1 ဣသရေလအမျိုး အသက်ကြီးသူအချို့တို့သည်လာ၍ ငါ့ရှေ့မှာ ထိုင်ကြ၏။ 2 ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 3 အချင်းလူသား၊ ဤလူတို့သည် ကိုယ်စိတ်နှလုံး၌ ကိုယ်ရုပ်တုများကို တည်ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ်ဒုစရိုက်သစ်တုံးကို ထားကြပြီ။ သူတို့မေးလျှောက်ခြင်းကို ငါခံရမည်လော။ 4 ထိုကြောင့်၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ အကြင်ဣသရေလ အမျိုးသားသည် ကိုယ်စိတ်နှလုံး၌ ကိုယ်ရုပ်တုတို့ကို တည်ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ်ဒုစရိုက်သစ်တုံးကိုထားလျက် ပရောဖက်ထံသို့ ရောက်လာ၏။ ထိုသူ၌ ရုပ်တု များပြားသည်နှင့်အညီ ငါပြန်ပြောမည်။ 5 ထိုသို့သောအားဖြင့်၊ ဣသရေလအမျိုးကို သူတို့စိတ်သဘောရှိသည်နှင့်အညီ ငါဖမ်းမည်။ ထိုသူအပေါင်းတို့သည် မိမိတို့ရုပ်တုများကြောင့် ငါနှင့် ကွာဝေးကြပြီ။
6 ထိုကြောင့်၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေလအမျိုးအားဆင့်ဆိုရမည်မှာ၊ နောင်တရ၍ ရုပ်တုတို့ကို ကြဉ်ရှောင်ကြလော့။ သင်တို့ပြုသမျှသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့မှ မျက်နှာလွှဲကြလော့။ 7 ငါနှင့်ကွာပြီးလျှင်၊ ကိုယ်စိတ်နှလုံး၌ ကိုယ်ရုပ်တုများကိုတည်ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ်ဒုစရိုက်သစ်တုံးကို ထားလျက်ပင်၊ ငါ့အလိုကို မေးမြန်းခြင်းငှာ၊ ပရောဖက်ထံသို့လာသော ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသော တစ်ပါးအမျိုးသားဖြစ်စေ၊ ငါထာဝရဘုရားသည် ကိုယ်အလိုအလျောက်ပြန်ပြောသဖြင့်၊ 8 ထိုသူတစ်ဖက်၌ ငါသည်မျက်နှာထား၍ သူ့ကိုနိမိတ်ဖြစ်စေမည်။ စကားပုံလည်း ဖြစ်စေမည်။ ထိုသူကို ငါ၏လူတို့အထဲမှ ပယ်ရှားမည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ 9 ပရောဖက်သည် ဟောပြော၍ မှားယွင်းလျှင်၊ ထိုပရောဖက်ကို ငါထာဝရဘုရား မှားယွင်းစေ၏။ ထိုသူကို ငါသည်ဒဏ်ခတ်၍၊ ငါ၏ ဣသရေလအမျိုးထဲမှ ပယ်ရှားမည်။ 10 သူတို့သည်လည်း အပြစ်နှင့်အလျောက် ဒဏ်ခံရကြမည်။ ပရောဖက်ခံရသောဒဏ်သည် ပရောဖက်ကို ဆည်းကပ်သောသူ ခံရသောဒဏ်နှင့် တူရလိမ့်မည်။ 11 ထိုသို့ဖြစ်လျှင်၊ နောက်တစ်ဖန် ဣသရေလအမျိုးသည် ငါ့ကိုမစွန့်ပစ်၊ လမ်းမလွှဲ၊ မှားယွင်းခြင်းအပြစ်ရှိသမျှတို့နှင့် နောက်တစ်ဖန် မညစ်ညူးဘဲ၊ ငါ၏လူ ဖြစ်ရကြလိမ့်မည်။ ငါသည်လည်း သူတို့၏ဘုရားသခင်ဖြစ်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
12 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 13 အချင်းလူသား၊ ပြည်သားတို့သည် အထပ်ထပ်လွန်ကျူး၍ ငါ့ကို ပြစ်မှားသောကြောင့်၊ ငါသည် လက်ကိုဆန့်၍ မုန့်အထောက်အပင့်ကို ချိုးသဖြင့်၊ အစာအာဟာရကိုခေါင်းပါးစေ၍၊ ထိုပြည်မှ လူနှင့် တိရစ္ဆာန်တို့ကို ပယ်ဖြတ်လျှင်၊ 14 နောဧ၊ ဒံယေလ၊ ယောဘ၊ ဤသုံးယောက်ရှိသော်လည်း၊ ကိုယ်ဖြောင့်မတ်ခြင်းအားဖြင့် ကိုယ်အသက်ဝိညာဉ်ကိုသာ ကယ်နုတ်ရသောအခွင့် ရှိကြလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။ 15 သားရဲတို့သည် ပြည်၌ပေါ်လာ၍ ဖျက်ဆီးသောကြောင့်၊ အဘယ်သူမျှ မနေနိုင်သဖြင့် လူဆိတ်ညံလျှင်၊ 16 ထိုသူသုံးယောက် ရှိသော်လည်း၊ ငါ၏အသက်ရှင်သည်အတိုင်း ကိုယ်သားသမီးကို မကယ်နုတ်ရ။ ကိုယ်တိုင်သာချမ်းသာရကြ၍၊ ပြည်သည် လူဆိတ်ညံလျက်ရှိရလိမ့်မည်။ 17 သို့မဟုတ်၊ အိုဓား၊ ထိုပြည်ကိုလုပ်ကြံလော့ဟု ငါဆိုလျက်၊ ဓားဘေးကို ရောက်စေသောကြောင့်၊ လူနှင့် တိရစ္ဆာန်တို့ကို ပယ်ဖြတ်လျှင်၊ 18 ထိုသူသုံးယောက်ရှိသော်လည်း၊ ငါအသက်ရှင်သည်အတိုင်း ကိုယ်သားသမီးကို မကယ်မနုတ်ရ၊ ကိုယ်တိုင်သာ ချမ်းသာရကြလိမ့်မည်။ 19 သို့မဟုတ်၊ ထိုပြည်၌ ကာလနာကို ငါစေလွှတ်သောကြောင့်၊ လူနှင့် တိရစ္ဆာန်၏အသက်ကို သတ်ဖြတ်ပယ်ရှင်းခြင်းငှာ ငါ၏ဒေါသအရှိန်ကို သွန်းလောင်းလျှင်၊ 20 နောဧ၊ ဒံယေလ၊ ယောဘတို့ရှိသော်လည်း၊ ငါ အသက်ရှင်သည်အတိုင်း ကိုယ်သားသမီးကို မကယ်မနုတ်၊ ကိုယ်ဖြောင့်မတ်ခြင်းအားဖြင့် ကိုယ်အသက်ဝိညာဉ်ကိုသာ ကယ်နုတ်ရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ 21 ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယေရုရှလင်မြို့၌ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ဖြတ်ခြင်းငှာ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ဖျက်ဆီးတတ်သော သားရဲဘေး၊ ကာလနာဘေးတည်းဟူသော၊ အလွန်ဆိုးသော ဘေးလေးပါးတို့ကို ငါစေလွှတ်သောအခါ၊ ထိုမျှမက လွှတ်ခဲလိမ့်မည်မဟုတ်လော။ဗျာ၊ ၆:၈။22 သို့ရာတွင်၊ လွတ်၍ ထွက်မြောက်ရသော အကျန်အကြွင်း သားသမီးအချို့ ရှိကြလိမ့်မည်။ သူတို့သည် သင်တို့ရှိရာသို့ ထွက်လာ၍၊ ကျင့်ကြံပြုမူသော အမှုအရာတို့ကို သင်တို့သိကြလိမ့်မည်။ ယေရုရှလင်မြို့၌ ငါရောက်စေသမျှသော အမှုများကြောင့် စိတ်ပူပန်ခြင်းမရှိ၊ သက်သာခြင်းရှိကြလိမ့်မည်။ 23 သူတို့ ကျင့်ကြံပြုမူသော အမှုအရာတို့ကို သင်တို့သည် မြင်သောအခါ သက်သာရကြလိမ့်မည်။ ယေရုရှလင်မြို့ကို ငါပြုလေသမျှတို့၌၊ အကြောင်းမရှိဘဲ မပြုသည်ကို သိကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
1 Então, vieram ter comigo alguns dos Ez 8.1;20.1;2Rs 6.32anciãos de Israel e Ez 33.31-32;Is 29.13se assentaram diante de mim. 2 Veio a mim a palavra de Jeová, dizendo: 3 Filho do homem, estes homens Ez 20.16deram lugar no seu coração aos seus ídolos Ez 14.4,7;Ez 7.19;Sf 1.3e puseram diante da sua face o tropeço da sua iniquidade; acaso, permitirei que eles Ez 20.3,31;Is 1.15;Jr 11.11me consultem? 4 Portanto, fala com eles e dize-lhes: Assim diz o Senhor Jeová: Todo homem da casa de Israel que der lugar no seu coração aos seus ídolos, e puser diante da sua face o tropeço da sua iniquidade, e vier ter com o profeta, Ez 14.7eu, Jeová, lhe responderei nisso segundo 1Rs 21.20-24;2Rs 1.16;Is 66.4a multidão dos seus ídolos; 5 para que eu apanhe a casa de Israel Jr 17.10;Zc 7.12no seu coração, porque são todos Is 1.4;Jr 2.11;Zc 11.8alienados de mim pelos seus ídolos.
6 Portanto, dize à casa de Israel: Assim diz o Senhor Jeová: Ez 18.30;1Sm 7.3;Ne 1.9;Is 2.20;30.22;55.6-7Convertei-vos, e apartai-vos dos vossos ídolos, e desviai os vossos rostos de todas as vossas Ez 14.4;Ez 8.6abominações. 7 Pois qualquer homem da casa de Israel ou dos Êx 12.48;20.10estrangeiros que peregrinam em Israel que se alienar de mim, e der lugar no seu coração aos seus ídolos, e puser diante da sua face o tropeço da sua iniquidade, e vier ter com o profeta, a fim de me consultar a favor de si mesmo, Ez 14.4eu lhe responderei de mim mesmo. 8 Ez 15.7;Jr 44.11Porei o meu rosto contra o tal homem, e o farei Ez 5.15;Is 65.15um objeto de espanto, para servir de provérbio, e o exterminarei do meio do meu povo; Ez 6.7e sabereis que eu sou Jeová. 9 Se o profeta for enganado e falar alguma palavra, 1Rs 22.20-23;Sl 81.11-12;Is 63.17;66.4;Jr 4.10;2Ts 2.9-12eu, Jeová, enganei esse profeta, estenderei a minha mão sobre ele e Jr 6.14-15;14.15o destruirei do meio do meu povo de Israel. 10 Eles Ez 44.10,12levarão sobre si a sua iniquidade; a iniquidade do profeta será como a iniquidade de quem o consultar; 11 para que a casa de Israel Ez 44.10,15;48.11não se desvie mais de mim, nem Ez 11.18;37.23se contamine mais com todas as suas transgressões; mas que sejam eles o Ez 11.20;34.30;36.28meu povo, e seja eu o seu Deus, diz o Senhor Jeová.
12 Veio a mim a palavra de Jeová, dizendo: 13 Filho do homem, quando contra mim pecar uma terra, Ez 15.8;20.27cometendo uma transgressão, Ez 6.14e eu estender a minha mão sobre ela, Ez 5.16;Is 3.1e quebrar o báculo do seu pão, e enviar contra ela a fome, e dela Ez 14.17,19,21exterminar homens e animais; 14 Jr 15.1ainda que estivessem nela estes três homens, Gn 6.8;7.1;Hb 11.7Noé, Ez 28.3;Dn 1.6;9.21;10.11Daniel e Jó 1.1,5;42.8-9Jó, livrariam eles tão somente Ez 14.16,18,20;Ez 18.20as suas almas pela sua justiça, diz o Senhor Jeová. 15 Se eu fizer passar pela terra Ez 14.21;Ez 5.17bestas-feras, e estas a despojarem, de sorte que seja desolada, sem que ninguém possa passar por ela por causa das feras, 16 embora estejam nela esses três homens, pela minha vida, diz o Senhor Jeová, não livrarão nem a seus filhos nem a suas filhas; Ez 18.20;Gn 19.29eles tão somente serão livrados, mas a terra será desolada. 17 Ou, se eu fizer vir Ez 14.21;Ez 5.12;11.8,10a espada sobre essa terra e disser: Espada, passa pela terra, de sorte que Ez 14.13;Ez 25.13eu extermine dela homens e animais, 18 embora estejam nela esses três homens, pela minha vida, diz o Senhor Jeová, não livrarão nem a filhos nem a filhas, porém Ez 14.14tão somente eles serão livrados. 19 Ou, se eu enviar a Ez 14.21;Ez 5.12;Jr 14.12peste contra essa terra e derramar sobre ela o meu furor em sangue, a fim de exterminar dela homens e animais, 20 embora estejam nela Ez 14.14Noé, Daniel e Jó, pela minha vida, diz o Senhor Jeová, não livrarão nem o filho nem a filha; eles tão somente livrarão Ez 14.14,16,18as suas almas pela sua justiça.
21 Pois assim diz o Senhor Jeová: Quanto mais, quando eu enviar sobre Jerusalém os meus quatro juízos violentos, Jr 15.2-3a espada, e a fome, e as feras, e Am 4.6-10a peste, para exterminar dela homens e animais? 22 Contudo, eis que nela ficará Ez 12.16um resto, que será tirado para fora, tanto filhos como filhas; eis que Ez 6.9;7.16sairão a ter convosco, e Ez 12.16;36.20vós vereis o seu caminho e os seus feitos. Ez 16.54;31.16;32.31Ficareis consolados do mal que fiz vir sobre Jerusalém, sim, de tudo o que fiz sobre ela. 23 Eles vos consolarão, quando virdes o seu caminho e os seus feitos; e conhecereis que Ez 6.10;8.6-18;9.8-9;Jr 7.17-18;22.8-9não fiz sem motivo tudo o que nela tenho feito, diz o Senhor Jeová.