1 အာတဇေရဇ်မင်းကြီး လက်ထက်၌၊ ငါနှင့်အတူ ဗာဗုလုန်မြို့မှ ထွက်သွားသောသူ အဆွေအမျိုးသူကြီးတို့၏ သားစဉ်မြေးဆက်စာရင်း ဟူမူကား။
2 ဖိနဟတ်အမျိုး ဂေရရှုံ၊ ဣသမာအမျိုး ဒံယေလ၊ ဒါဝိဒ်အမျိုး ဟတ္တုတ်၊ 3 ရှေခနိအမျိုး ဖာရုတ်အနွယ်ထဲက ဇာခရိနှင့် စာရင်းဝင်သူ ယောက်ျားပေါင်း တစ်ရာငါးကျိပ်။ 4 ပါဟတ်မောဘအမျိုး၊ ဇေရာယသား ဧလျောနဲနှင့် ယောက်ျားပေါင်းနှစ်ရာ၊ 5 ရှေခနိအမျိုး ယဟာဇေလသားနှင့် ယောက်ျားပေါင်းသုံးရာ၊ 6 အာဒိန်အမျိုး ယောနသန်သား ဧဗက်နှင့် ယောက်ျားပေါင်းငါးကျိပ်၊ 7 ဧလံအမျိုး၊ အာသလိသားယေရှာယနှင့် ယောက်ျားပေါင်းခုနစ်ကျိပ်၊ 8 ရှေဖတိအမျိုး မိက္ခေလသား ဇေဗဒိနှင့် ယောက်ျားပေါင်းရှစ်ကျိပ်၊ 9 ယွာဘအမျိုး ယေဟေလသား ဩဗဒိနှင့် ယောက်ျားပေါင်း နှစ်ရာတစ်ကျိပ်ရှစ်ယောက်၊ 10 ရှေလောမိတ်အမျိုး၊ ယောသိဖိသားနှင့် ယောက်ျားပေါင်း တစ်ရာခြောက်ကျိပ်၊ 11 ဗေဗဲအမျိုး၊ ဗေဗဲသားဇာခရိနှင့် ယောက်ျားပေါင်း နှစ်ကျိပ်ရှစ်ယောက်၊ 12 အာဇဂဒ်အမျိုး၊ ဟက္ကတန်သား ယောဟနန်နှင့် ယောက်ျားပေါင်း တစ်ရာတစ်ကျိပ်၊ 13 အဒေါနိကံအမျိုးသားတို့တွင်၊ နောက်ကျသောသူ၊ ဧလိဖလက်၊ ယေယေလ၊ ရှေမာယနှင့် ယောက်ျားပေါင်းခြောက်ကျိပ်၊ 14 ဗိဂဝဲအမျိုးသား ဥသဲ၊ ဇဗ္ဗုဒ်နှင့် ယောက်ျားပေါင်း ခုနစ်ကျိပ်တည်း။
15 ထိုလူများတို့ကို အဟာဝမြို့သို့စီးသော မြစ်နားမှာ ငါစုဝေးစေ၍၊ သုံးရက်ပတ်လုံး တဲ၌နေကြ၏။ လူများနှင့် ယဇ်ပုရောဟိတ်များတို့ကို ငါစစ်ဆေး၍၊ လေဝိသားတစ်ယောက်ကိုမျှ မတွေ့သောအခါ၊ 16 လူကြီး ဧလျေဇာ၊ အရေလ၊ ရှေမာယ၊ နာသန်၊ ဇာခရိ၊ မေရှုလံ၊ ပညာရှိယာရိပ်၊ ဧလနာသန်တို့ကို ခေါ်၍၊ 17 ကသိဖိမြို့သူကြီး ဣဒေါထံသို့ မှာစာနှင့်စေလွှတ်လျက်၊ ဣဒေါနှင့် ကသိဖိမြို့မှာ နေသောသူ၏ ညီအစ်ကိုဘုရားကျွန်တို့သည်၊ ငါတို့ဘုရားသခင့် အိမ်တော်အမှုစောင့်များကို ပေးစေခြင်းငှာ၊ သူတို့အား အဘယ်သို့ ပြောဆိုရမည်ကို ငါမှာလိုက်၏။ 18 ထိုသူတို့သည် ငါတို့၏ဘုရားသခင့် တန်ခိုးကျေးဇူးတော်ကြောင့်၊ ဣသရေလသားလေဝိ၏သား မဟာလိအမျိုးသား၊ ပညာရှိတစ်ယောက်၊ ရှေရဘိနှင့် သူ၏ပေါက်ဖော် တစ်ကျိပ်ရှစ်ယောက်၊ 19 ဟာရှဘိနှင့် မေရာရိအမျိုး ယေရှာယနှင့် သူ၏ပေါက်ဖော် နှစ်ကျိပ်၊ 20 လေဝိသားတို့အမှုကို ဆောင်ရွက်စေခြင်းငှာ၊ ဒါဝိဒ်နှင့် မှူးတော်မတ်တော်ခန့်ထားသော ဘုရားကျွန်များ၊ စာရင်းဝင်သည်အတိုင်း၊ နှစ်ရာနှစ်ကျိပ်တို့ကို ခေါ်ခဲ့ကြ၏။
21 ထိုအခါ ဥစ္စာများမှစ၍ သူငယ်များနှင့်တကွ၊ ငါတို့သွားစရာ မှန်သောလမ်းကို ဘုရားသခင်၌ရှာ၍၊ ရှေ့တော်မှာ ခြိုးခြံစွာကျင့်ခြင်းငှာ၊ အဟာဝမြစ်နားတွင်၊ အစာရှောင်ရာအချိန်ကို ငါကြော်ငြာ၏။ 22 အကြောင်းမူကား၊ ကျွန်တော်တို့ ဘုရားသခင်ကို ရှာသောသူအပေါင်းတို့သည်၊ တန်ခိုးကျေးဇူးတော်ကို ခံရကြလိမ့်မည်။ ကိုယ်တော်ကို စွန့်သောသူအပေါင်းတို့ကို၊ တန်ခိုးတော်ဆီးတား၍ အမျက်တော် သက်ရောက်လိမ့်မည်ဟု ငါတို့သည်ရှင်ဘုရင်အား လျှောက်ထားသောကြောင့်၊ လမ်းတွင် ရန်သူလက်နှင့် လွတ်စေခြင်းငှာ၊ လိုက်၍ပို့ရသော စစ်သူရဲ၊ မြင်းစီးသူရဲ၊ တစ်တပ်ကို ရှင်ဘုရင်၌မတောင်းဝံ့၊ ရှက်ကြ၏။ 23 ထိုအမှုကြောင့်၊ ငါတို့သည် အစာရှောင်၍၊ ငါတို့ဘုရားသခင်ကို ဆုတောင်းလျက်နေကြ၏။ ဘုရားသခင်လည်း နားထောင်တော်မူ၏။
24 ထိုအခါ ယဇ်ပုရောဟိတ်အကြီး တစ်ကျိပ်နှစ်ပါး၊ ရှေရဘိ၊ ဟာရှဘိနှင့် သူတို့ညီအစ်ကို တစ်ကျိပ်ကို ငါရွေးထားပြီးလျှင်၊ 25 ရှင်ဘုရင်မှစ၍ အတွင်းဝန်၊ မှူးတော်မတ်တော်၊ စည်းဝေးသော ဣသရေလ အမျိုးသားအပေါင်းတို့သည်၊ ငါတို့၏ဘုရားသခင့် အိမ်တော်အဖို့ လှူသောပူဇော်သကာ၊ ရွှေ၊ ငွေ၊ တန်ဆာတည်းဟူသော၊ 26 ငွေအခွက် ခြောက်ထောင်ငါးပိဿာ၊ ငွေတန်ဆာအခွက် တစ်ထောင်၊ ရွှေအခွက် တစ်ထောင်၊ 27 ရွှေဒင်္ဂါး တစ်ထောင်အချိန်ရှိသော ရွှေအင်တုံနှစ်ဆယ်၊ ရွှေနှင့်အမျှမြတ်သော ရွှေကြေးဝါစစ်ဖလား နှစ်လုံးတို့ကို ငါချိန်၍အပ်လျက်၊ 28 သင်တို့သည် ထာဝရဘုရားအဖို့ သန့်ရှင်းကြ၏။ ဤတန်ဆာတို့သည်လည်း သန့်ရှင်းသောတန်ဆာ ဖြစ်ကြ၏။ ဤငွေနှင့် ဤရွှေသည်လည်း၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားအား ကြည်ညိုသောစိတ်နှင့် လှူသောရွှေငွေဖြစ်၏။ 29 ယေရုရှလင်မြို့၊ ထာဝရဘုရား၏ အိမ်တော်အခန်းတို့တွင် ယဇ်ပုရောဟိတ်အကြီး၊ လေဝိသား၊ ဣသရေလအဆွေအမျိုး သူကြီးတို့ရှေ့မှာ မချိန်မီတိုင်အောင် ကြည့်ရှုစောင့်ရှောက်ကြလော့ဟု မှာထား၏။ 30 ထိုသို့ချိန်သော ရွှေ၊ ငွေတန်ဆာတို့ကို ယေရုရှလင်မြို့၊ ငါတို့၏ဘုရားသခင်အိမ်တော်သို့ ပို့ဆောင်ခြင်းငှာ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် ခံယူကြ၏။
31 ပထမလ တစ်ဆယ်နှစ်ရက်နေ့တွင်၊ ငါတို့သည် အဟာဝမြစ်မှထွက်၍၊ ယေရုရှလင်မြို့သို့ ခရီးသွားကြ၏။ လမ်းနား၌ ချောင်း၍နေသော ရန်သူလက်မှ၊ ငါတို့၏ ဘုရားသခင့် တန်ခိုးတော်ကြောင့် လွတ်လျက်၊ 32 ယေရုရှလင်မြို့သို့ ရောက်၍ သုံးရက်နေကြ၏။
33 စတုတ္ထနေ့တွင် ငါတို့ဘုရားသခင်၏ အိမ်တော်၌၊ ဖိနဟတ်သားဧလာဇာနှင့် လေဝိအမျိုးယောရှုသား ယောဇဗဒ်၊ ဗိနွိသားနောဒိတို့သည် ဝိုင်း၍ကြည့်ရှုလျက်၊ 34 ဥရိသား ယဇ်ပုရောဟိတ် မေရမုတ်သည် ထိုရွှေငွေတန်ဆာရှိသမျှတို့ကို ရေတွက်ချိန်တွယ်၍ တစ်နေ့ချင်းတွင် အချိန်ပေါင်းကို မှတ်သားလေ၏။ 35 သိမ်းသွားခြင်းကိုခံရသော လူစုထဲက ထွက်လာသော သူတို့သည်လည်း၊ ဣသရေလအမျိုးများတို့အဖို့ နွား တစ်ဆယ်နှစ်ကောင်၊ သိုးထီး ကိုးဆယ်ခြောက်ကောင်၊ သိုးသငယ် ခုနစ်ဆယ်ခုနစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့ ဆိတ် တစ်ဆယ်နှစ်ကောင်တို့ကို၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားအား မီးရှို့ရာယဇ်ကို ပူဇော်ကြ၏။ 36 ရှင်ဘုရင်အမိန့်တော် အမှာတော်တို့ကို ကိုယ်စားတော်မင်း၊ မြစ်အနောက်ဘက် မြို့ဝန်တို့၌အပ်၍၊ သူတို့သည် ဣသရေလအမျိုးနှင့် ဘုရားသခင့် အိမ်တော်ကို ပြုစုကြ၏။
1 Estes são os cabeças das famílias, e esta é a genealogia daqueles que subiram comigo de Babilônia, no reinado do rei Artaxerxes. 2 Dos filhos de Fineias: Gérson; dos filhos de Itamar: Daniel; dos filhos de Davi: Hatus; 3 dos filhos de Secanias, dos filhos de Parós: Zacarias, e, com ele, cento e cinquenta homens registrados nas genealogias. 4 Dos filhos de Paate-Moabe: Elioenai, filho de Zeraías, e, com ele, duzentos homens. 5 Dos filhos de Secanias: o filho de Jaaziel, e, com ele, trezentos homens. 6 Dos filhos de Adim: Ebede, filho de Jônatas, e, com ele, cinquenta homens. 7 Dos filhos de Elão: Jesaías, filho de Atalias, e, com ele, setenta homens. 8 Dos filhos de Sefatias: Zebadias, filho de Micael, e, com ele, oitenta homens. 9 Dos filhos de Joabe: Obadias, filho de Jeiel, e, com ele, duzentos e dezoito homens. 10 Dos filhos de Selomite: o filho de Josifias, e, com ele, cento e sessenta homens. 11 Dos filhos de Bebai: Zacarias, filho de Bebai, e, com ele, vinte e oito homens. 12 Dos filhos de Azgade: Joanã, filho de Hacatã, e, com ele, cento e dez homens. 13 Dos filhos de Adonicão, que eram os últimos, eis os seus nomes: Elifelete, Jeuel e Semaías, e, com eles, sessenta homens. 14 E dos filhos de Bigvai: Utai e Zabude, e, com eles, setenta homens.
15 Ajuntei-os para o Ed 8.21,31rio que corre para Aava; e ali ficamos acampados três dias. Atentei para o povo e para os sacerdotes e Ed 8.2;7.7não achei ali nenhum dos filhos de Levi. 16 Então, mandei chamar a Eliézer, Ariel, Semaías, Elnatã, Jaribe, Elnatã, Natã, Zacarias e Mesulão, homens principais; também a Joiaribe e a Elnatã, que eram mestres. 17 Eu os enviei a Ido, chefe em Casifia; e lhes pus na boca as palavras que haviam de dizer a Ido e aos Ed 2.43netinins, seus irmãos, em Casifia, para nos trazerem ministros para a Casa do nosso Deus. 18 Ed 7.6Segundo a boa mão do nosso Deus sobre nós, eles nos trouxeram um homem discreto dos filhos de Mali, filho de Levi, filho de Israel; e a Serebias com seus filhos e seus irmãos: dezoito; 19 e a Hasabias, e, com ele, Jesaías, dos filhos de Merari, seus irmãos e os filhos destes: vinte; 20 e dos Ed 2.43;7.7netinins, que Davi e os príncipes tinham dado para o serviço dos levitas: duzentos e vinte; todos eles mencionados por nome.
21 Publiquei um 1Sm 7.6;2Cr 20.3jejum ali junto ao Ed 8.15,31rio Aava, para nos humilharmos diante do nosso Deus, a fim de lhe pedirmos um caminho feliz para nós, para nossos pequeninos e para toda a nossa fazenda. 22 Pois tive vergonha de pedir ao rei uma escolta de soldados e cavaleiros, para nos defenderem do inimigo pelo caminho, porque tínhamos dito ao rei: Ed 7.6,9,28A mão do nosso Deus está sobre todos os que o buscam, para o bem deles; Js 22.16mas o seu poder e a sua ira, contra todos os que o abandonam. 23 Jejuamos e suplicamos ao nosso Deus por isso; e ele aceitou as nossas súplicas.
24 Separei doze dos principais dos sacerdotes, a saber, Ed 8.18-19Serebias, Hasabias e, com eles, dez de seus irmãos. 25 Ed 8.33Pesei-lhes Ed 7.15-16a prata, e o ouro, e os vasos, isto é, a oferta para a Casa do nosso Deus, que haviam oferecido o rei, os seus conselheiros e Ed 7.14os seus príncipes e todo o Israel que se achou ali; 26 Ed 1.9-11sim, entreguei-lhes nas mãos seiscentos e cinquenta talentos de prata e vasos de prata no valor de cem talentos; cem talentos de ouro 27 e vinte taças de ouro no valor de mil daricos; e dois vasos de bronze mui claro e brilhante, tão precioso como ouro. 28 Eu lhes disse: Lv 21.6-8Vós sois santos a Jeová, Lv 22.2-3e os vasos são santos; e a prata e o ouro são ofertas voluntárias a Jeová, Deus de vossos pais. 29 Vigiai e guardai-os até Ed 8.33-34que os peseis na presença dos principais dos sacerdotes, e dos levitas, e dos cabeças das famílias de Israel, em Jerusalém, nas câmaras da Casa de Jeová. 30 Ed 1.9Receberam os sacerdotes e os levitas o peso da prata e do ouro e os vasos, para os levarem a Jerusalém, à Casa do nosso Deus.
31 Partimos Ed 8.15,21do rio Aava no Ed 7.9duodécimo dia do primeiro mês, a fim de irmos para Jerusalém; Ed 8.22a mão do nosso Deus esteve sobre nós, e ele nos livrou da mão do inimigo e dos que nos armavam ciladas pelo caminho. 32 Ne 2.11Chegamos a Jerusalém e repousamos ali três dias. 33 No quarto dia, Ed 8.30pesados a prata, o ouro e os vasos na Casa do nosso Deus, eles foram entregues a Ne 3.4,21Meremote, filho do sacerdote Urias (e, com ele, estava Eleazar, filho de Fineias; e, com eles, estavam Jozabade, filho de Jesua, e Noadias, filho de Binui, levitas), 34 tudo por conta e por peso; e todo o peso foi escrito nesse tempo.
35 Ed 2.1Os filhos do cativeiro que tinham voltado do exílio ofereceram holocaustos ao Deus de Israel: Ed 6.17doze novilhos por todo o Israel, noventa e seis carneiros, setenta e sete cordeiros, doze bodes como oferta pelo pecado; tudo isso em holocaustos a Jeová. 36 Ed 7.21-24Entregaram os editos do rei Ed 4.7;5.6aos sátrapas do rei e aos governadores além do rio; e estes ajudaram o povo e a Casa de Deus.