1 ပညာရှိသောမိန်းမသည် မိမိအိမ်ကို တည်ဆောက်တတ်၏။ မိုက်သောမိန်းမမူကား၊ ကိုယ်လက်နှင့် ဖြိုဖျက်တတ်၏။ 2 ဖြောင့်သောလမ်းသို့ လိုက်သောသူသည် ထာဝရဘုရားကိုကြောက်ရွံ့တတ်၏။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ မထီမဲ့မြင်ပြုတတ်၏။ 3 မိုက်သောသူ၏နှုတ်၌ မာနကြိမ်လုံးရှိ၏။ ပညာရှိသောသူ၏နှုတ်ခမ်းတို့သည် ကယ်တင်သောအမှုကို ပြုတတ်၏။ 4 နွားထီးမရှိသော တင်းကုပ်သည် စင်ကြယ်၏။ သို့သော်လည်း၊ နွားခွန်အားကိုသုံး၍ များသောစီးပွားကိုရတတ်၏။ 5 သစ္စာရှိသောသက်သေသည် မုသားမသုံးတတ်။ သစ္စာပျက်သောသက်သေမူကား၊ မုသားကိုသုံးတတ်၏။ 6 မထီမဲ့မြင်ပြုသောသူသည် ပညာကိုရှာ၍မတွေ့ရာ။ ဉာဏ်ရှိသောသူမူကား၊ ပညာအတတ်ကို ရလွယ်၏။ 7 မိုက်သောသူနှင့်တွေ့၍ သူ၏နှုတ်၌ ပညာအတတ်မရှိသည်ကို သိမြင်လျှင်၊ ထိုသူကို ရှောင်သွားလော့။ 8 ပညာသတိရှိသော သူ၏ပညာကား၊ ကိုယ်သွားရသောလမ်းကို သိခြင်းတည်း။ မိုက်သောသူ၏မိုက်ခြင်းမူကား၊ ပရိယာယ်တည်း။ 9 မိုက်သောသူတို့သည် ဒုစရိုက်အပြစ်ကို မထီလေးစားပြုကြ၏။ ဖြောင့်မတ်သောသူတို့မူကား၊ တစ်ယောက်ကိုတစ်ယောက် ကျေးဇူးပြုကြ၏။ 10 စိတ်နှလုံးသည် မိမိဒုက္ခကိုသိ၏။ စိတ်နှလုံးရွှင်လန်းခြင်းအကြောင်းကိုလည်း သူတစ်ပါး မဆိုင်တတ်။ 11 မတရားသောသူ၏အိမ်သည် ပြိုလဲတတ်၏။ ဖြောင့်မတ်သောသူ၏တဲမူကား၊ ပွင့်လန်းတတ်၏။ 12 လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း၊ အဆုံး၌ သေခြင်းသို့ပို့သောလမ်းတစ်မျိုးရှိ၏။သု၊ ၁၆:၂၅။13 လူသည် ရယ်စဉ်အခါပင်၊ ဝမ်းနည်းသော စိတ်သဘောရှိ၏။ ထိုရယ်မောရွှင်လန်းခြင်း အဆုံး၌လည်း ညှိုးငယ်ခြင်းရှိတတ်၏။ 14 စိတ်နှလုံးဖောက်ပြန်သောသူဖြစ်စေ၊ သူတော်ကောင်းဖြစ်စေ၊ မိမိအကျင့်တို့နှင့် ဝလိမ့်မည်။ 15 ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား၊ မိမိသွားရာလမ်းကို စေ့စေ့ ကြည့်ရှုတတ်၏။ 16 ပညာရှိသောသူသည် ကြောက်၍ ဒုစရိုက်ကို ရှောင်တတ်၏။ မိုက်သောသူမူကား မာနကြီး၍ ရဲရင့်တတ်၏။
17 စိတ်တိုသောသူသည် မိုက်စွာသောအမှုကို ပြုတတ်၏။ မကောင်းသောအကြံကို ကြံသောသူကိုလည်း သူတစ်ပါး မုန်းလိမ့်မည်။ 18 ဉာဏ်တိမ်သောသူသည် မိုက်ခြင်းကို အမွေခံတတ်၏။ ပညာသတိရှိသောသူမူကား၊ သိပ္ပံသရဖူကို ဆောင်းတတ်၏။ 19 လူဆိုးတို့သည် သူတော်ကောင်းရှေ့၌လည်းကောင်း၊ မတရားသောသူတို့သည် ဖြောင့်မတ်သောသူ၏ အိမ်တံခါးဝ၌လည်းကောင်း ဦးချတတ်ကြ၏။ 20 ဆင်းရဲသောသူသည် မိမိအိမ်နီးချင်းမုန်းခြင်းကိုပင် ခံရမည်။ ငွေရတတ်သောသူ၌မူကား၊ များစွာသော အဆွေခင်ပွန်းရှိလိမ့်မည်။ 21 မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုသောသူသည် အပြစ်ရှိ၏။ ဆင်းရဲသောသူကို သနားသောသူမူကား၊ မင်္ဂလာရှိ၏။ 22 မကောင်းသောအကြံကို ကြံတတ်သောသူတို့သည် မှားယွင်းကြလိမ့်မည်။ ကျေးဇူးပြုမည်ဟု ကြံတတ်သောသူတို့မူကား၊ ကရုဏာအကျိုးနှင့် သစ္စာအကျိုးကိုခံရကြလိမ့်မည်။ 23 ကြိုးစား၍ လုပ်လေရာရာ၌ ကျေးဇူးရှိ၏။ စကားများခြင်းအကျိုးမူကား၊ ဆင်းရဲခြင်းသက်သက်တည်း။ 24 ပညာရှိသောသူတို့၏ စည်းစိမ်ဥစ္စာသည် သူတို့ ဦးရစ်သရဖူဖြစ်၏။ မိုက်သောသူတို့၏မိုက်ခြင်းမူကား၊ အမိုက်သက်သက်ဖြစ်၏။ 25 မှန်သောသက်သေသည် သူ့အသက်ကို ကယ်တင်တတ်၏။ မမှန်သောသက်သေမူကား၊ မုသားကို သုံးတတ်၏။ 26 ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် အားကြီးသော ကိုးစားရာအခွင့်ကို ဖြစ်စေတတ်၏။ သားတော်တို့သည်လည်း၊ ခိုလှုံရာအရပ်ကို ရကြလိမ့်မည်။ 27 ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသေခံရာကျော့ကွင်းတို့မှ လွှဲရှောင်ရာ အသက်စမ်းရေတွင်းဖြစ်၏။ 28 ပြည်သားများပြားရာ၌ ရှင်ဘုရင်၏ဘုန်းတော်တည်၏။ ပြည်သားနည်းပါးရာ၌ကား၊ မင်းအကျိုးနည်းခြင်းရှိ၏။ 29 စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တိုသောသူမူကား၊ အထူးသဖြင့် မိုက်ပေ၏။ 30 ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေသောအကြောင်း၊ ငြူစူသောသဘောမူကား၊ အရိုးဆွေးမြေ့ခြင်းအကြောင်း ဖြစ်၏။ 31 ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန်ဆင်းတော်မူသောဘုရားကို ကဲ့ရဲ့၏။ ဘုရားကိုရိုသေသောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတတ်၏။ 32 မတရားသောသူသည် မတရားသဖြင့် ပြုစဉ်အခါ၊ လှဲခြင်းကိုခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မျှော်လင့်စရာရှိ၏။ 33 ဉာဏ်ရှိသောသူ၏နှလုံး၌ ပညာကျိန်းဝပ်တတ်၏။ မိုက်သောသူတို့၏အထဲ၌ ရှိသောအရာမူကား၊ ထင်ရှားတတ်၏။ 34 ဖြောင့်မတ်ခြင်းတရားသည် ပြည်သားတို့ကို ချီးမြှောက်တတ်၏။ ဒုစရိုက်အပြစ်မူကား၊ ပြည်သားများတို့ကို ရှုတ်ချတတ်၏။ 35 ပညာရှိသောကျွန်အား ရှင်ဘုရင်သည် ကျေးဇူးပြုတတ်၏။ အရှက်ခွဲတတ်သောကျွန်မူကား၊ အမျက်တော်ကို ခံရမည်။
1 A mulher Pv 9.1;24.3sábia edifica a sua casa,
mas a insensata a derruba com as suas mãos.
2 Quem Pv 19.1;28.6anda na retidão teme a Jeová,
mas aquele que é Pv 2.15perverso nos seus caminhos o despreza.
3 Na Pv 10.14boca do insensato, está o rebento da soberba,
mas os Pv 12.6lábios dos sábios os conservarão.
4 Onde não há bois, vazia está a manjedoura;
mas, pela força do boi, há abundância de novidades.
5 Ap 1.5;3.14A testemunha fiel não mentirá,
mas Pv 6.19;12.17;Êx 23.1;Dt 19.16a testemunha falsa Pv 19.5profere mentiras.
6 Pv 24.7O escarnecedor busca a sabedoria e não a acha;
mas para o inteligente o Pv 8.9;10.23;17.24conhecimento é fácil.
7 Afasta-te da Pv 23.9presença do homem insensato;
não é nos seus lábios que acharás a ciência.
8 Pv 15.21A sabedoria do prudente é entender o seu caminho,
mas a Pv 14.24estultícia dos loucos é engano.
9 A culpa Is 1.11;Os 4.19zomba dos insensatos,
mas Pv 3.34;11.20os retos têm o favor de Deus.
10 O coração conhece 1Sm 1.10;Jó 21.25a sua própria amargura,
e o estranho não participa da sua alegria.
11 Pv 3.33;12.7;15.25A casa dos perversos será destruída,
mas a tenda dos retos florescerá.
12 Pv 12.15;16.25Há um caminho que ao homem parece direito,
mas, no Rm 6.21fim, guia para a morte.
13 Até no riso o coração pode ter a dor,
e a Ec 2.1-2alegria pode acabar em tristeza.
14 Quem erra de coração Pv 1.31;12.21se encherá dos seus caminhos,
mas a Pv 12.14;18.20plenitude do homem de bem vem de si mesmo.
15 O simples Pv 17.4dá crédito a tudo o que se lhe diz,
mas o Pv 27.12prudente considera os seus passos.
16 O sábio teme e Pv 3.7;22.3;Jó 28.28;Sl 34.14desvia-se do mal,
mas o tolo é arrogante e dá-se por seguro.
17 Quem Pv 14.29se encoleriza facilmente fará loucuras,
e o homem de desígnios perversos é odiado.
18 Os simples herdarão a estultícia,
mas os Pv 18.15prudentes serão coroados de conhecimento.
19 Pv 11.29;1Sm 2.36Os maus prostram-se perante os bons,
e os perversos, junto às portas dos justos.
20 Pv 19.7O pobre é odiado até pelo seu vizinho,
mas o Pv 19.4rico tem muitos amigos.
21 Quem Pv 11.12despreza ao seu vizinho peca,
mas Pv 19.17;28.8;Sl 41.1aquele que se compadece dos pobres, esse é feliz.
22 Porventura, não erram os que Pv 3.29;12.2;Sl 36.4;Mq 2.1maquinam o mal?
Mas haverá Pv 3.3benignidade e verdade para os que planejam o bem.
23 Há proveito Pv 13.11em todo trabalho;
meras palavras, porém, só levam à penúria.
24 Pv 10.22;13.8;21.20A riqueza dos sábios é uma coroa para eles,
mas Pv 14.8a estultícia dos loucos não passa de estultícia.
25 A testemunha verdadeira livra almas,
mas quem Pv 14.5profere mentiras causa engano.
26 Pv 18.10;19.23;Is 33.6Quem teme a Jeová tem seguro apoio,
e os seus filhos terão um lugar de refúgio.
27 O temor de Jeová é Pv 10.11;13.14fonte de vida,
para desviar dos laços da morte.
28 Na 1Rs 4.20multidão do povo, está a glória do rei,
mas, na falta do povo, está a destruição do príncipe.
29 Quem é Pv 16.32;19.11;Ec 7.9;Tg 1.19tardio em irar-se é grande em entendimento,
mas o que tem Pv 29.20espírito impaciente exalta a estultícia.
30 Pv 15.13O ânimo tranquilo é a vida da carne,
mas a inveja é a Pv 12.4;Hc 3.16podridão dos ossos.
31 Quem Pv 17.5oprime ao pobre ultraja ao seu Criador,
mas honra-o aquele Pv 14.21que se compadece do necessitado.
32 O perverso Pv 6.15;24.16é derrubado pela sua malícia,
mas o Gn 49.18;Sl 16.11;17.15;37.37;73.24;2Co 1.9;5.8;2Tm 4.18justo, ainda morrendo, tem esperança.
33 A sabedoria Pv 2.10repousa no coração do inteligente,
mas o que está Pv 12.16;18.2;29.11no interior dos loucos vem a lume.
34 A justiça Pv 11.11exalta as nações,
mas o pecado é o opróbrio dos povos.
35 Pv 16.13O favor do rei é concedido ao servo que procede sabiamente,
mas a sua ira manifesta-se contra aquele que causa vergonha.