1 ဖိလိတ္တိလူတို့သည် ဘုရားသခင်၏သေတ္တာတော်ကိုယူ၍ ဧဗနေဇာမြို့မှ အာဇုတ်မြို့သို့ ဆောင်သွားကြ၏။ 2 ဘုရားသခင်၏သေတ္တာတော်ကို ဒါဂုန်ကျောင်းထဲသို့သွင်း၍ ဒါဂုန်အနားမှာ ထားကြ၏။ 3 အာဇုတ်မြို့သားတို့သည် နံနက်စောစောထကြသောအခါ၊ ဒါဂုန်သည် ထာဝရဘုရား၏ သေတ္တာတော်ရှေ့၌ မြေပေါ်မှာလဲ၍ ပျပ်ဝပ်လျက်ရှိသည်ကို တွေ့သဖြင့်၊ သူ့ကိုယူ၍ သူ၏နေရာ၌ တင်ထားပြန်ကြ၏။ 4 တစ်ဖန် နက်ဖြန်နံနက်စောစောထကြသောအခါ၊ ဒါဂုန်သည် ထာဝရဘုရား၏ သေတ္တာတော်ရှေ့၌ မြေပေါ်မှာလဲ၍ ပျပ်ဝပ်လျက်၊ ခေါင်းနှင့် လက်ဝါးနှစ်ဖက်ပြတ်၍ တံခါးခုံပေါ်မှာတင်လျက်၊ ဒါဂုန်၌ ကိုယ်တိတိရှိသည်ကို တွေ့ကြ၏။ 5 ထိုကြောင့် ဒါဂုန်၏ယဇ်ပုရောဟိတ်များ၊ ဒါဂုန်ကျောင်းသို့ ဝင်သောသူများတို့သည်၊ အာဇုတ်မြို့၌ရှိသော ဒါဂုန်ကျောင်းတံခါးခုံကို ယနေ့တိုင်အောင် ကျော်နင်းလေ့မရှိကြ။ 6 အာဇုတ်မြို့နှင့် မြို့နယ်၌နေသောသူတို့အပေါ်မှာ၊ ထာဝရဘုရားသည် လေးသောလက်တော်နှင့် ဖျက်တော်မူ၏။ မြင်းသရိုက်အနာနှင့်လည်း ဒဏ်ခတ်တော်မူ၏။ 7 အာဇုတ်မြို့သားတို့သည် ထိုအမှုကိုမြင်လျှင်၊ ဣသရေလအမျိုး၏ဘုရားသခင်သည် ငါတို့နှင့် ငါတို့ဘုရားဒါဂုန်အပေါ်မှာ လေးသောလက်တော်ကို တင်တော်မူသည်ဖြစ်၍၊ ထိုဘုရားသခင်၏သေတ္တာတော်ကို ငါတို့တွင်မရှိစေရဟုဆိုလျက်၊ 8 လူကိုစေလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်ကို အဘယ်သို့ပြုရပါမည်နည်းဟု မေးကြ၏။ မင်းများကလည်း၊ ဣသရေလအမျိုး၏ဘုရားသခင့်သေတ္တာတော်ကို ဂါသမြို့သို့ ဆောင်သွားစေဟု စီရင်သည်အတိုင်း ဆောင်သွားကြ၏။ 9 ထိုမြို့သို့ဆောင်သွားသောနောက်၊ ထာဝရဘုရား၏လက်တော်သည် ထိုမြို့၌ ကြီးစွာသောဖျက်ဆီးခြင်းကိုပြု၍၊ မြို့သူမြို့သား အကြီးအငယ်တို့ကို ဒဏ်ခတ်တော်မူသဖြင့်၊ ကိုယ်အတွင်း၌ မြင်းသရိုက်အနာကို ခံရကြ၏။ 10 တစ်ဖန် ဘုရားသခင်၏ သေတ္တာတော်ကို ဧကြုန်မြို့သို့ ပို့လိုက်သဖြင့်၊ ထိုမြို့သို့ရောက်သောအခါ၊ မြို့သူမြို့သားတို့က၊ ငါတို့နှင့် ငါတို့လူများကိုသတ်စေခြင်းငှာ၊ ဣသရေလအမျိုး၏ဘုရားသခင့်သေတ္တာတော်ကို ဆောင်ခဲ့ပါသည်တကားဟု ဟစ်ကြော်လျက်၊ 11 လူကိုစေလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်သည် ငါတို့နှင့်ငါတို့လူများကို မသတ်စေခြင်းငှာ လွှတ်လိုက်ကြကုန်အံ့၊ မိမိနေရင်းအရပ်သို့ သွားပါလေစေဟု ဆိုကြ၏။ အကြောင်းမူကား၊ ဘုရားသခင်သည် အလွန်လေးသော လက်တော်ကို တင်တော်မူသဖြင့်၊ တစ်မြို့လုံးသေစေတတ်သော အနာရောဂါ နှံ့ပြားလေ၏။ 12 သေဘေးနှင့်လွတ်သော်လည်း မြင်းသရိုက်နာဖြင့် ဒဏ်ခတ်ခြင်းကိုခံရ၍၊ ထိုမြို့အော်ဟစ်သောအသံသည် မိုးကောင်းကင်သို့ တက်လေ၏။
1 Os filisteus tomaram a arca de Deus e a 1Sm 4.1;7.12trouxeram de Ebenézer até Js 13.3Asdode. 2 Tomando-a, meteram-na no Jz 16.23-30;1Cr 10.8-10templo de Dagom e colocaram-na junto a Dagom. 3 Tendo-se levantado de madrugada no dia seguinte os de Asdode, eis que Is 19.1;46.1-2estava Dagom caído com o rosto em terra, diante da arca de Jeová. Tomaram a Dagom e Is 46.7tornaram a pô-lo no seu lugar. 4 Levantando-se de manhã, no dia seguinte, eis que estava Dagom caído com o rosto em terra, diante da arca de Jeová; e a cabeça de Dagom e ambas as palmas das suas mãos estavam cortadas sobre o limiar, somente havendo-lhe ficado o tronco. 5 Por isso, os sacerdotes de Dagom e todos os que entram no seu templo não pisam o limiar de Dagom em Asdode, até o dia de hoje.
6 Mas 1Sm 5.7,11;Êx 9.3a mão de Jeová pesou sobre os de Asdode, e os 1Sm 6.5assolou, e os feriu de Dt 28.27;Sl 78.66tumores, a saber, a Asdode e aos seus termos. 7 O que tendo visto os homens de Asdode, disseram: Não fique conosco a arca do Deus de Israel, porque a sua mão descarrega duramente sobre nós e sobre Dagom, nosso deus. 8 Enviaram, e 1Sm 5.11;29.6-11congregaram a si todos os régulos dos filisteus, e perguntaram: Que faremos nós da arca do Deus de Israel? Responderam eles: Seja levada a arca do Deus de Israel até Gate. Foi levada a arca do Deus de Israel até lá. 9 Depois de a terem levado para lá, foi 1Sm 5.11;7.13a mão de Jeová contra a cidade num grande vexame; feriu aos homens, tanto pequenos como grandes, e 1Sm 5.6nasceram-lhes tumores. 10 Enviaram a arca de Deus a Ecrom. Logo que chegou a arca de Deus a Ecrom, clamaram os ecronitas, dizendo: Transportaram para nós a arca do Deus de Israel para nos matar a nós e a todo o nosso povo. 11 Então, 1Sm 5.8enviaram, e congregaram a todos os régulos dos filisteus, e disseram: Recambiai a arca do Deus de Israel, para que ela volte para o seu lugar e não nos mate a nós e ao nosso povo; pois havia um pânico mortal na cidade toda; 1Sm 5.5,9a mão de Deus pesava sobremaneira nela. 12 Os homens que não morriam eram feridos com os tumores; Êx 12.30e o clamor da cidade subiu até o céu.