1 သက္ကရာဇ် တစ်ဆယ်တစ်ခု၊ တတိယလ တစ်ရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 2 အချင်းလူသား၊ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းနှင့် သူ၏အလုံးအရင်းအားဟောပြောရမည်မှာ၊ သင်သည် ဘုန်းတန်ခိုးကြီး၍ အဘယ်သူနှင့် တူသနည်း။ 3 အာရှုရိလူသည် အဆင်းလှ၍ လွှမ်းမိုးသောအကိုင်း၊ မြင့်သောအရပ်၊ ထူထပ်သော အခက်အလက်တို့နှင့် ပြည့်စုံသော ထိပ်ဖျားရှိသော လေဗနုန်အာရဇ်ပင်ဖြစ်၏။ 4 မြစ်ရေ၏ကျေးဇူးကြောင့် ကြီးမားခြင်း၊ နက်နဲသောရေ၏ကျေးဇူးတရားကြောင့် အရပ်မြင့်ခြင်းရှိ၏။ သူစိုက်ရာ အရပ်ရပ်တို့၌ ရေစီး၍၊ ခပ်သိမ်းသော တောပင်ရှိရာသို့ မြစ်ရေသည် နှံ့ပြားလေ၏။ 5 ထိုသို့သောအားဖြင့် တောသစ်ပင်တကာတို့ထက် အရပ်မြင့်လေ၏။ တိုးပွားသောအခါ ရေများသောကြောင့် အကိုင်းအခက်များပြား၍၊ အလက်တို့သည် ရှည်လျားကြ၏။ 6 မိုးကောင်းကင် ငှက်အပေါင်းတို့သည် အကိုင်းအခက်တို့၌ အသိုက်လုပ်ကြ၏။ တောတိရစ္ဆာန်အပေါင်းတို့သည် အကိုင်းအခက်တို့ အောက်၌သားဖွားကြ၏။ ထိုအပင်၏အရိပ်၌ ကြီးမားသော လူမျိုးအပေါင်းတို့သည် နေကြ၏။ 7 ထိုသို့ ရေများသောအရပ်၌ အမြစ်စွဲသောကြောင့်၊ ကြီးမြင့်၍ အခက်အလက်ရှည်လျားသဖြင့် လှသောအဆင်းနှင့် ပြည့်စုံ၏။ 8 ဘုရားသခင်၏ ဥယျာဉ်တော်၌ အာရဇ်ပင်တို့သည် ထိုအပင်ကို မကွယ်နိုင်။ ထင်းရှူးပင်နှင့် အာရမုန်ပင်တို့သည် ထိုသို့သော အကိုင်းအခက်နှင့် မပြည့်စုံကြ။ ဘုရားသခင်၏ဥယျာဉ်တော်၌ သစ်ပင်တစ်ပင်မျှ ထိုအပင်ကဲ့သို့ အဆင်းမလှ။က၊ ၂:၉။9 ဧဒင်အရပ်၊ ဘုရားသခင်၏ဥယျာဉ်တော်၌ ရှိသမျှသော သစ်ပင်တို့သည် ထိုအပင်ကို ငြူစူသည်တိုင်အောင် အခက်အလက် များပြားသောအားဖြင့် သူ၏အဆင်းကို ငါလှစေ၏။
10 တစ်ဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုအာရဇ်ပင်သည် အရပ်မြင့်လျက်၊ ထူထပ်သော အခက်အလက်တို့နှင့် ပြည့်စုံသော မိမိထိပ်ဖျားကို ချီးမြှောက်လျက်၊ စိတ်လည်းမြင့်၍ ဝါကြွားလျက်ရှိသောကြောင့်၊ 11 လူမျိုးတို့တွင် တန်ခိုးကြီး၍ သူ့ကိုကျပ်တည်းစွာ စီရင်သောသူ၏လက်သို့ ငါအပ်လေပြီ။ သူပြုသော အဓမ္မအမှုကြောင့် နှင်ထုတ်လေပြီ။ 12 ကြောက်မက်ဖွယ်သော တစ်ကျွန်းတစ်နိုင်ငံသားတို့သည် သူ့ကိုခုတ်လှဲ၍ ပစ်ထားကြပြီ။ အကိုင်းအခက်တို့သည် တောင်ပေါ်နှင့် ချိုင့်ထဲမှာကျ၍ တစ်ပြည်လုံး မြစ်နားမှာ ကျိုးပဲ့လျက်နေကြ၏။ မြေကြီးသာအပေါင်းတို့သည် သူ့အရိပ်ထဲကထွက်၍ သူ့ကိုစွန့်သွားကြ၏။ 13 မိုးကောင်းကင်ငှက်နှင့် တောတိရစ္ဆာန်အပေါင်းတို့သည် ကျိုးပဲ့သော အကိုင်းအခက်တို့အပေါ်မှာ နေရကြ၏။ 14 အကြောင်းမူကား၊ ရေနားမှာရှိသမျှသော သစ်ပင်တို့တွင် တစ်ပင်မျှ အရပ်မြင့်သောကြောင့် မဝါကြွား။ ထူထပ်သော အခက်အလက်တို့တွင် မိမိထိပ်ဖျားကို မချီးမြှောက်မည်အကြောင်း၊ ရေကိုသောက်သမျှသော အပင်တစ်ပင်မျှ အရပ်မြင့်လျက် မပြိုင်ဝံ့မည်အကြောင်းတည်း။ ထိုအပင်အပေါင်းတို့သည် မြေတွင်းထဲသို့ဆင်းတတ်သော လူသားတို့နှင့်အတူ သေခြင်းသို့လည်းကောင်း၊ မြေအောက်အရပ်သို့လည်းကောင်း ရောက်စေခြင်းငှာ ငါအပ်လေပြီ။ 15 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူသည် မရဏနိုင်ငံထဲသို့ဆင်းသွားသောနေ့၌ နက်နဲသောအရပ်ကို သူ့အဖို့ မသာအဝတ်နှင့် ငါဖုံးလွှမ်း၏။ လှိုင်းတံပိုးတို့ကို ငါကန့်ကွက်၍ ကြီးစွာသောရေကို ချုပ်ထား၏။ လေဗနုန်တောင်ကို သူ့အဖို့ မသာအဝတ်ကို ဝတ်စေ၍၊ တောသစ်ပင်အပေါင်းတို့သည် စိတ်ပျက်ကြ၏။ 16 မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ သူ့ကို မရဏနိုင်ငံထဲသို့ ငါနှိမ့်ချသောအခါ၊ နှိမ့်ချသံအားဖြင့် လူအမျိုးမျိုးတို့ကို ငါတုန်လှုပ်စေ၏။ ဧဒင်သစ်ပင်ရှိသမျှတို့နှင့် အကောင်းဆုံး၊ အမြတ်ဆုံးသော လေဗနုန်သစ်ပင်မှစ၍၊ ရေကိုသောက်သမျှသော သစ်ပင်တို့သည် မြေအောက်အရပ်တို့၌ သက်သာခြင်းသို့ရောက်ကြ၏။ 17 ထိုသူနှင့်တကွ သူ့လက်ရုံးဖြစ်၍၊ လူမျိုးတို့တွင် သူ့အရိပ်ကို ခိုသောသူတို့သည် ဓားဖြင့် အသေခံရသော သူတို့နေရာ၊ မရဏနိုင်ငံထဲသို့ လိုက်သွားကြ၏။ 18 သင်သည် ဘုန်းတန်ခိုးအာနုဘော်အားဖြင့် အဘယ်မည်သော ဧဒင်သစ်ပင်နှင့် တူသနည်း။ သင်သည် ဧဒင်သစ်ပင်တို့နှင့်အတူ မြေအောက်အရပ်သို့ နှိမ့်ချခြင်းကိုခံရမည်။ အရေဖျားလှီးခြင်းကို မခံသောလူ၊ ဓားဖြင့်အသေခံရသော သူတို့နှင့်အတူ လဲ၍နေရမည်။ ထိုသို့ ဖာရောဘုရင်နှင့် သူ့အလုံးအရင်းရှိသမျှတို့သည်ဖြစ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
1 Ez 30.20;32.1;Jr 52.5-6No undécimo ano, no terceiro mês, ao primeiro dia do mês, veio a mim a palavra de Jeová, dizendo: 2 Filho do homem, dize a Faraó e à sua Ez 29.19;30.10;Na 3.8-9multidão: Ez 31.18;Is 14.13-14A quem és semelhante na tua grandeza? 3 Eis que Na 3.1, etc.;Sf 2.13Assíria era um Ez 31.16;Ez 17.3-4,22;Is 10.33-34;Dn 4.10,20-23cedro do Líbano, de ramos formosos, Ez 17.23de ramagem sombria e Ez 31.5,10;Is 10.33de alta estatura; e a sua copa se achava entre a densa ramada. 4 Ez 17.5,8;Ap 17.1,15As águas nutriram-no, o abismo fê-lo crescer; os seus rios corriam em torno do seu plantio; e ele mandou os seus regatos a todas as árvores do campo. 5 Por isso, Ez 31.3,10se elevou a sua estatura sobre todas as árvores do campo; multiplicaram-se Sl 37.35os seus ramos e alongaram-se as suas varas por causa das Ez 17.5;Sl 1.3muitas águas, quando os enviou. 6 Todas as Ez 31.12-13;Ez 17.23;Dn 4.12,21;Mt 13.32aves do céu se aninhavam nos ramos dele, e, debaixo das suas varas davam à luz as suas crias todos os animais do campo, e, debaixo da sua sombra, habitavam todas as grandes nações. 7 Assim era ele Ez 31.2,9formoso na sua grandeza, no cumprimento das suas varas, porque a sua raiz se achava junto a muitas águas. 8 Os Ez 31.3;Sl 80.10cedros do Ez 31.16,18;Ez 28.13;Gn 2.8-9;13.10;Is 51.3jardim de Deus não o podiam esconder; os ciprestes não eram como os seus ramos, e os plátanos não eram como as suas varas; nenhuma árvore do jardim de Deus se assemelhava a ele na sua formosura. 9 Fi-lo Ez 16.14formoso pela multidão dos seus ramos; de maneira que tiveram inveja dele todas as árvores do Éden, que havia no jardim de Deus.
10 Portanto, assim diz o Senhor Jeová: Porquanto é Ez 31.3,5elevado em estatura, e se elevou a sua copa entre a densa ramada, e Ez 28.17;2Cr 32.25;Is 10.12;14.13-14;Dn 5.20o seu coração se levantou na sua altura, 11 entregá-lo-ei nas mãos do Ez 30.10-11;32.11-12;Dn 5.18-19poderoso das nações; certamente, este há de tratar com ele. Eu o Dt 18.12;Na 3.18lancei fora por causa da sua maldade. 12 Uns Ez 7.21;28.7;30.12;Hc 1.6estrangeiros, Ez 28.7;30.11;32.12os terríveis das nações, o exterminaram, e o deixaram; sobre os Ez 32.5;35.8montes e em todos os vales, caíram as suas varas, e os seus ramos estão quebrados junto a todas as correntes da terra; todos os povos da terra Ez 31.17;Dn 4.14;Na 3.17-18se retiraram da sua sombra e o deixaram. 13 Sobre a sua ruína habitarão todas as Ez 31.6;Ez 29.5;32.4;Is 18.6aves do céu, e todos os animais do campo estarão sobre as suas varas; 14 para que nenhuma de todas as árvores junto às águas se exalte na sua estatura, nem levante a sua copa entre a densa ramada, nem se levantem na sua altura os seus poderosos, sim, todos os que bebem água, porque todos eles estão entregues Ez 31.16-17à morte, Ez 31.18;Ez 26.20;32.24;Nm 16.30,33;Sl 63.9;Am 9.2;Jn 2.2,6;Ef 4.9às partes inferiores da terra, no meio dos filhos dos homens, juntamente com os que descem à cova.
15 Assim diz o Senhor Jeová: No dia em que ele Ez 32.22-23desceu ao Sheol, Ez 32.7;Na 2.10fiz que houvesse luto. Por causa dele, cobri o abismo e retive os seus rios, e ficaram paradas as grandes águas; e fiz que o Líbano o pranteasse, e todas as árvores do campo desfaleceram por causa dele. 16 Fiz Ez 26.15;27.28;Ag 2.7estremecer as nações ao som da sua queda, quando Ez 32.18;Is 14.15o lancei no Sheol juntamente com os que descem à cova; e todas as árvores do Ez 31.8-9Éden, as escolhidas e as melhores do Is 14.8;Hc 2.17Líbano, todas as que bebem água, foram Ez 14.22-23;32.31consoladas nas Ez 31.14,18partes inferiores da terra. 17 Juntamente com ele, Sl 9.17desceram ao Sheol os que foram Ez 32.18-20;Is 14.9;Na 3.17-18mortos à espada, sim, desceram com ele os que foram o seu braço e que habitavam Ez 31.3,6;Dn 4.12debaixo da sua sombra, no meio das nações.
18 A Ez 31.2;Ez 32.19-21quem és assim semelhante em glória e em grandeza entre as árvores do Ez 31.8-9Éden? Contudo, serás precipitado juntamente com as árvores do Éden Ez 31.14às partes inferiores da terra; no meio Ez 28.10;32.19,21;Jr 9.25-26dos incircuncisos, te deitarás juntamente com os que forem Ez 31.17mortos à espada. Sl 52.7;Mt 13.19Este é Faraó e toda a sua multidão, diz o Senhor Jeová.