1,2 ငါ့သား၊ သင်သည် သမ္မာသတိရှိ၍၊ သင့်၏နှုတ်ခမ်းသည် သိပ္ပံအတတ်ကို စောင့်မည်အကြောင်း၊ ငါ့ပညာကို မှတ်ကျုံး၍၊ ငါပေးသောဉာဏ်သို့ သင့်နားကိုလှည့်လော့။ 3 အကြောင်းမူကား၊ အမျိုးပျက်သောမိန်းမ၏နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ ယိုတတ်၍၊ သူပြောသောစကားသည် ဆီထက်ချောသော်လည်း၊ 4 အဆုံး၌ကား၊ သူသည် ဘင်းခါးရွက်ကဲ့သို့ခါး၍၊ သန်လျက်နှင့်အမျှ ထက်၏။ 5 သူ၏ခြေတို့သည် သေခြင်းသို့ဆင်း၍၊ သူသွားရာလမ်းသည် မရဏနိုင်ငံသို့ ရောက်တတ်၏။ 6 သင်သည် အသက်လမ်းကိုမဆင်ခြင်ရအောင်၊ သူ့ထုံးစံဓလေ့တို့သည် တရွေ့ရွေ့ပြောင်းလဲသဖြင့်၊ သင်သည် နားမလည်နိုင်ရ။ 7 သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကို နားထောင်ကြလော့။ ငါဟောပြောချက်တို့ကို မပယ်ကြနှင့်။ 8 ထိုသို့သောမိန်းမကို ဝေးစွာရှောင်သွားလော့။ သူ့နေရာ တံခါးဝသို့မချဉ်းနှင့်။ 9 သို့မဟုတ် သင်သည် ကိုယ်ဂုဏ်အသရေကို သူတစ်ပါး၌လည်းကောင်း၊ ကိုယ်အသက်ကို ကြမ်းတမ်းသော သူတို့၌လည်းကောင်းအပ်လိမ့်မည်။ 10 တစ်ပါးအမျိုးသားတို့သည် သင်၏စည်းစိမ်နှင့် ပြည့်ဝကြလိမ့်မည်။ သင်လုပ်၍ ရသောဥစ္စာသည် တစ်ပါးအမျိုးသားအိမ်သို့ ရောက်လိမ့်မည်။ 11 နောက်ဆုံး၌ သင့်အသား၊ သင့်ကိုယ်ကာယဆွေးမြေ့သောအခါ၊ 12 ငါသည် သွန်သင်ခြင်းကို မုန်းလေပြီတကား။ ဆုံးမခြင်းကို စိတ်နှလုံးထဲမှာ မထီမဲ့မြင်ပြုလေပြီတကား။ 13 ငါ့ဆရာတို့၏စကားကို နားမထောင်ဘဲ၊ ငါ့အား သွန်သင်သော သူတို့၏စကားကို နားမခံဘဲနေလေပြီတကား။ 14 စည်းဝေးသောပရိသတ်များအလယ်၌ ဒုစရိုက်မျိုးကို ကုန်စင်လုသည်တိုင်အောင် ငါပြုလေပြီတကားဟု မြည်တမ်းရလိမ့်မည်။
15 ကိုယ်ဆိုင်သော ရေအိုးကိုသုံး၍၊ ကိုယ်ရေတွင်းထဲက ထွက်သောစမ်းရေကို သောက်လော့။ 16 သင်၏စမ်းရေများပြား၍၊ လမ်းများအနားမှာ စီးသောမြစ်များ ဖြစ်စေလော့။ 17 တစ်ပါးအမျိုးသားနှင့် ပေါင်းဖက်၍ မဆိုင်စေဘဲ၊ ကိုယ်တစ်ပါးတည်းသာ ဆိုင်စေလော့။ 18 သင်၏စမ်းရေတွင်း၌ မင်္ဂလာရှိစေ၍၊ အသက်အရွယ်ပျိုစဉ်ကာလ၊ ပေါင်းဖော်သော မယားနှင့်အတူ ပျော်မွေ့လော့။ 19 သူသည် စုံမက်တတ်သောသမင်မ၊ နှစ်လိုဖွယ်သော ဒရယ်မကဲ့သို့ဖြစ်၍၊ သူ၏သားမြတ်တို့သည် သင်၏အလိုဆန္ဒကို အစဉ်ပြေစေ၍၊ သူ့ကိုချစ်သောစိတ်နှင့် အစဉ်ယစ်မူးလျက်နေလော့။ 20 ငါ့သား၊ သင်သည် အမျိုးပျက်သောမိန်းမနှင့် အဘယ်ကြောင့် ယစ်မူးသနည်း။ ပြည့်တန်ဆာမ၏ရင်ပတ်ကို အဘယ်ကြောင့် ဖက်ယမ်းသနည်း။ 21 လူသွားလာသမျှသောလမ်းတို့သည် ထာဝရဘုရားမျက်မှောက်တော်၌ရှိကြ၍၊ သွားလာသမျှသော အခြင်းအရာတို့ကို စူးစမ်းတော်မူ၏။ 22 အဓမ္မလူသည် မိမိပြုသော ဒုစရိုက်အပြစ်ဖြင့်ဖမ်းမိခြင်း၊ မိမိအပြစ်ကြိုးတို့ဖြင့် ချည်နှောင်ခြင်းကိုခံရလိမ့်မည်။ 23 သူသည် အလွန်မိုက်သောကြောင့် မှားယွင်း၍၊ သွန်သင်ခြင်းကိုမခံရဘဲ သေသွားရလိမ့်မည်။
1 Filho meu, Pv 4.20atende à minha sabedoria;
Pv 22.17inclina o teu ouvido para a minha prudência,
2 a fim de que Pv 3.21observes a discrição,
e os teus Ml 2.7lábios guardem o conhecimento.
3 Pois os lábios da Pv 5.20;2.16;7.5;22.14prostituta Ct 4.11destilam mel,
e a sua boca é Sl 55.21mais macia do que o azeite;
4 mas o seu fim é Ec 7.26amargoso como o absinto
e Sl 57.4agudo, como espada de dois gumes.
5 Os seus pés Pv 7.27descem à morte,
os seus passos seguem o caminho do Sheol.
6 Ela não Pv 5.21;4.26faz plana a vereda da vida,
2Pe 2.14incertos são os seus caminhos, Pv 30.20e ela o ignora.
7 Pv 7.24Agora, pois, filhos, escutai-me
e Sl 119.102não vos desvieis das palavras da minha boca.
8 Pv 7.25Afasta para longe dela o teu caminho
e não chegues à Pv 9.14porta da sua casa,
9 para que não dês a outros a tua honra,
e os teus anos, a cruéis;
10 para que não suceda que estrangeiros se fartem dos teus bens,
e os teus trabalhos vão para casa alheia;
11 e gemas no teu fim,
quando forem consumidos a tua carne e o teu corpo,
12 e que digas: Como tenho Pv 1.7,22,29aborrecido a instrução,
e como tem Pv 1.25;12.1desprezado o meu coração a repreensão;
13 não tenho obedecido à voz Pv 1.8dos que me ensinavam,
nem tenho inclinado o meu ouvido para os que instruíam!
14 Quase que me achei em todo o mal,
que sucedeu no meio da congregação e da assembleia.
15 Bebe água da tua própria cisterna
e água que corre do teu poço.
16 Hão de espalhar-se os teus Pv 5.18;9.17;Ct 4.12,15mananciais para fora,
e os teus ribeiros de água, nas ruas?
17 Sejam para ti só
e não para estrangeiros juntamente contigo.
18 Seja a tua fonte abençoada,
Ec 9.9e regozija-te Ml 2.14na mulher da tua mocidade.
19 Como Ct 2.9,17;4.5;7.3corça amável e graciosa cabra montês,
satisfaçam-te os seus peitos em todo o tempo;
e sejas sempre arrebatado pelo seu amor.
20 Por que, filho meu, havias de ser arrebatado por Pv 5.3uma prostituta,
E abraçarias o seio Pv 2.16;6.24;7.5;23.27duma estrangeira?
21 Pois Pv 15.3;Jó 14.16;31.4;34.21;Sl 119.168;Jr 16.17;32.19;Os 7.2;Hb 4.13os caminhos do homem estão diante dos olhos de Jeová,
o qual lhe Pv 4.26torna planas todas as suas veredas.
22 Pv 1.31-32;Nm 32.23;Sl 7.15;9.15;40.12As suas próprias iniquidades prenderão o perverso,
e, pelas cordas do seu pecado, será detido.
23 Jó 4.21;36.12Ele morrerá por falta de instrução
e, na grandeza da sua loucura, se perderá.