1 တစ်ဖန်တုံ၊ အချင်းလူသား၊ အုတ်ပြားကိုယူ၍ သင့်ရှေ့မှာ ထားပြီးလျှင်၊ ယေရုရှလင်မြို့ပုံကို ရေးလော့။ 2 မြို့ကိုဝိုင်း၍ မြို့ပြင်၌ တပ်တည်လော့။ မြေရိုးကိုလည်း ဖို့လော့။ တပ်သားတို့ကိုလည်း ခင်းကျင်းလော့။ မြို့ပတ်လည်တွင် ဝက်ခွတိုင်တို့၌ တုံးတို့ကိုလည်း ဆွဲထားလော့။ 3 ထိုမှတစ်ပါး၊ သံပြားကိုယူ၍၊ သင်နှင့် မြို့စပ်ကြားမှာ သံရိုးဖြစ်စေခြင်းငှာ ထောင်ပြီးလျှင်၊ မြို့တစ်ဖက်၌ သင်၏မျက်နှာကိုထားလော့။ ထိုသို့ ဝိုင်းထားသဖြင့်၊ ထိုမြို့သည် ဝိုင်းထားခြင်းကို ခံရမည်။ ဤသည်ကား ဣသရေလအမျိုးအား နိမိတ်လက္ခဏာဖြစ်လိမ့်မည်။ 4 ထိုမှတစ်ပါး၊ သင်သည် လက်ဝဲနံစောင်းဖြင့် အိပ်၍၊ ဣသရေလအမျိုး၏အပြစ်ကို ထိုနံစောင်း၌ တင်ထားလော့။ ထိုသို့အိပ်ရသော နေ့ရက်အရေအတွက်အတိုင်း သူတို့အပြစ်ကိုခံရမည်။ 5 အကြောင်းမူကား၊ အရက်သုံးရာကိုးဆယ် အရေအတွက်အတိုင်း၊ သူတို့အပြစ်နှင့်ယှဉ်သော နှစ်ပေါင်းကို သင်၏အပေါ်၌ ငါတင်ထားပြီ။ ထိုသို့ ဣသရေလအမျိုး၏အပြစ်ကို သင်သည်ခံရမည်။ 6 ထိုနေ့ရက်စေ့ပြီးမှ၊ တစ်ဖန် လက်ယာနံစောင်းဖြင့် အိပ်၍၊ အရက်လေးဆယ်ပတ်လုံး ယုဒအမျိုး၏အပြစ်ကို ခံဦးလော့။ နှစ်အစား၌ ရက်ကိုငါထားပြီ။ 7 သင်သည် ယေရုရှလင်မြို့ကို ဝိုင်းထားသည် အမှုမှာ၊ မျက်နှာထား၍ လက်ရုံးကိုဆန့်လျက်၊ မြို့တစ်ဖက်၌ ပရောဖက်ပြုရမည်။ 8 ငါသည် သင့်ကိုချည်နှောင်၍ ဝိုင်းထားခြင်းအမှုကို ပြုရသောကာလမစေ့မီ၊ သင်သည် တစ်ဖက်မှတစ်ဖက်သို့ မစောင်းရ။
9 ထိုမှတစ်ပါး၊ ဂျုံဆန်၊ မုယောဆန်၊ ပဲဆန်နှစ်မျိုးနှင့် ပြောင်းဆန်၊ ကောက်ဆန်တို့ကို ယူ၍ အိုးတစ်လုံး၌ ရောနှောလျက်ထားရမည်။ နံစောင်းတစ်ဖက်ဖြင့် အိပ်ရသောနေ့ရက် သုံးရာကိုးဆယ်ပတ်လုံး၊ ထိုရောနှောသော ဆန်ကို မုန့်လုပ်၍ စားရမည်။ 10 ထိုမုန့်ကို တစ်နေ့တစ်နေ့လျှင် အကျပ်နှစ်ဆယ်စီ ချိန်၍စားရမည်။ 11 ရေကိုလည်း တစ်နေ့တစ်နေ့လျှင် တစ်ဗတ်စီခြင်၍သောက်ရမည်။ 12 မုယောမုန့်ပြားကို စားသကဲ့သို့ စားအံ့သောငှာ၊ လူများရှေ့တွင် လူ၏မစင်နှင့် ဖုတ်ရမည်။ 13 ထိုသို့ ငါနှင်ထုတ်ရာအရပ်၊ တစ်ပါးအမျိုးသားတို့နေရာ၌၊ ဣသရေလအမျိုးတို့သည် ညစ်ညူးသောမုန့်ကို စားရကြမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ 14 ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ်သည်ညစ်ညူးခြင်းသို့ မရောက်ပါသေး။ အလိုလိုသေသောအကောင်၊ သားရဲကိုက်၍ သေသောအကောင်၊ ရွံရှာဖွယ်သောအကောင်၏အသားကို ငယ်သော အသက်အရွယ်မှစ၍ ယခုတိုင်အောင် အကျွန်ုပ်သည် မစားပါဟု လျှောက်လျှင်၊ 15 လူ၏မစင်အရာ၌ နွားချေးကို ငါပေး၏။ နွားချေးနှင့် သင့်မုန့်ကိုဖုတ်ရမည်ဟု မိန့်တော်မူ၏။ 16 တစ်ဖန်တုံ၊ အချင်းလူသား၊ ယေရုရှလင်မြို့၌ မုန့်အထောက်အပင့်ကို ငါချိုးမည်။ မြို့သားတို့သည် မုန့်ကိုချိန်လျက်၊ စိုးရိမ်သောစိတ်နှင့် စားရကြမည်။ ရေကိုလည်း ခြင်လျက်၊ မိန်းမောတွေဝေခြင်းနှင့် သောက်ရကြမည်။ 17 မုန့်နှင့်ရေ ခေါင်းပါးသဖြင့်၊ မြို့သားတို့သည် တညီတညွတ်တည်း မိန်းမောတွေဝေ၍၊ မိမိတို့အပြစ်ကြောင့် ပိန်ကြုံခြင်းသို့ ရောက်ရကြမည်ဟု မိန့်တော်မူ၏။
1 Tu, pois, filho do homem, Ez 5.1;12.3;Is 20.2;Jr 13.1;18.2;19.1toma um tijolo e, pondo-o diante de ti, desenha nele uma cidade, a cidade de Jerusalém; 2 Ez 21.22;Jr 6.6põe-lhe a ele sítio, e edifica contra ele fortificações, e levanta contra ele uma trincheira; põe também arraiais contra ele e coloca contra ele aríetes ao redor. 3 Toma também uma panela de ferro e põe-na como um muro de ferro entre ti e a cidade; olha para a cidade, Ez 5.2;Jr 39.1-2e ela será sitiada, e tu a sitiarás. Isso servirá de Ez 12.6,11;24.24-27;Is 8.18;20.3sinal para a casa de Israel.
4 Tu também deita-te sobre o teu lado esquerdo e põe sobre ele a iniquidade da casa de Israel; conforme o número dos dias em que deitarás sobre ele, Lv 10.17;16.22;Nm 18.1levarás a iniquidade deles. 5 Pois eu dei os anos da iniquidade deles para que te sejam contados em dias, a saber, trezentos e noventa Ez 4.6dias; assim, levarás a iniquidade da casa de Israel. 6 Quando tiveres cumprido esses dias, deitar-te-ás sobre o teu lado direito, levando a iniquidade da casa de Judá. Quarenta dias te dei, Nm 14.34;Dn 9.24-26;12.11-12;Ap 11.2-3cada dia por um ano. 7 Ez 4.3;Ez 6.2Voltarás o teu rosto para o cerco de Jerusalém, tendo o teu braço estendido, Ez 21.2e profetizarás contra ela. 8 Eis que Ez 3.25porei sobre ti cordas, e não te voltarás dum lado para o outro, até que tenhas cumprido os dias do teu cerco.
9 Toma também trigo, e cevada, e favas, e lentilhas, e milho miúdo, Êx 9.32;Is 28.25e espelta, e mete-os num só vaso, e deles faze pão para ti. Comerás dele, conforme o número de dias que te deitarás sobre o teu lado, a saber, Ez 4.5trezentos e noventa dias. 10 A tua comida, que hás de comer, será, Ez 4.16por peso, Ez 45.12vinte siclos por dia; de tempo em tempo, a comerás. 11 Hás de beber água por medida, a sexta parte dum him; de tempo em tempo, beberás. 12 Tu a comerás na forma de pão de cevada, assado ao borralho, e à vista deles a assarás com Is 36.12o excremento que sai do homem. 13 Disse Jeová: Assim comerão os filhos de Israel o seu pão Dn 1.8;Os 9.3imundo, entre as nações para onde os lançarei. 14 Então, disse eu: Ez 9.8;20.49;Jr 1.6Ah! Senhor Deus! Eis que a minha alma At 10.14nunca foi contaminada, pois, desde a minha mocidade até agora, não comi do animal Ez 44.31;Lv 17.15;22.8que morre de si mesmo ou que é dilacerado por feras; Dt 14.3;Is 65.4;66.17nem entrou na minha boca carne abominável. 15 Então, ele me disse: Vê, dei-te bosta de bois em lugar de excremento humano; e sobre ela prepararás o teu pão. 16 Disse-me mais: Filho do homem, eis Ez 5.16;14.13;Lv 26.26;Is 3.1que quebrarei o báculo de pão em Jerusalém. Comerão o pão Ez 4.10-11;Ez 12.19por peso e com ansiedade e beberão a água Ez 12.18-19;Lm 5.4por medida e com espanto, 17 para que lhes falte o pão e a água, e se espantem uns com os outros Ez 24.23;33.10;Lv 26.39e se consumam na sua iniquidade.