1 ဉာဏ်ပညာသည် အိမ်တိုင်ခုနစ်တိုင်ကိုခုတ်၍၊ မိမိနေရာအိမ်ကို ဆောက်လေပြီ။ 2 သူ၏အကောင်များကို သတ်၍၊ စပျစ်ရည်ကို ဖော်ပြီးမှ စားပွဲကို ခင်းလေပြီ။ 3 ကျွန်မတို့ကို စေလွှတ်၍၊ မြို့တွင် အမြင့်ဆုံးသောအရပ်တို့၌ ကြွေးကြော်လေသည်ကား၊ 4 ဉာဏ်တိမ်သောသူသည် ဤအရပ်သို့ဝင်စေ။ အို ပညာမရှိသောသူ၊ 5 လာလော့။ ငါ့မုန့်ကိုစားလော့။ ငါဖော်သော စပျစ်ရည်ကို သောက်လော့။ 6 မိုက်သောသူကို ရှောင်၍ အသက်ချမ်းသာရလော့။ ပညာလမ်းသို့ လိုက်လော့ဟု ဆိုသတည်း။
7 မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်းကိုလည်းကောင်း၊ လူဆိုးကို အပြစ်ပြသောသူသည် ကဲ့ရဲ့ခြင်းကိုလည်းကောင်း ခံရလိမ့်မည်။ 8 မထီမဲ့မြင်ပြုသောသူကို မဆုံးမနှင့်။ သင့်ကိုမုန်းလိမ့်မည်။ ပညာရှိကိုအပြစ်ပြလော့။ သူသည် သင့်ကိုချစ်လိမ့်မည်။ 9 ပညာရှိသောသူကိုဆုံးမလျှင်၊ သူသည် သာ၍ပညာရှိလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လျှင်၊ သူသည် သိပ္ပံအတတ် တိုးပွားလိမ့်မည်။ 10 ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏မူလအမြစ်ဖြစ်၏။ သန့်ရှင်းတော်မူသောဘုရားကို သိကျွမ်းသောသဘောသည် ဉာဏ်ဖြစ်၏။ယောဘ၊ ၂၈:၂၈၊ဆာ၊ ၁၁၁:၁၀၊သု၊ ၁:၇။11 အကြောင်းမူကား၊ ငါ့ကိုအမှီပြု၍၊ သင်၏နေ့ရက်ကာလနှင့် အသက်အပိုင်းအခြား နှစ်ပေါင်းကာလတိုးပွားလိမ့်မည်။ 12 သင်သည် ပညာရှိလျှင်၊ ကိုယ်တိုင်အကျိုးကို ခံရလိမ့်မည်။ မထီမဲ့မြင်ပြုလျှင် ကိုယ်တိုင်သာအပြစ်ကိုခံရလိမ့်မည်။
13 မိုက်သောမိန်းမသည် စကားသံကျယ်၍ ဉာဏ်တိမ်သဖြင့် အလျှင်းမသိတတ်။ 14 မိမိအိမ်တံခါးနားတွင် မြို့မြင့်ရာအရပ် အနေအထိုင်ပေါ်မှာထိုင်လျက်၊ 15 လမ်း၌တည့်တည့် ခရီးသွားသောသူတို့ကိုခေါ်၍၊ 16 ဉာဏ်တိမ်သောသူသည် ဤအရပ်သို့ဝင်စေ။ အို ပညာမရှိသောသူ၊ 17 ခိုးသောရေသည်ချို၏။ တိတ်ဆိတ်စွာစားသောမုန့်လည်းမြိန်သည်ဟု ဆိုတတ်၏။ 18 ထိုအရပ်၌ သင်္ချိုင်းသားရှိကြောင်း၊ ထိုမိန်းမ၏ဧည့်သည်တို့သည် မရဏနိုင်ငံအနက်ဆုံး၌နေကြောင်းကို ထိုယောက်ျားသည် မသိမမှတ်။
1 A Sabedoria 1Co 3.9-10;Ef 2.20-22;1Pe 2.5edificou a sua casa,
cortou as suas sete colunas;
2 Mt 22.4matou os seus animais cevados, Ct 8.2misturou o seu vinho
e Lc 14.16-17preparou a sua mesa.
3 Sl 68.11;Mt 22.3Enviou as suas criadas a Pv 8.1-2gritar
sobre as Pv 9.14alturas da cidade:
4 Pv 9.16;8.5Quem é estúpido, volte-se para cá;
aos que são Pv 6.32faltos de entendimento, diz ela:
5 Vinde, Ct 5.1;Is 55.1;Jo 6.27comei o meu pão
e bebei do vinho que misturei.
6 Deixai a estupidez e Pv 9.11;8.35vivei;
Ez 11.20;37.24e andai pelo caminho do entendimento.
7 Quem Pv 23.9corrige ao escarnecedor traz sobre si afronta;
e quem repreende ao perverso a si mesmo se desonra.
8 Pv 15.12;Mt 7.6Não repreendas ao escarnecedor, para que não te odeie;
Pv 10.8;Sl 141.5repreende ao sábio, e ele te amará.
9 Instrui ao sábio, e ele se tornará mais sábio;
ensina ao justo, e Pv 1.5ele crescerá na ciência.
10 Pv 1.7O temor de Jeová é o princípio da sabedoria,
e o Pv 30.3conhecimento do Santo é o entendimento.
11 Pois Pv 3.16;10.27por mim se multiplicarão os teus dias,
e se te aumentarão os anos da tua vida.
12 Se és sábio, Pv 14.14;Jó 22.2para ti mesmo o és;
e, se és Pv 19.29escarnecedor, tu só o suportarás.
13 A loucura é mulher Pv 7.11turbulenta;
é estúpida Pv 5.6e não sabe coisa alguma.
14 Senta-se junto à porta da sua casa,
sobre uma cadeira Pv 9.3nas alturas da cidade,
15 para chamar aos que passam pela estrada,
os quais vão seguindo o seu caminho:
16 Pv 9.4Quem é estúpido volte-se para cá;
e, ao que é falto de entendimento, diz ela:
17 Pv 5.15As águas furtadas são doces,
Pv 20.17e o pão tomado às escondidas é agradável.
18 Mas ele não sabe que ali estão os mortos,
que os seus convidados estão Pv 7.27nas profundezas do Sheol.