1 ဖျက်ဆီးသော လက်နက်ကို အသီးအသီးကိုင်လျက်၊ ဤမြို့ခံရသော ဒဏ်တို့ကို အနီးသို့ဆောင်ခဲ့ကြလော့ဟု ကျယ်သောအသံနှင့် ခေါ်တော်မူသည်ကို ငါကြား၏။ 2 ထိုအခါ လူခြောက်ယောက်တို့သည် အသီးအသီး ကွပ်မျက်စရာ လက်နက်ကိုကိုင်လျက်၊ တစ်ယောက်သည်လည်း၊ ပိတ်အဝတ်ကိုဝတ်၍ နံပါး၌ မင်အိုးပါလျက်၊ မြောက်မျက်နှာဘက် အထက်တံခါးလမ်းဖြင့် ဝင်၍၊ ကြေးဝါပလ္လင်အနားမှာ ရပ်နေကြ၏။ 3 ဣသရေလအမျိုး၏ ဘုရားသခင်ဘုန်းတော်သည် ကျိန်းဝပ်ရာခေရုဗိမ်မှ အိမ်တော်တံခါးခုံသို့ တက်၍၊ ပိတ်အဝတ်ကိုဝတ်လျက်၊ နံပါး၌ မင်အိုးပါသောသူကိုခေါ်၍၊ 4 ထာဝရဘုရားက၊ ယေရုရှလင်မြို့အလယ်၌ လျှောက်သွားလော့။ မြို့ထဲ၌ ပြုသမျှသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့်၊ ညည်းတွားငိုကြွေးသောသူတို့၏ နဖူးကိုထိုးမှတ်လော့ ဟူ၍လည်းကောင်း၊ဗျာ၊ ၇:၃၊၉:၄၊၁၄:၁။5 အခြားသော သူတို့အားလည်း၊ ထိုသူနောက် မြို့ထဲ၌လျှောက်သွား၍ ဒဏ်ခတ်ကြလော့။ နှမြောစုံမက်ခြင်း မရှိကြနှင့်။ 6 အသက်ကြီးသောသူ၊ အသက်ငယ်သောသူ၊ အပျိုမ၊ သူငယ်၊ မိန်းမတို့ကို ရှင်းရှင်းသတ်ကြလော့။ သို့ရာတွင်၊ အမှတ်ပါသောသူကို မချဉ်းကပ်ကြနှင့်။ ငါ၏သန့်ရှင်းရာဌာန၌ အဦးပြုကြလော့ဟု မိန့်တော်မူသည်ကို ငါကြား၏။ သူတို့သည်လည်း၊ အိမ်တော်ရှေ့မှာရှိသော အသက်ကြီးသူတို့ကို ရှေ့ဦးစွာသတ်ကြ၏။ 7 တစ်ဖန်တုံ၊ အိမ်တော်ကို ညစ်ညူးစေ၍၊ ကွပ်မျက်သောသူ အသေကောင်တို့နှင့် တံတိုင်းများကို ပြည့်စေပြီးမှ ထွက်သွားကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည်ထွက်၍ မြို့ထဲ၌ ကွပ်မျက်ကြ၏။
8 ထိုသို့ သူတို့သည် ကွပ်မျက်ကြသောအခါ၊ ငါနေရစ်စဉ်တွင် ပျပ်ဝပ်၍၊ အို အရှင်ထာဝရဘုရား၊ ယေရုရှလင်မြို့အပေါ်သို့ အမျက်တော်ကိုသွန်းလောင်း၍၊ ကျန်ကြွင်းသမျှသော ဣသရေလအမျိုးကို ဖျက်ဆီးတော်မူမည်လောဟု ကြွေးကြော်၍ လျှောက်လေ၏။ 9 ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးနှင့် ယုဒအမျိုး၏အပြစ်သည် အလွန်တရာကြီး၏၊ တစ်ပြည်လုံးသည် လူအသက်ကို သတ်ခြင်းအပြစ်နှင့် ပြည့်၏။ မြို့သည်လည်း ဖောက်ပြန်ခြင်းအပြစ်နှင့် ပြည့်၏။ သူတို့က၊ ထာဝရဘုရားသည် မြေကြီးကို စွန့်ပစ်လေပြီ။ ထာဝရဘုရားမမြင်ဟု ဆိုကြ၏။ 10 ထိုကြောင့်၊ ငါသည်နှမြောစုံမက်ခြင်းမရှိဘဲ၊ သူတို့အကျင့်တို့၏ အကျိုးအပြစ်ကို သူတို့ခေါင်းပေါ်သို့ သက်ရောက်စေမည်ဟု ငါ့အားမိန့်တော်မူ၏။ 11 ပိတ်အဝတ်ကိုဝတ်၍ နံပါး၌ မင်အိုးပါသောသူကလည်း၊ ကိုယ်တော်မှာထားတော်မူသည်အတိုင်း အကျွန်ုပ်ပြုပါပြီဟု ပြန်လျှောက်လေ၏။
1 Ele me gritou aos ouvidos em alta Is 6.8voz, dizendo: Chegai vós os que estais encarregados da cidade, cada um com as suas armas destruidoras na mão. 2 Do caminho da porta superior, que olha para o norte, eis que vinham seis homens, cada um com seu instrumento de matança na mão; e, no meio deles Ez 10.2um homem vestido de linho, tendo um tinteiro de escrevente à sua cintura. Entraram e puseram-se junto ao altar de cobre.
3 Ez 10.4;11.22-23A glória do Deus de Israel tinha-se removido de cima do Ez 10.2,20querubim sobre o qual estava para a entrada da casa; e chamou ao homem vestido de linho, que tinha o tinteiro de escrevente à sua cintura. 4 Disse-lhe Jeová: Passa pelo meio da cidade, pelo meio de Jerusalém, Ez 9.6;Êx 12.7,13;2Co 1.22;2Tm 2.19;Ap 7.2-3e marca com um sinal as testas dos homens que suspiram e Ez 6.11;21.6;Sl 119.53,136;Jr 13.17que gemem por causa de todas as abominações que se fazem no meio dela. 5 Aos outros disse ele, ouvindo-o eu: Passai pela cidade após ele, e feri.
Ez 9.10;Ez 5.11;7.4,9;Êx 32.27Não poupem os vossos olhos, nem mostreis piedade; 6 2Cr 36.17matai o velho, o moço e a donzela, meninos e mulheres, até os exterminardes; porém Êx 12.23;Ap 9.4não vos chegueis a qualquer homem sobre quem estiver Ez 9.4o sinal. Jr 25.29;Am 3.2;Lc 12.47Começai pelo meu santuário. Então, começaram Ez 8.11pelos anciãos que estavam diante da casa. 7 Ele disse-lhes: Ez 7.20-22;2Cr 36.17Profanai a casa e Ez 6.4enchei de mortos os átrios; saí.
Saíram e entraram na cidade. 8 Enquanto eles estavam ferindo, e eu me achava sozinho, 1Cr 21.16caí com o rosto em terra, e clamei, e disse: Ez 11.13;Am 7.2-6Ah! Senhor Jeová! Dar-se-á caso que destruas as relíquias de Israel, derramando o teu furor sobre Jerusalém?
9 Então, me disse ele: A iniquidade da casa de Israel e de Judá é grande em extremo, a terra está Ez 7.23;22.2-3;2Rs 21.16;Jr 2.34cheia de sangue, e a cidade, cheia da Ez 22.29;Mq 3.1-3;7.3perversão de juízos, porque Ez 8.12;Jó 22.13;Sl 10.11;94.7;Is 29.15dizem: Jeová abandonou a terra, Jeová não vê. 10 Também quanto a mim, Ez 8.18;24.14;Is 65.6os meus olhos não pouparão, nem mostrarei piedade, porém sobre a cabeça deles Ez 7.4;11.21;Os 9.7farei recair o seu caminho. 11 Eis que Ez 9.4o homem vestido de linho, que tinha o tinteiro à sua cintura, relatou, dizendo: Tenho feito como me ordenaste.