1 ယုဒရှင်ဘုရင် ဟေဇကိလူတို့ကူးရေးသော ရှောလမုန်မင်း၏သုတ္တံစကားဟူမူကား၊ 2 အမှုအရေးကိုဝှက်ထားခြင်းသည် ဘုရားသခင်၏ဘုန်းတော်နှင့် သင့်၏။ ရှင်ဘုရင်မူကား၊ အမှုအရေးကို စစ်ကြောခြင်းအားဖြင့် ဂုဏ်အသရေတည်၏။ 3 မိုးကောင်းကင်သည် မြင့်၏။ မြေကြီးသည် နက်၏။ ရှင်ဘုရင်နှလုံးကိုလည်း စစ်၍မသိနိုင်။ 4 ငွေထဲက ချော်ကိုထုတ်ပယ်လျှင်၊ ပန်းထိမ်သမားနှင့် တော်သင့်သောဖလားကို ရလိမ့်မည်။ 5 မတရားသော သူတို့ကို ရှင်ဘုရင်ထံတော်မှ ပယ်ရှားလျှင်၊ အာဏာတော်သည် တရားအားဖြင့် တည်လိမ့်မည်။ 6 ရှင်ဘုရင်ထံတော်၌ ကိုယ်ကို မချီးမြှောက်နှင့်။ လူကြီးနေရာ၌ မနေနှင့်။လု၊ ၁၄း၈-၁၀။7 အကြောင်းမူကား၊ ဖူးမြင်ရသောမင်းရှေ့မှာ နှိမ့်ချခြင်းကိုခံရသည်ထက်၊ ဤအရပ်သို့တက်ပါဟူသော စကားကို သာ၍ကြားကောင်း၏။ 8 အလျင်အမြန် ရန်မတွေ့နှင့်။ အိမ်နီးချင်းသည် သင့်ကိုအရှက်ခွဲပြီးမှ၊ သင်သည် အဘယ်သို့ ပြုမည်နည်း။ 9 သင်သည် အိမ်နီးချင်းနှင့် ကိုယ်အမှုကို ဆွေးနွေးလော့။ ဝှက်ထားအပ်သောအမှုအရာကို သူတစ်ပါးအား ထုတ်၍မပြနှင့်။ 10 သို့မဟုတ်၊ သူသည် သင့်ကိုအရှက်ခွဲသဖြင့်၊ သင်၏ဂုဏ်အသရေသည် အစဉ်ဆုံးလိမ့်မည်။ 11 လျောက်ပတ်သောစကားသည် ငွေအပြောက်မှာ စီချယ်သော ရွှေရှောက်ချိုသီးနှင့် တူ၏။ 12 နားထောင်တတ်သောသူကို လျောက်ပတ်စွာ ဆုံးမတတ်သောသူသည် ရွှေနားတောင်းကဲ့သို့လည်းကောင်း၊ ရွှေစင်တန်ဆာကဲ့သို့လည်းကောင်းဖြစ်၏။ 13 စပါးရိတ်ရာကာလ၌ မိုးပွင့်ကြောင့်ချမ်းသကဲ့သို့၊ သစ္စာစောင့်သောတမန်သည် စေလွှတ်သောသူ၌ဖြစ်၍၊ သခင်စိတ်ကို ချမ်းဧစေတတ်၏။ 14 ပေးမည်ဟု ဝါကြွား၍မပေးဘဲနေသောသူသည် မိုးရေမပါသော တိမ်နှင့် လေကဲ့သို့ဖြစ်၏။ 15 ကြာမြင့်စွာသည်းခံလျှင် မင်းကိုဖျောင်းဖျနိုင်၏။ ချိုသောစကားသည်လည်း အရိုးကျိုးအောင်တတ်နိုင်၏။
16 ပျားရည်ကို တွေ့သလော။ ဝရုံသာစားတော့။ အစားကြူးလျှင် ရင်ပြည့်၍ အန်ရလိမ့်မည်။ 17 သင်၏ အိမ်နီးချင်းအိမ်၌ ကြာမြင့်စွာမနေနှင့်။ နေလျှင် သူသည် သင့်ကိုငြီးငွေ့၍ မုန်းလိမ့်မည်။ 18 အိမ်နီးချင်းတစ်ဖက်၌ မမှန်သောသက်သေကို ခံသောသူသည် တုတ်၊ ဓား၊ သံချွန်နှင့်တူ၏။ 19 အမှုရောက်သောကာလ၌ သစ္စာပျက်တတ်သောသူကိုယုံလျှင် သွားကျိုးခြင်း၊ ခြေဆစ်ပြုတ်ခြင်းကို ခံရ၏။ 20 စိတ်ညှိုးငယ်သောသူအား သီချင်းဆိုသောသူသည် ဆောင်းကာလ၌ အဝတ်ကိုချွတ်သောသူ၊ ယမ်းစိမ်းပေါ်မှာ ပုံးရည်ကို လောင်းသောသူနှင့် တူ၏။ 21 သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဖို့ပေးလော့။ရော၊ ၁၂:၂၀။22 ထိုသို့ပြုလျှင် သူ၏ခေါင်းပေါ်၌ မီးခဲကိုပုံထား၍၊ ထာဝရဘုရားသည်လည်း၊ သင်၌ ဆုချတော်မူမည်။ 23 မြောက်လေသည် မိုးရေကိုဆောင်တတ်သကဲ့သို့၊ ကုန်းတိုက်သောလျှာသည် ဒေါသမျက်နှာကို ဆောင်တတ်၏။ 24 ရန်တွေ့တတ်သောမိန်းမနှင့် လူများသောအိမ်၌နေသည်ထက်၊ အိမ်မိုးပေါ်ထောင့်ထဲမှာနေသော် သာ၍ကောင်း၏။ 25 ဝေးသောပြည်မှရောက်လာသော ဝမ်းမြောက်စရာသတင်းစကားသည် ရေငတ်သောသူ၌ ချမ်းဧသောရေကဲ့သို့ ဖြစ်၏။ 26 ဖြောင့်မတ်သောသူသည် မတရားသောသူရှေ့တွင် မှားယွင်းလျှင်၊ နောက်သောရေကန်၊ ပုပ်သောစမ်းရေတွင်းနှင့် တူ၏။ 27 ပျားရည်ကိုစားကြူးလျှင် မကောင်းသကဲ့သို့၊ ကိုယ်ဂုဏ်သရေကိုရှာလျှင် ဂုဏ်အသရေမရှိ။ 28 ကိုယ်စိတ်ကို မချုပ်တည်းနိုင်သောသူသည် မြို့ရိုးပြိုပျက်၍ ဟင်းလင်းရှိသောမြို့နှင့် တူ၏။
1 Estes também são Pv 1.1provérbios de Salomão, os quais transcreveram os homens de Ezequias, rei de Judá.
2 É a glória de Deus Dt 29.29;Rm 11.33encobrir as coisas,
mas a glória dos Ed 6.1reis, esquadrinhá-las.
3 O céu na sua altura, a terra na sua profundidade
e o coração dos reis são inescrutáveis.
4 Tirai da prata a Pv 26.23;Ez 22.18escória,
e dela o Ml 3.2-3ourives tirará um vaso.
5 Tirai de diante do rei Pv 20.8o perverso,
e o seu Pv 16.12trono será estabelecido na justiça.
6 Não te engrandeças na presença do rei,
nem te ponhas no lugar dos grandes,
7 porque Lc 14.7-11melhor é que te digam: Sobe para cá
do que seres humilhado perante o príncipe,
a quem os teus olhos veem.
8 Não saias Pv 17.14;Mt 5.25depressa a contender,
para que, no fim, não saibas que fazer,
quando o teu próximo te houver envergonhado.
9 Mt 18.15Discute a tua causa a sós com o teu próximo
Pv 11.13e não reveles o segredo de outro,
10 Para que aquele que te ouvir não te vitupere,
e não se te apegue a tua infâmia.
11 Pv 15.23A palavra proferida a seu tempo
é como maçãs de ouro em cestos de prata.
12 Como Êx 32.2;35.22;Ez 16.12pendentes de ouro e 2Sm 1.24joias de Jó 28.17ouro puro,
assim é o sábio repreensor para o Pv 15.31;20.12ouvido obediente.
13 Como o Pv 25.25frescor da neve no tempo da ceifa,
assim é o Pv 13.17mensageiro fiel para os que o enviam,
porque ele refrigera a alma dos seus amos.
14 Como Jd 12nuvens e Jr 5.13;Mq 2.11ventos sem chuva,
assim é o que Pv 20.6se gaba de dádivas que não fez.
15 Pela Pv 16.14;Gn 32.4;1Sm 25.24;Ec 10.4longanimidade se abranda o príncipe,
e a Pv 15.1língua suave quebranta ossos.
16 Jz 14.8;1Sm 14.25Achaste mel? Come Pv 25.27só o que te basta,
para que não te fartes dele e não o vomites.
17 Entra raras vezes na casa do teu próximo,
para que se não enfade de ti e te aborreça.
18 O homem que diz Pv 24.28;Êx 20.16falso testemunho contra o seu próximo
é um malho, Pv 12.18;Sl 57.4uma espada e uma Jr 9.8flecha aguda.
19 Confiança num Jó 6.15homem desleal no tempo da angústia
é como dente quebrado e pé desconjuntado.
20 Como aquele que despe o vestido num dia de frio e como vinagre sobre salitre,
assim é aquele que canta canções ao coração triste.
21 Êx 23.4-5;2Rs 6.22;2Cr 28.15;Mt 5.44;Rm 12.20Se o teu inimigo tiver fome, dá-lhe de comer;
e, se tiver sede, dá-lhe de beber.
22 Porque lhe amontoarás brasas vivas sobre a cabeça,
Mt 6.4,6e Jeová te recompensará.
23 O vento do norte traz chuva,
Sl 101.5e a língua caluniadora, o rosto irado.
24 Pv 21.9Melhor é morar no canto do eirado
do que com uma mulher de contendas numa casa espaçosa.
25 Pv 25.13Como água fria a quem tem sede,
tais são as Pv 15.30boas notícias vindas dum país remoto.
26 Como a Ez 32.2;34.18-19fonte turvada e o manancial corrompido,
assim é o justo que se abate perante o perverso.
27 Comer muito mel Pv 25.16não é bom.
Assim, Pv 27.2esquadrinhar a própria glória não é glória.
28 Aquele que não pode conter Pv 16.32o seu espírito
é como uma 2Cr 32.5;Ne 1.3cidade derrubada, que não tem muros.