1 အာရုန်၏သားနှစ်ယောက်တို့သည်၊ ထာဝရဘုရားရှေ့တော်၌ပူဇော်၍ သေသောနောက်၊ ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ 2 သင်၏အစ်ကိုအာရုန်သည် သေဘေးနှင့်ကင်းလွတ်မည်အကြောင်း၊ သန့်ရှင်းရာဌာနတော်အထဲ၊ သေတ္တာအပေါ်မှာတင်သောအဖုံးကို ကွယ်ကာသော ကုလားကာအတွင်းသို့ အခါခပ်သိမ်းမဝင်စေခြင်းငှာ ဆင့်ဆိုလော့။ ငါသည် သေတ္တာဖုံးအပေါ်၊ မိုးတိမ်၌ထင်ရှားမည်။ 3 အာရုန်သည် သန့်ရှင်းရာဌာနတော်အထဲသို့ အဘယ်သို့ဝင်ရမည်နည်းဟူမူကား၊ အပြစ်ဖြေရာယဇ်ဖို့ အသက်ပျိုသောနွားထီးတစ်ကောင်၊ မီးရှို့ရာယဇ်ဖို့ သိုးထီးတစ်ကောင်ပါရမည်။ 4 သန့်ရှင်းသောပိတ်ချောအင်္ကျီ၊ ပိတ်ချောဘောင်းဘီကိုဝတ်၍၊ ပိတ်ချောခါးပန်းကို စည်းရမည်။ ပိတ်ချောဗောင်းကိုလည်း ဆောင်းရမည်။ ထိုအဝတ်တန်ဆာတို့သည် သန့်ရှင်းသောကြောင့်၊ ကိုယ်ကိုရေချိုးပြီးမှ ဝတ်ဆင်ရမည်။ 5 အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်နှစ်ကောင်၊ မီးရှို့ရာယဇ်ဖို့ သိုးတစ်ကောင်ကို၊ ဣသရေလအမျိုးသား ပရိသတ်လက်မှ ခံယူရမည်။ 6 အာရုန်သည် မိမိနှင့်ဆိုင်သော မိမိအပြစ်ဖြေရာယဇ်နွားကိုပူဇော်၍၊ မိမိအဖို့နှင့် မိမိအိမ်သူများအဖို့ အပြစ်ဖြေခြင်းကိုပြုရမည်။ 7 ဆိတ်နှစ်ကောင်ကိုလည်းယူ၍ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ ထာဝရဘုရားရှေ့တော်၌ ဆက်ရမည်။ 8 အာရုန်သည် ထိုဆိတ်နှစ်ကောင်ကို ထာဝရဘုရားအဖို့ စာရေးတံတစ်တံ၊ လွတ်လပ်လဟာအဖို့တစ်တံ၊ စာရေးတံနှစ်တံချ၍၊ 9 ထာဝရဘုရားအဖို့ စာရေးတံကျသောဆိတ်ကိုဆောင်ခဲ့၍ အပြစ်ဖြေရာယဇ်ဖို့ ပူဇော်ရမည်။ 10 လွတ်လပ်လဟာအဖို့ စာရေးတံကျသောဆိတ်ကို၊ အသက်ရှင်လျက် ထာဝရဘုရားရှေ့တော်၌ဆက်၍၊ သူ့အပေါ်မှာ အပြစ်ဖြေခြင်းကိုပြုပြီးလျှင်၊ တော၌ လွတ်လပ်လဟာသို့ လွှတ်လိုက်ရမည်။
11 အာရုန်သည် မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကို ဆောင်ခဲ့ပြီးလျှင်၊ မိမိအဖို့နှင့် မိမိအိမ်သူအိမ်သားများအဖို့ အပြစ်ဖြေခြင်းကိုပြု၍၊ မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကို သတ်ရမည်။ 12 ထာဝရဘုရားရှေ့တော် ယဇ်ပလ္လင်မီးခဲနှင့် ပြည့်သော လင်ပန်းကိုကိုင်လျက်၊ ညက်စွာသော နံ့သာပေါင်းမွှေးအမှုန့်ကို မိမိလက်၌အပြည့်ယူ၍၊ ကုလားကာအတွင်းသို့ ဆောင်သွားရမည်။ 13 ထိုအခါသူသည် သေဘေးနှင့်ကင်းလွတ်မည်အကြောင်း၊ နံ့သာပေါင်းအခိုးအငွေ့သည် သက်သေခံချက်အပေါ်မှာရှိသော သေတ္တာအဖုံးကို မွှန်းစေခြင်းငှာ၊ ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းကို မီးပေါ်မှာတင်ရမည်။ 14 နွားအသွေးအချို့ကိုလည်းယူ၍ အရှေ့မျက်နှာဘက် သေတ္တာဖုံးအပေါ်၌ လက်ညှိုးနှင့်ဖျန်းရမည်။ သေတ္တာဖုံးရှေ့၌လည်း ခုနစ်ကြိမ်တိုင်အောင် လက်ညှိုးနှင့်ဖျန်းရမည်။
15 ထိုနောက် လူများနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်ဆိတ်ကိုသတ်၍၊ အသွေးကို ကုလားကာအတွင်းသို့ဆောင်ခဲ့ပြီးလျှင်၊ နွားအသွေးကို ဖျန်းသကဲ့သို့၊ သေတ္တာဖုံးအပေါ်၌လည်းကောင်း၊ ရှေ့၌လည်းကောင်း ဖျန်းရမည်။ 16 ဣသရေလအမျိုးသားတို့၏ မစင်ကြယ်သော အပြစ်ကြောင့်လည်းကောင်း၊ ပြစ်မှားသော အပြစ်အမျိုးမျိုးတို့ကြောင့်လည်းကောင်း၊ သန့်ရှင်းရာဌာနတော်အဖို့ အပြစ်ဖြေခြင်းကိုပြုရမည်။ ထိုသို့ ဣသရေလအမျိုးသားတို့၏ မစင်ကြယ်သောအပြစ်ထဲမှာနေရသော ပရိသတ်စည်းဝေးရာတဲတော်အဖို့ ပြုရမည်။ 17 သန့်ရှင်းရာဌာနတော်၌ အပြစ်ဖြေခြင်းကိုပြုအံ့သောငှာ ဝင်သောအခါ၊ မိမိအဖို့၊ မိမိအိမ်သူအိမ်သားများအဖို့၊ ဣသရေလပရိသတ်အပေါင်းတို့အဖို့၊ အပြစ်ဖြေခြင်းကိုပြု၍ မထွက်မီတိုင်အောင်၊ ပရိသတ်စည်းဝေးရာတဲတော်ထဲမှာ အဘယ်သူမျှမနေရ။ 18 နောက်တစ်ဖန် ထာဝရဘုရားရှေ့တော် ယဇ်ပလ္လင်သို့ထွက်လာ၍ ထိုပလ္လင်အဖို့ အပြစ်ဖြေခြင်းကိုပြုအံ့သောငှာ၊ နွားအသွေး၊ ဆိတ်အသွေးကိုယူ၍ ယဇ်ပလ္လင်ပတ်လည် ဦးချိုတို့၌ထည့်ရမည်။ 19 ယဇ်ပလ္လင်အပေါ်၌လည်း ထိုအသွေးကိုလက်ညှိုးနှင့် ခုနစ်ကြိမ်တိုင်အောင်ဖျန်း၍ ဣသရေလအမျိုးသားတို့၏ မစင်ကြယ်သောအပြစ်မှ စင်ကြယ်သန့်ရှင်းစေရမည်။
20 ထိုသို့ သန့်ရှင်းရာဌာနတော်အဖို့၊ ပရိသတ်စည်းဝေးရာတဲတော်အဖို့၊ ယဇ်ပလ္လင်အဖို့၊ အပြစ်ဖြေခြင်းကိုပြီးစီးပြီးမှ၊ အသက်ရှင်သောဆိတ်ကို ဆောင်ခဲ့ရမည်။ 21 အာရုန်သည် အသက်ရှင်သောဆိတ်ခေါင်းပေါ်မှာ လက်နှစ်ဖက်ကိုတင်လျက်၊ ဣသရေလအမျိုးသားတို့၏ ဒုစရိုက်မှစ၍ ပြစ်မှားသောအပြစ် အမျိုးမျိုးရှိသမျှတို့ကိုဖော်ပြ၍၊ ဆိတ်ခေါင်းပေါ်မှာ တင်ထားပြီးလျှင်၊ တော်လျော်သောလူတွင် တောသို့စေလွှတ်ရမည်။ 22 သူတို့အပြစ်ရှိသမျှကို၊ လူမနေသော အရပ်သို့ဆောင်သွားသောထိုဆိတ်ကို တော၌လွှတ်လိုက်ရမည်။ 23 တစ်ဖန် အာရုန်သည် ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ဝင်၍၊ သန့်ရှင်းရာဌာနတော်ထဲသို့ အရင်ဝင်သောအခါ၊ ဝတ်သောပိတ်ချောအဝတ်ကိုချွတ်၍ ထိုအရပ်၌ထားရမည်။ 24 သန့်ရှင်းရာဌာန၌ ကိုယ်ကိုရေချိုး၍၊ မိမိအဝတ်ကိုဝတ်ပြီးမှ တစ်ဖန်ထွက်လာ၍၊ မိမိမီးရှို့ရာယဇ်၊ လူများမီးရှို့ရာယဇ်ကိုပူဇော်သဖြင့်၊ မိမိအဖို့နှင့် လူများအဖို့ အပြစ်ဖြေခြင်းကို ပြုရမည်။ 25 အပြစ်ဖြေရာယဇ်ကောင်ဆီဥကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ 26 လွတ်လပ်လဟာသို့ ဆိတ်ကိုလွှတ်လိုက်သောသူသည်လည်း မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။ ထိုနောက်မှ တပ်ထဲသို့ဝင်ရမည်။ 27 သန့်ရှင်းရာဌာနတော်၌ အပြစ်ဖြေခြင်းကိုပြုအံ့သောငှာ ဆောင်သွင်းသော အသွေးနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကိုလည်းကောင်း၊ အပြစ်ဖြေရာယဇ်ဆိတ်ကိုလည်းကောင်း၊ တပ်ပြင်သို့ယူသွား၍ အရေ၊ အသား၊ ချေးနုကို မီးရှို့ရမည်။ 28 မီးရှို့သောသူသည်လည်း မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။ ထိုနောက်မှ တပ်ထဲသို့ဝင်ရမည်။
29 သင်တို့သည် အစဉ်စောင့်ရသောပညတ်တော်ဟူမူကား၊ အမျိုးသားချင်းဖြစ်စေ၊ သင်တို့တွင်တည်းနေသော တစ်ပါးအမျိုးသားဖြစ်စေ၊ သတ္တမလဆယ်ရက်နေ့၌ အလုပ်ကိုအလျှင်းမလုပ်၊ ခြိုးခြံစွာကျင့်လျက်နေရကြမည်။ 30 အကြောင်းမူကား၊ သင်တို့သည် ထာဝရဘုရားရှေ့တော်၌ အပြစ်ရှိသမျှတို့နှင့် ကင်းစင်မည်အကြောင်း၊ ထိုနေ့ရက်၌ ယဇ်ပုရောဟိတ်သည် သင်တို့ကို စင်ကြယ်စေခြင်းငှာ၊ အပြစ်ဖြေခြင်းကိုပြုရမည်။ 31 ထိုနေ့ရက်သည် ထာဝရပညတ်တော်အတိုင်း၊ သင်တို့ငြိမ်ဝပ်ရာဥပုသ်နေ့၊ ခြိုးခြံစွာကျင့်ရသောနေ့ဖြစ်သတည်း။ 32 အဘအရာ၌ ယဇ်ပုရောဟိတ်အမှုကိုဆောင်စေခြင်းငှာ၊ အရင်ယဇ်ပုရောဟိတ်လက်မှ ဘိသိက်နှင့်တကွ ယဇ်ပုရောဟိတ်အရာကို ခံသောသူသည်၊ ထိုအပြစ်ဖြေခြင်းကိုပြုရမည်။ ထိုယဇ်ပုရောဟိတ်သည် သန့်ရှင်းသော ပိတ်ချောအဝတ်ကိုဝတ်၍၊ 33 သန့်ရှင်းရာဌာနတော်အဖို့၊ ပရိသတ်စည်းဝေးရာတဲတော်အဖို့၊ ယဇ်ပလ္လင်အဖို့၊ ယဇ်ပုရောဟိတ်များအဖို့၊ ပရိသတ်အပေါင်းတို့အဖို့ အပြစ်ဖြေခြင်းကို ပြုရမည်။ 34 ဤရွေ့ကား၊ ဣသရေလအမျိုးသားတို့၏ အပြစ်ရှိသမျှတို့ကြောင့် တစ်နှစ်တစ်ခါ အပြစ်ဖြေခြင်းကိုပြုမည်အကြောင်း၊ သင်တို့သည် အစဉ်စောင့်ရသောပညတ်တော်ဖြစ်သတည်းဟု မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း အာရုန်ပြုလေ၏။
1 Falou Jeová a Moisés, depois da Lv 10.1-2morte dos dois filhos de Arão, quando se chegaram diante de Jeová e morreram. 2 Disse Jeová a Moisés: Fala a Arão, teu irmão, que não entre em Êx 30.10;Hb 9.7,25todo tempo no santo lugar dentro do véu, diante do propiciatório que está sobre a arca, para que não morra; porque Êx 25.21-22aparecerei na nuvem sobre o propiciatório. 3 Com estes entrará Arão no santo lugar: com um novilho para Lv 16.6;Lv 4.1-12oferta pelo pecado e um carneiro para holocausto 4 Vestir-se-á da Êx 28.39,42sagrada túnica de linho, terá as calças de linho sobre a sua carne, cingir-se-á com o cinto de linho e porá na cabeça a mitra de linho: estas são as vestes sagradas. Lv 16.24Banhará o seu corpo em água, e delas se vestirá. 5 Da congregação dos filhos de Israel tomará Lv 4.13-21dois bodes para oferta pelo pecado e um carneiro para holocausto.
6 Hb 5.3Arão apresentará o novilho que é a sua oferta pelo pecado e fará expiação por si e pela sua casa. 7 Também tomará os dois bodes e pô-los-á diante de Jeová, à entrada da tenda da revelação. 8 Deitará sortes sobre os dois bodes; uma "para Jeová" e outra "para Azazel". 9 Apresentará o bode sobre que caiu a sorte "para Jeová" e oferecê-lo-á como oferta pelo pecado. 10 Mas o bode sobre que caiu a sorte "para Azazel" pôr-se-á vivo diante de Jeová, para fazer expiação por ele, a fim de enviá-lo ao deserto para Azazel.
11 Arão apresentará o novilho que é a sua Hb 7.27;9.7oferta pelo pecado e fará expiação por si e Lv 16.33pela sua casa. Matará o novilho que é a sua oferta pelo pecado 12 e tomará um Lv 10.1incensário cheio de brasas de fogo de sobre o altar, diante de Jeová, e dois punhados de Êx 30.33-38incenso aromático bem moído e os trará para dentro do véu. 13 Porá o incenso sobre o fogo, diante de Jeová, para que a nuvem do incenso cubra o propiciatório que está sobre o testemunho, Lv 22.9;Êx 28.43;Nm 4.15,20a fim de que ele não morra. 14 Hb 9.25Tomará do sangue do novilho e o aspergirá Lv 4.6,17com o dedo sobre o propiciatório ao lado oriental; e, diante do propiciatório, aspergirá do sangue sete vezes com o dedo.
15 Então, matará o bode que é a oferta Hb 7.27;9.7pelo pecado do povo e trará o sangue do bode para dentro do véu. Fará com o sangue dele como fez com o sangue do novilho e o aspergirá sobre o propiciatório e diante do propiciatório. 16 Êx 29.36-37;30.10;Hb 2.17Fará expiação pelo santo lugar, por causa das imundícias dos filhos de Israel e por causa das suas transgressões, a saber, todos os seus pecados. Da mesma maneira fará pela tenda da revelação, que com eles permanece no meio das suas imundícias. 17 Não haverá homem algum na tenda da revelação, quando entrar Arão para fazer expiação no santo lugar, até que saia depois de ter feito expiação por si, e pela sua casa, e por toda a assembleia de Israel. 18 Então, sairá ao altar que está diante de Jeová e fará expiação pelo altar. Lv 4.25;Ez 43.20,22Tomará do sangue do novilho, e do sangue do bode, e pô-lo-á sobre os chifres do altar ao redor. 19 Do sangue aspergirá Lv 16.14com o dedo sete vezes sobre o altar, e purificá-lo-á, e santificá-lo-á das imundícias dos filhos de Israel.
20 Havendo acabado de fazer expiação pelo santo lugar, pela tenda da congregação e pelo altar, apresentará o bode vivo. 21 Porá ambas as mãos sobre a cabeça do bode vivo e sobre ele Lv 5.5confessará todas as iniquidades dos filhos de Israel e todas as suas transgressões, a saber, todos os seus pecados. Pô-los-á sobre a cabeça do bode e enviá-lo-á ao deserto por mão dum homem que está encarregado disso. 22 O bode levará sobre si todas as iniquidades deles para uma região solitária; e o homem soltará o bode no deserto.
23 Depois, Arão entrará na tenda da revelação e despirá Lv 16.4as suas vestes de linho, que havia vestido quando entrou no santo lugar, e as deixará ali. 24 Lv 16.4Banhará o seu corpo em água num lugar santo e, tomando os Êx 28.40-41seus vestidos, sairá, oferecerá o seu holocausto e o do povo e fará expiação por si e pelo povo. 25 Queimará sobre o altar a gordura da oferta pelo pecado. 26 E aquele que solta o bode para Azazel Lv 11.25,40lavará os seus vestidos, banhará o seu corpo em água e, depois, entrará no arraial. 27 Mas o novilho da oferta pelo pecado e o bode da oferta pelo pecado, Hb 13.11cujo sangue foi trazido para fazer expiação no santo lugar, serão levados para fora do arraial; queimar-se-ão no fogo as suas peles, as suas carnes e o seu excremento. 28 Aquele Nm 19.8que os queimar lavará os seus vestidos, banhará o seu corpo em água e, depois, entrará no arraial.
29 Isso vos será por estatuto perpétuo: Lv 23.27no sétimo mês, aos dez dias do mês, afligireis as vossas almas, e Êx 31.14-15não fareis trabalho algum, nem o natural nem o estrangeiro que peregrina entre vós; 30 pois nesse dia se fará expiação por vós, para vos purificar; de todos os vossos pecados sereis limpos diante de Jeová. 31 É sábado de descanso solene para vós, Lv 23.32;Ed 8.21;Is 58.3,5;Dn 10.12e afligireis as vossas almas; é estatuto perpétuo. 32 O sacerdote que for ungido e que for sagrado para exercer as funções do sacerdócio no lugar de seu pai fará a expiação, e vestir-se-á dos Lv 16.4vestidos de linho, a saber, das vestes sagradas. 33 Fará expiação pelo santuário, pela tenda da revelação e pelo altar; igualmente fará expiação Lv 16.11pelos sacerdotes e por todo o povo da assembleia. 34 Isto vos será por estatuto perpétuo, para Hb 9.7fazer expiação uma vez cada ano pelos filhos de Israel, por causa dos seus pecados. Fez Arão como Jeová havia ordenado a Moisés.