1 ထိုအမှုပြီးမှ၊ အကြီးအကဲတို့သည် ငါ့ထံသို့လာ၍ ယဇ်ပုရောဟိတ်၊ လေဝိသားအစရှိသော ဣသရေလ အမျိုးသားတို့သည် ဤပြည်သားရင်းတို့နှင့် ပေါင်းဖော်သဖြင့်၊ ခါနာနိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ယေဗုသိလူ၊ အမ္မုန်လူ၊ မောဘလူ၊ အဲဂုတ္တုလူ၊ အာမောရိလူတို့ ရွံရှာဖွယ်သောအကျင့်ကို ကျင့်ကြပါ၏။ 2 အကြောင်းမူကား၊ သူတို့သမီးများကို ကိုယ်ဖို့လည်းကောင်း၊ ကိုယ်သားဖို့လည်းကောင်း၊ သိမ်းယူသဖြင့်၊ သန့်ရှင်းသောအမျိုးသည် ဤပြည်သားရင်းအမျိုးနှင့် ရောနှောလျက်ရှိ၍၊ အကြီးအကဲနှင့် မင်းအရာရှိတို့သည်၊ ဤဒုစရိုက်အမှုကို အဦးပြုကြပြီတကားဟု ကြားပြောကြ၏။ 3 ထိုစကားကို ငါကြားလျှင် အတွင်းအဝတ်၊ ပြင်အဝတ်ကို ဆုတ်၍ ဆံပင်နှင့်မုတ်ဆိတ်ကို နုတ်ပစ်လျက်၊ မိန်းမောတွေဝေလျက် ထိုင်နေ၏။ 4 ထိုအခါ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား အမိန့်တော်ကို ကြောက်ရွံသောသူအပေါင်းတို့သည်၊ သိမ်းသွားခြင်းကို ခံရသောသူတို့ ပြစ်မှားသောအပြစ်ကြောင့်၊ ငါ့ထံမှာစည်းဝေး၍၊ ညဉ့်ဦးယံ ယဇ်ပူဇော်ချိန်တိုင်အောင် ငါသည်မိန်းမောတွေဝေလျက် နေ၏။ 5 ညဉ့်ဦးယံ ယဇ်ပူဇော်ချိန်တွင်၊ စိတ်ပျက်ရာမှထ၍ အတွင်းအဝတ်၊ ပြင်အဝတ်ကို ဆုတ်ပြီးလျှင်၊ ဒူးထောက်၍၊ ငါ၏ဘုရားသခင် ထာဝရဘုရားထံတော်သို့ လက်ဝါးတို့ကို ဖြန့်လျက်၊
6 အို အကျွန်ုပ်ဘုရားသခင်၊ ကိုယ်တော်သို့ မမျှော်မကြည့်ဝံ့၊ ရှက်ကြောက်၍ မျက်နှာနီပါ၏။ အကျွန်ုပ်ဘုရားသခင်၊ အကျွန်ုပ်တို့ ပြုမိသော ဒုစရိုက်တို့သည် အကျွန်ုပ်တို့ ခေါင်းပေါ်မှာ အထပ်ထပ်လွှမ်းမိုး၍၊ ကြီးစွာသော အပြစ်သည် မိုးကောင်းကင်သို့ မီပါ၏။ 7 ဘိုးဘေးလက်ထက်မှစ၍ ယနေ့တိုင်အောင်၊ အလွန်ပြစ်မှားပါပြီ။ ကိုယ်အပြစ်ကြောင့် ရှင်ဘုရင်နှင့် ယဇ်ပုရောဟိတ်မှစ၍၊ အကျွန်ုပ်တို့သည် ယနေ့တိုင်အောင် ခံသကဲ့သို့၊ တစ်ပါးအမျိုးသား ရှင်ဘုရင်လက်သို့ အပ်ခြင်း၊ အသေသတ်ခြင်း၊ သိမ်းသွားခြင်း၊ လုယက်ခြင်း၊ မျက်နှာပျက်ခြင်းကို ခံရပါ၏။ 8 ယခုခဏတွင်၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ အကျွန်ုပ်တို့ကို ဘေးမဲ့လွှတ်၍ ကျန်ကြွင်းစေလျက်၊ သန့်ရှင်းသော ဌာနတော်၌ စွဲထားသောတံစို့ကို ပေးတော်မူသောကျေးဇူးတော် ကြီးလှပါ၏။ အကျွန်ုပ်တို့ဘုရားသခင်သည် အကျွန်ုပ်တို့မျက်စိကို လင်းစေ၍၊ အကျွန်ုပ်တို့ ကျွန်ခံနေရာ၌ အသက်ရှူပြန်ရသော အခွင့်ကို ပေးတော်မူပြီ။ 9 အကျွန်ုပ်တို့သည် ကျွန်ခံလျက်နေရပါ၏။ ထိုသို့ ကျွန်ခံလျက် နေရသော်လည်း၊ အကျွန်ုပ်တို့၏ ဘုရားသခင်သည် စွန့်ပစ်တော်မမူ။ အကျွန်ုပ်တို့ အသက်လွတ်ခြင်းငှာလည်းကောင်း၊ အကျွန်ုပ်တို့ ဘုရားသခင်၏ အိမ်တော်ကို ထူထောင်၍၊ ပြိုပျက်ရာတို့ကို ပြုပြင်ခြင်းငှာလည်းကောင်း၊ ယုဒပြည် ယေရုရှလင်မြို့၌ ခိုလှုံရာအရပ်ကို အကျွန်ုပ်အား ပေးခြင်းငှာလည်းကောင်း၊ ပေရသိရှင်ဘုရင်တို့သည် အကျွန်ုပ်တို့၌ ကျေးဇူးပြုချင်သော စေတနာစိတ်ကို ပေးသနားတော်မူပြီ။ 10 ယခုလည်း အိုအကျွန်ုပ်တို့၏ ဘုရားသခင်၊ ဤသို့ ပြုမိပြီးမှ၊ 11 အဘယ်သို့ လျှောက်ရပါမည်နည်း။ 12 ကိုယ်တော်က၊ သင်တို့သွား၍ သိမ်းယူလတ္တံ့သောပြည်သည်၊ ပြည်သူပြည်သားတို့ အညစ်အကြေးကြောင့် ညစ်ညူးသောပြည် ဖြစ်၏။ တစ်ပြည်လုံးကို ရွံရှာဖွယ်အမှုတို့နှင့် ပြည့်စေကြပြီ။ သို့ဖြစ်၍ သင်တို့သမီးကို သူတို့သားအား မပေးစားကြနှင့်။ သူတို့၏သမီးကို သင်တို့သားနှင့် မစုံဖက်စေကြနှင့်။ သူတို့ချမ်းသာနှင့် သူတို့စည်းစိမ်ကို အလျှင်းမပြုစုကြနှင့်။ သင်တို့သည် ခွန်အားကြီး၍ မြေအသီးအနှံကို စားရသောအခွင့်၊ ထိုမြေကို ကိုယ်သားမြေးတို့၌ နိစ္စအမွေမြေဖြစ်စေ၍၊ အပ်ရသော အခွင့်ရှိစေခြင်းငှာ၊ ထိုသို့ကျင့်၍ နေကြလော့ဟု ကိုယ်တော်ကျွန်၊ ပရောဖက်တို့အားဖြင့် မှာထားတော်မူသော ပညတ်စကားတော်ကို အကျွန်ုပ်တို့သည် နားမထောင်ပါတကား။ထွ၊ ၃၄:၁၁-၁၆၊တရား၊ ၇:၁-၅။13 အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားတည်းဟူသော ကိုယ်တော်သည် အကျွန်ုပ်တို့ခံထိုက်သမျှသော အပြစ်ဒဏ်ကို ပေးတော်မမူသော်လည်း၊ အကျွန်ုပ်တို့သည် ကိုယ်တိုင်ပြုမိသော ဒုစရိုက်အမှု၊ ကြီးစွာသော လွန်ကျူးခြင်းအပြစ်ကြောင့်၊ ဤမျှလောက် ခံရပြီးမှလည်းကောင်း၊ ကိုယ်တော်သည် ဤမျှလောက် ချမ်းသာပေးတော်မူပြီးမှလည်းကောင်း၊ 14 အကျွန်ုပ်တို့သည် ပညတ်တရားတော်တို့ကို တစ်ဖန်လွန်ကျူး၍၊ ဤရွံရှာဖွယ်အမှုတို့ကို ပြုတတ်သောလူမျိုးနှင့် ပေါင်းဖော်လျှင် တစ်ယောက်မျှမလွတ်၊ မကျန်ကြွင်းစေခြင်းငှာ၊ အမျက်တော်ထွက်၍ အကျွန်ုပ်တို့ကို ဖျက်ဆီးတော်မူမည် မဟုတ်လော။ 15 အို ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူ၏။ အကျွန်ုပ်တို့သည် ယနေ့အသက်လွတ်၍ ကျန်ကြွင်းသေးသောသူ ဖြစ်ပါ၏။ ကိုယ်အပြစ်များကို ရှေ့တော်၌ တောင်းပန်ပါ၏။ ထိုအပြစ်ကြောင့်၊ ရှေ့တော်၌ နေရာမရနိုင်ပါဟု တောင်းလျှောက်လေ၏။
1 Acabadas, pois, essas coisas, vieram ter comigo os principais, dizendo: O povo de Israel, e os sacerdotes, e os levitas Ed 6.21;Ne 9.2não se separaram das Lv 18.24-30abominações dos povos de outras terras, a saber, dos cananeus, dos heteus, dos ferezeus, dos jebuseus, dos amonitas, dos moabitas, dos egípcios e dos amorreus. 2 Pois Ed 10.2,18tomaram das filhas destes para si e para seus filhos; de maneira que Êx 22.31os da linhagem santa Ne 13.3se têm misturado com os povos de outras terras; sim, os príncipes e os deputados foram os primeiros a cometer esse pecado. 3 Quando ouvi isso, 2Rs 18.37rasguei a minha túnica e o meu manto, arranquei os cabelos da minha cabeça e da minha barba, e Ne 1.4sentei-me atônito. 4 Então, se ajuntaram a mim Ed 10.3todos os que tremiam das palavras do Deus de Israel, por causa da transgressão dos do cativeiro; e sentei-me atônito Êx 29.39até a oblação da tarde.
5 Ao tempo da oblação da tarde, rasgados a minha túnica e o meu manto, levantei-me da minha humilhação, pus-me de joelhos e Êx 9.29estendi as minhas mãos a Jeová, meu Deus. 6 Disse: Deus meu, estou confuso e envergonho-me de levantar o meu rosto a ti, meu Deus, porque as nossas iniquidades se multiplicaram sobre as nossas cabeças, e a nossa Ed 9.13,15;2Cr 28.9;Ap 18.5culpa cresceu até o céu. 7 2Cr 29.6Desde os dias de nossos pais até o dia de hoje, temos sido em extremo culpados; e, por causa das nossas iniquidades, temos sido entregues, nós, os nossos reis e os nossos sacerdotes, às mãos dos reis de outras terras, à espada, ao cativeiro, Dn 9.7à rapina e à confusão do rosto, como hoje se vê. 8 Agora, por um breve momento, se manifestou a graça da parte de Jeová, nosso Deus, Ed 9.13-15para nos deixar um resto que escape e para nos dar uma Is 22.23estaca no seu santo lugar, a fim de que o nosso Deus nos alumiasse os olhos e nos desse um pouco de refrigério em nossa escravidão. 9 Ne 9.36Pois somos escravos; contudo, o nosso Deus não nos abandonou em nossa escravidão, mas Ed 7.28nos tornou dignos da misericórdia dos reis da Pérsia, para nos dar a vida, para levantar a Casa do nosso Deus, para reparar as ruínas dela e para nos dar um muro em Judá e em Jerusalém. 10 Agora, Deus nosso, que diremos depois disso? Pois temos deixado os teus mandamentos, 11 que ordenaste por meio dos profetas, teus servos, dizendo: A terra que vós ides a possuir é uma terra imunda pela imundícia dos povos de outras terras, pelas suas abominações, que a encheram de uma extremidade a outra Ed 6.21com a sua sujidade. 12 Por isso, Ed 9.2não deis vossas filhas a seus filhos, nem tomeis suas filhas para vossos filhos, nem procureis jamais a sua paz ou a sua prosperidade; para que sejais fortes, e comais o bem da terra, Pv 13.22e a deixeis por herança a vossos filhos, para sempre. 13 Depois de tudo o que nos tem sucedido por causa das nossas más obras e por causa Ed 9.6-7da nossa grande culpa, visto que tu, nosso Deus, nos tens castigado menos do que merecem as nossas iniquidades e nos deste Ed 9.8este resto, 14 Ed 9.2tornaremos a violar os teus mandamentos e a aparentar-nos com os povos que cometem essa abominação? Dt 9.8,14Porventura, não estarias tu irado contra nós até nos teres perdido inteiramente, de modo que não houvesse resto nem quem escapasse? 15 Jeová, Deus de Israel, Ne 9.33;Dn 9.7tu és justo, pois somos deixados um resto que escapou, como hoje se vê. Eis que estamos diante de ti em Ed 9.6nossa culpa, pois Jó 9.2ninguém, por causa disso, se pode ter por inocente na tua presença.