1 ငါ့သားတို့၊ အဘ၏နည်းဥပဒေသကိုနားထောင်၍၊ ဉာဏ်သဘောကို နားလည်ခြင်းငှာ စေ့စေ့မှတ်ကြလော့။ 2 ကောင်းသောဩဝါဒကို ငါပေး၏။ ငါ့ပညတ်တရားကို မပယ်ကြနှင့်။ 3 ငါမူကား၊ အဘ၏ရင်နှစ်၊ အမိရှေ့မှာနူးညံ့၍ အချစ်ဆုံးသောသားဖြစ်၏။ 4 ငါ့အဘသွန်သင်၍ မြွက်ဆိုလေသည်ကား၊ ငါ့စကားကို သင်၏နှလုံး၌သွင်းမိ၍၊ ငါ့ပညတ်တို့ကို ကျင့်စောင့်သဖြင့် အသက်ရှင်လော့။ 5 ပညာကို ဆည်းပူးလော့။ ဉာဏ်ကို ဆည်းပူးလော့။ သတိမလစ်စေနှင့်။ ငါ၏နှုတ်ထွက်စကားကို မလွှဲမရှောင်နှင့်။ 6 ပညာကို မစွန့်နှင့်။ သူသည်သင့်ကို ထိန်းသိမ်းလိမ့်မည်။ သူ့ကိုချစ်လော့။ သင့်ကို စောင့်မလိမ့်မည်။ 7 ပညာသည် အမြတ်ဆုံးသောအရာဖြစ်၏။ ပညာကိုဆည်းပူးလော့။ ဆည်းဖူးသမျှသောဥစ္စာတို့တွင် ဉာဏ်ကိုဆည်းပူးလော့။ 8 သူ့ကို အမြတ်ထားလော့။ သူသည် သင့်ကို ချီးမြှောက်လိမ့်မည်။ သူ့ကိုဖက်ယမ်းလျှင်၊ ဂုဏ်အသရေကို ပေးလိမ့်မည်။ 9 သင်၏ခေါင်းကို တင့်တယ်သောဦးရစ်နှင့် ပတ်ရစ်၍၊ ဘုန်းကြီးသော သရဖူကို အပ်နှံလိမ့်မည်။
10 ငါ့သား၊ ငါ့စကားကို နားထောင်နာယူလော့။ သို့ပြုလျှင်၊ သင့်အသက် နှစ်ပေါင်းများလိမ့်မည်။ 11 ပညာလမ်းကို ငါပြသ၍၊ မှန်သောလမ်းခရီးတို့၌ သင့်ကိုငါပို့ဆောင်၏။ 12 လျှောက်သွားလျှင် ကျဉ်းမြောင်းရာသို့ မရောက်၊ ပြေးသောအခါ တိုက်မိ၍မလဲရ။ 13 ဥပဒေသကို ကိုင်ဆွဲလော့။ မလွှတ်နှင့်။ စောင့်ထားလော့။ အသက်ရှင်ခြင်း၏အကြောင်း ဖြစ်၏။ 14 အဓမ္မလူတို့ လမ်းထဲသို့ မဝင်နှင့်။ ဆိုးယုတ်သောသူတို့နှင့်အတူ မလိုက်နှင့်။ 15 သူတို့လမ်းကို ကြဉ်ရှောင်လော့။ လိုက်မသွားနှင့်။ လွှဲ၍သွားလော့။ 16 သူတို့သည် သူတစ်ပါး၌ အပြစ်မပြုရလျှင် မအိပ်တတ်။ တစ်စုံတစ်ယောက်သောသူကို မလဲစေလျှင် အိပ်၍မပျော်တတ်။ 17 ဒုစရိုက်နှင့်ဆိုင်သော မုန့်ကိုစား၍ ညှဉ်းဆဲခြင်းနှင့်ဆိုင်သော စပျစ်ရည်ကို သောက်တတ်ကြ၏။ 18 ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သောအရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွားထွန်းလင်းတတ်၏။ 19 မတရားသောသူတို့၏လမ်းမူကား၊ မှောင်မိုက်ကဲ့သို့ဖြစ်၍၊ သူတို့သည် လဲသောအခါ၊ အဘယ်အရာကို တိုက်မိသည်ဟု မသိရကြ။
20 ငါ့သား၊ ငါ့စကားကိုနားထောင်လော့။ ငါဟောပြောချက်တို့ကို နားသွင်းလော့။ 21 သင့်မျက်မှောက်မှ မကွာစေနှင့်။ နှလုံးတွင်း၌ စောင့်ထားလော့။ 22 အကြောင်းမူကား၊ ထိုတရားစကားကို တွေ့ရသောသူတို့သည် အသက်ရှင်ခြင်း၊ တစ်ကိုယ်လုံးကျန်းမာခြင်းအကြောင်းကို တွေ့ရပြီ။ 23 နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့်၊ သင်၏နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့။ 24 ကောက်သောစကားတို့ကိုလည်းကောင်း၊ ငြင်းဆန်တတ်သောနှုတ်ခမ်းတို့ကိုလည်းကောင်း ဝေးစွာပယ်ရှောင်လော့။ 25 သင်၏မျက်စိသည်ရှေ့ရှုကြည့်၍၊ မျက်ခမ်းတို့သည် တည့်တည့်အာရုံပြုစေလော့။ 26 သင်သွားရာလမ်းကို စူးစမ်း၍၊ သွားလေရာရာ၌ တည်ကြည်ခြင်းရှိစေလော့။ဟေဗြဲ၊၁၂:၁၃။27 လက်ယာဘက်၊ လက်ဝဲဘက်သို့ မတိမ်းမလွှဲနှင့်။ ဒုစရိုက်ပြုရာလမ်းကိုရှောင်လော့။
1 Ouvi, filhos, a Pv 1.8instrução dum pai
e Pv 1.2;2.2estai atentos para conhecerdes o entendimento;
2 porque vos dou boa Dt 32.2;Jó 11.4doutrina;
Pv 3.1;Sl 89.30;119.87não abandoneis o meu ensino.
3 Pois eu fui filho para meu pai,
1Cr 22.5tenro e Zc 12.10único diante de minha mãe.
4 Ele me ensinava e me dizia:
Sl 119.168Retenha o teu coração as minhas palavras;
Pv 7.2guarda os meus mandamentos e vive;
5 Pv 4.7Adquire a sabedoria e Pv 16.16adquire o entendimento;
não te esqueças, nem te desvies das palavras da minha boca;
6 não a abandones, e ela te preservará;
2Ts 2.10ama-a, e ela te guardará.
7 Pv 8.23A sabedoria é a coisa principal; portanto, Pv 23.23adquire a sabedoria;
dá pela sabedoria tudo o que tens adquirido.
8 Estima-a, e ela te exaltará;
ela te honrará, se a abraçares.
9 Ela dará Pv 1.9à tua cabeça uma grinalda de graça;
entregar-te-á uma coroa de glória.
10 Ouve, filho meu, Pv 2.1e recebe as minhas palavras,
Pv 3.2e os anos de tua vida se multiplicarão.
11 No caminho da sabedoria, 1Sm 12.23te hei instruído,
pelas veredas da retidão te hei guiado.
12 Quando andares, não se estreitarão os Jó 18.7;Sl 18.36teus passos;
e, se correres, Pv 3.23não tropeçarás.
13 Pv 3.18Apega-te à instrução, não a largues;
guarda-a, porque ela é a Pv 3.22;Jo 6.63tua vida.
14 Pv 1.15;Sl 1.1Não entres na vereda dos perversos,
nem andes pelo caminho dos maus.
15 Evita-o e não passes por ele;
desvia-te dele e passa de largo.
16 Não dormem, Sl 36.4;Mq 2.1se não tiverem feito o mal;
e foge deles o sono, se não fizerem tropeçar alguém.
17 Pv 13.2Comem o pão da perversidade
e bebem o vinho da violência.
18 Mas a Is 26.7vereda dos justos é como 2Sm 23.4uma luz resplandecente,
que Dn 12.3aumenta de brilho mais e mais até o Jó 11.17dia perfeito.
19 Pv 2.13;Jó 18.5-6;Is 59.9-10;Jr 23.12;Jo 12.35O caminho dos perversos é como a escuridão.
Não sabem eles em que Jo 11.10tropeçam.
20 Filho meu, Pv 5.1atende às minhas palavras;
Pv 2.2inclina os teus ouvidos às minhas instruções.
21 Pv 3.21Não se apartem elas de diante dos teus olhos,
Pv 7.1-2conserva-as no meio do teu coração,
22 pois são Pv 3.22vida para os que as acham
e Pv 3.8;12.18saúde, para todo o seu corpo.
23 Guarda, com toda a diligência, o teu coração,
pois Mt 12.34;15.18-19;Mc 7.21;Lc 6.45dele procedem as fontes da vida.
24 Remove de ti a Pv 6.12;10.32malignidade da boca
e afasta, para longe de ti, a Pv 19.1perversidade dos lábios.
25 Dirijam-se os teus olhos para a frente,
e olhem as tuas pálpebras diretamente diante de ti.
26 Pv 5.21;Hb 12.13Faze plana a vereda dos teus pés,
e sejam estabelecidos Sl 119.5todos os teus caminhos.
27 Dt 5.32;28.14Não declines nem para a direita nem para a esquerda;
Pv 1.15retira do mal o teu pé.