1 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ 2 အချင်းလူသား၊ တုရုမြို့အတွက် မြည်တမ်းခြင်းကိုပြု၍၊ တုရုမြို့အား ဆင့်ဆိုရမည်မှာ၊ 3 အို ပင်လယ်ဝ၌တည်သောမြို့၊ များစွာသော ကျွန်းသူကျွန်းသားတို့အဖို့ ကုန်သွယ်တတ်သောမြို့၊ သင့်ကို အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုတုရုမြို့၊ သင်က၊ ငါ၏တင့်တယ်ခြင်းစုံလင်ပြီဟု ဆိုတတ်၏။ 4 သင်၏နံပါးတို့သည် ပင်လယ်ထဲမှာ ရှိ၏။ သင်၏ဗိသုကာတို့သည် သင့်ကိုစုံလင်စွာ တင့်တယ်စေခြင်းငှာ ပြုကြပြီ။ 5 သင်၏ပျဉ်ပြားရှိသမျှတို့ကို စေနိရထင်းရှူးသစ်သားဖြင့် လုပ်၍၊ ရွက်တိုင်ဖို့ လေဗနုန်အာရဇ်ပင်တို့ကို ယူကြပြီ။ 6 ဗာရှန်သပိတ်သစ်သားဖြင့် တက်တို့ကိုလည်းကောင်း၊ ခိတ္တိမ်ကျွန်းတို့မှ ယူခဲ့၍ ဆင်စွယ်နှင့် စီချယ်သော တာရှုရသစ်သားဖြင့် ကန့် တို့ကိုလည်းကောင်း လုပ်ကြပြီ။ 7 အဲဂုတ္တုပြည်၌ ချယ်လှယ်သော ပိတ်ချောရွက်တို့ကိုဖြန့်၍၊ ဧလိရှကျွန်းတို့မှ ယူခဲ့သော အထည်ပြာ၊ အထည်မောင်းဖြင့်လုပ်သော မျက်နှာကြက်နှင့် ပြည့်စုံ၏။ 8 ဇိဒုန်မြို့သား၊ အာဝဒ်မြို့သားတို့သည် သင်္ဘောသားဖြစ်၍၊ တုရုပညာရှိတို့သည် လမ်းပြမာလိန်ဖြစ်ကြ၏။ 9 ဂေဗလလူကြီး၊ ပညာရှိတို့သည် သင့်ကို ပြုပြင်လျက် လိုက်ကြ၏။ ပင်လယ်ကူးတတ်သော သင်္ဘောရှိသမျှ၊ သင်္ဘောသားတို့နှင့်တကွ သင်နှင့် ဖောက်ကားရောင်းဝယ်ခြင်းငှာ ပါကြ၏။ 10 ပေရသိလူ၊ လုဒလူ၊ ဖုတလူတို့သည် သင်၏တပ်သား၊ စစ်သူရဲ လုပ်ကြ၏။ ဒိုင်း၊ လွှား၊ သံခမောက်လုံးတို့ကို ပြင်ဆင်၍၊ သင်၏ဂုဏ်အသရေကို ထင်ရှားစေကြ၏။ 11 အာဝဒ်အမျိုးသားတို့သည် သင်၏တပ်သားတို့နှင့်တကွ မြို့ရိုးပတ်လည်၌ စီးကြ၏။ ဂမ္မဒိမ်လူတို့သည် ပြအိုးတို့ကိုစောင့်၍၊ မြို့ရိုးပတ်လည်၌ မြားတောင့်တို့ကို ပြင်ဆင်သဖြင့်၊ သင်၏တင့်တယ်ခြင်းကို စုံလင်စေကြ၏။ 12 သင်၌ကုန်သွယ်ရန်ဥစ္စာများသောကြောင့်၊ တာရှုမြို့သည် ငွေ၊ သံ၊ သံဖြူ၊ ခဲတို့ကို သင့်ဝိုင်းသို့ယူခဲ့၍ သင်နှင့် ကုန်သွယ်ခြင်းကို ပြုလေ၏။ 13 ယာဝန်မြို့၊ တုဗလမြို့၊ မေရှက်မြို့တို့သည် သင်နှင့်ကုန်သွယ်၍၊ လူကျွန်တို့နှင့် ကြေးနီဖလားတို့ကို သင့်ဈေး၌ ရောင်းကြ၏။ 14 တောဂါမအမျိုးသားတို့သည် မြင်း၊ မြင်းစီးသူ၊ လားတို့ကို သင့်ဝိုင်း၌ သွင်းကြ၏။ 15 ဒေဒန်မြို့သားတို့သည်လည်း သင်နှင့်ကုန်သွယ်ကြ၏။ များစွာသော တစ်ကျွန်းတစ်နိုင်ငံအရပ်သားတို့သည် သင်လုပ်သောဥစ္စာကိုဝယ်၍၊ ဦးချို၊ ဆင်စွယ်၊ သစ်သားနက်ကိုပြန်ပေးကြ၏။ 16 သင်လုပ်သော ဥစ္စာများသောကြောင့် ရှုရိပြည်သည် သင်နှင့်ကုန်သွယ်၍၊ နပက်ကျောက်၊ ပြာသောအထည်၊ ခြယ်လှယ်သောအဝတ်၊ ပိတ်ချော၊ သန္တာ၊ ကျောက်နီတို့ကို သင့်ဝိုင်း၌ သွင်းကြ၏။ 17 ယုဒပြည်နှင့် ဣသရေလပြည်သည် သင်နှင့်ကုန်သွယ်၍၊ ဂျုံစပါး၊ မုရန်စေး၊ ပနက်စေး၊ ဗာလစံစေး၊ ဆီ၊ ပျားရည်တို့ကိုသင့်ဈေး၌ သွင်းကြ၏။ 18 ဒမာသက်မြို့သည် သင်လုပ်သော ဥစ္စာများ၊ စည်းစိမ်များပြားသောကြောင့်၊ ဟေလဗုန်စပျစ်ရည်၊ ဖြူသောသိုးမွေးကို ဖလှယ်လျက် ဖောက်ကားတတ်၏။ 19 ဝေဒန်မြို့နှင့် ယာဝန်ပြည် ဥဇာလမြို့သည်လည်း သံပြောင်ကို သင့်ဝိုင်းသို့ယူခဲ့၍၊ သင့်ဈေး၌ သစ်ကြံပိုးနှင့် ကြံလည်းရှိ၏။ 20 ဒေဒန်မြို့သည် မြင်းစီးသူရဲသုံးစရာ ချောသောအထည်မျိုးကိုရောင်း၍ သင်နှင့်ကုန်သွယ်၏။ 21 အာရပ်ပြည်နှင့် ကေဒါမင်းအပေါင်းတို့သည် သင်လုပ်သော ဥစ္စာကိုရခြင်းငှာ သိုးသငယ်၊ သိုးထီး၊ ဆိတ်များတို့နှင့် ဖလှယ်၍ ကုန်သွယ်ကြ၏။ 22 ရှေဘကုန်သည်၊ ရာဂမကုန်သည်တို့သည် သင်နှင့် ကုန်သွယ်၍ အမြတ်ဆုံးသော နံ့သာမျိုး၊ အဖိုးကြီးသော ကျောက်မျိုး၊ ရွှေမျိုးကို သင့်ဝိုင်း၌ သွင်းကြ၏။ 23 ခါရန်မြို့သား၊ ကန္နေမြို့သား၊ ဧဒင်မြို့သား၊ ရှေဘကုန်သည်၊ အာရှုရိကုန်သည်၊ ခိလမဒ်ကုန်သည်တို့လည်း၊ သင်နှင့်ကုန်သွယ်၍၊ 24 ထူးဆန်းသော ဥစ္စာ၊ ပြာသောအထည်၊ ခြယ်လှယ်သောအထည်၊ အဖိုးထိုက်သော အဝတ်တန်ဆာပါ၍၊ ကြိုးနှင့်ပတ်ရစ်သော အာရဇ်သေတ္တာတို့ကို သင်၏ကုန်ထဲသို့ သွင်းကြ၏။ 25 တာရှုသင်္ဘောသားတို့သည် သင်၏ကုန်ကိုဆောင်လျက် သွားလာသဖြင့်၊ သင်သည် ပင်လယ်အလယ်၌ ကြွယ်ဝ၍ အလွန်ဘုန်းကြီးလေ၏။ဗျာ၊ ၁၈:၁၁-၁၉။
26 ယခုမူကား၊ သင်၏တက်ခတ်သားတို့သည် သင့်ကို ကြီးစွာသောရေထဲသို့ ဆောင်သွား၍၊ အရှေ့လေသည်လည်း ပင်လယ်အလယ်၌ ချိုးလေပြီ။ 27 သင်သည် လဲပျက်သောအခါ သင်၏ဥစ္စာ၊ ဝိုင်း၊ ကုန်၊ သင်္ဘောသား၊ လမ်းပြမာလိန်၊ ပြုပြင်သူ၊ ကုန်သည်၊ စစ်သူရဲအလုံးအရင်း ပါသမျှတို့သည် ပင်လယ်အလယ်၌ကျရကြလိမ့်မည်။ 28 သင်၏လမ်းပြမာလိန်တို့အော်ဟစ်သံကြောင့်၊ ပတ်ဝန်းကျင်အရပ်တို့သည် လှုပ်ရှားကြလိမ့်မည်။ 29 တက်ခတ်သောသူအပေါင်းတို့သည် သင်္ဘောမှဆင်း၍၊ သင်္ဘောသားများနှင့် ပင်လယ်လမ်းပြ မာလိန်အပေါင်းတို့သည် ကုန်းပေါ်မှာရပ်လျက်၊ 30 သင့်အဖို့အော်ဟစ်၍ ပြင်းစွာငိုကြွေးကြလိမ့်မည်။ မြေမှုန့်ကို မိမိတို့ခေါင်းပေါ်မှာ ပစ်တင်၍ ပြာ၌လူးကြလိမ့်မည်။ 31 ဆံပင်ကိုလည်းဖြတ်၍ လျှော်တေအဝတ်ကို ဝတ်စည်းလျက်၊ ညှိုးငယ်သောစိတ်နှင့် သင့်အဖို့ ပြင်းစွာ ငိုကြွေးမြည်တမ်းရသည်ကား၊ 32 ပင်လယ်အလယ်၌ ဆုံးသောမြို့တည်းဟူသော တုရုမြို့နှင့် အဘယ်မြို့တူသနည်း။ 33 သင်၏ဥစ္စာတို့သည် ပင်လယ်လမ်းဖြင့်ထွက်သွားသောအခါ၊ လူမျိုးများတို့ကို ရောင့်ရဲစေ၍၊ များပြားသောဥစ္စာ၊ ကုန်စလယ်တို့ဖြင့် လောကီရှင်ဘုရင်တို့ကို ကြွယ်ဝစေတတ်၏။ 34 ယခုမူကား၊ သင်သည် ပင်လယ်၌လည်းကောင်း၊ သင့်ကုန်သွယ်ရန် ဥစ္စာတို့သည် လှိုင်းတံပိုးအလယ်၌လည်းကောင်း၊ ကျိုးပဲ့၍၊ သင်နှင့်ပါသောသူ အပေါင်းတို့သည် ဆုံးရှုံးကြပြီ။ 35 ကျွန်းသူကျွန်းသားအပေါင်းတို့သည် သင့်အမှုကြောင့် မိန်းမောတွေဝေ၍၊ ရှင်ဘုရင်တို့သည် မျက်နှာပျက်လျက် ကြက်သီးမွေးညင်း ထကြ၏။ 36 အမျိုးမျိုးသော ကုန်သည်တို့သည် သင့်အားကဲ့ရဲ့သံကို ပြုကြ၏။ သင်သည် ကြောက်မက်ဖွယ်ဖြစ်လေပြီတကား။ နောက်တစ်ဖန် မပေါ်လာရပါတကားဟု ငိုကြွေးမြည်တမ်းကြလိမ့်မည်ဟု မိန့်တော်မူ၏။
1 De novo, veio a mim a palavra de Jeová, dizendo: 2 Tu, pois, filho do homem, Ez 28.12;Jr 9.10,17-20faze uma lamentação sobre Tiro; 3 dize a Tiro: Ó tu que habitas na Ez 26.17entrada do mar e Ez 27.33negocias com os povos em muitas ilhas, assim diz o Senhor Jeová: Tu, ó Tiro, disseste: Ez 28.12Eu sou perfeita em formosura. 4 Ez 27.25-27;Ez 26.5No coração dos mares, estão os teus termos; os que te edificaram aperfeiçoaram a tua formosura. 5 De ciprestes de Dt 3.9;1Cr 5.23;Ct 4.8Senir fizeram todas as tuas tábuas; tomaram do Líbano cedros para te fazerem um mastro. 6 De Is 2.13;Zc 11.2carvalhos de Nm 21.33;Is 2.13;Jr 22.20Basã fizeram os teus remos; e os teus bancos, fizeram-nos de marfim engastado em buxo das ilhas de Gn 10.4;Is 23.1,12;Jr 2.10quiteus. 7 De linho fino do Egito, tecido em bordadura, era a tua vela, para te servir de estandarte; Êx 25.4;Jr 10.9azul e púrpura das ilhas de Gn 10.4Elisá era o teu pavilhão. 8 Os habitantes de Sidom e de Ez 27.11;Gn 10.18;1Cr 1.16Arvade eram os teus remadores; os teus 1Rs 9.27sábios, ó Tiro, achavam-se em ti, eles eram os teus pilotos. 9 Os anciãos de Gebal e os seus sábios eram em ti os teus Ez 27.27calafates; todos os navios do mar, com os seus marinheiros, se achavam em ti para transportarem as tuas mercadorias. 10 Ez 30.5;38.5Pérsia, e Lude, e Pute achavam-se em teu exército, teus homens de guerra; Ez 27.11;Ct 4.4penduraram em ti os seus escudos e os seus capacetes; manifestaram a tua glória. 11 Os homens de Ez 27.8Arvade, com o teu exército, estavam sobre os teus muros ao redor, e os gamaditas, nas tuas torres; Ez 27.10penduraram os seus escudos à roda dos teus muros; eles aperfeiçoaram a tua formosura.
12 Ez 27.25;Ez 38.13;Is 23.6,10Társis era a que negociava contigo por causa da Ez 27.18,33multidão de toda casta de riquezas; trocavam pelas tuas mercadorias prata, ferro, estanho e chumbo. 13 Ez 27.19;Gn 10.2;Is 66.19Javã, Tubal e Ez 38.2;39.1;Gn 10.2-3Meseque eram os teus mercadores; pelas tuas mercadorias, trocavam as Jl 3.3;Ap 18.13pessoas de homens e vasos de cobre. 14 Os da casa de Ez 38.6;Gn 10.3Togarma trocavam pelas tuas mercadorias cavalos, ginetes e machos. 15 Os homens de Ez 27.20;Ez 25.13;Jr 25.23Dedã eram os teus mercadores; muitas ilhas eram o mercado das tuas manufaturas; tornavam a trazer-te, em troca, dentes de 1Rs 10.22;Ap 18.12marfim e pau de ébano. 16 A Ez 16.57;Jz 10.6;Is 7.1-8Síria negociava contigo por causa da multidão das tuas manufaturas; pelas tuas mercadorias, trocavam Ez 28.13;Êx 28.18;39.11esmeraldas, púrpura, Ez 16.13,18obras bordadas, linho fino, coral e rubis. 17 Judá e a terra de Israel eram os teus mercadores; pelas tuas mercadorias, trocavam o trigo de Jz 11.33Minite, e confeitos, e mel, e azeite, e bálsamo. 18 Por causa da multidão das tuas manufaturas, por causa da Ez 27.12,33multidão de toda, a casta de riquezas, Ez 47.16-18;Gn 14.15;Is 7.8;Jr 49.23Damasco negociava contigo em vinho de Helbom e em lã branca. 19 Vedã e Ez 27.13Javã, pelas tuas mercadorias, trocavam lã fiada; ferro polido, cássia e cálamo achavam-se entre as tuas mercadorias. 20 Ez 27.15Dedã negociava contigo em suadouros para cavalgar. 21 A Is 21.13;Jr 25.24Arábia e todos os príncipes de Ct 1.5;Is 21.16-17;Jr 49.28Quedar eram mercadores ao teu serviço; em Is 60.7cordeiros, carneiros e cabritos, nestas coisas, negociavam contigo. 22 Os mercadores de Ez 38.13;Gn 10.7;Is 60.6Sabá e de Gn 10.7Raamá eram teus mercadores; pelas tuas mercadorias, trocavam as melhores de todas as Gn 43.11;1Rs 10.2especiarias, e todas as pedras preciosas, e o ouro. 23 Gn 11.26,31;2Rs 19.12;Is 37.12Harã, Cane e 2Rs 19.12;Is 37.12;Am 1.5Éden, mercadores de Ez 27.22Sabá, Ez 32.22;Nm 24.22,24;Os 14.3Assur e Quilmade, eram teus mercadores. 24 Estes eram os que, no teu mercado, traficavam contigo em mercadorias escolhidas, em panos de azul e de obra bordada, em cofres de roupas preciosas, amarrados com corda e fabricados de cedro. 25 Os navios Ez 27.12de Társis eram as tuas caravanas para a tua mercadoria; e te encheste e te glorificaste muito no Ez 27.4,26-27coração dos mares.
26 Os teus remeiros te conduziram Ez 26.19para grandes águas; Sl 48.7;Jr 18.17;At 27.14o vento oriental te quebrou Ez 27.4,25,27no coração dos mares. 27 As tuas riquezas, os teus bens, as tuas mercadorias, os teus Ez 27.9marinheiros, os teus Ez 27.8pilotos, os teus calafates, os que faziam o teu negócio e todos os teus Ez 27.10-11homens de guerra que estão em ti, juntamente com toda a tua companhia que está no meio de ti, cairão Ez 27.4,25-26no coração dos mares no dia da tua ruína. 28 Ao estrondo da gritaria dos teus pilotos, Ez 26.10,15,18se turbaram os arrabaldes. 29 Todos os que pegam no remo, Ap 18.17-19os marinheiros e todos os pilotos do mar Ez 26.16descerão dos seus navios, e pararão em terra, 30 e farão ouvir sobre ti a sua voz, Ez 26.17;Is 23.1-6e gritarão amargamente, 1Sm 4.12;2Sm 1.2;Lm 2.10;Ap 18.19e lançarão pó sobre as suas cabeças, e na cinza Jr 6.26;Jn 3.6se revolverão; 31 far-se-ão Ez 29.18;Is 15.2calvos por causa de ti, Ez 7.18;Is 22.12e cingir-se-ão de sacos, e, com amargo pranto, Is 16.9;22.4chorarão por ti em amargura de alma. 32 No seu pranto, farão Ez 27.2;Ez 26.17;28.12uma lamentação sobre ti e te lamentarão, dizendo: Quem há Lm 2.13como Tiro, como a que se acha reduzida ao silêncio Ez 26.4-5no meio do mar? 33 Quando as tuas Ez 27.3,12, etc.mercadorias, procediam dos mares, encheste muitos povos; pela Ez 27.12,18;Ez 28.4-5multidão das tuas riquezas e das tuas mercadorias enriqueceste os reis da terra. 34 No tempo em que foste Ez 27.26-27;Ez 26.12quebrada pelos mares nas profundezas das águas, caíram no meio de ti as tuas Zc 9.3-4mercadorias e toda a tua companhia. 35 Todos os Ez 26.16;Is 23.6habitantes das ilhas estão, a teu respeito, cheios de espanto, e os seus Ez 32.10reis estão sobremaneira amedrontados; turbados estão de rosto. 36 Os mercadores dentre os povos te dão Jr 18.16;19.8;49.17;50.13;Sf 2.15vaias; tu te tornas em Ez 26.21pavor e tu Sl 37.10,36não subsistirás mais.