1 ရှောလုသည်လည်း ဖိလိတ္တိလူတို့ကို လိုက်ရာမှ ပြန်လာသောအခါ၊ ဒါဝိဒ်သည် အင်္ဂေဒိတော၌ ရှိပါ၏ဟု ကြားလျှောက်ကြလျှင်၊ 2 ဣသရေလအမျိုးသားအပေါင်းတို့တွင် ရွေးကောက်သော လူသုံးထောင်တို့ကိုခေါ်၍၊ တောဆိတ်နေရာ ကျောက်တောင်တို့အပေါ်မှာ ဒါဝိဒ်နှင့်သူ၏လူတို့ကို ရှာအံ့သောငှာ သွားလေ၏။ 3 လမ်းနားမှာ သိုးခြံရှိရာသို့ရောက်၍ ဥမင်ကိုတွေ့သဖြင့်၊ ရှောလုသည် အိပ်မည်ဟု ဝင်လေ၏။ ဒါဝိဒ်နှင့်သူ၏လူတို့သည် ထိုဥမင်နံဘေး တစ်ဖက်တစ်ချက်၌ နေကြ၏။ဆာ၊ ၅၇ ခေါင်းစဉ်။ ဆာ၊ ၁၄၂ ခေါင်းစဉ်။4 ဒါဝိဒ်၏လူတို့ကလည်း၊ ထာဝရဘုရားက၊ သင်၏ရန်သူကို သင့်လက်၌ငါအပ်မည်။ သူ၌ သင်ပြုချင်တိုင်း ပြုရသောအခွင့် ရှိလိမ့်မည်ဟု ကိုယ်တော်အား အမိန့်ပေးတော်မူသောနေ့ရက် ရောက်ပါပြီဟု ဆိုကြလျှင်၊ ဒါဝိဒ်သည်ထ၍ ရှောလုဝတ်လျက်ရှိသော အင်္ကျီအောက်ပိုင်းကို တိတ်ဆိတ်စွာ လှီးဖြတ်လေ၏။ 5 ထိုသို့ ရှောလု၏အင်္ကျီကို လှီးဖြတ်မိသောကြောင့်၊ ဒါဝိဒ်သည် နောက်တစ်ဖန် နောင်တရ၍၊ 6 ထာဝရဘုရားပေးတော်မူသော ဘိသိက်ကိုခံရသော ငါ့အရှင်သည်၊ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသူဖြစ်သောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှာ ငါလက်ဆန့်သောအမှုကို ထာဝရဘုရား ဆီးတားတော်မူပါစေသောဟု မိမိလူတို့အားဆိုသဖြင့်၊၁ရာ၊၂၆:၁၁။7 ရှောလုကိုထိခိုက်စေခြင်းငှာ အခွင့်မပေး မြစ်တားလေ၏။ ရှောလုသည်လည်း ထ၍ ဥမင်ထဲက ထွက်သွားလေ၏။ 8 ထိုနောက် ဒါဝိဒ်သည်ထ၍ ဥမင်ထဲကထွက်လျက်၊ ကျွန်တော်၏သခင်အရှင်မင်းကြီးဟု ရှောလုနောက်၌ ဟစ်သဖြင့်၊ ရှောလုသည် နောက်သို့ကြည့်သောအခါ၊ ဒါဝိဒ်သည် မြေပေါ်၌ ဦးချ၍ ပျပ်ဝပ်လျက်၊ 9 ဒါဝိဒ်သည် ကိုယ်တော်၏အကျိုးကို ဖျက်ခြင်းငှာ ရှာကြံသည်ဟု လူအချို့ပြောသောစကားကို အဘယ်ကြောင့် နားထောင်တော်မူသနည်း။ 10 ယနေ့ ထာဝရဘုရားသည် ဥမင်ထဲမှာ ကိုယ်တော်ကို ကျွန်တော်လက်၌ အပ်တော်မူကြောင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကိုသတ်စေခြင်းငှာ အချို့တို့သည် တိုက်တွန်းသော်လည်း၊ ကျွန်တော်သည် နှမြောသောစိတ်ရှိ၍၊ ငါ့အရှင်သည် ထာဝရဘုရား၏ဘိသိက်ခံသူ ဖြစ်တော်မူသောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှာ ငါသည် လက်ကိုမဆန့်ဟု အကြံရှိပါ၏။ 11 ထိုမှတစ်ပါး ကျွန်တော်အဘ ကြည့်ရှုတော်မူပါ။ ကျွန်တော်လက်၌ အင်္ကျီတော်အောက်ပိုင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကို မသတ်၊ အင်္ကျီတော်အောက်ပိုင်းကို လှီးဖြတ်ရုံမျှသာ ပြုသောကြောင့်၊ ကျွန်တော်၌ ဒုစရိုက်အပြစ်မရှိ၊ လွန်ကျူးခြင်းအပြစ် မရှိကြောင်းကို သိမြင်တော်မူပါ။ ကိုယ်တော်ကို မပြစ်မှားပါ။ သို့သော်လည်း ကျွန်တော်အသက်ကို သတ်အံ့သောငှာ လိုက်၍ ရှာတော်မူပါသည်တကား။ 12 ထာဝရဘုရားသည် ကျွန်တော်နှင့် ကိုယ်တော်စပ်ကြားမှာ စီရင်တော်မူပါစေသော။ ကျွန်တော်အား ပြစ်မှားသောအပြစ်ကို ထာဝရဘုရားဆပ်ပေးတော်မူပါစေသော။ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့်။ 13 ရှေးပုံစကားလာသည်အတိုင်း၊ ဆိုးသောသူလက်မှ ဆိုးသောအမှုထွက်တတ်၏။ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့်။ 14 ဣသရေလရှင်ဘုရင်သည် အဘယ်သူ၏အတွက်ကြောင့် ကြွလာတော်မူသနည်း။ ကိုယ်တော်သည် အဘယ်သူကိုလိုက်၍ ရှာတော်မူသနည်း။ ခွေးသေကောင်ကို လိုက်၍ ရှာတော်မူသလော။ ခွေးလှေးကို လိုက်၍ရှာတော်မူသလော။၁ရာ၊၂၆:၂၀။15 သို့ဖြစ်၍ ထာဝရဘုရားသည် တရားသူကြီးလုပ်တော်မူပါစေသော။ ကျွန်တော်နှင့် ကိုယ်တော်စပ်ကြားမှာ စီရင်တော်မူပါစေသော။ ကြည့်ရှု၍ ကျွန်တော်အမှုကိုစောင့်သဖြင့်၊ ကျွန်တော်ကို ကိုယ်တော်လက်မှ ကယ်လွှတ်တော်မူပါစေသောဟု ရှောလုအား လျှောက်ဆို၏။ 16 ထိုသို့ဒါဝိဒ်သည် ရှောလုအား အကုန်အစင်လျှောက်ဆိုပြီးမှ၊ ရှောလုက ငါ့သားဒါဝိဒ်၊ ငါကြားသော စကားသံသည် သင့်စကားသံလောဟုမေးလျှင် အသံကိုလွှင့်၍ ငိုကြွေးလေ၏။ 17 တစ်ဖန်လည်း၊ သင်သည် ငါ့ထက်သာ၍ တရားစောင့်၏။ သင့်အကျိုးကို ငါဖျက်သော်လည်း၊ သင်သည် ငါ၌ အကျိုးကျေးဇူးပြုပြီ။ 18 ငါ၌ အဘယ်သို့ ကျေးဇူးပြုသည်ကို သင်သည်ယနေ့ပြပြီ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ငါ့ကို သင့်လက်၌ အပ်တော်မူသော်လည်း၊ သင်သည် မသတ်ဘဲနေပါသည်တကား။ 19 လူသည် ရန်သူကိုတွေ့လျှင် ချမ်းသာစွာ လွှတ်လိမ့်မည်လော။ သို့ဖြစ်၍ သင်သည် ငါ၌ယနေ့ပြုသောကျေးဇူးကို ထာဝရဘုရား ဆပ်တော်မူပါစေသော။ 20 ယခုမှာသင်သည် စင်စစ် ရှင်ဘုရင်ဖြစ်လိမ့်မည် ဟူ၍လည်းကောင်း၊ ဣသရေလနိုင်ငံသည် သင့်လက်၌တည်လိမ့်မည် ဟူ၍လည်းကောင်း၊ ငါအမှန်သိ၏။ 21 သို့ဖြစ်၍ သင်သည် ငါ၏သားစဉ်မြေးဆက်တို့ကို မသုတ်သင်၊ ငါ့အဆွေအမျိုးထဲက ငါ၏နာမကို မပယ်ရှင်းမည်အကြောင်း ထာဝရဘုရားကိုတိုင်တည်၍ ငါ့အားကျိန်ဆိုခြင်းကို ပြုလော့ဟု ဒါဝိဒ်အားဆိုပြီးမှ၊ 22 ဒါဝိဒ်သည် ရှောလုအား ကျိန်ဆိုခြင်းကိုပြု၍ ရှောလုသည် မိမိနေရာသို့ သွား၏။ ဒါဝိဒ်နှင့် သူ၏လူတို့သည်လည်း ခိုင်ခံ့သောအရပ်သို့ သွားကြ၏။
1 1Sm 23.28-29Tendo Saul voltado de perseguir os filisteus, 1Sm 23.19foi-lhe dito: Eis que Davi está no deserto de En-Gedi. 2 1Sm 26.2Tomando Saul três mil homens, escolhidos dentre todo o Israel, foi em busca de Davi e dos seus homens até sobre as penhas das cabras monteses. 3 Chegou, no caminho, a uns currais de ovelhas, onde havia uma cova; entrou nela Saul Jz 3.24a aliviar o ventre. Ora, Sl 57, título;142, títuloDavi e seus homens estavam sentados na parte mais interna da cova. 4 Disseram-lhe os homens de Davi: Este é 1Sm 23.17;25.28-30o dia do qual te disse Jeová: Eis que te entrego nas mãos o teu inimigo, e far-lhe-ás o que bem te parecer. Davi levantou-se e, de mansinho, cortou a orla do manto de Saul. 5 Depois, bateu 2Sm 24.10o coração de Davi, por ter cortado a orla do manto de Saul. 6 Disse aos seus homens: 1Sm 26.11Deus me guarde de que eu faça isso ao meu senhor, ao ungido de Jeová, a saber, que eu estenda a mão contra ele, visto que ele é o ungido de Jeová. 7 Com essas palavras, conteve Davi os seus homens e não lhes permitiu que se lançassem contra Saul. Saindo Saul da cova, prosseguiu o seu caminho.
8 Levantou-se também Davi depois dele e, tendo saído da cova, gritou a Saul, dizendo: Ó rei, meu senhor! Olhando Saul para trás, 1Sm 25.23-24;1Rs 1.31prostrou-se Davi com o rosto em terra e fez-lhe uma reverência. 9 Disse Davi a Saul: Por que dás ouvidos às palavras dos que dizem: Davi procura fazer-te mal? 10 Sl 7.3-4Eis que os teus próprios olhos viram hoje que Jeová te entregou nas minhas mãos quando estavas na cova, 1Sm 24.4e foi-me dito que eu te matasse, porém a minha mão te poupou, e eu disse: Não estenderei a minha mão contra o meu senhor, porque é o ungido de Jeová. 11 Vê, 2Rs 5.13meu pai, vê a orla do manto na minha mão. No fato de cortar eu a orla do manto sem te matar, reconhece que não há na minha mão nem mal nem transgressão e que não pequei contra ti, ainda que 1Sm 23.14,23;26.20tu andes à caça da minha vida para ma tirares. 12 1Sm 26.10,23;Gn 31.53;Jz 11.27Jeová seja o juiz entre mim e ti e Jeová me vingue de ti; a minha mão, porém, não será contra ti. 13 Como diz o provérbio dos antigos: Mt 7.16-20Dos ímpios procede a impiedade. A minha mão, porém, não será contra ti. 14 Após quem saiu o rei de Israel? A quem persegues tu? Persegues a um cão morto, a 1Sm 26.20uma pulga. 15 1Sm 24.12Seja Jeová juiz, e julgue entre mim e ti, e veja e Sl 35.1pleiteie a minha causa, e me livre das tuas mãos.
16 Tendo Davi acabado de falar a Saul estas palavras, perguntou Saul: 1Sm 26.17É esta a tua voz, meu filho Davi? Então, Saul levantou a voz e chorou. 17 1Sm 26.21Disse a Davi: Tu és mais justo do que eu, Mt 5.44pois tu me tens feito o bem, e eu te tenho feito o mal. 18 Tu me mostraste hoje que grande bem me fizeste, pois, 1Sm 26.23tendo-me Jeová entregado nas tuas mãos, não me tiraste a vida. 19 Por que quem há que, 1Sm 23.17encontrando a seu inimigo, o deixará sem lhe fazer mal? Jeová te pague com o bem o que hoje me fizeste. 20 Agora, 1Sm 23.17sei que sem falta hás de ser rei e que o 1Sm 13.14reino de Israel há de se firmar na tua mão. 21 1Sm 20.14-17;Gn 21.23;2Sm 21.6-8Agora, jura-me por Jeová que não exterminarás a minha semente depois de mim e que não extinguirás o meu nome da casa de meu pai. 22 Davi o jurou a Saul. Voltou Saul para sua casa, mas Davi e seus homens subiram 1Sm 23.29ao lugar seguro.