1 မောရှေသည်၊ မိမိယောက္ခမ မိဒျန်ယဇ်ပုရောဟိတ်ယေသရော၏သိုးဆိတ်များကို ထိန်းစဉ်၊ တောနောက်ဘက်သို့ဆောင်သွား၍၊ ဟောရပ်အမည်ရှိသော ဘုရားသခင်၏တောင်သို့ ရောက်လေ၏။ 2 ထိုအခါ ဘုရားသခင်၏ကောင်းကင်တမန်သည် ချုံထဲကထွက်သော မီးလျှံ၌ထင်ရှား၏။ မောရှေသည်ကြည့်သောအခါ၊ မီးလောင်၍ ချုံမကျွမ်းဘဲရှိသည်ကို မြင်လျှင်၊တ၊ ၇:၃၀-၃၄။3 အဘယ်ကြောင့် ချုံမကျွမ်းဘဲရှိသနည်း။ ဤထူးဆန်းသောရူပါရုံကို ငါသွား၍ ကြည့်ရှုမည်ဟုဆို၏။ 4 မောရှေသွား၍ ကြည့်ရှုကြောင်းကို ထာဝရဘုရားမြင်တော်မူလျှင်၊ မောရှေ၊ မောရှေဟု ချုံထဲကခေါ်တော်မူ၏။ မောရှေကလည်း၊ အကျွန်ုပ်ရှိပါ၏ဟု လျှောက်လေ၏။ 5 ဘုရားသခင်ကလည်း၊ မချဉ်းနှင့်။ သင်၏ခြေနင်းကိုချွတ်လော့။ သင်နင်းသော အရပ်ကား သန့်ရှင်းသောမြေဖြစ်သည်ဟူ၍လည်းကောင်း၊ 6 ငါသည်သင့်အဘ၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်ဟူ၍လည်းကောင်း မိန့်တော်မူ၏။ မောရှေသည် ဘုရားသခင်ကိုမကြည့်ဝံ့၊ မိမိမျက်နှာကို ဖုံးလျက်နေ၏။
7 ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်၌ရှိသောငါ၏လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ကိုစေခိုင်းသောသခင်တို့ကြောင့် သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့နာကြည်းခြင်းဝေဒနာကို ငါသိ၏။ 8 သူတို့ကိုအဲဂုတ္တုပြည်၊ အဲဂုတ္တုလူတို့လက်မှကယ်နုတ်၍၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာ၊ နို့နှင့်ပျားရည်စီးတတ်သော ပြည်သို့ပို့ဆောင်ခြင်းငှာ ငါဆင်းလာပြီ။ 9 ယခုတွင်လည်း ဣသရေလအမျိုးသားတို့ငိုကြွေးသောအသံသည် ငါ့ထံသို့ တက်ရောက်၍၊ သူတို့ကို အဲဂုတ္တုလူတို့သည်ညှဉ်းဆဲခြင်းအမှုကိုလည်း ငါမြင်ရပြီ။ 10 ထိုကြောင့် ယခုသွားလော့။ သင်သည် ငါ၏လူဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်မည်အကြောင်း၊ သင့်ကိုဖာရောဘုရင်ထံသို့ ငါစေလွှတ်မည်ဟု မိန့်တော်မူ၏။
11 မောရှေကလည်း၊ အကျွန်ုပ်သည်အဘယ်သို့သောသူဖြစ်၍၊ ဖာရောဘုရင်ထံသို့ ဝင်သဖြင့်၊ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်ရပါမည်နည်းဟု ဘုရားသခင်အားလျှောက်လျှင်၊ 12 ဘုရားသခင်က၊ အကယ်စင်စစ်ငါသည် သင့်ဘက်၌ရှိလိမ့်မည်။ ငါသည် သင့်ကိုစေလွှတ်ခြင်းလက္ခဏာသက်သေဟူမူကား၊ သင်သည်ထိုလူတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်ပြီးလျှင်၊ ဤတောင်ပေါ်မှာ ဘုရားသခင်အား ဝတ်ပြုရကြလိမ့်မည်ဟု မိန့်တော်မူ၏။ 13 မောရှေကလည်း၊ အကျွန်ုပ်သည် ဣသရေလအမျိုးသားတို့ရှိရာသို့ရောက်၍၊ သင်တို့ဘိုးဘေးများ၏ဘုရားသခင်သည် ငါ့ကိုသင်တို့ရှိရာသို့စေလွှတ်တော်မူပြီဟု အကျွန်ုပ်ဆိုလျှင်၊ သူတို့က၊ ထိုဘုရားသခင်၏နာမတော်ကား အဘယ်သို့နည်းဟု အကျွန်ုပ်ကိုပြန်၍မေးသောအခါ၊ အဘယ်သို့ပြန်ပြောရပါမည်နည်းဟု ဘုရားသခင်အားမေးလျှောက်လေ၏။ထွ၊ ၆:၂-၃။14 ဘုရားသခင်ကလည်း၊ ငါဖြစ်သည်အတိုင်းငါဖြစ်၏ဟူ၍လည်းကောင်း၊ ငါဖြစ်သည်ဟု အမည်ရှိသောသူသည်၊ ငါ့ကိုသင်တို့ရှိရာသို့စေလွှတ်တော်မူပြီဟု ဣသရေလအမျိုးသားတို့အားပြန်ပြောလော့ဟူ၍လည်းကောင်း၊ မောရှေအားမိန့်တော်မူ၏။ဗျာ၊ ၁:၄၊၈။
15 တစ်ဖန်ဘုရားသခင်က၊ သင်တို့ဘိုးဘေးများ၏ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသောထာဝရဘုရားသည်၊ ငါ့ကို သင်တို့ရှိရာသို့စေလွှတ်တော်မူပြီဟု ဣသရေလအမျိုးသားတို့အား ပြောရမည်။ ထိုအမည်သည် အစဉ်ငါ့အမည်ဖြစ်၏။ လူမျိုးအစဉ်အဆက်မပြတ် ငါ့ဘွဲ့နာမဖြစ်၏။ 16 သွား၍ ဣသရေလအမျိုးအသက်ကြီးသူတို့ကိုစုဝေးစေပြီးလျှင်၊ သင်တို့ဘိုးဘေးများ၏ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့အားထင်ရှားတော်မူလျက်၊ အကယ်စင်စစ် သင်တို့ကိုငါအကြည့်အရှုလာ၍၊ အဲဂုတ္တုပြည်၌ သင်တို့အားပြုသောအမှုကို ငါမြင်ပြီ။ 17 အဲဂုတ္တုပြည်၌ ခံရသောဒုက္ခထဲက သင်တို့ကိုငါနုတ်၍၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာ၊ နို့နှင့်ပျားရည်စီးတတ်သော ပြည်သို့ပို့ဆောင်မည် ငါကတိရှိသည်ဟုမိန့်တော်မူပြီဟု သူတို့အားပြောလော့။ 18 သူတို့သည် သင်၏စကားကိုနားထောင်၍၊ သင်သည် ဣသရေလအမျိုးသား အသက်ကြီးသူများပါလျက်၊ အဲဂုတ္တုရှင်ဘုရင်ထံသို့ဝင်သဖြင့်၊ ဟေဗြဲလူတို့၏ ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တွေ့တော်မူပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှာ တောသို့ သုံးရက်ခရီးသွားရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ရမည်။ 19 အဲဂုတ္တုရှင်ဘုရင်သည်ကြီးစွာသောတန်ခိုးကို မတွေ့မမြင်လျှင်၊ သွားရသောအခွင့်ကို သင်တို့အားမပေးကြောင်းကို ငါသိ၏။ 20 ငါသည်လည်းလက်ကိုဆန့်၍၊ အဲဂုတ္တုပြည်ထဲ၌ ငါပြုလတ္တံ့သော ငါ၏အံ့ဖွယ်သောအမှုရှိသမျှတို့နှင့် ထိုပြည်ကိုဒဏ်ခတ်မည်။ ထိုနောက် အဲဂုတ္တုရှင်ဘုရင်သည် သင်တို့ကိုလွှတ်လိမ့်မည်။ 21 ထိုလူမျိုးသည် အဲဂုတ္တုလူတို့ထံ၌ မျက်နှာရသောအခွင့်ကိုငါပေး၍၊ သင်တို့သည် ထွက်သွားသောအခါ လက်ချည်းမသွားရကြ။ 22 အကြောင်းမူကား၊ မိန်းမတိုင်းမိမိအိမ်နီးချင်း၊ မိမိအိမ်မှာတည်းသောသူ၌ ငွေတန်ဆာ၊ ရွှေတန်ဆာနှင့် အဝတ်တန်ဆာများကိုတောင်း၍၊ သင်တို့သားသမီးများကို တန်ဆာဆင်စေသဖြင့်၊ အဲဂုတ္တုလူတို့၏ဥစ္စာကိုလုယူကြလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။ထွ၊ ၁၂:၃၅-၃၆။
1 Ora, Moisés, apascentando o rebanho de Êx 2.18Jetro, seu sogro, sacerdote de Midiã, levou-o para trás do deserto e veio a Êx 3.12;17.6;33.6Horebe, Êx 4.27;18.5;24.13monte de Deus. 2 Apareceu-lhe o Êx 3.4-11,16;Gn 22.11,15Anjo de Jeová numa chama de fogo do meio duma Dt 33.16;Mc 12.26;Lc 20.37sarça; Moisés olhou, e eis que a sarça ardia no fogo e a sarça não se consumia. 3 Disse, pois: At 7.31Voltar-me-ei e verei esta grande visão, porque não se queima a sarça. 4 Vendo Jeová que ele se voltou para ver, do meio da sarça chamou-o Êx 4.5Deus e disse: Moisés, Moisés! Respondeu ele: Eis-me aqui! 5 Deus continuou: Não te chegues para cá; Js 5.15;At 7.33tira as sandálias dos pés, porque o lugar em que tu estás é terra santa. 6 Disse-lhe mais: Mt 22.31-32;Mc 12.26;Lc 20.37Eu sou o Deus de teu pai, o Deus de Abraão, o Deus de Isaque e o Deus de Jacó. At 7.32Moisés escondeu o rosto, pois teve medo de olhar para Deus. 7 Então, disse Jeová: Certamente, tenho Êx 2.25;Ne 9.9;At 7.34visto a aflição do meu povo que está no Egito e tenho ouvido o seu clamor por causa dos seus superintendentes. Conheço os seus sofrimentos 8 e desci Gn 15.13-16;46.4;50.24-25para o livrar da mão dos egípcios e para o fazer subir daquela terra para uma terra boa e espaçosa, para uma terra Êx 3.17;13.5;Jr 11.5que mana leite e mel; para o lugar Gn 15.19-21;Js 24.11do cananeu, do heteu, do amorreu, do perizeu, do heveu e do jebuseu. 9 Agora, eis que Êx 2.23o clamor dos filhos de Israel é vindo a mim; demais tenho visto a opressão com que os egípcios os oprimem. 10 Vem tu, pois, e eu te enviarei a Faraó, Êx 12.41para que tires do Egito o meu povo, os filhos de Israel. 11 Perguntou Moisés a Deus: Êx 4.10;6.12Quem sou eu, para ir a Faraó e para tirar do Egito os filhos de Israel? 12 Deus respondeu-lhe: Certamente, Êx 4.12,15;33.14-16eu serei contigo; isto te será por sinal de que eu te enviei: Êx 19.2-3depois de haveres tirado do Egito o povo, At 7.7servireis a Deus neste monte.
13 Disse Moisés a Deus: Eis que, quando eu vier aos filhos de Israel e lhes disser: O Deus de vossos pais enviou-me a vós, e eles me perguntarem: Qual é o seu nome? Que lhes hei eu de responder? 14 Disse Deus a Moisés: Êx 6.3;Jo 8.58;Ap 1.8;4.8EU SOU O QUE SOU; e acrescentou: Assim dirás aos filhos de Israel: EU SOU enviou-me a vós. 15 Mais disse Deus ainda a Moisés: Assim dirás aos filhos de Israel: Êx 3.6Jeová, o Deus de vossos pais, o Deus de Abraão, o Deus de Isaque e o Deus de Jacó, enviou-me a vós. É este o meu nome para sempre, e é este o Sl 30.4;97.12;102.12;135.13;Os 12.5meu memorial para todas as gerações. 16 Vai-te, e ajunta os anciãos de Israel, e dize-lhes: Êx 3.2Jeová, o Deus de vossos pais, o Deus de Abraão, o Deus de Isaque e o Deus de Jacó, apareceu a mim, dizendo: Certamente, vos tenho visitado e visto o que vos se tem feito no Egito; 17 Gn 15.13-21;46.4;50.24-25e tenho dito: Eu vos farei sair da aflição do Egito para a terra Js 24.11do cananeu, do heteu, do amorreu, do perizeu, do heveu e do jebuseu, para uma terra Êx 3.8que mana leite e mel. 18 E Êx 4.31ouvirão a tua voz, Êx 5.1e ireis, tu e os anciãos de Israel, ao rei do Egito e dir-lhe-eis: Jeová, o Deus dos hebreus, encontrou-nos. Agora, pois, deixa-nos ir Êx 5.3;8.27caminho de três dias ao deserto, para que ofereçamos sacrifícios a Jeová, nosso Deus. 19 Eu sei, porém, que o rei do Egito Êx 5.2não vos deixará ir, Êx 6.1nem mesmo por meio duma mão forte. 20 Portanto, estenderei a Êx 6.1;7.4-5;13.3,9,14minha mão e ferirei o Egito com todas as minhas Êx 15.11maravilhas que farei no meio dele; Êx 11.1;12.31-33depois, vos deixará ir. 21 Eu darei graça a este povo aos olhos dos egípcios; e, quando sairdes, não saireis vazios. 22 Mas cada mulher Êx 11.2-3;12.35-36pedirá à sua vizinha e à sua hóspeda joias de prata, joias de ouro e vestidos; pô-los-eis sobre vossos filhos e sobre vossas filhas e despojareis aos egípcios.