1 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 2 အချင်းလူသား၊ ရောရှပြည်၊ မေရှက်ပြည်၊ တုဗလပြည်ကို အစိုးရသော မာဂေါဂပြည်သား ဂေါဂမင်းတစ်ဖက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊ဗျာ၊ ၂၀:၈။3 အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ရောရှ၊ မေရှက်၊ တုဗလပြည်တို့ကို အစိုးရသော အို ဂေါဂမင်း၊ သင့်တစ်ဖက်၌ ငါနေ၏။ 4 သင့်ကို ငါပြန်လာစေမည်။ သင့်ပါးရိုးကို သံချိတ်နှင့်ချိတ်ပြီးလျှင်၊ သင်မှစ၍ ထူးဆန်းသော လက်နက်စုံ အမျိုးမျိုးကိုဆောင်သောသူ၊ ဒိုင်းလွှားပါ၍ ဓားကို လက်စွဲသောလူ အလုံးအရင်းများနှင့် မြင်း၊ မြင်းစီးသူရဲ ဗိုလ်ခြေအပေါင်းတို့ကို ငါဆောင်ခဲ့မည်။ 5 အသီးအသီး ဒိုင်းလွှားကိုင်၍ သံခမောက်လုံးကို ဆောင်းသော ပေရသိပြည်သား၊ ကုရှပြည်သား၊ ဖုတပြည်သား၊ 6 ဂေါမာနှင့် သူ၏တပ်များ၊ မြောက်ပြည်သား တောဂါမအမျိုးနှင့် သူ၏တပ်များ အလုံးအရင်း အပေါင်းတို့သည် သင်နှင့်အတူ လိုက်လာကြလိမ့်မည်။ 7 သင်သည် မိမိ၌စုဝေးသော လူအလုံးအရင်းများနှင့်တကွ ကိုယ်ကိုပြင်ဆင်လော့။ ပြင်ဆင်လျက်နေလော့။ သူတို့ကို စောင့်လျက်နေလော့။ 8 ကြာမြင့်စွာ ကာလလွန်ပြီးမှ သင်သည် အုပ်ချုပ်ရသောအခွင့် ရှိလိမ့်မည်။ ဓားဘေးနှင့်လွတ်၍ လူအမျိုးမျိုးထဲက နုတ်သောပြည်သား၊ ကြာမြင့်စွာ ဆိတ်ညံလျက်နေသော ဣသရေလတောင်တို့အပေါ်သို့၊ တစ်ဖန်ဆောင်ခဲ့သော ပြည်သားတို့ရှိရာသို့ နောင်ကာလ၌ သင်သည် စစ်ချီ၍လာလိမ့်မည်။ ထိုပြည်သားတို့သည် လူအမျိုးမျိုးထဲက နုတ်ဆောင်သောသူဖြစ်၍၊ တစ်ပြည်လုံး ငြိမ်ဝပ်လျက်ရှိနေသောအခါ၊ 9 သင်သည် မိုးသက်မုန်တိုင်းကဲ့သို့ တက်လာ၍၊ သင်၌ပါသမျှသော တပ်သားအလုံးအရင်းနှင့်တကွ၊ ထိုပြည်ကို မိုးအုံ့သကဲ့သို့ ဖြစ်လိမ့်မည်။ 10 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုအခါ သင်သည် အရာရာတို့ကို အောက်မေ့၍ မကောင်းသောအကြံကို ကြံစည်လျက်၊ 11 ရွာဇနပုဒ်များသောပြည်၊ မြို့ရိုးမရှိ၊ တံခါးကျင်နှင့် တံခါးမရှိ၊ စိုးရိမ်စရာအကြောင်းအလျှင်းမရှိ၊ ငြိမ်ဝပ်သောပြည်သားတို့ရှိရာသို့ ငါချီသွား၍၊ 12 သူတို့ဥစ္စာကို လုယက်သိမ်းယူမည်။ အရင်ဆိတ်ညံ၍ ယခုလူနေသော အရပ်တို့ကိုလည်းကောင်း၊ လူအမျိုးမျိုးထဲက စုဝေးသဖြင့် တိရစ္ဆာန်များနှင့် ဥစ္စာများကိုရတတ်၍၊ ပြည်အလယ်၌နေသော သူတို့ကိုလည်းကောင်းတိုက်မည်ဟု ကြံစည်လိမ့်မည်။ 13 ရှေဘပြည်သား၊ ဒေဒန်ပြည်သား၊ တာရှုကုန်သည်များ၊ ခြင်္သေ့ပျိုအပေါင်းတို့က၊ ကိုယ်တော်သည် သူ့ဥစ္စာကို လုယူခြင်းငှာ လာသလော။ သူ့ဥစ္စာကိုဝေငှ၍ ရွှေငွေကိုလည်းကောင်း၊ တိရစ္ဆာန်များနှင့် ဥစ္စာများကိုလည်းကောင်း သိမ်းသွားလျက်၊ များစွာ လုယက်ဖျက်ဆီးခြင်းငှာ အပေါင်းအသင်းကို စုဝေးစေပြီလောဟု မေးမြန်းကြလိမ့်မည်။
14 သို့ဖြစ်၍၊ အချင်းလူသား၊ ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဂေါဂအား ဆင့်ဆိုရမည်မှာ၊ ငါ၏လူ ဣသရေလအမျိုးသားတို့သည် ငြိမ်ဝပ်စွာနေသောအခါ သင်သည်သိ၍၊ 15 မြင်းစီးသောသူ အလုံးအရင်းအပေါင်း၊ အားကြီးသော စစ်သူရဲအပေါင်းတို့နှင့်တကွ မြောက်မျက်နှာမှချီလာမည်။ 16 ပြည်ကို မိုးအုံ့သကဲ့သို့ ငါ၏လူ ဣသရေလအမျိုးသားတို့ကို တက်၍တိုက်လာမည်။ နောင်ကာလတွင် ငါ၏ပြည်တစ်ဖက်၌ သင့်ကို ငါဆောင်ခဲ့မည် မဟုတ်လော။ အကြောင်းမူကား၊ အို ဂေါဂ၊ လူအမျိုးမျိုးတို့မျက်မှောက်၌ သင့်အားဖြင့် ငါသည်ချီးမြှောက်ရာသို့ ရောက်သောအခါ၊ သူတို့သည် ငါ့ကိုသိရကြမည် အကြောင်းတည်း။ 17 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် စစ်ချီစေမည်ဟု၊ လွန်လေပြီးသောရှေးကာလ၌ ပရောဖက်ပြုသောငါ၏ကျွန် ဣသရေလပရောဖက်တို့အား ငါသည် ဗျာဒိတ်ပေးသောအခါ၊ သင့်ကိုရည်မှတ်သည်မဟုတ်လော။
18 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလတွင် ဂေါဂသည် ဣသရေလပြည်ကို တိုက်လာသောကာလအခါ၊ ငါသည် ဒေါသအရှိန်ထ၍ အမျက်ထွက်လိမ့်မည်။ 19 အကယ်စင်စစ် ထိုအခါ ဣသရေလပြည်၌ ကြီးစွာသော လှုပ်ရှားခြင်းဖြစ်လိမ့်မည်ဟု ငါ၏ဒေါသမီးလောင်လျက် ငါပြောပြီ။ 20 ပင်လယ်ငါး၊ မိုးကောင်းကင်ငှက်၊ တောတိရစ္ဆာန်နှင့် မြေ၌တွားတတ်သောတိရစ္ဆာန်၊ မြေပေါ်မှာရှိသော လူအပေါင်းတို့သည် ငါ့ရှေ့မှာ တုန်လှုပ်ကြလိမ့်မည်။ တောင်တို့သည်ပြိုလျက်၊ အဇောက်မြင့်သော အရပ်တို့သည် လဲလျက်၊ အလုံးစုံသောအုတ်ရိုး ပြုတ်လျက် ရှိကြလိမ့်မည်။ 21 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ့တောင်များ အရပ်ရပ်တို့တွင် သူ့တစ်ဖက်၌ ဓားကို ငါမှာလိုက်သဖြင့်၊ လူအပေါင်းတို့သည် တစ်ယောက်ကိုတစ်ယောက် ဓားနှင့် ခုတ်ကြလိမ့်မည်။ 22 ငါသည် ကာလနာဘေး၊ အသေသတ်ခြင်းဘေးအားဖြင့် သူ့ကိုဒဏ်ပေးမည်။ သူနှင့် သူ၌ပါသောတပ်များ၊ အလုံးအရင်းများအပေါ်မှာ လွှမ်းမိုးသောမိုးရေ၊ ကြီးသောမိုးသီး၊ ကန့်နှင့်ရောသော မီးမိုးကိုရွာစေမည်။ 23 ထိုသို့ငါသည် ကိုယ်ကိုချီးမြှောက်၍ ရိုသေဖွယ်သော ဂုဏ်လက္ခဏာတို့ကိုပြလျက်၊ များစွာသော လူမျိုးတို့ရှေ့မှာ ထင်ရှားသောအခါ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
1 Veio a mim a palavra de Jeová, dizendo: 2 Filho do homem, vira o teu para Ez 38.3,14,16,18;Ez 39.1,11;Ap 20.8Gogue, da terra de Ez 39.6;Gn 10.2;Ap 20.8Magogue, príncipe de Ez 38.3;Ez 39.1Rôs, Ez 38.3;Ez 27.13;39.1Meseque e Tubal, e profetiza contra ele, 3 e dize: Assim diz o Senhor Jeová: Eis que sou Ez 39.1contra ti, Gogue, príncipe de Rôs, Meseque e Tubal. 4 Ez 39.2Far-te-ei voltar, Ez 29.4porei anzóis nos teus queixos e Is 43.17te tirarei para fora a ti e a todo o teu exército, Ez 38.15;Dn 11.40cavalos e cavaleiros, todos eles vestidos de armadura completa, uma grande companhia com pavês e escudo, empunhando todos espadas; 5 Ez 27.10;2Cr 36.20;Ed 1.1;Dn 8.20Pérsia, Ez 30.4-5;Gn 10.6-8Cus Ez 27.10;30.5e Pute com eles, todos com escudo e capacetes; 6 Gn 10.2-3Gômer e todas as suas tropas; a casa de Ez 27.14;Gn 10.3Togarma nos Ez 38.15últimos confins do norte e todas as suas tropas, sim, muitos povos contigo.
7 Prepara-te, e dispõe-te, tu e todas as tuas companhias que se têm ajuntado a ti, e serve-lhes de guarda. 8 Is 24.22Depois de muitos dias, serás visitado. Nos últimos anos, virás à terra que foi retirada da espada e Ez 38.12;Ez 36.24;37.21;39.27-28;Is 11.11que foi congregada dentre muitos povos Ez 34.13;36.1-8sobre os montes de Israel, que têm estado há muito desertos, porém ela foi tirada dentre os povos, e os Ez 38.11,14;Ez 39.26seus moradores estarão todos seguros. 9 Subirás, virás Is 5.28;21.1;25.4;28.2;Jr 4.13com uma tempestade e tornar-te-ás Ez 38.16;Ez 30.18;Jl 2.2como uma nuvem para cobrir a terra, tu, e todas as tuas tropas, e muitos povos contigo.
10 Assim diz o Senhor Jeová: Naquele dia, Ez 11.5entrarão na tua mente certos projetos, e Sl 36.4;Mq 2.1maquinarás um mau desígnio; 11 e dirás: Subirei à terra de Zc 2.4aldeias sem muros; irei contra os que estão Jr 49.31em repouso, Ez 38.8que habitam seguros, habitando todos sem terem muros e não tendo nem ferrolhos nem portas, 12 para Ez 29.19;Is 10.6saqueares o despojo e te lançares sobre a presa; para tornares a tua mão contra os lugares desertos que se acham presentemente habitados e contra o povo que foi Ez 38.8congregado dentre as nações, o qual adquiriu gado e bens e habita no meio da terra. 13 Ez 27.22-23Sabá, Ez 25.13;27.15,20e Dedã, e os negociantes de Ez 27.12Társis, com os seus Ez 32.2;Na 2.11-13leões novos, te dirão: És vindo para saqueares os despojos? Ajuntaste a tua companhia para te lançares sobre a presa? Para levares a prata e o ouro, para tirares o gado e os bens, para saqueares grande Is 10.6;33.23;Jr 15.13despojo?
14 Portanto, filho do homem, profetiza e dize a Ez 38.2Gogue: Assim diz o Senhor Jeová: Acaso, naquele dia, quando o meu povo de Israel Ez 38.8,11;Jr 23.6;Zc 2.5,8habitar seguro, não o saberás tu? 15 Virás do teu lugar lá dos Ez 38.6;Ez 39.2últimos confins do norte, tu e muitos povos contigo, Ez 38.4montados todos a cavalo, uma grande companhia e um exército pujante; 16 e subirás contra o meu povo de Israel, Ez 38.9como uma nuvem para cobrir a terra. Nos últimos dias, te trarei Ez 38.8contra a minha terra, Ez 38.23;Ez 36.23;Sl 83.18para que me conheçam as nações, quando eu for Ez 28.22;Is 5.16;8.13;29.23santificado em ti, ó Gogue, diante dos seus olhos.
17 Assim diz o Senhor Jeová: És tu aquele de quem, nos tempos antigos, por meio dos meus servos, os profetas de Israel, que naqueles dias Is 5.26-29;34.1-6;63.1-6;66.15-16;Jl 3.9-14profetizaram durante muitos anos, falei que eu te faria vir sobre eles? 18 Naquele dia, quando Ez 38.2Gogue vier contra a terra de Israel, diz o Senhor Jeová, a minha indignação subirá às minhas Sl 18.8,15narinas. 19 Pois, no meu Ez 5.13;36.5-6;Dt 32.22;Sl 18.7-8;Na 1.2;Hb 12.29zelo e no ardor da minha ira, falei: Certamente, naquele dia, haverá um grande Ez 37.7;Jl 3.16;Ag 2.6-7,21-22tremor na terra de Israel, 20 Jr 4.24-25;Os 4.3;Na 1.4-6de sorte que os peixes do mar, e as aves do céu, e os animais do campo, e todos os répteis que se arrastam sobre a terra e todos os homens que há sobre a face da terra, tremerão diante da minha presença, e os Zc 14.4montes serão deitados abaixo, e os precipícios cairão, e todos os muros cairão por terra. 21 Chamarei a Ez 14.17espada contra ele para que venha sobre todos os meus montes, diz o Senhor Jeová; Jz 7.22;1Sm 14.20;2Cr 20.23;Ag 2.22a espada de cada um se voltará contra o seu irmão. 22 Is 66.16;Jr 25.31Contenderei com ele Ez 5.17pela peste e pelo sangue; farei chover sobre ele, sobre as suas tropas e sobre os muitos povos que estão com ele uma Ez 13.11,13chuva inundante, Sl 11.6;18.12-14;Is 28.17grandes pedras de saraiva, fogo e enxofre. 23 Eu me engrandecerei, Ez 36.23e me santificarei, Ez 38.16;Ez 37.28;Sl 9.16e me darei a conhecer aos olhos de muitas nações; e saberão que eu sou Jeová.