1,2 ရှောလုသည် တစ်နှစ်ကျော် နှစ်နှစ်ခန့်လောက် ဣသရေလအမျိုး၌မင်းပြုပြီးမှ၊ ဣသရေလအမျိုးသား သုံးထောင်တို့ကို ရွေးကောက်ပြီးလျှင်၊ ကိုယ်တိုင်နေသော မိတ်မတ်မြို့နှင့် ဗေသလတောင်ပေါ်မှာ လူနှစ်ထောင်၊ ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့၊ ယောနသန်ထံမှာ တစ်ထောင်ကိုထား၍၊ အခြားသောသူတို့ကို မိမိတို့ အသီးအသီးနေရာအရပ်သို့ လွှတ်လိုက်လေ၏။
3 ယောနသန်သည် ဂိဗာမြို့၌ရှိသော ဖိလိတ္တိတပ်ကိုလုပ်ကြံသဖြင့် ဖိလိတ္တိလူတို့သည် သတင်းကြား၏။ ရှောလုကလည်း မြစ်တစ်ဖက်၌ နေသောသူတို့သည် ကြားသိစေဟု တစ်ပြည်လုံး တံပိုးမှုတ်စေ၏။ 4 ရှောလုသည် ဖိလိတ္တိတပ်ကို လုပ်ကြံကြောင်းနှင့် ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကိုရွံရှာကြောင်းကို ဣသရေလအမျိုးသား အပေါင်းတို့သည် ကြားသိ၍၊ လူများတို့သည် ရှောလုနောက် ဂိလဂါလမြို့၌ စည်းဝေးကြ၏။ 5 ဖိလိတ္တိလူတို့သည်လည်း၊ ဣသရေလ အမျိုးသားတို့ကိုစစ်တိုက်ခြင်းငှာ၊ ရထားသုံးသောင်းနှင့် မြင်းခြောက်ထောင်ကိုလည်းကောင်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှရှိသောလူများကိုလည်းကောင်း စုဝေးစေပြီးလျှင်၊ စစ်ချီဗေသဝင် မြို့အရှေ့၊ မိတ်မတ်မြို့၌ တပ်ချကြ၏။ 6 ဣသရေလအမျိုးသားတို့သည် အလွန်ဆင်းရဲခံရသဖြင့်၊ မိမိတို့ကျဉ်းမြောင်းလျက်ရှိသည်ကို သိမြင်သောအခါ၊ ဥမင်၊ တောအုံ၊ ကျောက်ကြား၊ တောင်ထိပ်၊ မြေတွင်းတို့၌ ပုန်းရှောင်၍နေကြ၏။ 7 ယော်ဒန်မြစ်တစ်ဖက်၌ နေသောသူအချို့တို့သည် ကူးပြန်၍၊ ဂဒ်ပြည်၊ ဂိလဒ်ပြည်သို့ သွားကြ၏။ ရှောလုသည် ဂိလဂါလမြို့၌ နေသေး၍၊ လူအပေါင်းတို့သည် သူ့နောက်၌ တုန်လှုပ်လျက်ရှိကြ၏။ 8 ရှမွေလ ချိန်းချက်သည်အတွင်း ရှောလုသည် ခုနစ်ရက်ငံ့လင့်၍၊ ရှမွေလသည် ဂိလဂါလမြို့သို့ မရောက်၊ လူများတို့လည်းထွက်ပြေးကြ၏။၁ရာ၊၁၀:၈။9 ရှောလုကလည်း၊ မီးရှို့ရာယဇ်နှင့် မိတ်သဟာယပူဇော်သကာတို့ကို ငါ့ထံသို့ ယူခဲ့ကြဟုဆိုသဖြင့်၊ မီးရှို့ရာယဇ်ကို ပူဇော်လေ၏။ 10 မီးရှို့ရာယဇ်ပူဇော်ခြင်းအမှုပြီးသည်အဆုံး၌ ရှမွေလသည်လာ၏။ ရှောလုသည် ကောင်းချီးပေး၍ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားလျှင်၊ 11 ရှမွေလက၊ သင်သည် အဘယ်သို့ပြုသနည်းဟုမေးသော်၊ ရှောလုက၊ လူများတို့သည် အကျွန်ုပ်ထံမှ ထွက်ပြေးကြောင်း၊ ကိုယ်တော်သည် ချိန်းချက်သောအချိန်၌ မရောက်ကြောင်း၊ ဖိလိတ္တိလူတို့သည် မိတ်မတ်မြို့၌ စုဝေးကြောင်းများကို သိမြင်သောအခါ၊ 12 ဖိလိတ္တိလူတို့သည် ငါရှိရာ ဂိလဂါလမြို့သို့ စစ်ချီကြလိမ့်မည်။ ထာဝရဘုရားကို ငါမတောင်းပန်သေးဟု အကျွန်ုပ်အောက်မေ့သဖြင့်၊ ကိုယ်ကိုအနိုင်ပြု၍ မီးရှို့ရာယဇ်ကို ပူဇော်မိပြီဟု ပြန်ပြော၏။ 13 ရှမွေလကလည်း သင်သည် မှားပြီ။ သင်၏ဘုရားသခင် ထာဝရဘုရားထားတော်မူသော ပညတ်တရားကို မစောင့်ပါတကား။ စောင့်မိလျှင်၊ ထာဝရဘုရားသည် ဣသရေလအမျိုး၌သင်၏အာဏာကို ယခုမှစ၍ အစဉ်အမြဲ တည်စေတော်မူပြီ။ 14 ယခုမူကား သင်၏ အာဏာမတည်ရ။ ထာဝရဘုရားသည် စိတ်နှလုံးတော်နှင့် ညီညွတ်သောသူကို ရှာတော်မူ၏။ ထိုသူသည် လူမျိုးတော်အပေါ်မှာမင်းဖြစ်စေခြင်းငှာ ထာဝရဘုရားမိန့်တော်မူပြီ။ အကြောင်းမူကား၊ သင်သည် ထာဝရဘုရား မှာထားတော်မူသည်အတိုင်းမကျင့်ဟု ရှောလုအားဆိုပြီးလျှင်၊တ၊ ၁၃:၂၂။15 ထ၍ ဂိလဂါလမြို့မှ ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့သို့ သွား၏။ ရှောလုသည် မိမိ၌ရှိသောလူတို့ကိုရေတွက်၍ ခြောက်ရာခန့်မျှ ရှိ၏။ 16 သူနှင့် သားတော်ယောနသန်၊ သူတို့၌ရှိသော လူအပေါင်းတို့သည် ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့တွင် နေကြ၏။ ဖိလိတ္တိလူတို့သည် မိတ်မတ်မြို့တွင် တပ်ချကြ၏။
17 လုယူသော တပ်သုံးတပ်တို့သည်၊ ဖိလိတ္တိတပ်မထဲကထွက်၍ တစ်တပ်သည် ရွာလပြည် ဩဖရမြို့လမ်းသို့ လိုက်၏။ 18 တစ်တပ်သည် ဗေသောရုန်မြို့လမ်းသို့ လိုက်၏။ တစ်တပ်သည် တောဘက်မှာ ဇေဘိုင်ချိုင့်ကို မျက်နှာပြုသော ပြည်စွန်းလမ်းသို့လိုက်၏။ 19 ဖိလိတ္တိလူတို့က၊ ဟေဗြဲလူတို့သည် ဓားလှံတို့ကို မလုပ်စေနှင့်ဟု စီရင်မြဲရှိသောကြောင့်၊ ဣသရေလပြည်တစ်လျှောက်လုံးတွင် ပန်းပဲတစ်ယောက်မျှ မရှိ။ 20 ဣသရေလလူအပေါင်းတို့သည် ထွန်သွား၊ ပေါက်တူး၊ ပုဆိန်၊ တူးရွင်းကိုထက်စေခြင်းငှာ၊ ဖိလိတ္တိလူတို့ရှိရာသို့ သွားရကြ၏။ 21 နောက်တစ်ဖန် ထွန်သွား၊ ပေါက်တူး၊ သုံးခွခက်ရင်း၊ ပုဆိန်၊ ထိုးတံချွန် တုံးလျက်ရှိကြ၏။ 22 သို့ဖြစ်၍ စစ်တိုက်ရာကာလ ရှောလုနှင့် သားတော်ယောနသန်မှတစ်ပါး အဘယ်သူ၌မျှ ဓားလှံမရှိ။
23 တစ်ဖန် ဖိလိတ္တိတပ်သားတို့သည် မိတ်မတ်မြို့ လမ်းဝသို့ ထွက်၍နေကြစဉ်တွင်၊
1 Saul tinha trinta anos de idade quando começou a reinar e reinou dois anos sobre Israel. 2 Saul escolheu para si três mil homens de Israel; estavam com ele dois mil, em 1Sm 13.5;14.31Micmás e no monte de Betel, e mil estavam com Jônatas, em 1Sm 10.26Gibeá de Benjamim. Ao resto do povo mandou que fosse cada um para a sua tenda. 3 Jônatas bateu a 1Sm 10.5guarnição dos filisteus que estava em 1Sm 13.16;14.5Geba; o que ouviram os filisteus. Saul Jz 3.27;6.34fez tocar a trombeta por toda a terra, dizendo: Ouçam os hebreus. 4 Todo o Israel ouviu dizer que Saul tinha batido a guarnição dos filisteus e que Israel se Gn 34.30;Êx 5.21;2Sm 10.6havia tornado abominável aos filisteus. O povo foi convocado após Saul, em Gilgal.
5 Os filisteus ajuntaram-se para pelejar contra Israel: trinta mil carros, e seis mil cavaleiros, e Js 11.4povo em multidão como a areia que está à beira do mar; subiram e acamparam-se em Micmás, ao oriente de 1Sm 14.23Bete-Áven. 6 Vendo os homens de Israel o aperto em que estavam (pois o povo se achava angustiado), Jz 6.2esconderam-se em covas, e em buracos, e em rochedos, e em túmulos, e em cisternas. 7 Ora, alguns dos hebreus tinham passado o Jordão para a terra de Nm 32.33Gade e Gileade; porém Saul ficou ainda em Gilgal, e todo o povo o seguia tremendo.
8 1Sm 10.8Esperou sete dias, segundo o tempo aprazado por Samuel. Mas Samuel não veio a Gilgal, e o povo, deixando a Saul, se dispersava. 9 Disse Saul: Trazei-me cá o holocausto e as ofertas pacíficas. Ele 2Sm 24.25;1Rs 3.4ofereceu o holocausto. 10 Apenas ele tinha acabado de oferecer o holocausto, eis que chegou Samuel; 1Sm 15.13Saul saiu-lhe ao encontro, para o saudar. 11 Samuel perguntou: Que fizeste? Respondeu Saul: Vendo que o povo, deixando-me, se dispersava, e que tu não vinhas nos dias aprazados, e que os 1Sm 13.2,5,16,23filisteus se reuniam em Micmás, 12 por isso, disse eu: agora, os filisteus descerão contra mim a Gilgal, e eu não aplaquei a Jeová. Constrangi-me, pois, e ofereci o holocausto. 13 Samuel disse a Saul: 2Cr 16.9Procedeste nesciamente 1Sm 15.22,28em não guardar o mandamento de Jeová, teu Deus, que ele te ordenou. Jeová teria confirmado 1Sm 1.22para sempre o teu reino sobre Israel; 14 porém, agora, 1Sm 15.28não subsistirá o teu reino. At 13.22Jeová buscou para si um homem segundo o seu coração e mandou-lhe que fosse príncipe sobre o seu povo, porque não guardaste o que te ordenou. 15 Levantou-se Samuel e subiu de Gilgal a 1Sm 13.2Gibeá de Benjamim.
Saul contou o povo que se achava com ele, 1Sm 13.2,6,7;14.2cerca de seiscentos homens. 16 Saul, e seu filho Jônatas, e o povo que se achava com eles ficaram em 1Sm 13.2-3Geba de Benjamim, mas os filisteus acamparam-se em Micmás. 17 1Sm 14.15Os saqueadores saíram do arraial dos filisteus em três companhias: uma tomou o caminho de Js 18.23Ofra para a terra de Sual; 18 outra tomou o caminho de Js 18.13-14Bete-Horom; e a outra tomou o caminho do termo que pende para o vale de Ne 11.34Zeboim, na direção do deserto.
19 Ora, em Jz 5.8;2Rs 24.14toda a terra de Israel não se achava um ferreiro, pois os filisteus disseram: Para não suceder que os hebreus façam para si espadas ou lanças, 20 mas todos os israelitas tinham que descer aos filisteus, para cada um afiar a sua relha, a sua enxada, o seu machado e a sua picareta. 21 Tinham, porém, limas para as picaretas, para as enxadas, para os forcados e para os machados e para consertar as aguilhadas. 22 No dia da batalha, não se achou nem espada Jz 5.8nem lança na mão de nenhum do povo que estava com Saul e Jônatas; porém se acharam com Saul e com seu filho Jônatas. 23 Saiu a 1Sm 14.1;2Sm 23.14guarnição dos filisteus ao 1Sm 14.4-5;Is 10.28desfiladeiro de Micmás.