1 ဧဖရိမ်သည် နှုတ်မြွက်သောအခါ သူတစ်ပါးကြောက်လန့်တတ်၏။ သူသည် ဣသရေလအမျိုး၌ မြင့်မြတ်၏။ နောက်တစ်ဖန် ဗာလဘုရားအားဖြင့် ပြစ်မှားသောကြောင့် သေ၏။ 2 ယခုမှာ အထပ်ထပ်ပြစ်မှား၍ ကိုယ်ဉာဏ်ပညာအားဖြင့် အရည်သွန်းသော ငွေရုပ်တု၊ ဆရာသမား လုပ်တတ်သော ရုပ်တုဆင်းတုများကို ကိုယ်အဖို့ လုပ်ကြ၏။ လုပ်ပြီးမှ ယဇ်ပူဇော်သောသူသည် နွားသငယ်ကို နမ်းစေဟု ဆိုတတ်ကြ၏။ 3 ထိုကြောင့်၊ သူတို့သည် နံနက်မိုးတိမ်ကဲ့သို့လည်းကောင်း၊ စောစောကွယ်ပျောက်တတ်သော နှင်းကဲ့သို့လည်းကောင်း၊ ကောက်နယ်တလင်းမှ လေပွေတိုက်သွားသော ဖွဲကဲ့သို့လည်းကောင်း၊ မီးဖိုထဲကထွက်သော မီးခိုးကဲ့သို့လည်းကောင်း ဖြစ်ရကြလိမ့်မည်။ 4 သို့ရာတွင်၊ ငါထာဝရဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ ကယ်နုတ်သော သင်၏ဘုရားသခင်ဖြစ်၏။ ငါမှတစ်ပါး အခြားသော ဘုရားသခင်ကို သင်မသိပြီ။ ငါမှတစ်ပါး ကယ်တင်နိုင်သော သခင်မရှိ။ 5 အလွန်သွေ့ခြောက်သော အရပ်တည်းဟူသော တော၌ပင် သင့်ကို ငါသိပြီ။ ကျက်စားရာအရပ်၌ ဝပြောစွာ စားရကြ၏။တရား၊ ၈:၁၁-၁၇။6 ဝသောအခါ ဝါကြွားသောစိတ်ရှိ၍ ငါ့ကို မေ့လျော့ကြ၏။ 7 ထိုကြောင့်၊ သူတို့၌ ငါသည် ခြင်္သေ့ကဲ့သို့ ဖြစ်မည်။ လမ်းနားမှာ ချောင်းသော ကျားသစ်ကဲ့သို့ သူတို့ကို ချောင်းမြောင်းမည်။ 8 သားပျောက်သော ဝံမကဲ့သို့ သူတို့ကို ငါဆီးကြို၍၊ သူတို့နှလုံး၌ ဖုံးသောအမြှေးကို ဆုတ်ဖဲ့မည်။ ခြင်္သေ့မကဲ့သို့ တွေ့သောအရပ်၌ပင် ငါကိုက်စားမည်။ တောသားရဲဖြစ်၍ အပိုင်းပိုင်း ဆွဲဖြတ်မည်။
9 အို ဣသရေလ၊ သင့်ကို ကယ်တင်နိုင်သောအရှင် ငါ့ကို သင်သည် ဆန့်ကျင်ဘက်ပြုသောကြောင့် အကျိုးနည်းရှိ၏။ 10 သင်၏ ရှင်ဘုရင်သည် အဘယ်မှာ ရှိသနည်း။ သင့်နေရာမြို့ ရှိသမျှတို့၌ ကယ်တင်ပါစေသော။ သင်၏တရားသူကြီးတို့သည် အဘယ်မှာ ရှိကြသနည်း။၁ရာ၊၈:၅-၆။11 ရှင်ဘုရင်နှင့် မင်းများကို ပေးပါဟု သင်တောင်းသောကြောင့်၊ ငါအမျက်ထွက်၍ ရှင်ဘုရင်ကို ပေးပြီ။ တစ်ဖန်ပြင်းစွာ အမျက်ထွက်၍ ရှင်ဘုရင်ကို ပယ်ရှားပြီ။၁ရာ၊ ၁၀:၁၇-၂၄၊ ၁၅:၂၆။
12 ဧဖရိမ်ပြုသော ဒုစရိုက်ကို ငါထုပ်ထား၍ သူ၏အပြစ်ကို သိုမှီးပြီ။ 13 သူသည် သားဖွားသော မိန်းမကဲ့သို့ ဝေဒနာကို ခံရချိန်နီးပြီ။ မိုက်သောအမျိုးသားဖြစ်၏။ သားဖွားရာဝမ်းဝ၌ ကြာမြင့်စွာ နေပါသည်တကား။
14 သူတို့ကို မရဏနိုင်ငံတန်ခိုးမှ ငါကယ်လွှတ်မည်။ သေမင်းလက်မှလည်း ရွေးမည်။ အို သေမင်း၊ သင့်ကို ကာလနာစွဲစေမည်။ အို မရဏနိုင်ငံ၊ သင်၌ ဖျက်ဆီးသောဘေးကို ရောက်စေမည်။ နောင်တရမည်အကြောင်းကို ပမာဏမပြု။၁ကော၊ ၁၅:၅၅။
15 မိမိညီအစ်ကိုတို့တွင် အသီးများစွာ သီးတတ်သော်လည်း၊ အရှေ့လေလာလိမ့်မည်။ ထာဝရဘုရား၏လေသည် တောမှလာ၍ သူ၏စမ်းရေတွင်းကို ခန်းခြောက်စေသဖြင့် ရေပြတ်လိမ့်မည်။ ဘဏ္ဍာတိုက်၌ ရှိသမျှသော တန်ဆာအကောင်းအမြတ်တို့ကို ရန်သူ လုယူလိမ့်မည်။ 16 ရှမာရိမြို့သည် မိမိဘုရားသခင်ကို ပုန်ကန်သောကြောင့် ပျက်စီးလိမ့်မည်။ မြို့သားတို့သည် ဓားဖြင့်လဲ၍ သေကြလိမ့်မည်။ သူငယ်တို့သည် မြေပေါ်မှာ ဆောင့်ဖွပ်ခြင်းကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်သော မိန်းမတို့သည် ဝမ်းခွဲခြင်းကိုလည်းကောင်း ခံရကြလိမ့်မည်။
1 Jó 29.21-22Quando Efraim falava, tremia-se; Jz 8.1;12.1exaltou-se em Israel; mas, quando se fez culpado no tocante a Os 2.8-17;11.2Baal, morreu. 2 Agora, pecam cada vez mais, e, da sua prata, tem feito para si Os 2.8;Is 46.6;Jr 10.4imagens fundidas, a saber, ídolos segundo o seu Is 44.17-20entendimento, todos eles Os 8.6obra de artífices; deles dizem: Os homens que oferecem sacrifícios beijem aos Os 8.5-6;10.5bezerros! 3 Por isso, serão como Os 6.4a nuvem da manhã e como o orvalho que cedo passa; como o Sl 1.4;Is 17.13;Dn 2.35folhelho que o turbilhão lança da eira e como Sl 68.2o fumo duma chaminé.
4 Contudo, eu Os 12.9sou Jeová, teu Deus, desde a terra do Egito; tu não conhecerás Êx 20.3;2Rs 18.35outro deus fora de mim, e não há salvador Is 43.11;45.21-22senão eu. 5 Eu te Dt 32.10conheci no deserto, na terra de grande seca. 6 Segundo o seu pasto, assim eles Dt 8.12,14;32.13-15;Jr 5.7se fartaram; fartaram-se, e foi o Os 7.14seu coração exaltado; portanto, Os 2.13;4.6;8.14se esqueceram de mim. 7 Por isso, sou para eles como um leão; Os 5.14como um Jr 5.6leopardo, espreitarei junto ao caminho; 8 como uma ursa roubada dos seus cachorros, lhes sairei ao encontro e lhes rasgarei os muros do coração; ali, Sl 50.22os devorarei como um leão; as feras os despedaçarão.
9 É a tua destruição, ó Israel, estares tu Jr 2.17,19;Ml 1.12-13contra mim, contra o teu Dt 33.26,29auxílio. 10 Onde está, agora, o teu Os 8.4;2Rs 17.4rei, para que te salve em todas as tuas cidades? Onde estão os teus Os 7.7juízes, de quem disseste: Dá-me rei e príncipes? 11 1Sm 8.7Dei-te um rei na minha ira Os 10.7;1Rs 14.7-10e tirei-o no meu furor. 12 A iniquidade de Efraim está atada; o seu pecado está Dt 32.34-35;Jó 14.17;Rm 2.5depositado. 13 Sobre ele virão as dores Mq 4.9-10duma mulher que está de parto; ele é um filho Os 5.4;Dt 32.6insensato, pois é tempo de ele Is 37.3;66.9não se demorar no lugar de onde saem os filhos. 14 Sl 49.15;Ez 37.12-13Resgatá-los-ei do poder do Sheol; remi-los-ei da morte. Onde estão, 1Co 15.55ó morte, as tuas pragas? Onde está, ó Sheol, a tua destruição? O Jr 20.16;31.35-37arrependimento será escondido dos meus olhos.
15 Ainda que ele Os 10.1;Gn 49.22dê fruto entre seus irmãos, virá um Gn 41.6;Ez 17.10;19.12vento oriental, vento de Jeová que sobe do deserto, e o seu manancial Jr 51.36secará, e a sua fonte será esgotada; ele Jr 20.5saqueará o tesouro de todos os vasos preciosos. 16 Samaria levará sobre si a sua Os 10.2culpa, porque Os 7.14se rebelou contra o seu Deus; cairão Os 11.6à espada; seus filhos serão Os 10.14despedaçados, e as suas 2Rs 15.16mulheres grávidas serão fendidas.