1 ထာဝရဘုရားကလည်း၊ ငါသည်ဖာရောမင်း၌ အဘယ်သို့ပြုမည်ကို သင်သည် ယခုသိလိမ့်မည်။ သူသည်ကြီးစွာသောတန်ခိုးကိုတွေ့မြင်၍၊ ငါ၏လူတို့ကို လွှတ်ရလိမ့်မည်။ ကြီးစွာသော တန်ခိုးကိုတွေ့မြင်၍ သူတို့ကို မိမိပြည်မှနှင်ရလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။
2 တစ်ဖန်ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထားတော်မူသည်ကား၊ ငါသည် ထာဝရဘုရားဖြစ်၏။ 3 ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား၊ အနန္တတန်ခိုးရှင်၊ ဘုရားသခင်နာမနှင့် ထင်ရှားသော်လည်း၊ ထာဝရဘုရားနာမအားဖြင့် သူတို့သည် ငါ့ကိုမသိကြ။က၊ ၁၇:၁၊၂၈:၃၊၃၅:၁၁၊ထွ၊ ၃:၁၃-၁၅။4 သူတို့သည်အရပ်ရပ်လည်၍၊ ဧည့်သည်နေရာပြည်၊ ခါနာန်ပြည်ကို သူတို့အား ပေးခြင်းငှာ၊ သူတို့နှင့်ငါပြုသောပဋိညာဉ်ကို ငါတည်စေပြီ။ 5 အဲဂုတ္တုလူတို့သည်အစေကျွန်ခံစေသော ဣသရေလအမျိုးသားတို့၏ ညည်းတွားမြည်တမ်းခြင်းအသံကို ငါကြားရပြီ။ ငါ့ပဋိညာဉ်ကိုလည်း ငါအောက်မေ့၏။ 6 ထိုကြောင့် ဣသရေလအမျိုးသားတို့အား ပြောရသောစကားဟူမူကား၊ ငါသည် ထာဝရဘုရားဖြစ်၏။ ငါသည်လည်း သင်တို့ကို အဲဂုတ္တုလူတို့လက်မှလွှတ်၍၊ သူတို့၏ ညှဉ်းဆဲခြင်းထဲက နုတ်ယူမည်။ လက်ဆန့်ခြင်း၊ ကြီးစွာသောဒဏ်ခတ်ခြင်းအားဖြင့် သင်တို့ကိုငါရွေးမည်။ 7 ငါ၏လူမျိုးဖြစ်စေခြင်းငှာ၊ သင်တို့ကိုငါသိမ်းယူမည်။ ငါသည်လည်း သင်တို့၏ ဘုရားသခင်ဖြစ်မည်။ ငါသည်သင်တို့ကို အဲဂုတ္တုလူတို့လက်မှလွှတ်သော သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိကြလိမ့်မည်။ 8 ငါသည်လည်း၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားပေးမည်ဟု ကျိန်ဆိုသောပြည်သို့ငါပို့ဆောင်၍၊ အမွေခံစရာဖို့ပေးမည်။ ငါသည် ထာဝရဘုရားဖြစ်၏ဟုမိန့်တော်မူ၏။ 9 ထိုသို့မောရှေသည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုသော်လည်း၊ သူတို့သည် အလွန်စိတ်ပင်ပန်း၍ ကြမ်းတမ်းစွာညှဉ်းဆဲခြင်းကိုခံရသောကြောင့်၊ မောရှေစကားကိုနားမထောင်ဘဲနေကြ၏။
10 ထာဝရဘုရားကလည်း၊ အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းထံသို့ဝင်၍၊ 11 သူသည် ဣသရေလအမျိုးသားတို့ကို မိမိပြည်မှလွှတ်ရမည်အကြောင်း ပြောလော့ဟု မောရှေအားမိန့်တော်မူ၏။ 12 မောရှေကလည်း၊ ဣသရေလအမျိုးသားတို့သည် အကျွန်ုပ်ပြောသောစကားကို နားမထောင်ဘဲနေသည်ဖြစ်၍၊ အရေဖျားလှီးခြင်းကိုမခံသောနှုတ်နှင့် ပြောတတ်သော အကျွန်ုပ်၏စကားကို ဖာရောမင်းသည် အဘယ်သို့နားထောင်ပါမည်နည်းဟု ထာဝရဘုရားရှေ့မှာ လျှောက်ဆို၏။ 13 သို့ရာတွင် မောရှေနှင့် အာရုန်သည် ဣသရေလအမျိုးသားတို့ကိုအဲဂုတ္တုပြည်မှ နုတ်ဆောင်ရမည်အကြောင်း၊ ထာဝရဘုရားသည် သူတို့ကိုခေါ်၍ ဣသရေလအမျိုးသားတို့ထံသို့လည်းကောင်း၊ အဲဂုတ္တုရှင်ဘုရင်ဖာရောမင်းထံသို့လည်းကောင်း စေခိုင်းမှာထားတော်မူ၏။
14 ဣသရေလအဆွေအမျိုး သူကြီးတို့၏အမည်ဟူမူကား၊ ဣသရေလသားဦး ရုဗင်၏သားကား၊ ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိတည်း။ ဤသူတို့သည် ရုဗင်အမျိုးအနွယ်ဖြစ်၏။ 15 ရှိမောင်၏သားကား၊ ယမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန်အမျိုးသမီးမိန်းမ၏သား ရှောလတည်း။ ဤသူတို့သည် ရှိမောင်အမျိုးအနွယ်ဖြစ်၏။ 16 လေဝိသားအဆွေအမျိုးအလိုက်ဟူမူကား၊ ဂေရရှုံ၊ ကောဟတ်၊ မေရာရိတည်း။ လေဝိအသက်သည် အနှစ်တစ်ရာသုံးဆယ်ခုနစ်နှစ်ရှိသတည်း။တော၊ ၃:၁၇-၂၀၊၂၆:၅၇-၅၈၊၅ ရာ၊ ၆:၁၆-၁၉။17 ဂေရရှုံသားအဆွေအမျိုးအလိုက်ဟူမူကား၊ လိဗနိနှင့် ရှိမိတည်း။ 18 ကောဟတ်သားကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။ ကောဟတ်အသက်သည် အနှစ်တစ်ရာသုံးဆယ်သုံးနှစ်ရှိသတည်း။ 19 မေရာရိသားကား၊ မဟာလိနှင့်မုရှိတည်း။ ဤသူတို့သည် လေဝိအဆွေအမျိုး အသီးအသီးဖြစ်သတည်း။ 20 အာမရံသည် မိမိအရီးယောခေဗက်နှင့်စုံဖက်၍၊ သူသည် အာရုန်နှင့်မောရှေကိုလည်းကောင်း၊ သူတို့အစ်မမိရိအံကိုလည်းကောင်း ဖွားလေ၏။ အာမရံအသက်သည် အနှစ်တစ်ရာသုံးဆယ်ခုနစ်နှစ်ရှိသတည်း။ 21 ဣဇဟာသားကား၊ ကောရ၊ နေဖက်၊ ဇိခရိတည်း။ 22 ဩဇေလသားကား၊ မိရှေလ၊ ဧလဇာဖန်၊ သိသရိတည်း။ 23 အာရုန်သည် အမိနဒပ်သမီး၊ နာရှုန်နှမဧလိရှဘနှင့်စုံဖက်၍၊ သူသည် နာဒပ်၊ အဘိဟု၊ ဧလဇာ၊ ဣသမာတို့ကို ဖွားလေ၏။ 24 ကောရသားကား၊ အဿိရ၊ ဧလကာန၊ အဗျာသပ်တည်း။ ဤသူတို့သည် ကောရအဆွေအမျိုးဖြစ်သတည်း။ 25 အာရုန်သားဧလဇာသည် ပုတျေလသမီးတစ်ယောက်နှင့်စုံဖက်၍၊ သူသည် ဖိနဟတ်ကိုဖွားလေ၏။ ဤသူတို့သည်လေဝိအမျိုး၊ အသီးအသီးတို့၏ အဆွေအမျိုးသူကြီးဖြစ်ကြသတည်း။ 26 ထာဝရဘုရားက ဣသရေလအမျိုးသားဗိုလ်ပါတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်လော့ဟု မိန့်တော်မူသောစကားကိုခံသောသူ၊ 27 ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်ခြင်းငှာ၊ အဲဂုတ္တုရှင်ဘုရင်ဖာရောမင်းထံ၌ လျှောက်ရသောသူတို့သည်၊ ထိုအာရုန်နှင့် မောရှေဖြစ်သတည်း။
28 အဲဂုတ္တုပြည်မှာထာဝရဘုရားသည်၊ မောရှေအား ဗျာဒိတ်ထားတော်မူသောနေ့ရက်၌လည်း၊ 29 ငါသည်ထာဝရဘုရားဖြစ်၏။ ငါမှာလိုက်သမျှတို့ကို၊ အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းအားပြန်ပြောရမည်ဟု မောရှေအား ထာဝရဘုရားမိန့်တော်မူ၏။ 30 မောရှေကလည်း၊ အကျွန်ုပ်သည်အရေဖျားလှီးခြင်းကို မခံသောနှုတ်ရှိသည်ဖြစ်၍၊ ဖာရောဘုရင်သည် အကျွန်ုပ်စကားကို အဘယ်သို့ နားထောင်ပါလိမ့်မည်နည်းဟု ထာဝရဘုရားရှေ့မှာလျှောက်ဆို၏။
1 Disse Jeová a Moisés: Agora, verás o que hei de fazer a Faraó, pois por mão poderosa os deixará ir e por Êx 3.19-20;7.4-5;13.3mão poderosa os lançará fora da sua terra.
2 Falou mais Deus a Moisés e disse-lhe: Êx 3.14-15Eu sou Jeová; 3 e apareci a Abraão, a Isaque e a Jacó como Deus Todo-Poderoso; Is 52.6;Jr 16.21;Ez 37.6,13mas pelo meu nome Jeová não lhes fui conhecido. 4 Estabeleci a Gn 12.7;15.18;26.3-4;28.4,13minha aliança com eles, para lhes dar a terra de Canaã, a terra de suas peregrinações, na qual foram peregrinos. 5 Também tenho Êx 2.24ouvido o gemer dos filhos de Israel, aos quais os egípcios guardam em servidão; e lembrei-me da minha aliança. 6 Pelo que dize aos filhos de Israel: Êx 13.3,14;20.2;Dt 6.12Eu sou Jeová, e Êx 12.51;16.6;18.1vos hei de tirar de debaixo das cargas do Egito, vos hei de livrar do seu jugo, e vos hei de remir com Dt 4.34;5.15braço estendido e com grandes juízos. 7 Eu vos hei de tomar por meu povo e hei de ser vosso Deus; Êx 16.12;Is 41.20;49.23,26;60.16e vós sabereis que eu sou Jeová, vosso Deus, que vos tiro de debaixo das cargas dos egípcios. 8 E vos hei de introduzir na terra que Nm 14.30;Ne 9.15;Ez 20.5-6jurei dar a Abraão, a Isaque e a Jacó; e Js 24.13;Sl 136.21-22hei de dá-la a vós por herança; Êx 6.6eu sou Jeová. 9 Referiu Moisés isso aos filhos de Israel, porém não ouviram a Moisés, por causa da Êx 2.23angústia de espírito e por causa da dura escravidão.
10 Então, falou Jeová a Moisés: 11 Êx 4.22-23Entra, fala a Faraó, rei do Egito, que deixe sair da sua terra os filhos de Israel. 12 Respondeu Moisés perante Jeová: Eis que os filhos de Israel não me têm ouvido; Êx 4.1,10;6.30como, pois, me ouvirá Faraó a mim, que sou incircunciso de lábios? 13 Falou Jeová a Moisés e a Arão e deu-lhes mandamento para os filhos de Israel e para Faraó, rei do Egito, a fim de tirarem da terra do Egito os filhos de Israel.
14 Estes são os cabeças das casas de seus pais: Gn 46.9;Nm 26.5-11os filhos de Rúben, primogênito de Israel: Enoque, Palu, Hezrom e Carmi. Estas são as famílias de Rúben. 15 Os filhos de Simeão: Jemuel, Jamim, Oade, Jaquim, Zoar e Saul, filho de uma mulher cananeia. Estas são as famílias de Simeão. 16 Estes são os nomes dos Gn 46.11;Nm 3.17;1Cr 6.1filhos de Levi segundo as suas gerações: Gérson, Coate e Merari; e os anos da vida de Levi foram cento e trinta e sete anos. 17 Os Nm 3.18-20;1Cr 6.17filhos de Gérson: Libni e Simei, segundo as suas famílias. 18 Os filhos de Coate: Anrão, Jizar, Hebrom e Uziel; e os anos da vida de Coate foram cento e trinta e três anos. 19 Os filhos de Merari: Mali e Musi. Estas são as famílias dos levitas segundo as suas gerações. 20 Nm 26.59Anrão tomou por mulher a Joquebede, irmã de seu pai; e ela lhe deu à luz a Arão e a Moisés; e os anos da vida de Anrão foram cento e trinta e sete anos. 21 Nm 16.1Os filhos de Jizar: Corá, Nefegue e Zicri. 22 Os Lv 10.4;Nm 3.30filhos de Uziel: Misael, Elzafã e Sitri. 23 Arão tomou por mulher a Eliseba, filha de Rt 4.19-20;1Cr 2.10Aminadabe, irmã de Nm 1.7;2.3Naassom; e ela lhe deu à luz a Lv 10.1;Nm 3.2Nadabe, Abiú, Eleazar e Itamar. 24 Os 1Cr 6.22-23,37filhos de Corá: Assir, Elcana e Abiasafe. Estas são as famílias dos coraítas. 25 Js 24.33Eleazar, filho de Arão, tomou por mulher uma das filhas de Putiel; e ela lhe deu à luz a Nm 25.7,11;Sl 106.30Fineias. Estes são os cabeças dos pais dos levitas segundo as suas famílias. 26 Estes são Arão e Moisés, a quem disse Jeová: Êx 6.13Tirai os filhos de Israel da terra do Egito segundo as suas turmas. 27 Estes são os Êx 5.1que falaram a Faraó, rei do Egito, a fim de tirarem do Egito os filhos de Israel; estes são Moisés e Arão.
28 No dia em que Jeová falou a Moisés na terra do Egito, 29 disse Jeová a Moisés: Êx 6.2,6,8Eu sou Jeová; Êx 7.2fala a Faraó, rei do Egito, tudo o que eu te digo a ti. 30 Respondeu Moisés na presença de Jeová: Eis que eu sou Êx 6.12incircunciso de lábios; e como me ouvirá Faraó?