1 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 2 အဘတို့သည် ချဉ်သောစပျစ်သီးကိုစား၍ သားတို့သည် သွားကျိန်းလျက်ရှိကြ၏ဟု၊ သင်တို့သည် ဣသရေလပြည်ကိုရည်မှတ်၍ စကားပုံကိုသုံးသောအခါ အဘယ်သို့ဆိုလိုသနည်း။ယေ၊ ၃၁:၂၉။3 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း နောက်တစ်ဖန် ဣသရေလပြည်၌ ထိုစကားပုံကိုသုံးရသော အကြောင်းမရှိရ။ 4 ဝိညာဉ်အပေါင်းတို့ကိုငါပိုင်၏။ အဘ၏ဝိညာဉ်ကို ငါပိုင်သကဲ့သို့ သား၏ဝိညာဉ်ကိုလည်း ငါပိုင်၏။ ပြစ်မှားသောဝိညာဉ်သည် အသက်သေရမည်။ 5 လူမည်သည်ကား၊ သဘောဖြောင့်၍ တရားသောအမှု၊ ဟုတ်မှန်သောအမှုကို ပြုလျှင်လည်းကောင်း၊ 6 တောင်ပေါ်မှာမစား၊ ဣသရေလအမျိုး ကိုးကွယ်သော ရုပ်တုတို့ကို မဖူးမမျှော်၊ သူ့မယားကို မပြစ်မှား၊ ဥတုရောက်သော မိန်းမကို မချဉ်းကပ်၊ 7 အဘယ်သူကိုမျှ မညှဉ်းဆဲ၊ ကြွေးစားပေါင်ထားသောဥစ္စာကို ပြန်၍မပေးဘဲမနေ၊ သူ့ဥစ္စာကို အနိုင်အထက်မလုမယူ၊ ငတ်မွတ်သောသူကို ကျွေးမွေး၍၊ အဝတ်မရှိသောသူကို အဝတ်နှင့် ဖုံးလွှမ်းလျှင်လည်းကောင်း၊ 8 အတိုးစား၍ ငွေကိုမချေး၊ အဓမ္မအမှုကို လက်မခံ၊ သူတစ်ပါးအမှုကို တရားသဖြင့်စီရင်ခြင်း၊ 9 ငါစီရင်ထုံးဖွဲ့သည် အတိုင်းကျင့်၍ သစ္စာစောင့်ခြင်းကို ပြုလျှင်လည်းကောင်း၊ ထိုသူသည် ဖြောင့်မတ်သောသူဖြစ်၏။ အကယ်စင်စစ် အသက်ရှင်ရလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ဝတ်၊ ၁၈:၅။
10 သို့ရာတွင်၊ ထိုသူ၏သားသည် ဓားပြတိုက်သောသူ၊ လူအသက်ကို သတ်သောသူ၊ အရင်ဆိုခဲ့ပြီးသော ဒုစရိုက်တစ်စုံတစ်ခုကို ပြုသောသူ၊ 11 အရင်ဆိုခဲ့ပြီးသော သုစရိုက်ကိုမပြု၊ တောင်ပေါ်မှာစားခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ 12 ဆင်းရဲငတ်မွတ်သောသူကို ညှဉ်းဆဲခြင်း၊ သူ့ဥစ္စာကို အနိုင်အထက်လုယူခြင်း၊ ပေါင်ထားသောဥစ္စာကို ပြန်၍မပေးဘဲနေခြင်း၊ ရုပ်တုကို ဖူးမျှော်ခြင်း၊ ရွံရှာဖွယ်သော အမှုကိုပြုခြင်း၊ 13 အတိုးစား၍ငွေချေးခြင်းကိုပြုသော သူဖြစ်လျှင်၊ အသက်ရှင်ရမည်လော။ အသက်မရှင်ရ။ ထိုရွံရှာဖွယ်သောအမှုများကိုပြုသောကြောင့်၊ စင်စစ်အသေသတ်ခြင်းကိုခံရမည်။ သေထိုက်သောအပြစ်ရှိ၏။
14 သို့ရာတွင်၊ ထိုသူ၏သားသည် အဘပြုသမျှသော ဒုစရိုက်တို့ကို မြင်၍ဆင်ခြင်သဖြင့်၊ ထိုသို့သော အမှုတို့ကိုမပြု၊ 15 တောင်ပေါ်မှာမစား၊ ဣသရေလအမျိုးကိုးကွယ်သော ရုပ်တုတို့ကို မဖူးမမျှော်၊ သူ့မယားကိုမပြစ်မှား၊ 16 အဘယ်သူကိုမျှ မညှဉ်းဆဲ၊ ပေါင်ထားသော ဥစ္စာကိုမသိမ်း၊ သူ့ဥစ္စာကို အနိုင်အထက်မလုမယူ၊ ငတ်မွတ်သောသူကို ကျွေးမွေးခြင်း၊ အဝတ်မရှိသောသူကို အဝတ်နှင့်ဖုံးလွှမ်းခြင်း၊ 17 ဆင်းရဲသော သူကိုချမ်းသာပေးခြင်း၊ အတိုးမစားဘဲငွေချေးခြင်းကိုပြု၍ ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်လျှင်၊ ထိုသူသည် အဘ၏အပြစ်ကြောင့် အသေခံရမည်မဟုတ်။ စင်စစ်အသက်ရှင်ရလိမ့်မည်။ 18 အဘမူကား၊ မိမိညီအစ်ကိုကို အထပ်ထပ်ညှဉ်းဆဲလျက်၊ သူ့ဥစ္စာကို အနိုင်အထက်လုယူလျက်၊ မိမိအမျိုးသားချင်းတို့တွင် မကောင်းသောအမှုကို ပြုသောအပြစ်ကြောင့်၊ အသေသတ်ခြင်းကို ခံရမည်။ 19 သင်တို့ကလည်း၊ အဘယ်သို့နည်း။ သားသည် အဘ၏အပြစ်ကို မခံရသလောဟု မေးကြသော်၊ သားသည် တရားသောအမှု၊ ဟုတ်မှန်သောအမှုကိုပြု၍၊ ငါစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်စောင့်လျှင်၊ စင်စစ် အသက်ရှင်ရလိမ့်မည်။ 20 ပြစ်မှားသောသူသည် အသေခံရမည်။ သားသည် အဘ၏အပြစ်ကို မခံရ။ အဘသည် သား၏အပြစ်ကို မခံရ။ တရားသောသူသည် တရားစွာပြုခြင်း အကျိုးကိုလည်းကောင်း၊ မတရားသောသူသည် မတရားစွာပြုခြင်း အပြစ်ကိုလည်းကောင်း ခံရလိမ့်မည်။ တရား၊၂၄:၁၆။21 သို့ရာတွင်၊ မတရားသောသူသည် မိမိပြုမိသမျှသော ဒုစရိုက်တို့ကို ကြဉ်ရှောင်လျက်၊ ငါစီရင်ထုံးဖွဲ့သမျှတို့ကို စောင့်ရှောက်၍၊ တရားသောအမှု၊ ဟုတ်မှန်သောအမှုတို့ကို ပြုလျှင်၊ သေခြင်းနှင့်လွတ်၍ စင်စစ် အသက်ရှင်ရလိမ့်မည်။ 22 ပြုမိသမျှသော ဒုစရိုက်အပြစ်တို့ကို သူ့တစ်ဖက်၌မမှတ်ရ။ ပြုမိသော ဖြောင့်မတ်ခြင်းအမှုကြောင့် အသက်ရှင်ရလိမ့်မည်။ 23 မတရားသောသူသည် မိမိအကျင့်တို့ကိုရှောင်၍ အသက်မရှင်၊ အသေခံခြင်းအမှု၌ ငါသည် အနည်းငယ်သောပျော်မွေ့ခြင်း ရှိသလော။ 24 သို့ရာတွင် တရားသောသူသည် ဖောက်ပြန်၍၊ အဓမ္မအမှုကိုလည်းကောင်း၊ မတရားသောသူပြုသမျှသော စက်ဆုပ်ရွံရှာဖွယ် အမှုတို့ကိုလည်းကောင်းပြုလျှင်၊ အသက်ရှင်ရမည်လော။ အရင်ပြုသမျှသော ဖြောင့်မတ်ခြင်းအမှုတို့ကို မမှတ်၊ သူသည် လွန်ကျူးသောအမှု၊ ပြစ်မှားသောအပြစ်ကြောင့် အသေသတ်ခြင်းကို ခံရလိမ့်မည်။
25 သို့သော်လည်း သင်တို့က၊ ထာဝရဘုရားစီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အို ဣသရေလအမျိုး၊ ငါစီရင်ချက်သည် ဖြောင့်၍၊ သင်တို့စီရင်ချက် ကောက်သည်မဟုတ်လော။ 26 တရားသောသူသည် တရားသောအမှုကိုပယ်၍ အဓမ္မအမှုကိုပြုလျှင်၊ ထိုအမှုကြောင့် သေရမည်။ ပြုမိသောအဓမ္မအမှုကြောင့် အသေသတ်ခြင်းကို ခံရမည်။ 27 ထိုအတူ၊ မတရားသောသူသည် မိမိပြုမိသော အဓမ္မအမှုကိုရှောင်၍၊ တရားသောအမှု၊ ဟုတ်မှန်သော အမှုကိုပြုလျှင်၊ မိမိအသက်ကို ကယ်နုတ်ရလိမ့်မည်။ 28 ပြုမိသမျှသော အဓမ္မအမှုတို့ကို ဆင်ခြင်၍ ရှောင်သောကြောင့်၊ သေခြင်းနှင့်လွတ်၍ စင်စစ်အသက်ရှင်ရလိမ့်မည်။ 29 သို့သော်လည်း ဣသရေလအမျိုးက၊ ထာဝရဘုရားစီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အို ဣသရေလအမျိုး၊ ငါစီရင်ချက်သည် ဖြောင့်၍၊ သင်တို့စီရင်ချက် ကောက်သည် မဟုတ်လော။ 30 သို့ဖြစ်၍၊ အို ဣသရေလအမျိုး၊ သင်တို့ အသီးအသီးကျင့်ကြသည်အတိုင်း အကျိုးအပြစ်ကို ငါစီရင်မည်။ သင်တို့သည် အဓမ္မအမှုရှိသမျှတို့ကို စွန့်ပစ်၍ ပြောင်းလဲကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက်အပြစ်ကြောင့် ထိမိ၍ ဆုံးခြင်းသို့မရောက်ကြနှင့်။ 31 သင်တို့သည် ပြုသမျှသော လွန်ကျူးခြင်းအမှုတို့ကိုစွန့်ပစ်၍ အသစ်သောနှလုံး၊ အသစ်သောစိတ်သဘောကို ပြင်ဆင်ကြလော့။ အို ဣသရေလအမျိုး၊ သင်တို့သည် အဘယ်ကြောင့် အသေသတ်ခြင်းကို ခံလိုသနည်း။ 32 အသေခံရသောသူ၏အသေခံခြင်းအမှု၌ ငါသည်ပျော်မွေ့ခြင်းမရှိ။ ထိုကြောင့်၊ ပြောင်းလဲ၍ အသက်ရှင်ကြလော့ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
1 De novo, veio a mim a palavra de Jeová, dizendo: 2 Is 3.15Que quereis vós dizer, usando na terra de Israel deste provérbio: Jr 31.29;Lm 5.7;Mt 23.36Os pais comeram uvas verdes, e os dentes dos filhos estão embotados? 3 Pela minha vida, diz o Senhor Jeová, Ez 18.19-20,30;Ez 33.11-20não tereis mais ocasião de usardes desse provérbio em Israel. 4 Eis que Nm 16.22;27.16;Is 42.5;57.16todas as almas são minhas; como o é a alma do pai, assim também a alma do filho é minha; a alma Ez 18.20;Rm 6.23que pecar, essa morrerá.
5 Porém, se um homem for justo, e fizer o que é de equidade e justiça, 6 Ez 18.15;Ez 6.13;22.9e se não comer sobre os montes, nem Ez 18.12,15;Ez 20.24;33.25;Dt 4.19levantar os seus olhos para os ídolos da casa de Israel, nem Ez 18.15;Ez 22.11contaminar a mulher do seu próximo, nem Ez 22.10;Lv 18.19se chegar à mulher na sua separação; 7 se não oprimir a ninguém, porém Ez 33.15;Dt 24.13;Am 2.8tornar ao devedor o seu penhor, Lv 19.13;Am 3.10se não tirar nada do alheio por violência, Ez 18.16;Dt 15.11;Mt 25.35-40;Lc 3.11se der do seu pão ao que tem fome e ao nu cobrir com vestido; 8 se não der o seu dinheiro Êx 22.25;Dt 23.19-20à usura, nem receber Lv 25.36mais do que o que emprestou, se desviar a sua mão da iniquidade e Zc 7.9;8.16fizer verdadeiro juízo entre homem e homem; 9 se andar nos meus Ez 18.19,21estatutos e guardar os meus juízos, para proceder segundo a verdade, este tal é justo; certamente, Hc 2.4;Rm 1.17viverá, diz o Senhor Jeová.
10 Se ele gerar um filho que se torne Ez 22.29salteador, Ez 22.6que derrame sangue, e que faça a seu irmão qualquer dessas coisas, 11 e que não cumpra com nenhum destes deveres, porém Ez 18.6,15coma sobre os montes, e contamine a mulher do seu próximo, 12 oprima ao Am 4.1;Zc 7.10pobre e necessitado, Ez 18.7,16,18;Ez 7.23;Is 59.6-7;Jr 22.3,17tire de outro com violência, não devolva o penhor, Ez 18.6,15levante os seus olhos aos ídolos, Ez 8.6,17;2Rs 21.11cometa abominações, 13 dê o seu dinheiro Ez 18.8,17à usura e receba mais do que emprestou, acaso, viverá ele? Não viverá. Comete todas essas abominações; certamente, morrerá, e Ez 33.4-5o seu sangue será sobre ele.
14 Eis que se este, por sua vez, Ez 18.10;Pv 23.24gerar um filho que, vendo todos os pecados cometidos por seu pai, 2Cr 29.6-10;34.21tema e não faça coisas semelhantes, 15 Ez 18.6,11que não coma sobre os montes, Ez 18.6,12nem levante os seus olhos aos ídolos da casa de Israel, que não contamine a mulher do seu próximo, 16 nem oprima a pessoa alguma, que não empreste Ez 18.7,12sob penhores, nem tire de outrem com violência, porém Ez 18.7;Jó 31.16,20;Sl 41.1;Is 58.7,10dê o seu pão ao faminto, e ao nu cubra com vestido, 17 que aparte Ez 18.12do pobre a sua mão, que não receba Ez 18.8,13usura nem mais do que emprestou, Ez 18.9que execute os meus juízos e ande nos meus estatutos, Ez 18.19-20este não morrerá por causa da iniquidade de seu pai; certamente, viverá. 18 Quanto a seu pai, porque Ez 18.10-13oprimiu cruelmente, Ez 18.7,12,16tirou de seu irmão com violência e fez o que não é bom entre o seu povo, eis que ele Ez 18.13morrerá na sua iniquidade.
19 Contudo, dizeis: Ez 18.2;Êx 20.5;Jr 15.4Por que não leva o filho a iniquidade do pai? Quando o filho fizer o que Ez 18.9;Ez 20.18-20;Zc 1.3-6é de equidade e justiça, e guardar todos os meus estatutos, e os cumprir, certamente, viverá. 20 A alma Ez 18.4;2Rs 14.6;22.18-20que peca, essa morrerá; Dt 24.16;Jr 31.30o filho não levará a iniquidade do pai, nem o pai levará a iniquidade do filho. 1Rs 8.32;Is 3.10-11;Mt 16.27;Rm 2.6-9A justiça do justo será sobre ele, e a impiedade do ímpio será sobre ele.
21 Mas, se Ez 18.27-28;Ez 33.12,19o ímpio se converter de todos os seus pecados que cometeu, e guardar Ez 18.9,19;Ez 36.27;Gn 26.5;Sl 119.80,112todos os meus estatutos, e fizer o que é de equidade e justiça, Ez 18.17,28;Ez 3.21certamente, viverá; não morrerá. 22 Ez 18.24;Ez 33.16;Is 43.25;Jr 50.20;Mq 7.19Nenhuma das suas transgressões que cometeu será lembrada contra ele; Sl 18.20-24na sua justiça que praticou, viverá. 23 Ez 18.32;Ez 33.11;Lm 3.33;Os 11.8Acaso, tenho eu prazer na morte do ímpio? — diz o Senhor Jeová; não quero eu, Sl 147.11;Mq 7.18antes, que se converta do seu caminho e viva? 24 Mas, quando o justo Ez 18.26;Ez 3.20;33.18;1Sm 15.11;2Cr 24.2,17-22se desviar da sua justiça, e cometer iniquidade, e fizer conforme todas as abominações que faz o ímpio, acaso, viverá ele? Não será lembrado Ez 18.22;Gl 3.3-4nenhum dos seus atos de justiça que praticou; Ez 17.20;20.27;Pv 21.16na sua transgressão com que transgrediu e no seu pecado com que pecou, neles morrerá.
25 Contudo, dizeis: Ez 18.29;Ez 33.17,20;Ml 2.17;3.13-15O caminho do Senhor não é igual. Ouvi, pois, ó casa de Israel: Acaso, Gn 18.25;Jr 12.1;Sf 3.5não é igual o meu caminho? Não são desiguais os vossos caminhos? 26 Quando o justo Ez 18.24se desviar da sua justiça, e cometer a iniquidade, e nela morrer, na sua iniquidade que cometeu morrerá. 27 Outrossim, quando o ímpio Ez 18.21se desviar da sua impiedade que cometeu e fizer o que é de equidade e justiça, conservará este a sua alma em vida. 28 Porquanto considera e Ez 18.22,30-31se desvia de todas as suas transgressões que cometeu, certamente, viverá; não morrerá. 29 Contudo, diz a casa de Israel: Ez 18.25O caminho do Senhor não é igual. Acaso, não são iguais os meus caminhos, ó casa de Israel? 30 Portanto, vos julgarei, ó casa de Israel, cada um Ez 7.3;24.14;33.20;1Pe 1.17conforme os seus caminhos, diz o Senhor Jeová. Ez 14.6;33.11;Os 12.6Convertei-vos e desviai-vos de todas as vossas transgressões; assim, a iniquidade não vos será pedra de tropeço. 31 Is 1.16-17;55.7Lançai de vós todas as vossas transgressões com que transgredistes e fazei-vos Ez 11.19;36.26;Sl 51.10um coração novo e um espírito novo. Pois por que morrereis, ó casa de Israel? 32 Porquanto Ez 18.23;Ez 33.11não tenho prazer na morte do que morre, diz o Senhor Jeová. Portanto, Ez 18.30convertei-vos e vivei.