1 အချင်းသူဌေး၊ သူကြွယ်တို့၊ ယခုလာကြ၊ သင်တို့အပေါ်၌ ရောက်လတ္တံ့သော ဆင်းရဲဒုက္ခဝေဒနာကြောင့် ငိုကြွေးအော်ဟစ်ကြ။- 2 သင်တို့ဥစ္စာပစ္စည်းသည် ပုပ်စပ်လျက်ရှိ၏။ အဝတ်ကိုလည်း ပိုးကိုက်စားလေပြီ။- 3 ရွှေငွေလည်း အချေးတက်၍ ပျက်ကုန်ပြီ။ ထိုအချေးသည် သင်တို့တစ်ဖက်၌ သက်သေဖြစ်၍၊ မီးကဲ့သို့ သင်တို့အသားကို စားလိမ့်မည်။ နောက်ဆုံးသော နေ့ရက်ကာလအဖို့ ဘဏ္ဍာကို ဆည်းပူးကြပြီတကား၊- 4 နားထောင်ကြ။ သင်တို့လယ်ကွက်၌ ရိတ်သောသူတို့ကို လှည့်စား၍၊ အခမပေးဘဲနေသောကြောင့်၊ ထိုအခသည် ကြွေးကြော်လေ၏။ ရိတ်သောသူတို့၏ အော်ဟစ်ခြင်းအသံသည်လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နားတော်ထဲသို့ဝင်လေပြီ။- 5 သင်တို့သည် မြေကြီးပေါ်မှာ ကာမဂုဏ်ခံစား၍ အလွန်ပျော်မွေ့ကြပြီ။ သတ်ရသောနေ့၌ကဲ့သို့၊ မိမိတို့နှလုံးကို မွေးမြူကြပြီ။- 6 ဖြောင့်မတ်သောသူကို အပြစ်စီရင်၍ ကွပ်မျက်ကြပြီ။ သူသည်လည်း သင်တို့ကို မဆီးတား။
7 ထိုကြောင့်၊ ညီအစ်ကိုတို့၊ သခင်ဘုရား ကြွလာတော်မူသည်တိုင်အောင် သည်းခံလျက် စောင့်နေကြလော့။ အကယ်၍ လယ်လုပ်သောသူသည် အရင်မိုး၊ နောက်မိုးကိုရသည်တိုင်အောင်၊ အဖိုးထိုက်သော မြေအသီးကို သည်းခံလျက် စောင့်နေ၍ မျှော်လင့်တတ်၏။- 8 သင်တို့သည်လည်း သည်းခံလျက် စောင့်နေကြလော့။ ကိုယ်စိတ်နှလုံးကို မြဲမြံစေကြလော့။ သခင်ဘုရား ကြွလာတော်မူသောအချိန် ရောက်လုနီးပြီ။- 9 ညီအစ်ကိုတို့၊ စစ်ကြောစီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ အချင်းချင်း ငြင်းခုံပြစ်တင်ခြင်းကို မပြုကြနှင့်။ တရားစီရင် ပိုင်သောသူသည် တံခါးနားမှာ ရှိတော်မူ၏။- 10 ငါ့ညီအစ်ကိုတို့၊ ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍ ဟောပြောသော ပရောဖက်တို့သည် ဆင်းရဲဒုက္ခတွေ့ခြင်း၊ သည်းခံခြင်း၏ ပုံသက်သေကို ပြကြပြီဟု မှတ်ကြလော့။- 11 သည်းခံနိုင်သောသူတို့သည် မင်္ဂလာရှိသောသူဟူ၍ ငါတို့သည် ခေါ်ကြ၏။ ယောဘသည် သည်းခံကြောင်းကို သင်တို့ကြားရကြပြီ။ ထာဝရဘုရားသည် မိမိအမှုကို လက်စသတ်တော်မူရာမှာ အလွန်သနား စုံမက်တော်မူကြောင်းကိုလည်း သိမြင်ရကြပြီ။
12 ငါ့ညီအစ်ကိုတို့၊ ခပ်သိမ်းသောအမှုအရာတို့တွင် ကျိန်ဆိုခြင်းကို သာ၍ရှောင်ကြလော့။ ကောင်းကင်ဘုံကို တိုင်တည်၍ မကျိန်ကြနှင့်။ မြေကြီးကိုတိုင်တည်၍ မကျိန်ကြနှင့်။ ထိုမှတစ်ပါး၊ အဘယ်အကျိန်အားဖြင့်မျှ မကျိန်ကြနှင့်။ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ သင်တို့စကားမှာ၊ ဟုတ်သည်ကို အဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေကြလော့။
13 သင်တို့တွင် ဆင်းရဲခံရသောသူရှိလျှင် ဆုတောင်းစေ။ ရွှင်လန်းသောသူရှိလျှင် ဆာလံသီချင်းကိုဆိုစေ။- 14 နာသောသူရှိလျှင်၊ သင်းအုပ်ကိုခေါ်၍ သူတို့သည် သခင်ဘုရား၏ နာမတော်ကို အမှီပြုလျက်၊ လူနာကိုဆီနှင့်လူး၍ သူ့အပေါ်မှာ ဆုတောင်းကြစေ။- 15 ထိုသို့ပြုလျှင်၊ ယုံကြည်ခြင်း၏ပတ္ထနာသည် လူနာကို ကယ်ဆယ်၍၊ သခင်ဘုရားသည် သူ့ကိုထမြောက်စေတော်မူမည်။ သူသည် အပြစ်ပြုမိသော်လည်း ထိုအပြစ်ကို လွှတ်တော်မူမည်။- 16 အချင်းချင်း တစ်ယောက်နှင့် တစ်ယောက်၊ ကိုယ်အပြစ်ကို ဖော်ပြတောင်းပန်ကြလော့။ ချမ်းသာရမည်အကြောင်း၊ အချင်းချင်းတို့အဖို့ ဆုတောင်းကြလော့။ သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီးသောပတ္ထနာသည် အလွန်တန်ခိုးပါ၏။- 17 ဧလိယသည် ငါတို့ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူ ဖြစ်သော်လည်း၊ မိုးမရွာမည်အကြောင်း အထူးသဖြင့် ဆုတောင်းသောအခါ၊ သုံးနှစ်နှင့် ခြောက်လပတ်လုံး မြေပေါ်သို့ မိုးမရွာဘဲနေ၏။- 18 တစ်ဖန် ဆုတောင်းသောအခါ၊ မိုးကောင်းကင်သည် မိုးရွာစေ၏။ မြေကြီးသည်လည်း မိမိအသီးကိုသီးလေ၏။
19 ညီအစ်ကိုတို့၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် သမ္မာတရားလမ်းမှလွဲသွား၍ သူတစ်ပါးသည် ထိုသူကို ပြန်စေလျှင်မူကား၊- 20 အပြစ်ရှိသောသူကို မှားယွင်းသောလမ်းမှ ပြန်စေသောသူသည်၊ ဝိညာဉ်ကို သေခြင်းမှကယ်တင်၍ များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်သည်ဟု ထိုသူသည် သိမှတ်စေ။
ရှင်ယာကုပ်ဩဝါဒစာပြီး၏။
1 Tg 4.13Eia, agora, Lc 6.24; cp.1Tm 6.9vós ricos, Is 13.6;15.3;Ez 30.2chorai, dando urros por causa das desgraças que hão de vir sobre vós. 2 Jó 13.28;Is 50.9;Mt 6.19s.As vossas riquezas estão corruptas, as vossas vestes estão roídas pela traça, 3 o vosso ouro e a vossa prata estão enferrujados, e a sua ferrugem dará testemunho contra vós e devorará a vossa carne como um fogo. Entesourastes Tg 5.7-8nos últimos dias. 4 Eis que Lv 19.13;Jó 24.10s.;Jr 22.13;Ml 3.5o salário que defraudastes aos trabalhadores que ceifaram os vossos campos clama, e Dt 24.15;Jó 31.38s.; cp.Êx 2.23as vozes dos ceifadores têm chegado aos ouvidos do Rm 9.29Senhor dos Exércitos. 5 Tendes Lc 16.19;2Pe 2.13; cp.Ez 16.49;1Tm 5.6vivido em delícias sobre a terra e vos tendes regalado; tendes cevado os vossos corações no Jr 12.3;25.34dia do morticínio. 6 Tendes condenado e cp.Tg 4.2matado o Hb 10.38;1Pe 4.18justo; ele não vos resiste.
7 Tende, pois, paciência, vd.Tg 4.11;Tg 5.9-10irmãos, vd.Jo 21.22; cp.1Ts 2.19até a vinda do Senhor. vd.Gl 6.9Vede como o lavrador aguarda com paciência o precioso fruto da terra, até receber esta Dt 11.14;Jr 5.24;Jl 2.23as primeiras e as últimas cp.Lc 21.19chuvas. 8 1Ts 3.13Tende vós também paciência; vd.Rm 13.11-12; cp.1Pe 4.7fortalecei os vossos corações, porque a vinda do Senhor está próxima. 9 cp.Tg 4.11Não vos queixeis, irmãos, uns dos outros, para não serdes julgados; eis Tg 4.12; vd.1Co 4.5;Hb 10.25;1Pe 4.5que o Juiz está Mt 24.33;Mc 13.29à porta. 10 Irmãos, tomai como exemplo no sofrimento e na paciência vd.Mt 5.12os profetas, que falaram em nome do Senhor. 11 Eis que chamamos Mt 5.10;1Pe 3.14felizes aos que sofreram. Tendes ouvido da Jó 1.21s.;2.10paciência de Jó e tendes visto Jó 42.10,12o fim do Senhor, que Êx 34.6;Sl 103.8o Senhor é cheio de ternura e de compaixão.
12 Mas, sobretudo, vd.Tg 1.16irmãos meus, Mt 5.34-37não jureis, nem pelo céu, nem pela terra, nem façais outro qualquer juramento; porém o vosso sim seja sim, e o vosso não seja não, para não incorrerdes no juízo.
13 Está cp.Tg 5.10aflito alguém entre vós? Sl 50.15Ore. Está alguém alegre? Cl 3.16; cp.1Co 14.15Cante louvores. 14 Está alguém doente? Chame vd.At 11.30os presbíteros da igreja; e estes façam oração sobre ele, Mc 6.13; cp.Mc 16.18ungindo-o com óleo, em nome do Senhor. 15 cp.Tg 1.6A oração da fé vd.1Co 1.21; cp.Tg 5.20(?)salvará o doente, e o Senhor vd.Jo 6.39;2Co 4.14(?)o restabelecerá; e, se tiver cometido pecados, ser-lhe-ão perdoados. 16 Mt 3.6;Mc 1.5;At 19.18Confessai os vossos pecados uns aos outros e orai uns pelos outros, para serdes cp.Hb 12.13;1Pe 2.24curados. Gn 18.23-32, etc.; vd.Jo 9.31Muito pode a súplica fervorosa do justo. 17 Elias era vd.At 14.15homem de natureza semelhante à nossa 1Rs 17.1;18.1e pediu, com fervor, que não chovesse, e não choveu sobre a terra durante Lc 4.25três anos e seis meses; 18 1Rs 18.42tornou a pedir, e 1Rs 18.45o céu deu chuva, e a terra produziu o seu fruto.
19 Meus irmãos, cp.Mt 18.15;Gl 6.1se algum de vós se desviar da vd.Tg 3.14verdade, e algum outro o converter, 20 sabei que aquele que converte um pecador do erro do seu caminho vd.Rm 11.14;1Co 1.21; cp.Tg 1.21salvará uma alma da morte e 1Pe 4.8cobrirá uma multidão de pecados.