1 တစ်ဖန် ငါကြည့်ရှု၍၊ ခေရုဗိမ်၏ခေါင်းတို့အထက် မိုးမျက်နှာကြက်၌ နီလာကျောက်ကဲ့သို့၊ ရာဇပလ္လင်၏သဏ္ဌာန်အရောင်သည် ထင်ရှား၏။ယေဇ၊ ၁:၂၆။ ဗျာ၊ ၄:၂။2 ပိတ်အဝတ်ကိုဝတ်သော သူအားလည်း၊ ရထားဘီးတို့အကြားမှာ ခေရုဗိမ်အောက်သို့ ဝင်လော့။ ခေရုဗိမ် အကြားမှာရှိသော မီးခဲတို့ကို လက်နှစ်ဖက်နှင့် ကျုံးပြီးလျှင်၊ မြို့အပေါ်မှာ ဖြန့်ကြဲလော့ဟု မိန့်တော်မူသည် အတိုင်း၊ ထိုသူသည် ငါ့မျက်မှောက်၌ သွား၏။ဗျာ၊ ၈:၅။3 ဝင်သောအခါ ခေရုဗိမ်တို့သည် အိမ်တော် လက်ယာဘက်မှာရပ်၍၊ အတွင်းတံတိုင်းသည် မိုးတိမ်နှင့်ပြည့်၏။ 4 ထာဝရဘုရား၏ ဘုန်းတော်သည် ခေရုဗိမ်အပေါ်က အိမ်တော်တံခါးခုံအထက်သို့ တက်ရွှေ့၍၊ အိမ်တော်သည် မိုးတိမ်နှင့်ပြည့်၏။ တံတိုင်းသည်လည်း၊ ထာဝရဘုရား၏ ဘုန်းတော်အရောင်နှင့် ပြည့်၏။ 5 အနန္တတန်ခိုးရှင် ဘုရားသခင် မိန့်မြွက်တော်မူသော အသံကဲ့သို့ ခေရုဗိမ်အတောင်တို့၏ အသံကိုကြားရ၏။ 6 ပိတ်အဝတ်ကို ဝတ်သောသူအားလည်း၊ ရထားဘီးအကြားထဲက မီးကိုယူလော့ဟု မိန့်တော်မူသောအခါ၊ ထိုသူသည်ဝင်၍ ဘီးတို့အနား၌ ရပ်နေ၏။ 7 ခေရုဗိမ်တစ်ပါးသည် ခေရုဗိမ်စုထဲက လက်ကိုဆန့်၍၊ ခေရုဗိမ်အကြားမှာရှိသော မီးကိုယူပြီးလျှင်၊ ပိတ်အဝတ်ကို ဝတ်သောသူလက်၌ ထည့်၏။ ထိုသူလည်းခံယူ၍ ထွက်သွား၏။ 8 ခေရုဗိမ်အတောင်အောက်၌ လူလက်ကိုလည်း ငါမြင်၏။
9 ငါကြည့်ရှု၍၊ ခေရုဗိမ်တို့အနားမှာ ရထားဘီးတစ်ခုစီရှိ၏။ ဘီးတို့သည် ကျောက်မျက်ရွဲ၏ အဆင်းအရောင် ရှိ၏။ယေဇ၊၁:၁၅-၂၁။10 ဘီးလေးခုတို့သည် ပုံသဏ္ဌာန်တစ်ညီတည်းရှိ၍၊ ဘီးတစ်ခုထဲ၌ ဘီးတစ်ခုတပ်သကဲ့သို့ ရှိကြ၏။ 11 သွားသောအခါ ဘီးလေးမျက်နှာတညီတည်းနေ၍၊ မလှည့်ဘဲ သွားတတ်ကြ၏။ ခေါင်းမျက်နှာ ပြုသောဘက်သို့ လိုက်၍ မလှည့်ဘဲ သွားကြ၏။ 12 ဘီးလေးခုနှင့်တကွ ခေရုဗိမ်လေးပါးတို့သည် ကျော၊ လက်၊ အတောင်မှစ၍ တစ်ကိုယ်လုံး၌ မျက်စိနှင့် ပြည့်ကြ၏။ဗျာ၊ ၄:၈။13 ထိုဘီးတို့ကို စကြာဟူသော အမည်ဖြင့် သမုတ်သည်ကို ငါကြား၏။ 14 ခေရုဗိမ်တို့သည် မျက်နှာလေးခုစီရှိ၍၊ ပထမမျက်နှာသည် ခေရုဗိမ်မျက်နှာ၊ ဒုတိယမျက်နှာသည် လူမျက်နှာ၊ တတိယမျက်နှာသည် ခြင်္သေ့မျက်နှာ၊ စတုတ္ထမျက်နှာသည် ရွှေလင်းတမျက်နှာဖြစ်၏။ယေဇ၊ ၁:၁၀။ ဗျာ၊ ၄:၇။15 ထိုခေရုဗိမ်တို့သည် ချီကြွလျက်ရှိကြ၏။ ဤသည်ကား၊ ခေဗာမြစ်နားမှာ ငါမြင်ဖူးသော သတ္တဝါပေတည်း။ 16 ခေရုဗိမ်တို့သည် သွားသောအခါ ဘီးတို့သည် ထက်ကြပ်လိုက်ကြ၏။ ခေရုဗိမ်တို့သည် မြေကြီးမှတက်အံ့သောငှာ အတောင်တို့ကို ဖြန့်သောအခါ၊ ဘီးတို့သည် မကွာဘဲလိုက်ကြ၏။ 17 သူတို့ရပ်သောအခါ ဘီးတို့သည်ရပ်ကြ၏။ သူတို့သည် မြေကြီးနှင့်ကွာ၍ တက်သောအခါ၊ ဘီးတို့သည်လည်း ထက်ကြပ်လိုက်၍ တက်ကြ၏။ အကြောင်းမူကား၊ သတ္တဝါ၏ ဝိညာဉ်သည်ဘီးတို့၌ရှိ၏။
18 ထိုအခါ ထာဝရဘုရား၏ ဘုန်းတော်သည် အိမ်တော်တံခါးခုံမှ ရွှေ့၍ခေရုဗိမ်အပေါ်မှာ တည်လေ၏။ 19 ထိုခေရုဗိမ်တို့သည် ငါ့မျက်မှောက်၌ အတောင်တို့ကို ဖြန့်ပြီးလျှင်၊ မြေကြီးနှင့်ကွာ၍ တက်ကြ၏။ ပြင်သို့ ထွက်သောအခါ ဘီးတို့သည် လိုက်ကြ၏။ ထာဝရဘုရား၏အိမ်တော်ရှေ့ တံခါးဝမှာရပ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ဘုန်းတော်သည် သူတို့အပေါ်မှာ တည်လျက်ရှိ၏။ 20 ဤသည်ကား၊ ခေဗာမြစ်နားမှာ ဣသရေလအမျိုး၏ ဘုရားသခင့်အောက်၌ ငါမြင်ဖူးသောသတ္တဝါပေတည်း။ ခေရုဗိမ်ဖြစ်သည်ကိုလည်း ငါသိ၏။ 21 သူတို့သည် မျက်နှာလေးခုစီ၊ အတောင်လေးခုစီရှိ၍၊ အတောင်အောက်၌ လူလက်သဏ္ဌာန်ရှိ၏။ 22 မျက်နှာပုံကား၊ ခေဗာမြစ်နားမှာ ငါမြင်ဖူးသောမျက်နှာနှင့် တူ၏။ ကိုယ်အဆင်းအရောင်လည်းတူ၏။ ထိုသူလေးပါးတို့သည် တည့်တည့်သွားတတ်ကြ၏။
1 Olhei, e eis que, no Ez 1.22,26firmamento que estava por cima da cabeça dos querubins, apareceu sobre eles uma como Êx 24.10pedra de safira, como a aparência da semelhança de Ap 4.2-3trono. 2 E falou ao homem Ez 9.2vestido de linho, dizendo: Entra no meio das Ez 10.13;Ez 1.15-21rodas giradoras até debaixo do Ez 10.20;Ez 9.3querubim, e enche ambas as mãos de Ez 1.13;Sl 18.10-13;Is 6.6;Ap 8.5brasas de fogo, tirando-as dentre os querubins, e espalha-as sobre a cidade. Ele entrou à minha vista. 3 Ora, os querubins estavam de pé ao lado direito da casa, quando entrou o homem; e a nuvem encheu o Ez 8.3,16átrio interior. 4 A Ez 9.3;11.22-23glória de Jeová elevou-se de cima do querubim e pôs-se sobre a entrada da casa; Êx 40.34-35;Is 6.1-4a casa encheu-se da nuvem e ficou cheia Ez 1.28do resplendor da glória de Jeová. 5 O ruído das asas dos querubins ouvia-se até o átrio exterior, como Ez 1.24;Jó 40.9;Ap 10.3a voz de Deus Todo-Poderoso, quando fala. 6 Quando Jeová deu ordem Ez 10.2ao homem vestido de linho, dizendo: Toma fogo do meio das rodas giradoras, dentre os querubins, esse homem entrou e pôs-se de pé junto a uma roda. 7 O querubim estendeu do meio dos querubins a mão para o Ez 1.13fogo que estava entre os querubins, tomou dele e pô-lo nas mãos daquele que estava vestido de linho, o qual o tomou e saiu. 8 Apareceu nos querubins a forma Ez 1.8da mão de homem debaixo das suas asas.
9 Olhei, e eis Ez 1.15-17quatro rodas junto aos querubins, uma roda junto a um querubim, e outra roda junto a outro querubim; e a aparência das rodas era como o brilho de Dn 10.6;Ap 21.20pedra de berilo. 10 Quanto à sua aparência, as quatro tinham uma só semelhança, como se uma Ez 1.16roda estivesse dentro de outra roda. 11 Quando iam, iam Ez 1.17pelos seus quatro lados; e não se voltavam quando iam, mas para o lugar para onde olhava a cabeça, para esse a seguiam; Ez 10.22não se voltavam, quando iam. 12 Ap 4.6,8Todo o corpo delas, e as suas costas, e as suas mãos, e as suas asas, e as suas Ez 1.18rodas, as rodas que as quatro tinham, estavam cheias de olhos ao redor. 13 Quanto às rodas, a elas se lhes chamou Ez 10.2rodas giradoras, ouvindo-o eu. 14 Ez 10.21;Ez 1.6,10;1Rs 7.29,36;Ap 4.7Cada uma das criaturas viventes tinha quatro rostos: o rosto da primeira era rosto de querubim; o rosto da segunda era rosto de homem, o terceiro rosto era rosto de leão, e o quarto rosto era rosto de águia.
15 Os querubins se elevavam. Esta é Ez 1.3,5a criatura vivente que vi junto ao rio Quebar. 16 Quando os querubins Ez 1.19iam, iam as rodas ao lado deles; e, quando os querubins levantavam as suas asas para se elevarem da terra, também as rodas não se separavam do lado deles. 17 Quando aqueles Ez 1.21paravam, estas paravam; e, quando aqueles se elevavam, estas se elevavam também com eles. Pois o espírito da criatura vivente estava nelas.
18 Ez 10.4A glória de Jeová saiu de sobre a entrada da casa e pôs-se Sl 18.10sobre os querubins. 19 Os querubins levantaram as suas asas, e elevaram-se da terra, quando saíram acompanhados pelas rodas ao lado deles; pararam à entrada Ez 11.1da porta oriental da Casa de Jeová, e a glória do Deus de Israel estava em cima sobre eles.
20 Esta é Ez 10.15;Ez 1.5,26a criatura vivente que vi debaixo do Deus de Israel, junto ao rio Quebar, e conheci que eram querubins. 21 Ez 10.14;Ez 1.6,8;41.18-19Cada uma das criaturas viventes tinha de per si quatro rostos e cada uma quatro asas; e a semelhança das mãos de homem estava debaixo das suas asas. 22 Quanto à semelhança dos seus rostos, eram os rostos que vi junto ao rio Ez 10.15,20;Ez 1.1,3Quebar, as suas aparências, e elas mesmas; Ez 1.9,12cada um ia para adiante de si.