1 ထိုသို့ခရစ်တော်သည် ကိုယ်ခန္ဓာတော်၌ ငါတို့အတွက် ခံတော်မူသည်မှန်သောကြောင့်၊ သင်တို့လည်း ထိုသို့သောသဘောကို လက်နက်ပြု၍ သုံးစွဲကြလော့။ အကြောင်းမူကား၊ ကိုယ်ခန္ဓာ၌ခံသောသူသည် ဒုစရိုက်တို့နှင့် လွတ်ငြိမ်းသည်ဖြစ်၍၊- 2 နောက်တစ်ဖန် သူတို့၏ တပ်မက်ခြင်းတရားကို မကျင့်၊ ဘုရားသခင်၏ အလိုတော်အတိုင်းကျင့်လျက်၊ ကိုယ်ခန္ဓာအသက်အပိုင်းအခြား ကျန်ရစ်သောကာလကို လွန်စေတတ်၏။- 3 သာသနာပလူတို့၏ အလိုသို့လိုက်၍၊ ကိလေသာညစ်ညူးခြင်း၊ ကာမတပ်မက်ခြင်း၊ စပျစ်ရည်နှင့် ယစ်မူးခြင်း၊ ပွဲလုပ်ခြင်း၊ သောက်ကြူးခြင်း၊ အဓမ္မရုပ်တုကို ကိုးကွယ်ခြင်း၌ ကျင်လည်၍၊ ငါတို့လွန်စေပြီးသော အသက်ကာလသည် ငါတို့အား လောက်ပေ၏။- 4 ယခုမှာ သင်တို့သည် သူတို့နှင့်အတူ မဆက်ဆံ၊ ကာမဂုဏ်၌ လွန်ကျူးညစ်ညူးစွာ မပြုသည်အရာကို သူတို့သည်အံ့ဩ၍ ကဲ့ရဲ့တတ်ကြ၏။- 5 သို့ဖြစ်၍၊ အသက်ရှင်သော သူတို့ကိုလည်းကောင်း၊ သေသောသူတို့ကိုလည်းကောင်း တရားစီရင်ခြင်းငှာ အသင့်ရှိတော်မူသောသူ ရှေ့၌၊ ထိုသူတို့သည် စစ်ကြောခြင်းကို ခံရကြလတ္တံ့။- 6 ထိုအကြောင်းကြောင့် လူတို့ရှေ့၌ ကိုယ်ခန္ဓာအားဖြင့် အပြစ်စီရင်ခြင်းကို ခံရသော်လည်း၊ ဘုရားသခင့်ရှေ့တော်၌ စိတ်ဝိညာဉ်အားဖြင့် အသက်ရှင်မည်အကြောင်း၊ သေသောသူတို့သည် ဧဝံဂေလိတရားကို ကြားရကြ၏။
7 ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုသည် ဖြစ်သောကြောင့်၊ သမ္မာသတိရှိကြလော့။ ဆုတောင်းခြင်းအလိုငှာ စောင့်နေကြလော့။- 8 အခြားသောအမှုအရာထက်မက၊ အချင်းချင်းအားကြီးသောချစ်ခြင်းမေတ္တာရှိကြလော့။ ချစ်ခြင်းမေတ္တာသည် များစွာသော အပြစ်တို့ကို ဖုံးအုပ်တတ်၏။- 9 မြည်တမ်းခြင်းမရှိဘဲ အချင်းချင်း ဧည့်သည်ဝတ်ကို ပြုကြလော့။- 10 သင်တို့သည် ဆုကျေးဇူးတော်ကို အသီးအသီးခံရကြသည်နှင့် အညီ၊ ဘုရားသခင်၏ အထူးထူး အပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်း ဝေငှပေးကမ်းကြလော့။- 11 ဘုရားသခင်သည် အရာရာ၌ ယေရှုခရစ်အားဖြင့် ဘုန်းတော်ထင်ရှားစေမည်အကြောင်း၊ ဟောပြောသောသူသည် ဘုရားသခင်၏ ဗျာဒိတ်တော်နှင့်အညီ ဟောပြောစေ။ အခြားသောအမှုကို ဆောင်ရွက်သောသူသည်၊ ဘုရားသခင်ပေးသနားတော်မူသော အစွမ်းသတ္တိအတိုင်း ဆောင်ရွက်စေ။ ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းအသရေ အစွမ်းသတ္တိ ရှိတော်မူစေသတည်း။ အာမင်။
12 ချစ်သူတို့၊ သင်တို့ကို စုံစမ်းစရာဖို့ ယခုခံရသော မီးစစ်ခြင်းအရာကိုကား၊ သင်တို့၌ အံ့ဩဖွယ်သောအရာ ဖြစ်သည်ဟု ထင်မှတ်၍၊ အံ့ဩခြင်း မရှိကြနှင့်။- 13 သင်တို့သည် ခရစ်တော်၏ဆင်းရဲကို ဆက်ဆံကြသည်ဖြစ်၍၊ ဘုန်းတော်ပေါ်ထွန်းသောအခါ အလွန်ဝမ်းမြောက်ရွှင်လန်းမည်အကြောင်း၊ ယခုပင် ဝမ်းမြောက်ကြလော့။- 14 ခရစ်တော်၏ နာမကြောင့် ကဲ့ရဲ့ခြင်းကိုခံရလျှင် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းကြီးသော ဝိညာဉ်တော်သည် သင်တို့အပေါ်မှာ ကျိန်းဝပ်တော်မူ၏။ သူတို့၌ကား ကဲ့ရဲ့ခြင်း၊ သင်တို့၌ကား ချီးမွမ်းခြင်းရှိတော်မူ၏။- 15 လူအသက်ကိုသတ်သော အပြစ်၊ သူ့ဥစ္စာကိုခိုးသော အပြစ်၊ ဒုစရိုက်ကိုပြုသော အပြစ်၊ သူတစ်ပါးအမှု၌ ရောနှောသောအပြစ် ရှိ၍၊ သင်တို့တွင် အဘယ်သူမျှ မခံစေနှင့်။- 16 ခရစ်ယာန်ဖြစ်သောကြောင့် ခံရလျှင်မူကား၊ ရှက်ကြောက်ခြင်း မရှိစေနှင့်။ ထိုအမှုကြောင့်ခံရလျှင် ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းစေ။- 17 ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်ရသော အချိန်ရှိပြီ။ ငါတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်လျှင်၊ ဘုရားသခင်၏ ဧဝံဂေလိတရားစကားကို နားမထောင်သောသူတို့၏ အမှုသည် အဘယ်သို့ ပြီးလိမ့်မည်နည်း။- 18 ဖြောင့်မတ်သောသူသည် ကယ်တင်ခြင်းသို့ ရောက်နိုင်ခဲသည်မှန်လျှင်၊ ဘုရားသခင်ကို မကိုးကွယ်သောသူ၊ အပြစ်ထင်ရှားသောသူသည် အဘယ်မှာ ပေါ်လိမ့်မည်နည်း။-သု၊ ၁၁း၃၁။19 ထိုကြောင့်၊ ဘုရားသခင်၏အလိုတော်အတိုင်း ဆင်းရဲခံရသောသူတို့သည်၊ ဘုရားသခင်ကို သစ္စာရှိသော အသက်သခင်ကဲ့သို့ မှတ်လျက်၊ ကောင်းသောအကျင့်ကို ကျင့်နေ၍၊ ကိုယ်တော်၌ မိမိတို့ အသက်ဝိညာဉ်ကို အပ်နှံကြစေ။
1 Havendo, pois, 1Pe 2.21Cristo padecido na carne, cp.Ef 6.13armai-vos também vós desse mesmo pensamento (porque Rm 6.7aquele que padeceu na carne já cessou do pecado), 2 Rm 6.2;Cl 3.3para que, cp.1Pe 1.14no tempo que vos resta na carne, não vivais mais segundo as cobiças dos homens, mas segundo a vontade de Deus. 3 Pois 1Co 12.2basta que, no tempo passado, tenhais cumprido o desejo dos gentios, Rm 13.13;Ef 2.2;4.17ss.andando em dissoluções, em concupiscências, em bebedices, em orgias, em bródios, e em abomináveis idolatrias. 4 Nisso estranham que não concorrais com eles no mesmo excesso Ef 5.18de dissolução, 1Pe 3.16falando mal de vós, 5 os quais darão conta àquele que está preparado para julgar At 10.42;2Tm 4.1; cp.Rm 14.9vivos e mortos. 6 Pois, por isso, foi o 1Pe 1.12;3.19evangelho pregado até aos mortos, para que, na verdade, fossem julgados segundo os homens em carne, mas vivessem segundo Deus, em espírito.
7 Mas Rm 13.11; cp.Tg 5.8;Hb 9.26;1Jo 2.18o fim de todas as coisas está próximo. 1Pe 1.13Sede, portanto, prudentes e sóbrios para oração, 8 tendo, antes de tudo, 1Pe 1.22ardente caridade uns para com os outros, porque Pv 10.12;Tg 5.20; cp.1Co 13.4ss.a caridade cobre a multidão dos pecados; 9 1Tm 3.2;Hb 13.2exercitando hospitalidade uns com os outros sem cp.Fp 2.14murmuração; 10 cada um de vós, Rm 12.6s.segundo o dom que recebeu, comunicando-o uns aos outros, como bons 1Co 4.1despenseiros das várias graças de Deus. 11 1Ts 2.4; cp.Tt 2.1,15;Hb 13.7Se alguém fala, fale como At 7.38oráculos de Deus; se alguém ministra, ministre como da Ef 6.10; cp.Ef 1.19força que Deus dá, para que, 1Co 10.31;1Pe 2.12em tudo, Deus seja glorificado por Jesus Cristo, Ap 1.6;5.13; cp.1Pe 5.11;Rm 11.36a quem pertence a glória e o domínio pelos séculos dos séculos. Amém.
12 1Pe 2.11Amados, não estranheis a cp.1Pe 1.6s.ardente provação que há no meio de vós e que vem para vos pôr à prova, como se vos acontecesse coisa estranha; 13 mas, visto que sois Fp 3.10; cp.2Co 1.5;4.10;Rm 8.17participantes dos sofrimentos de Cristo, regozijai-vos, para que também, na 1Pe 1.7;5.1revelação da sua glória, cp.2Tm 2.12exulteis cheios de júbilo. 14 Se sois vituperados pelo Jo 15.21;1Pe 4.16; cp.Hb 11.26nome de Cristo, Mt 5.11;Lc 6.22;At 5.41bem-aventurados sois, cp.2Co 4.10-11,16porque o Espírito da glória e de Deus repousa sobre vós. 15 1Pe 2.19s.;3.17Nenhum de vós, porém, padeça como homicida, ou ladrão, ou malfeitor, ou como 1Ts 4.11;2Ts 3.11;1Tm 5.13quem se entremete em negócios alheios; 16 mas, se padece como At 5.41; cp.At 28.22;Tg 2.7cristão, não se envergonhe; antes, 1Pe 4.11glorifique a Deus nesse nome. 17 Pois é tempo que Jr 25.29;Ez 9.6;Am 3.2comece o julgamento 1Tm 3.15;Hb 3.6;1Pe 2.5pela casa de Deus; e, se Rm 2.9primeiro começa por nós, qual será o fim daqueles 2Ts 1.8que não obedecem ao Rm 1.1evangelho de Deus? 18 Pv 11.31;Lc 23.31Se o justo apenas se salvará, 1Tm 1.9o ímpio e o pecador, aonde comparecerão? 19 Portanto, também aqueles que sofrem segundo 1Pe 3.17a vontade de Deus confiem as suas almas ao fiel Criador, praticando o bem.