1 ဉာဏ်ပညာသည်ခေါ်၍ မိမိအသံကို လွှင့်သည် မဟုတ်လော။ 2 မြင့်သောအရပ်ထိပ်၌လည်းကောင်း၊ လမ်းခရီးအနား၌လည်းကောင်း ရပ်နေ၏။ 3 ကြီးသောတံခါးဝ၊ မြို့တံခါး၊ အိမ်တံခါးဝမှာကြွေးကြော်၍၊သု၊ ၁:၂၀-၂၁။4 အချင်းလူတို့၊ သင်တို့အား ငါခေါ်၏။ လူသားတို့အား အသံကိုငါလွှင့်၏။ 5 ဉာဏ်တိမ်သောသူတို့၊ ပညာတရားကို နားလည်ကြလော့။ လူမိုက်တို့၊ ထိုးထွင်းသောဉာဏ်ရှိကြလော့။ 6 နားထောင်ကြ။ မြတ်သောစကားကို ငါပြောမည်။ မှန်သောတရားစကားကို ငါနှုတ်မြွက်မည်။ 7 ငါ့နှုတ်ထွက်စကားသည် သမ္မာတရားနှင့်သာဆိုင်၍၊ ငါ့နှုတ်ခမ်းတို့သည် ဒုစရိုက်ကိုစက်ဆုပ်ရွံရှာ၏။ 8 ငါဟောပြောသမျှသော စကားတို့သည်ဖြောင့်မတ်၍၊ ကောက်သောသဘော၊ ဖောက်ပြန်သောသဘောနှင့် ကင်းစင်ကြ၏။ 9 နားလည်သောသူ၌ အလုံးစုံရှင်းလင်း၍၊ ပညာကိုရသော သူတို့အားဟုတ်မှန်ကြ၏။ 10 ငွေအရင်၊ ငါ့နည်းကိုလည်းကောင်း၊ မြတ်သောရွှေအရင်၊ ပညာအတတ်ကိုလည်းကောင်း ခံယူကြလော့။ 11 အကြောင်းမူကား၊ ပညာသည် ပတ္တမြားထက်သာ၍မြတ်၏။ နှစ်သက်ဖွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။
12 ငါ့ဉာဏ်ပညာသည် သမ္မာသတိနှင့်ပေါင်း၍၊ လိမ္မာသော သိပ္ပံအတတ်များကိုဖော်တတ်၏။ 13 ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကို မုန်းသောသဘောတည်း။ မာနထောင်လွှားခြင်း၊ စော်ကားခြင်း၊ မကောင်းသောလမ်းသို့လိုက်ခြင်း၊ ကောက်သောစကားဖြင့် ပြောဆိုခြင်းတို့ကို ငါမုန်း၏။ 14 အကြံပေးနိုင်သောအခွင့်နှင့် ပညာရတနာသည် ငါ၌ရှိ၏။ ငါသည် ဉာဏ်ဖြစ်၍ အစွမ်းသတ္တိနှင့် ပြည့်စုံ၏။ 15 ငါ့အားဖြင့် ရှင်ဘုရင်တို့သည် စိုးစံရသောအခွင့်၊ မင်းအရာရှိတို့သည် ဆုံးဖြတ်ရသောအခွင့် ရှိကြ၏။ 16 ငါ့အားဖြင့် မင်းသား၊ မှူးမတ်၊ တရားသူကြီးအပေါင်းတို့သည် အစိုးရသောအခွင့်ရှိကြ၏။ 17 ငါ့ကိုချစ်သော သူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား၍ ရှာသောသူတို့သည် တွေ့တတ်ကြ၏။ 18 ငါ၌စည်းစိမ်နှင့် ဂုဏ်အသရေရှိ၏။ မြဲသောစည်းစိမ်နှင့် ဖြောင့်မတ်ခြင်းပါရမီရှိ၏။ 19 ငါပေးသောအကျိုးသည် ရွှေထက်မက၊ ရွှေစင်ထက်သာ၍မြတ်၏။ ငါကြောင့်ရသော အခွန်ဘဏ္ဍာ သည် ငွေတော်ထက်သာ၍မြတ်၏။ 20 ငါသည် ဖြောင့်မတ်ခြင်းလမ်း၊ တရားသဖြင့် စီရင်ခြင်းလမ်းအလယ်၌ လျှောက်သွားသည်ဖြစ်၍၊ 21 ငါ့ကိုချစ်သောသူတို့သည် အမွေခံရသော အခွင့်နှင့်၊ သူတို့ဘဏ္ဍာတိုက် ပြည့်ဝစေသော အခွင့်ကို ငါပေးတတ်၏။
22 ထာဝရဘုရားသည် ရှေးအမှုတော်ကိုမပြုမီ ထွက်ကြွတော်မူစကပင် ငါ့ကိုပိုင်တော်မူ၏။ဗျာ၊ ၃:၁၄။23 မြေကြီးမဖြစ်မီ၊ ရှေ့ဦးစွာသောကာလ၊ အနန္တကာလမှစ၍ ငါသည် ဘိသိက်ခံပြီ။ 24 နက်နဲသောပင်လယ်မဖြစ်၊ ရေနှင့်ကြွယ်ဝသော စမ်းရေတွင်းမဖြစ်မီ ငါ့ကိုဖြစ်ဖွားစေတော်မူ၏။ 25 တောင်ကြီးမတည်၊ တောင်ငယ်မဖြစ်မီ၊ 26 မြေကြီးနှင့် လယ်တောများကိုမဖန်ဆင်း၊ အဦးဆုံးသော မြေမှုန့်ကိုမျှ မဖန်ဆင်းမီ၊ ငါ့ကိုဖြစ်ဖွားစေတော်မူ၏။ 27 မိုးကောင်းကင်ကို ပြင်တော်မူသောအခါ ငါရှိ၏။ သမုဒ္ဒရာမျက်နှာပြင်ကို သတ်မှတ်သောအမှု၊ 28 အထက်မိုးတိမ်ကို တည်စေသောအမှု၊ နက်နဲသောအရပ်၌ စမ်းရေပေါက်တို့ကို ခိုင်ခံ့စေသောအမှု၊ 29 သမုဒ္ဒရာ၌ ကန့်ကွက်သော အပိုင်းအခြားကို ရေမလွှမ်းရမည်အကြောင်း စီရင်သောအမှု၊ မြေကြီးတိုက်မြစ်တည်သော အမှုတို့ကိုပြီးစီးစေတော်မူသောအခါ၊ 30 ငါသည် ကျွေးမွေးတော်မူသောသားကဲ့သို့၊ အထံတော်ပါးတွင်နေ၍၊ အစဉ်မပြတ်မွေ့လျော်တော်မူရာဖြစ်၏။ ရှေ့တော်၌ အစဉ်မပြတ်ကစားလျက်၊ 31 ဖန်ဆင်းတော်မူသော မြေကြီးတစ်ပြင်လုံးတွင် ရွှင်လန်းလျက်၊ လူသားတို့နှင့်ပေါင်းဖော်၍ ပျော်ပါးလျက်နေ၏။
32 သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကို နားထောင်ကြလော့။ ငါ၏လမ်းများကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။ 33 ငါဆုံးမခြင်းကို မပယ်ကြနှင့်။ နားထောင်၍ ပညာရှိကြလော့။ 34 ငါ့စကားကိုကြား၍ ငါ့တံခါးနားမှာ နေ့တိုင်းစောင့်လျက်၊ တံခါးတိုင်နားမှမျှော်လင့်လျက်နေသော သူသည် မင်္ဂလာရှိ၏။ 35 ငါ့ကိုရှာ၍တွေ့သောသူသည် အသက်ကိုတွေ့၏။ ထာဝရဘုရား၏ကျေးဇူးတော်ကိုလည်းခံရ၏။ 36 ငါ့ကိုပြစ်မှားသောသူမူကား၊ မိမိအသက်ဝိညာဉ်ကို ပြစ်မှား၏။ ငါ့ကိုမုန်းသောသူအပေါင်းတို့သည် သေခြင်းကို ချစ်ကြ၏။
1 Não clama, porventura, Pv 8.1-3;1.20-21a Sabedoria,
e não eleva o Entendimento a sua voz?
2 No cume Pv 9.3,14das alturas, junto ao caminho,
nas encruzilhadas, ela se coloca;
3 junto às Jó 29.7portas, à entrada da cidade,
à entrada das portas ela grita:
4 A vós, ó homens, clamo.
E a minha voz dirige-se aos filhos dos homens.
5 Entendei, Pv 1.4ó estúpidos, a prudência;
entendei, Pv 1.22,32;3.35, etc.ó loucos, a sabedoria.
6 Ouvi, pois falarei Pv 22.20coisas excelentes;
e proferirão os meus lábios Pv 23.16coisas retas.
7 Sl 37.30A minha boca pronunciará a verdade,
e os meus lábios abominam a perversidade.
8 Justas são todas as palavras da minha boca;
nelas, não há coisa Pv 2.15;Dt 32.5;Fp 2.15torta ou perversa.
9 Todas elas são Pv 14.6claras para os que entendem
e retas para os que Pv 3.13acham o conhecimento.
10 Recebei a Pv 8.19;3.14-15minha instrução e não a prata;
e o conhecimento, antes do que o ouro escolhido.
11 Pois a sabedoria é Jó 28.18melhor do que os corais;
e Pv 3.15tudo o que se pode desejar não é para ser comparado com ela.
12 Eu, a Sabedoria, tenho a Pv 8.5prudência por morada
e possuo o Pv 1.4conhecimento e a discrição.
13 Pv 3.7;16.6O temor de Jeová é odiar o mal.
Pv 16.18;1Sm 2.3;Is 13.11A soberba, e a arrogância, e Pv 15.9o mau caminho,
Pv 6.12e a boca perversa, eu os odeio.
14 Pv 1.25;19.20;Is 28.29;Jr 32.19Meu é o conselho e Pv 2.7;3.21;18.1a verdadeira sabedoria;
eu sou o Entendimento, Ec 7.19;9.16minha é a fortaleza.
15 Por meio de mim, Pv 29.4;2Cr 1.10reinam os reis,
e os governadores decretam o que é justo.
16 Por meio de mim, governam os príncipes,
e os nobres, todos os juízes da terra.
17 Eu Pv 4.6;1Sm 2.30;Jo 14.21amo os que me amam;
Pv 2.4-5;Tg 1.5e os que me procuram diligentemente me acharão.
18 Pv 3.16Riquezas e honra estão comigo,
Sl 112.3;Mt 6.33bens duráveis e justiça.
19 Pv 3.14Melhor é o meu fruto do que o ouro, do que o ouro fino;
e a minha renda, do que a Pv 10.20prata escolhida.
20 Ando pelo caminho da justiça,
no meio das veredas do juízo,
21 para dotar de bens os que me amam
e Pv 24.4encher os seus tesouros.
22 Jeová me possuiu Pv 3.19;Jó 28.26-28;Sl 104.24no princípio dos seus caminhos,
antes das suas obras da antiguidade.
23 Desde a antiguidade, fui constituída, desde o princípio,
Jo 17.5antes de existir a terra.
24 Quando ainda não havia Pv 3.20;Gn 1.2;Êx 15.5;Jó 38.16abismos, fui dada à luz;
quando ainda não havia fontes cheias de água.
25 Sl 90.2Antes de serem firmados os montes,
antes de haver outeiros, fui dada à luz.
26 Quando ele ainda não tinha feito a terra, nem os campos,
nem o princípio do pó do mundo.
27 Pv 3.19Quando ele preparava os céus, lá estava eu;
Jó 26.10quando traçava um círculo sobre a face do abismo,
28 quando estabelecia o firmamento lá em cima,
quando as fontes do abismo eram firmadas.
29 Jó 38.10;Sl 104.9quando fixava ao mar o seu termo,
para que as águas não transgredissem o seu mando.
Quando lançava os Jó 38.6;Sl 104.5alicerces da terra,
30 então, Jo 1.2-3estava eu ao seu lado como arquiteto
e enchia-me de gozo dia após dia,
regozijando-me sempre diante dele;
31 regozijando-me na sua terra habitável
e achando as minhas delícias com os filhos dos homens.
32 Agora, pois, filhos, Pv 5.7;7.24ouvi-me;
pois Pv 29.18;Sl 119.1-2;128.1;Lc 11.28felizes são os que observam os meus caminhos.
33 Pv 4.1Ouvi a instrução, e sede sábios,
e não a rejeiteis.
34 Pv 3.13,18Feliz é o homem que me ouve,
velando todos os dias às minhas entradas,
esperando junto às ombreiras das minhas portas;
35 pois Pv 4.22;Jo 17.3quem me achar achará a vida
e Pv 3.4;12.2alcançará o favor de Jeová.
36 Aquele, porém, que pecar contra mim Pv 1.31-32;15.32faz o mal à sua própria alma.
Todos os que me Pv 5.12;12.1odeiam Pv 21.6amam a morte.