelo pecado. 12 Trá-la-á ao sacerdote, que dela tomará um punhado como o memorial, e a queimará sobre o altar, em cima das ofertas queimadas, de Jeová; é oferta pelo pecado. 13 O sacerdote fará expiação por ele no tocante ao pecado que cometeu em alguma destas coisas, e ele será perdoado; o Lv 2.3restante pertencerá ao sacerdote, como a oferta de cereais.
14 Disse mais Jeová a Moisés: 15 Nm 5.5-8Se alguém cometer uma ofensa ou Lv 4.2;22.14pecar por ignorância nas coisas sagradas de Jeová, como a sua Lv 7.1-10oferta pela culpa trará para uma oferta pela culpa a Jeová Lv 6.6um carneiro sem defeito, tirado do rebanho, conforme a tua avaliação em siclos de prata, Êx 30.13segundo o siclo do santuário. 16 Lv 6.5;22.14;Nm 5.7-8Fará restituição pelo pecado que cometeu na coisa sagrada, lhe acrescentará a quinta parte e a dará ao sacerdote; com o carneiro da oferta pela culpa Lv 7.2-7o sacerdote fará expiação por ele, e ele será perdoado.
17 Se alguém pecar e fizer qualquer uma de todas as coisas que Jeová ordenou que se não fizessem, Lv 5.19;Lv 4.2embora não o soubesse, contudo, é culpado e levará a sua iniquidade. 18 Para uma oferta pela culpa trará ao sacerdote Lv 5.15um carneiro sem defeito, tirado do rebanho, conforme a tua avaliação; o sacerdote fará expiação por ele no tocante àquilo em que errou Lv 5.17por ignorância, sem o saber, e ele será perdoado. 19 É uma oferta pela culpa; certamente se tornou culpado diante de Jeová.