1 သုံးရက်လွန်၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် ဇိကလတ်မြို့သို့ ရောက်သောအခါ၊ အာမလက်လူတို့သည် တောင်ပြည်နှင့် ဇိကလတ်မြို့ကို တိုက်သဖြင့်၊ ဇိကလတ်မြို့ကို လုပ်ကြံ၍ မီးရှို့နှင့်ကြပြီ။ 2 မြို့၌ရှိသော မိန်းမအကြီးအငယ် တစ်ယောက်ကိုမျှ မသတ်၊ ရှိသမျှတို့ကို သိမ်းသွားနှင့်ကြပြီ။ 3 သို့ဖြစ်၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် မြို့သို့ရောက်သောအခါ၊ မြို့ကိုမီးရှို့၍ မယားသားသမီးများကို သိမ်းသွားကြောင်းကို တွေ့သဖြင့်၊ 4 ငိုသံကိုလွှင့်၍ အားကုန်သည်တိုင်အောင် ငိုကြွေးကြ၏။ 5 ဒါဝိဒ်မယားနှစ်ယောက် ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလမယား ကရမေလမြို့သူ အဘိဂဲလတို့သည်လည်း ပါသွားကြပြီ။၁ရာ၊၂၅:၄၂-၄၃။6 ဒါဝိဒ်သည် အလွန်စိတ်ငြိုငြင်ဆင်းရဲ၏။ လူများတို့သည် မိမိတို့ သားသမီးများကြောင့် စိတ်ညှိုးငယ်သဖြင့်၊ ဒါဝိဒ်ကို ကျောက်ခဲနှင့် ပစ်မည်ဟု ဆိုကြ၏။ ဒါဝိဒ်မူကား မိမိထာဝရဘုရားကို ကိုးစားလျက်နေ၍၊ 7 သင်တိုင်းတော်ကို ငါ့ထံသို့ဆောင်ခဲ့ပါလော့ဟု အဟိမလက်၏သား အဗျာသာကို ဆိုလျှင်၊ အဗျာသာသည် သင်တိုင်းတော်ကို ဒါဝိဒ်ထံသို့ ဆောင်ခဲ့လေ၏။၁ရာ၊၂၂:၂၀-၂၃။8 ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ထိုအလုံးအရင်းကို လိုက်ရပါမည်လော။ လိုက်လျှင် မီနိုင်ပါမည်လောဟု ထာဝရဘုရားကို မေးလျှောက်သော်၊ လိုက်လော့။ ဆက်ဆက်မီ၍ အလုံးစုံတို့ကို ရပြန်မည်ဟု မိန့်တော်မူသည်အတိုင်း၊ 9 ဒါဝိဒ်နှင့် သူ၌ပါသော လူခြောက်ရာတို့သည် သွား၍ ဗေသော်ချောင်းသို့ ရောက်သောအခါ၊ အချို့တို့သည် ထိုချောင်းနားမှာ နေရစ်ကြ၏။ 10 ဒါဝိဒ်နှင့် လူလေးရာတို့သည် လိုက်ကြ၏။ နှစ်ရာတို့သည်မော၍ ဗေသော်ချောင်းကိုမကူးနိုင်သောကြောင့် နေရစ်ကြ၏။ 11 လွင်ပြင်၌ အဲဂုတ္တု လူတစ်ယောက်ကိုတွေ့၍ ဒါဝိဒ်ထံသို့ ဆောင်ခဲ့သဖြင့်၊ မုန့်ကိုပေး၍ ထိုသူသည်စား၏။ ရေကိုလည်း သောက်စေကြ၏။ 12 သင်္ဘောသဖန်းသီးပျဉ် တစ်ဖဲ့၊ စပျစ်သီးနှစ်ပြွတ်ကိုလည်း ပေး၍ သူသည်စားသဖြင့် အားပြည့်ပြန်၏။ သုံးရက်ပတ်လုံး မစားမသောက်ဘဲ ငတ်မွတ်ခဲ့ပြီ။ 13 ဒါဝိဒ်ကလည်း၊ သင်သည် အဘယ်သူနှင့် ဆိုင်သနည်း။ အဘယ်အရပ်က လာသနည်းဟု မေးလျှင်၊ ကျွန်တော်သည် အာမလက်လူထံ၌ ကျွန်ခံရသော အဲဂုတ္တုလူကလေးဖြစ်ပါ၏။ သုံးရက်အထက်က အနာရောက်သောကြောင့် သခင်သည် ပစ်ထားပါ၏။ 14 ခေရသိပြည်တောင်ပိုင်း၊ ယုဒပြည်နှင့် ကာလက်ပြည်တောင်ပိုင်းကို တိုက်၍ ဇိကလတ်မြို့ကို မီးရှို့ပါပြီဟုပြောဆို၏။ 15 ဒါဝိဒ်ကလည်း၊ ထိုအလုံးအရင်းရှိရာသို့ လမ်းပြနိုင်သလောဟု မေးလျှင် သူက၊ ကိုယ်တော်သည် ကျွန်တော်ကို မသတ်၊ သခင့်လက်သို့ မအပ်မည်အကြောင်း ဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆိုပါတော့။ သို့ပြုလျှင် ထိုအလုံးအရင်းရှိရာသို့ လမ်းပြပါမည်ဟု ဆိုသည်အတိုင်း၊ ဒါဝိဒ်သည် ကျိန်ဆိုခြင်းကို ပြုလေ၏။
16 လူကလေးသည် လမ်းပြ၍ ဒါဝိဒ်ရောက်သောအခါ၊ ထိုလူများတို့သည် ဖိလိတ္တိပြည်နှင့် ယုဒပြည်ထဲကသိမ်းယူသော ဥစ္စာပစ္စည်းများအပေါင်းတို့ကြောင့် စားသောက်လျက်၊ ကခုန်လျက် မြေတစ်ပြင်လုံး၌ အနှံ့အပြားရှိကြ၏။ 17 ဒါဝိဒ်သည်လည်း ညဉ့်ဦးမှစ၍ နက်ဖြန်ညဉ့်ဦးတိုင်အောင် သူတို့ကိုလုပ်ကြံသဖြင့်၊ ကုလားအုတ်ကို စီး၍ပြေးသော လုလင်လေးရာမှတစ်ပါး လူတစ်ယောက်မျှ မလွတ်။ 18 အာမလက်လူတို့သည် သိမ်းသွားသမျှတို့ကို ဒါဝိဒ်သည်ရပြန်၍၊ မိမိမယားနှစ်ယောက်ကိုလည်း ကယ်နုတ်လေ၏။ 19 လူအကြီးအငယ်၊ သားသမီး၊ ဥစ္စာပစ္စည်း၊ လုယူသိမ်းသွားသမျှတို့တွင် တစ်စုံတစ်ခုမျှမကျန်၊ အလုံးစုံတို့ကို ဒါဝိဒ်သည် ရပြန်လေ၏။ 20 ဒါဝိဒ်သည်လည်း ထိုသိုးနွားများရှေ့မှာ အရင်နှင်သော သိုးနွားအပေါင်းတို့ကိုလည်း ယူ၍၊ ဤဥစ္စာသည် ဒါဝိဒ်ပိုင်သော လက်ရဥစ္စာဖြစ်သည်ဟု ဆို၏။
21 မော၍ ဒါဝိဒ်နောက်သို့ မလိုက်နိုင်၊ ဗေသော်ချောင်းနားမှာ နေရစ်သော လူနှစ်ရာရှိရာသို့ ဒါဝိဒ်ရောက်၍၊ သူတို့သည် ဒါဝိဒ်နှင့် သူ့၌ပါသောလူတို့ကို ခရီးဦးကြိုပြုလိုသောငှာ ထွက်လာသဖြင့်၊ ဒါဝိဒ်သည် အနီးသို့ရောက်သောအခါ သူတို့ကိုနှုတ်ဆက်လေ၏။ 22 ဒါဝိဒ်နှင့် လိုက်သွားသောသူတို့တွင် အဓမ္မလူဆိုးများတို့က၊ ဤသူတို့သည် ငါတို့နှင့်မလိုက်သောကြောင့်၊ ငါတို့ရသော ဥစ္စာတို့တွင် သူတို့သားမယားမှတစ်ပါး အခြားသောဥစ္စာကို သူတို့အားမပေးရ။ ကိုယ်သားမယားကို ယူ၍ ထွက်သွားကြစေဟု ဆိုကြ၏။ 23 ဒါဝိဒ်ကလည်း၊ ငါ့ညီအစ်ကိုတို့ ငါတို့ကို စောင့်မ၍ ငါတို့ကိုတိုက်လာသော အလုံးအရင်းကို ငါတို့လက်သို့ အပ်တော်မူသော ထာဝရဘုရားပေးသနားတော်မူသော ဥစ္စာကို ထိုသို့မပြုရ။ 24 ဤအမှု၌ သင်တို့စကားကို အဘယ်သူ နားထောင်လိမ့်မည်နည်း။ စစ်တိုက်သွားသောသူ ရသည်အတိုင်း၊ ဥစ္စာကိုစောင့်လျက် နေရစ်သောသူ ရစေ။ နှစ်ပါးစလုံးတို့သည် အညီအမျှခံစေဟု စီရင်၏။ 25 ထိုနေ့မှစ၍ ယနေ့တိုင်အောင် ဣသရေလအမျိုး၌ ထိုသို့သော ထုံးစံဖြစ်စေခြင်းငှာ စီရင်ထုံးဖွဲ့သတည်း။
26 ဒါဝိဒ်သည် ဇိကလတ်မြို့သို့ ရောက်သောအခါ၊ လက်ရဥစ္စာအချို့ကို မိမိအဆွေခင်ပွန်း၊ ယုဒအမျိုး အသက်ကြီးသူတို့ထံသို့ ပေးလိုက်၍၊ ထာဝရဘုရား၏ ရန်သူလက်မှရခဲ့သော ဥစ္စာထဲက သင်တို့အဖို့လက်ဆောင်ကို ကြည့်လော့ဟုမှာလိုက်၏။ 27 ဗေသလမြို့၊ တောင်ရာမုတ်မြို့၊ ယတ္တိယမြို့၊ 28 အာရော်မြို့၊ ရှိဖမုတ်မြို့၊ ဧရှတမောမြို့၊ 29 ရာခလမြို့၊ ယေရမေလလူ နေရာမြို့များ၊ ကေနိလူ နေရာမြို့များ၊ 30 ဟောမာမြို့များ၊ ခေါရာရှန်မြို့၊ အာသက်မြို့၊ 31 ဟေဗြုန်မြို့မှစ၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် တည်းခိုတတ်သော မြို့ရွာအရပ်ရပ်သို့ ပေးလိုက်သတည်း။
1 Quando, ao terceiro dia, chegou Davi com seus homens a 1Sm 29.4,11Ziclague, 1Sm 15.7;27.8-10os amalequitas tinham feito uma invasão no Neguebe e em 1Sm 27.6,8Ziclague, e tinham ferido Ziclague, e a tinham queimado a fogo; 2 tinham levado cativas as mulheres e todos os que ali se achavam, tanto pequenos como grandes; 1Sm 27.11não mataram a ninguém, porém os levaram consigo e foram seu caminho. 3 Quando Davi e seus homens chegaram à cidade, eis que estava queimada a fogo, e suas mulheres, e seus filhos, e filhas, levados cativos. 4 Davi e o povo que se achava com ele levantaram a sua voz e choraram, até não terem mais forças para chorar. 5 Foram também levadas cativas 1Sm 25.42-43as duas mulheres de Davi, Ainoã, a jezreelita, e Abigail, que fora mulher de Nabal, o carmelita. 6 Davi estava muito angustiado, pois Êx 17.4o povo, tendo a alma amargurada por causa de seus filhos e de suas filhas, falava em apedrejá-lo. Porém 1Sm 23.16;Sl 18.2;27.14ele se confortou em Jeová, seu Deus.
7 Disse 1Sm 23.9Davi ao sacerdote Abiatar, filho de Aimeleque: Traze-me cá o éfode. Abiatar trouxe o éfode a Davi. 8 1Sm 23.2,4Davi consultou a Jeová, dizendo: Êx 15.9Perseguirei eu a esta tropa? Alcançá-la-ei? Respondeu-lhe Jeová: Persegue-a, 1Sm 30.18pois, sem falta, a alcançarás e tudo libertarás. 9 Partiu Davi, 1Sm 27.2com os seiscentos homens que com ele se achavam, e foram à torrente de Besor, onde os retardatários ficaram. 10 Porém perseguiu Davi com quatrocentos homens, porque ficaram atrás 1Sm 30.9,21duzentos, que, de cansados, não puderam passar a torrente de Besor.
11 Achando no campo a um egípcio, trouxeram-no a Davi. Fizeram-lhe comer pão e beber água; 12 deram-lhe também um pedaço de pasta de figos secos e dois cachos de passas. Depois de os ter comido, Jz 15.19recobrou alento, pois havia três dias e três noites que não tinha comido pão, nem bebido água. 13 Então, lhe perguntou Davi: De quem és tu? donde vens? Respondeu ele: Eu sou um moço egípcio, servo dum amalequita; o meu senhor me abandonou, porque adoeci há três dias. 14 Nós fizemos uma correria para o 1Sm 30.1,16;2Sm 8.18;Ez 25.16Neguebe dos quereteus, para o de Judá e para o Js 14.13;21.11-12de Calebe e 1Sm 30.1pusemos fogo a Ziclague. 15 Disse-lhe Davi: Poderás descer e guiar-me a essa tropa? Ele respondeu: Jura-me tu por Deus que não me hás de matar e que me não hás de entregar nas mãos do meu senhor, e descerei e guiar-te-ei a essa tropa.
16 Desceu e o guiou. Eis que eles estavam espalhados sobre a face de toda a terra, comendo, bebendo e dançando, por causa de 1Sm 30.14todo o grande despojo que haviam tomado da terra dos filisteus e da terra de Judá. 17 Feriu-os Davi desde o 1Sm 11.11crepúsculo até a tarde do dia seguinte, e nenhum deles escapou, senão quatrocentos mancebos que, montados nos 1Sm 15.3;Jz 7.12camelos, fugiram. 18 Recobrou Davi tudo o que os amalequitas tinham tomado e livrou as suas duas mulheres. 19 Não lhes faltou coisa alguma, nem pequena, nem grande, nem filhos, nem filhas, nem despojo, nem qualquer coisa que eles tinham tomado para si. 1Sm 30.8Davi tornou a trazer tudo. 20 Davi tomou todos os rebanhos e manadas; aqueles que os fizeram caminhar diante do outro gado diziam: 1Sm 30.26-31Este é o despojo de Davi.
21 1Sm 30.10Chegou Davi aos duzentos homens que, de cansados, não puderam segui-lo, os quais também foram obrigados a ficar à torrente de Besor. Estes saíram ao encontro de Davi e dos que vinham com ele. Davi, aproximando-se deles, saudou-os. 22 Então, todos os malvados e filhos de Belial, dentre os que foram com Davi, disseram: Visto que não foram conosco, nada lhes daremos do despojo que recobramos, senão que a cada um daremos suas mulheres e seus filhos, para que os levem e se retirem. 23 Disse Davi: Não fareis assim, meus irmãos, com o que nos deu Jeová, que nos conservou e entregou em nossas mãos a tropa que vinha contra nós. 24 Quem vos ouvirá neste negócio? Pois Nm 31.27;Js 22.8qual é a porção do que desce para a batalha, tal será a porção do que fica com a bagagem; receberão partes iguais. 25 Daquele dia em diante até hoje, foi estabelecido por estatuto e preceito em Israel.
26 Chegando Davi a Ziclague, enviou dos despojos aos anciãos de Judá, seus amigos, dizendo: Eis 1Sm 25.27um presente para vós dos despojos dos 1Sm 18.17;25.28inimigos de Jeová. 27 Dos despojos enviou aos de Js 15.30;19.4Betel, aos de Js 19.8Ramote do Neguebe, aos de Js 15.48;21.14Jatir, 28 aos de 1Cr 11.44Aroer, aos de 1Cr 27.27Sifmote, aos de Js 15.50Estemoa, 29 aos de Racal aos das cidades dos 1Sm 27.10jerameelitas, aos das cidades dos 1Sm 15.6quenitas, 30 aos de Js 12.14;15.30;19.4Hormá, aos de Js 15.42;19.7Borasã, aos de Atace, 31 aos de Js 14.13-15;21.11-13;Nm 13.22Hebrom e a todos os lugares que Davi e seus homens costumavam 1Sm 23.22frequentar.