1 မတရားသောသူတို့ကို မငြူစူနှင့်။ သူတို့နှင့် ပေါင်းဖော်ခြင်းငှာ အလိုမရှိနှင့်။ 2 သူတို့သည် ဖျက်ဆီးခြင်းငှာ နှလုံးကြံစည်တတ်၏။ နှုတ်နှင့်လည်း ဘေးပြုမည်စကားကို ပြောတတ်၏။ 3 ဉာဏ်ပညာအားဖြင့် အိမ်ကိုတည်ဆောက်၍ ခိုင်ခံ့မြဲမြံစေရ၏။ 4 ပညာအတတ်အားဖြင့် အခန်းများတို့သည် အဖိုးထိုက်၍၊ နှစ်သက်ဖွယ်သော ဥစ္စာအပေါင်းတို့နှင့် ပြည့်ရကြ၏။ 5 ပညာရှိသောသူသည် တန်ခိုးရှိ၏။ ပညာအတတ်နှင့် ပြည့်စုံသောသူသည် ခွန်အားတိုးပွားတတ်၏။ 6 ပညာရှိတို့နှင့် တိုင်ပင်ပြီးမှ စစ်မှုကိုပြုရ၏။ အကြံပေးနိုင်သောသူများစွာရှိလျှင်၊ ဘေးလွတ်တတ်၏။ 7 ပညာမြင့်သောကြောင့် မိုက်သောသူမမီနိုင်။ မြို့တံခါးဝ၌ စကားမပြောဝံ့။ 8 မကောင်းသောအမှုကိုပြုခြင်းငှာ ကြံစည်သောသူကို၊ ဘေးပြုသောသူဟူ၍ မှည့်ရ၏။ 9 မိုက်သောအကြံအစည်၌ အပြစ်ပါ၏။ မထီမဲ့မြင်ပြုသောသူသည်လည်း၊ လူစက်ဆုပ်ရွံရှာဖွယ် ဖြစ်၏။ 10 သင်သည် အမှုရောက်သောကာလ၌ စိတ်ပျက်လျှင်အားနည်း၏။ 11 သင်္ချိုင်းသို့ထုတ်၍ အသေခံလုသောသူတို့ကို သင်သည် နုတ်အံ့သောငှာ၊ အားမထုတ်ဘဲနေလျက်၊ 12 ငါ့တို့မသိဟုဆိုသော်လည်း၊ နှလုံးသဘောကို ဆင်ခြင်သောသူသည် မမှတ်၊ သင်၏စိတ်ဝိညာဉ်ကို စောင့်သောသူသည် မသိဘဲ၊ လူအသီးအသီးတို့အား သူတို့အကျင့်နှင့်အလျောက်၊ အကျိုးအပြစ်ကို မဆပ်မပေးဘဲ နေတော်မူမည်လော။
13 ငါ့သား၊ ပျားရည်ကောင်းသောကြောင့် စားလော့။ ချိုမြိန်သော ပျားလပို့ကိုလည်း စားလော့။ 14 ထိုအတူ၊ သင်တွေ့ရသော ပညာတရားသည် စိတ်ဝိညာဉ်၌ အရသာနှင့် ပြည့်စုံ၍၊ သင်သည် မျှော်လင့်ခြင်းအကြောင်းမပျက်၊ ကောင်းသောအကျိုးကို ခံရလိမ့်မည်။ 15 အို မတရားသောသူ၊ ဖြောင့်မတ်သောသူ၏အိမ်ကို ချောင်း၍မကြည့်နှင့်။ သူ၏ ငြိမ်ဝပ်ရာအရပ်ကို မဖျက်နှင့်။ 16 ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော်လည်း ထပြန်လိမ့်မည်။ မတရားသောသူမူကား၊ လဲသောအခါ ဆုံးရှုံးလိမ့်မည်။ 17 သင်၏ရန်သူလဲသောအခါ ဝမ်းမမြောက်နှင့်။ ခြေထိခိုက်သောအခါ ရွှင်လန်းသောစိတ်မရှိနှင့်။ 18 ရှိလျှင် ထာဝရဘုရားသိမြင်သဖြင့်၊ မနှစ်သက်ဘဲ သူမှအမျက်တော်ကို လွှဲတော်မူမည်။ 19 မတရားသောသူတို့ကြောင့် စိတ်မပူနှင့်။ အဓမ္မလူတို့ကို မငြူစူနှင့်။ 20 အကြောင်းမူကား၊ မတရားသောသူသည် အကျိုးကိုမရ။ အဓမ္မလူ၏မီးခွက်သည် သေလိမ့်မည်။ 21 ငါ့သား၊ ထာဝရဘုရားကိုလည်းကောင်း၊ ရှင်ဘုရင်ကိုလည်းကောင်း၊ ကြောက်ရွံ့လော့။ မတည်ကြည်သောသူတို့နှင့် မရောနှောမပေါင်းဖော်နှင့်။ 22 သူတို့ဘေးသည် ချက်ချင်းရောက်တတ်၏။ ထိုနှစ်ပါးတို့၏အဆုံးကို အဘယ်သူသိသနည်း။
23 ထိုမှတစ်ပါး၊ ပညာရှိတို့နှင့်ဆိုင်သော အရာဟူမူကား၊ တရားတွေ့မှုစီရင်ရာတွင် လူမျက်နှာကို မထောက်ကောင်း။ 24 သင်သည်ဖြောင့်မတ်၏ဟု မတရားသောသူအားဆိုသောသူကို လူအမျိုးတို့သည် ကျိန်ဆဲကြလိမ့်မည်။ လူအနွယ်တို့သည် စက်ဆုပ်ရွံရှာကြလိမ့်မည်။ 25 ဆုံးမပြစ်တင်သောသူတို့မူကား၊ စိတ်သာယာလျက်၊ ကောင်းချီးမင်္ဂလာကို ခံလျက်ရှိကြလိမ့်မည်။ 26 မှန်သောစကားကို ပြန်ပြောတတ်သောသူ၏နှုတ်ကို လူတိုင်းနမ်းလိမ့်မည်။ 27 ပြင်အရပ်မှာ သင်၏အလုပ်ကို ပြင်လော့။ လယ်တော၌ ကိုယ်အဖို့ ပြင်ဆင်လော့။ နောက်မှ သင်၏နေရာအိမ်ကို ဆောက်လော့။ 28 သင်၏အိမ်နီးချင်းတစ်ဖက်၌ အကြောင်းမရှိဘဲ သက်သေမခံနှင့်။ ကိုယ်နှုတ်နှင့် သူတစ်ပါးကို မလှည့်စားနှင့်။ 29 သူသည် ငါ၌ပြုသည်အတိုင်း သူ၌ငါပြုမည်။ သူ့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ငါဆပ်ပေးမည်ဟု မဆိုနှင့်။
30 ပျင်းရိသောသူ၏လယ်ယာအနားနှင့်၊ ဉာဏ်မရှိသောသူ၏ စပျစ်ဥယျာဉ်အနားမှာ ငါလျှောက်သွားစဉ်၊ 31 ဆူးပင်များပြား၍၊ မြေတစ်ပြင်လုံး၌ ဆူးလေပင်အနှံ့အပြားလွှမ်းမိုးလျက်၊ ကျောက်ရိုးပြိုလျက်ရှိသည်ကို၊ 32 ငါမြင်၍ စေ့စေ့ဆင်ခြင်၏။ ကြည့်ရှု၍ သွန်သင်ခြင်းကို ခံရ၏။ 33 ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်ခြင်းငှာ၊ ခဏလက်ချင်းပိုက်လျက်နေစဉ်တွင်၊ 34 ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့လည်းကောင်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့လည်းကောင်း ရောက်လာလိမ့်မည်။
1 Não tenhas Pv 24.19;3.31;23.17;Sl 37.1inveja dos homens maus,
nem desejes Pv 1.15;Sl 1.1estar com eles,
2 porque o seu coração medita a Is 30.12;Jr 22.17opressão,
e os seus lábios Jó 15.35;Sl 10.7;38.12falam a malícia.
3 Com Pv 9.1;14.1a sabedoria edifica-se a casa
e com o entendimento se estabelece;
4 e pelo conhecimento Pv 8.21encher-se-ão as câmaras
de todas as riquezas preciosas e deleitáveis.
5 Pv 21.22, ref.O varão sábio é forte;
o homem inteligente aumenta a força.
6 Pois Pv 20.18com prudência tu farás a guerra,
e Pv 11.14, ref.na multidão de conselheiros há segurança.
7 A sabedoria é Pv 14.6;17.16;Sl 10.5alta demais para o insensato;
ele não abre a boca Jó 5.4;Sl 127.5na porta.
8 Aquele que Pv 6.14;14.22;Rm 1.30cuida em fazer o mal,
a esse chamarão intrigante.
9 Is 59.7O desígnio do insensato é pecado,
e o escarnecedor é abominação aos homens.
10 Dt 20.8;Jó 4.5;Jr 51.46;Hb 12.3Se enfraqueces no dia da adversidade,
minguada é a tua força.
11 Sl 82.4;Is 58.6-7Livra os que estão sendo levados para a morte;
e os que estão prestes a serem mortos, a esses detém.
12 Se disseres: Eis que não o soubemos,
porventura, não o Ec 5.8considera aquele Pv 21.2;1Sm 16.7que pesa os corações?
Não o Sl 94.9-11conhece aquele que Sl 121.3-8guarda a tua alma?
E não Pv 12.14;Jó 34.11, ref.retribuirá ele a cada um segundo as suas obras?
13 Come, filho meu, do Pv 25.16;Sl 19.10;119.103;Ct 5.1mel, porque é bom;
e do Pv 16.24;27.7;Ct 4.11favo que é doce ao teu paladar;
14 Tal conhecerás ser Pv 2.10a sabedoria para a tua alma;
se a tiveres achado, então, haverá Pv 23.18galardão,
e não será cortada a tua esperança.
15 Sl 10.9-10Não te ponhas em emboscada, homem perverso, contra a habitação do justo;
nem assoles a sua pousada,
16 Porque Jó 5.19;Sl 37.24;Mq 7.8o justo cai sete vezes e se torna a levantar,
mas os Pv 24.22;6.15;14.32;Jr 18.17perversos são derrubados pela calamidade.
17 Pv 17.5;Jó 31.29;Sl 35.15,19;Ob 12Não te regozijes, quando cair o teu inimigo,
nem se alegre o teu coração, quando for ele derrubado,
18 para que Jeová não o veja, e que isso lhe desagrade,
e que tire de cima dele a sua ira.
19 Sl 37.1Não te incomodes por causa dos malfeitores,
nem tenhas Pv 24.1;23.17inveja dos perversos,
20 Jó 15.31porque não há Pv 23.18futuro para o homem mau;
Pv 13.9;20.20;Jó 18.5-6;21.17a lâmpada dos perversos apagar-se-á.
21 Rm 13.1-7;1Pe 2.17Teme, filho meu, a Jeová e ao rei
e não te metas com os que gostam de mudanças,
22 porque, de repente, se levantará Pv 24.16a sua calamidade,
e quem sabe a destruição de ambos?
23 Estes também são Pv 1.6;22.17provérbios dos sábios.
Deixar-se Pv 18.5;28.21levar de respeitos humanos nos juízos não é bom.
24 Aquele que Pv 17.15diz ao perverso: Tu és justo,
amaldiçoá-lo-ão Pv 11.26os povos, aborrecê-lo-ão as nações.
25 Mas Pv 28.23os que o repreenderem se acharão bem,
e sobre eles virá a bênção de prosperidade.
26 Beija os lábios
a quem dá uma Pv 16.24resposta sincera.
27 Cuida dos teus negócios lá fora,
Pv 27.23-27põe o teu campo em condições
e depois, edifica a tua casa.
28 Não sejas sem causa Pv 25.18testemunha contra o teu próximo
Lv 6.2-3;19.11;Ef 4.25e não enganes com os teus lábios.
29 Pv 20.22;Mt 5.39;Rm 12.17Não digas: Como ele me fez a mim, assim eu farei a ele;
retribuirei ao homem segundo as suas obras.
30 Pv 24.30-34;6.6-11Passei pelo campo do preguiçoso
e pela vinha do homem Pv 6.32falto de entendimento;
31 eis que tudo estava cheio de espinhos,
a sua superfície estava coberta de Jó 30.7urtigas,
e o seu Is 5.5muro de pedra estava demolido.
32 Então, eu contemplei e meditei bem;
vi e recebi a instrução.
33 Pv 6.9-11;20.13Um pouco para dormir, um pouco para toscanejar,
um pouco para cruzar os braços em repouso.
34 Assim, virá a tua pobreza como um salteador,
e a tua indigência, como um homem armado.