1 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ဟေရှာ၊ ၃၄:၅-၁၇။ ၆၃:၁-၆။ ယေ၊ ၄၉:၇-၂၂။ ယေဇ၊ ၂၅:၁၂-၁၄။ အာ၊၁:၁၁-၁၂။ ဩ၊ ၁-၁၄။ မာလ၊၁:၂-၅။2 အချင်းလူသား၊ သင်သည် စိရတောင်တစ်ဖက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ 3 အို စိရတောင်၊ သင့်တစ်ဖက်၌ ငါနေ၏။ သင့်ကို ငါတိုက်၍ သုတ်သင်ပယ်ရှင်းမည်။ 4 သင်၏မြို့တို့ကို ငါဖျက်ဆီးသဖြင့် သင်သည် လူဆိတ်ညံလျက် ရှိ၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရလိမ့်မည်။ 5 သင်သည် အစဉ်ရန်ငြိုးဖွဲ့၍ ဣသရေလအမျိုးသားတို့၌ အမှုရောက်သောကာလ၊ အပြစ်ကြောင့် ခံရသောကာလအဆုံး၌၊ သူတို့အသက်ကို ဓားနှင့် သတ်သောကြောင့်၊ 6 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ အသက်သတ်ခြင်းအမှုကို သင်၌ငါပြု၍၊ ထိုအမှုသည် သင့်ကိုလိုက်မည်။ အသက်သတ်ခြင်းအမှုကို သင်မမုန်းသောကြောင့်၊ ထိုအမှုသည် သင့်ကိုလိုက်ရလိမ့်မည်။ 7 ထိုသို့ စိရတောင်ကို ငါသုတ်သင်ပယ်ရှင်းသဖြင့် ထွက်သွားသောသူ၊ ပြန်လာသောသူတို့ကို ပယ်ဖြတ်မည်။ 8 သင်၏တောင်တို့ကိုလည်း သင်၏သူရဲ အသေကောင်တို့နှင့် ငါပြည့်စေမည်။ သင့်နေရာကုန်း၊ ချိုင့်၊ မြစ်နား၌ ဓားဖြင့် အသေခံရသော သူတို့သည် ရှိကြလိမ့်မည်။ 9 သင့်ကိုအစဉ်မပြတ် သုတ်သင်ပယ်ရှင်းသဖြင့်၊ သင်၏မြို့တို့၌ အဘယ်သူမျှ မနေရ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်။ 10 သင်က၊ ဤတိုင်းပြည်နှစ်ပြည်ကို ငါတို့သည်သိမ်း၍ ပိုင်မည်ဟု ထိုပြည်၌ ထာဝရဘုရားရှိလျက်နှင့် ဆိုမိသောကြောင့်၊ 11 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ သင်သည် သူတို့ကိုရန်ငြိုးဖွဲ့၍ ဒေါသစိတ်၊ ငြူစူသောစိတ် တိုက်တွန်းသည်နှင့်အညီ သင်၌ငါပြုမည်။ သင့်ကို စီရင်သောအခါ သူတို့တွင် ငါထင်ရှားလိမ့်မည်။ 12 သင်က၊ ဣသရေလတောင်တို့သည် ပျက်စီး၍ ငါတို့စားစရာဖို့ ဖြစ်ကြ၏ဟု ကဲ့ရဲ့၍ပြောဆိုသော စကားအလုံးစုံတို့ကို ငါထာဝရဘုရားကြားကြောင်းကို သင်သိရလိမ့်မည်။ 13 ထိုသို့သင်သည် ငါ့တစ်ဖက်၌ဝါကြွား၍ ပြောမိသောစကားအလုံးစုံတို့ကို ငါကြားပြီဟု မိန့်တော်မူ၏။ 14 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ တစ်ပြည်လုံး ရွှင်လန်းသောအခါ သင့်ကိုငါဖျက်ဆီးမည်။ 15 ဣသရေလအမျိုးသားတို့ အမွေမြေပျက်စီးသည်ကို သင်သည် ဝမ်းမြောက်သောကြောင့်၊ ထိုအတူ သင်၌ငါပြုမည်။ အို စိရတောင်၊ သင်နှင့်တကွ ဧဒုံပြည်သည် အကုန်အစင်ပျက်စီး၍ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
1 Demais, veio a mim a palavra de Jeová, dizendo: 2 Filho do homem, Ez 21.2;25.2vira o teu rosto contra o Ez 25.12;36.5;Gn 36.8monte de Seir, e profetiza contra ele, 3 e dize-lhe: Assim diz o Senhor Jeová: Eis que eu sou Ez 21.3;29.3,10contra ti, ó monte de Seir, e Ez 25.13;Jr 6.12;15.6estenderei contra ti a minha mão, e te tornarei em Ez 35.7;Jr 49.13,17-18desolação e em espanto. 4 Ez 35.9;Ez 6.6;Ml 1.3-4Farei desertas as tuas cidades, e tu serás desolado; e saberás que eu sou Jeová. 5 Porque tiveste perpétua Ez 25.12,15;36.5;Sl 137.7;Am 1.11;Ob 10inimizade e entregaste os filhos de Israel ao poder da espada, no tempo da sua calamidade, no tempo da Ez 7.2;21.25,29iniquidade final; 6 portanto, pela minha vida, diz o Senhor Jeová, te prepararei para Ez 16.38;32.6;Is 63.2-6sangue, e o sangue te perseguirá. Visto que não aborreceste o sangue, por isso o sangue te perseguirá. 7 Assim, tornarei o monte de Seir em Ez 35.3;Ez 33.28espanto e em desolação; e dele Ez 25.13;29.11exterminarei o que por ele passar e o que por ele tornar. 8 Ez 31.12;32.4-5;39.4-5;Is 34.5-6Encherei dos seus mortos os seus montes; nos teus outeiros, nos teus vales e em todas as tuas correntes de água, cairão os que são mortos à espada. 9 Em perpétuas Ez 25.13;Jr 49.13desolações, te porei, e não serão habitadas as tuas cidades; e saberão que eu sou Jeová.
10 Porquanto Ez 36.2,5;Sl 83.4-12disseste: Estas duas nações e estes dois países serão meus, e havemos de possuí-los, sendo que Ez 48.35;Sl 48.1-3;132.13-14;Is 12.6;Sf 3.15Jeová se achava ali, 11 portanto, pela minha vida, diz o Senhor Jeová, procederei Ez 25.14;Sl 137.7;Am 1.11de acordo com a tua ira, e de acordo com o teu ciúme, que, movido do teu ódio, mostraste contra eles; Sl 9.16;73.17-18e me darei a conhecer entre eles, quando eu te julgar. 12 Saberás que eu, Jeová, ouvi todas as tuas blasfêmias que tens proferido contra os montes de Israel, dizendo: Eles estão assolados, a nós nos Ez 36.2;Jr 50.7são entregues para os devorarmos. 13 Vós Is 10.13-14;36.20;Jr 48.26,42;Dn 11.36vos engrandecestes contra mim com a vossa boca Ez 36.3e multiplicastes as vossas palavras contra mim. Jr 7.11;29.23Eu o ouvi. 14 Assim diz o Senhor Jeová: Quando a terra toda Is 44.23;49.13;Jr 51.48se regozijar, eu te tornarei desolado. 15 Como tu Jr 50.11;Lm 4.21te regozijaste sobre a herança da casa de Israel, porque ficou desolada, Ob 12,15assim eu te farei a ti. Tu serás Ez 35.3-4;Is 34.5-6desolado, ó monte de Seir, e todo o Edom, sim, todo ele; e saberão que eu sou Jeová.