1 တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 2 အချင်းလူသား၊ အမိမကွဲပြားသော ညီအစ်မနှစ်ယောက် ရှိ၏။ 3 သူတို့သည် အသက်ငယ်စဉ်အခါ၊ အဲဂုတ္တုပြည်၌ မတရားသောမေထုန်ကို ပြုကြ၏။ ထိုပြည်၌ သူတို့၏သားမြတ်ကို ပွတ်နယ်၍ အပျိုမအသရေကို ရှုတ်ချကြ၏။ 4 အစ်မကား၊ အဟောလ၊ ညီမကား အဟောလိဗ အမည်ရှိ၏။ ထိုသူနှစ်ယောက်တို့သည် ငါ၏ခင်ပွန်းဖြစ်၍ သားသမီးတို့ကို ဖွားမြင်ကြ၏။ အဟောလအမည်သည် ရှမာရိဟူ၍လည်းကောင်း၊ အဟောလိဗအမည်သည် ယေရုရှလင်ဟူ၍လည်းကောင်း ဆိုလိုသတည်း။
5 အဟောလသည် ငါ၏ခင်ပွန်းဖြစ်စဉ်အခါ၊ မတရားသော မေထုန်ကိုပြု၏။ 6 မိမိရည်းစားတည်းဟူသော၊ ပြာသောအဝတ်ကို ဝတ်သော မိမိအိမ်နီးချင်း အာရှုရိအမျိုးသား ဗိုလ်မင်း၊ ဝန်မင်း၊ ချစ်ဖွယ်သောလူပျို၊ မြင်းစီးသူရဲတို့ကို တပ်မက်၏။ 7 ထိုအာရှုရိ လူကောင်းလူမြတ်အပေါင်းတို့နှင့် မတရားသောမေထုန်ကို ပြု၏။ တပ်မက်သောသူအပေါင်းတို့၏ ရုပ်တုများနှင့် ကိုယ်ကို ညစ်ညူးစေ၏။ 8 အသက်ငယ်စဉ်အခါ အဲဂုတ္တုပြည်၌ သူနှင့်သင့်နေ၍၊ အပျိုမအသရေကို ရှုတ်ချသဖြင့်၊ အထပ်ထပ် မတရားသောမေထုန်ကို ပြုကြသည်နှင့်အညီ၊ အဲဂုတ္တုမေထုန်ကိုလည်း မစွန့်ပစ်၊ မှီဝဲလျက်နေ၏။ 9 ထိုကြောင့်၊ သူတပ်မက်သော ရည်းစား၊ အာရှုရိလူတို့၌ သူ့ကိုငါအပ်၍၊ 10 သူတို့သည် အဝတ်ကို ချွတ်ကြ၏။ သူ၏သားသမီးတို့ကို သိမ်းသွား၍၊ သူ့ကို ဓားနှင့် ကွပ်မျက်ကြ၏။ ထိုသို့ အပြစ်စီရင်ခြင်းကို ခံရသောအားဖြင့်၊ မိန်းမတကာတို့တွင် ကျော်စောသောမိန်းမဖြစ်လေ၏။
11 ထိုအမှုကို ညီမအဟောလိဗသည် မြင်သောအခါ၊ အစ်မထက်သာ၍ တပ်မက်သောစိတ်ရှိသည်နှင့်၊ အစ်မထက်သာ၍ မတရားသောမေထုန်ကို ပြု၏။ 12 တင့်တယ်သော အဝတ်ကိုဝတ်သော မိမိအိမ်နီးချင်း အာရှုရိအမျိုးသားဗိုလ်မင်း၊ ဝန်မင်း၊ ချစ်ဖွယ်သောလူပျို၊ မြင်းစီးသူရဲတို့ကို တပ်မက်၏။ 13 ထိုအခါ သူသည် ညစ်ညူးကြောင်းနှင့်၊ အစ်မလိုက်သောလမ်းသို့ လိုက်ကြောင်းကို ငါသိမြင်၏။ 14 အထူးသဖြင့် မတရားသောမေထုန်ကို ပြုသောအကြောင်းအရာ ဟူမူကား၊ ခါးစည်းကိုစည်းလျက်၊ ထူးဆန်းသောပန်းဆိုးခေါင်းပေါင်းကို ပေါင်းလျက်၊ မွေးဖွားရာဌာန ခါလဒဲပြည် ဗာဗုလုန်မြို့သားကဲ့သို့၊ မင်း၏အသွင်ကို ဆောင်လျက်၊ 15 အုတ်ထရံ၌ ဟင်္သာပဒါးနှင့်ရေးသော ခါလဒဲလူ၏ရုပ်ပုံတို့ကို မြင်သောအခါ၊ 16 တပ်မက်သောစိတ်ရှိ၍၊ ခါလဒဲပြည်သို့ တမန်ကိုစေလွှတ်လေ၏။ 17 ဗာဗုလုန်မြို့သားတို့သည် သူနှင့် သံဝါသပြုရာခုတင်သို့ လာ၍၊ မတရားသောမေထုန်ကိုပြုသောအားဖြင့် ညစ်ညူးစေကြ၏။ သူသည်လည်း ထိုသူတို့ကို ရွံရှာသည်တိုင်အောင် ညစ်ညူးခြင်းကို ခံလေ၏။ 18 ထိုသို့ မတရားသော မေထုန်ကိုပြုခြင်း၊ အဝတ်အချည်းစည်းရှိခြင်းကို ထင်ရှားဖော်ပြသောကြောင့်၊ ငါသည် သူအစ်မကို ရွံရှာသကဲ့သို့၊ သူ့ကိုလည်းရွံရှာ၏။ 19 အသက်ငယ်စဉ်အခါ အဲဂုတ္တုပြည်၌ မှားယွင်းသောကာလကို အောက်မေ့သဖြင့်၊ မှားယွင်းခြင်းကို အထပ်ထပ်ပြု၏။ 20 မြည်းအင်္ဂါနှင့်တူသောအင်္ဂါ၊ မြင်းသုက်ရည်နှင့်တူသော သုက်ရည်ရှိသော ထိုရည်းစားတို့ကိုပင် တပ်မက်လေသည်တကား။
21 သို့ဖြစ်၍၊ အို အဟောလိဗ၊ အဲဂုတ္တုလူတို့သည် သင့်အသရေကိုရှုတ်ချ၍၊ အပျိုမသားမြတ်တို့ကို ပွတ်နယ်ကြသဖြင့်၊ သင်အသက်ငယ်စဉ်အခါ သင်ပြုသောအဓမ္မအမှုကို အထပ်ထပ်ပြုသောကြောင့်၊ 22 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်ရွံရှာသောရည်းစားတို့ကို ငါထစေပြီးလျှင်၊ အရပ်ရပ်တို့ကလာ၍ တိုက်စေမည်။ 23 အာရှုရိလူများနှင့်တကွ အကြီးအကဲ၊ သူဌေးသူကြွယ်၊ ထင်ရှားသောသူဖြစ်သော ဗာဗုလုန်လူ၊ ခါလဒဲလူများတည်းဟူသော၊ ချစ်ဖွယ်သော လူပျို၊ ဗိုလ်မင်း၊ ဝန်မင်း။ မှူးကြီးမတ်ကြီး၊ မြင်းစီးသူရဲအပေါင်းတို့သည်၊ 24 စစ်တိုက်လက်နက်နှင့် လှည်းရထားပါလျက်၊ လူအလုံးအရင်းနှင့်တကွ လာ၍ ဒိုင်း၊ လွှား၊ သံခမောက်လုံးတို့ကို သင့်ပတ်လည်၌ ခင်းကျင်းကြလိမ့်မည်။ တရားစီရင်သောအခွင့်ကို သူတို့၌ငါအပ်ပေး၍၊ သူတို့သည် မိမိထုံးစံအတိုင်း စီရင်ကြလိမ့်မည်။ 25 သူတို့သည် သင့်ကို မယုံမည်အကြောင်း၊ ငါပြု၍ သင့်ကို ကြမ်းတမ်းစွာ စီရင်ကြလိမ့်မည်။ သင့်နှာခေါင်း၊ နားရွက်တို့ကိုဖြတ်၍ အကျန်အကြွင်းကို ဓားနှင့် စဉ်းကြလိမ့်မည်။ သင်၏သားသမီးတို့ကို သိမ်းသွား၍၊ ကျန်ကြွင်းသော သူတို့ကို မီးရှို့ကြလိမ့်မည်။ 26 သင့်အဝတ်ကိုလည်း ချွတ်၍၊ တင့်တယ်သောတန်ဆာတို့ကို သိမ်းယူကြလိမ့်မည်။ 27 ထိုသို့သင်သည် နောက်တစ်ဖန် မျှော်မကြည့်၊ အဲဂုတ္တုပြည်ကို မအောက်မေ့စေခြင်းငှာ၊ သင်ပြုသောအဓမ္မအမှုနှင့် အဲဂုတ္တုပြည်မှပါသောအဓမ္မမေထုန်ကိုငါငြိမ်းစေမည်။
28 တစ်ဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်မုန်းသောသူ၊ သင်ရွံရှာသော သူတို့လက်သို့ သင့်ကိုငါအပ်သဖြင့်၊ 29 သူတို့သည် မုန်းသည်အတိုင်းပြုလျက်၊ သင်ကြိုးစား၍ ဆည်းပူးသမျှသော ဥစ္စာတို့ကိုသိမ်းယူ၍၊ သင့်ကိုယ်၌ အဝတ်မရှိ၊ အချည်းစည်း ရှိရစ်စေကြလိမ့်မည်။ သင်မှားယွင်း၍ အချည်းစည်းရှိခြင်း၊ အဓမ္မအမှုကိုပြုခြင်း၊ မတရားသောမေထုန်သို့ လိုက်ခြင်းအရာသည် ထင်ရှားရလိမ့်မည်။ 30 သင်သည် တစ်ပါးအမျိုးသားတို့နှင့် မှားယွင်း၍၊ သူတို့ရုပ်တုများနှင့် ညစ်ညူးသောကြောင့်၊ ထိုသို့ ငါစီရင်မည်။ 31 သင်သည် အစ်မလိုက်သောလမ်းကို လိုက်သောကြောင့်၊ သူသောက်သောခွက်ကို သင့်လက်၌ ငါထားမည်။ 32 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အစ်မသောက်သောခွက်၊ ကျယ်၍ဇောက်နက်သောခွက်ကို သင်သောက်ရမည်။ ထိုခွက်၌ များစွာဝင်သည်ဖြစ်၍၊ သင်သည် ကဲ့ရဲ့ခြင်းနှင့် ပျက်ချော်ခြင်းကို ခံရမည်။ 33 သင့်အစ်မရှမာရိ သောက်သောခွက်၊ မှိုင်တွေစေသောခွက်ကို သောက်၍၊ ယစ်မူးခြင်း၊ ညှိုးငယ်ခြင်းနှင့် ဝရလိမ့်မည်။ 34 ထိုခွက်ကို သောက်၍စုတ်ပြီးမှ ခွက်ခြမ်းကို ကိုက်ခဲ၍၊ ကိုယ်သားမြတ်တို့ကို ဆွဲဖြတ်ရလိမ့်မည်။ ငါပြောပြီဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ 35 သို့ဖြစ်၍၊ သင်သည် ငါ့ကိုမေ့လျော့၍၊ သင့်ကျောနောက်သို့ ငါ့ကိုပစ်လိုက်သောကြောင့်၊ သင်သည် အဓမ္မအမှုနှင့် မတရားသော မေထုန်အမှု၏အပြစ်ကိုခံလော့ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
36 တစ်ဖန် ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ အချင်းလူသား၊ သင်သည်အဟောလနှင့် အဟောလိဗတို့ကို စစ်ကြောလော့။ အကယ်စင်စစ် သူတို့ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို ဖော်ပြရမည်။ 37 အကြောင်းမူကား၊ သူတို့သည် မျောက်မထားကြပြီ။ လူအသက်ကို သတ်သောအပြစ်ရှိကြ၏။ ရုပ်တုတို့နှင့်ပင် မျောက်မထားကြပြီ။ ငါ့အဖို့ ဖွားမြင်သောသားတို့ကိုပင် ရုပ်တုစားစရာဖို့ မီးဖြင့်ပူဇော်ကြပြီ။ 38 ထိုမှတစ်ပါး၊ ငါ၌ပြုသောအမှုဟူမူကား၊ ထိုနေ့ချင်းတွင် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေ၍၊ ငါ၏ဥပုသ်နေ့တို့ကို ရှုတ်ချကြပြီ။ 39 ကိုယ်သားသမီးတို့ကို ရုပ်တုရှေ့တွင်သတ်ပြီးမှ၊ ထိုနေ့ချင်းတွင် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေခြင်းငှာ လာကြ၏။ ထိုသို့ ငါ့အိမ်တော်အလယ်၌ ပြုကြပြီတကား။ 40 ထိုမှတစ်ပါး၊ သင်သည် တမန်တို့ကို စေလွှတ်၍၊ ဝေးသောအရပ်မှ ယောက်ျားတို့ကိုခေါ်၍ သူတို့သည် လာကြ၏။ သူတို့အဖို့ သင်သည် ရေချိုးခြင်း၊ မျက်စိ၌ ဆေးထိုးခြင်း၊ တန်ဆာဆင်ခြင်းကိုပြုပြီးလျှင်၊ 41 အသရေရှိသော ခုတင်ပေါ်၌ထိုင်၍၊ ငါ့နံ့သာပေါင်းနှင့် ငါ့ဆီကို တင်သောစားပွဲကို ခုတင်ရှေ့မှာ ခင်းလေ၏။ 42 ပျော်မွေ့လျက်နေသော လူအလုံးအရင်း မြည်သံကိုလည်း ကြားရ၏။ အခြားသောသူအများတို့နှင့်အတူ တောကလာ၍၊ လက်၌ လက်ကောက်၊ ခေါင်း၌ တင့်တယ်သောသရဖူကို ဆောင်းသော သေသောက်ကြူးတို့လည်း ပါကြ၏။
43 ငါကလည်း၊ ထိုသူတို့သည် ဤမိန်းမနှင့်ပင် အကယ်၍ မတရားသောမေထုန်ကို ပြုကြလိမ့်မည်လောဟု၊ အိုသည်တိုင်အောင် ပြည့်တန်ဆာလုပ်သော ထိုမိန်းမကို ရည်မှတ်၍ဆိုသော်၊ 44 ပြည့်တန်ဆာမိန်းမရှိရာသို့ ယောက်ျားဝင်တတ်သကဲ့သို့၊ သူတို့သည် ထိုအဓမ္မမိန်းမအဟောလနှင့် အဟောလိဗရှိရာသို့ ဝင်ကြ၏။ 45 သို့ဖြစ်၍၊ မျောက်မထားသောမိန်းမ၊ လူအသက်ကိုသတ်သော မိန်းမဖြစ်သောကြောင့်၊ မျောက်မထားသောမိန်းမ၊ လူအသက်ကိုသတ်သော မိန်းမကို စီရင်သကဲ့သို့၊ ဖြောင့်မတ်သောသူတို့သည် စီရင်ကြလိမ့်မည်။ 46 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုမိန်းမရှိရာသို့ လူအလုံးအရင်းကို ငါချီစေ၍၊ လုယက်သိမ်းသွားစေခြင်းငှာ အခွင့်ပေးမည်။ 47 ထိုအလုံးအရင်းသည် မိန်းမတို့ကို ခဲနှင့်ပစ်၍၊ ဓားနှင့်ခုတ်ကြလိမ့်မည်။ သားသမီးတို့ကိုသတ်၍ အိမ်တို့ကိုလည်း မီးရှို့ကြလိမ့်မည်။ 48 ထိုသို့ အခြားသော မိန်းမရှိသမျှတို့သည် သင်တို့ကဲ့သို့ အဓမ္မအမှုကိုမပြုဘဲ သတိရစေခြင်းငှာ၊ သင်တို့ အဓမ္မအမှုကို တစ်ပြည်လုံး၌ ငါပယ်ရှင်းမည်။ 49 လူအလုံးအရင်းသည် သင်တို့ အဓမ္မအမှု၏အပြစ်နှင့်အလျောက်စီရင်၍၊ သင်တို့သည် ရုပ်တုများနှင့်ဆိုင်သော အပြစ်ကိုခံရလျက်၊ ငါသည် အရှင်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
1 A palavra de Jeová veio a mim, dizendo: 2 Filho do homem, houve Ez 16.44,46duas mulheres, filhas de Ez 16.3-45uma mesma mãe; 3 elas Ez 23.37;Ez 20.7-8se deram a fornicações no Egito; Jr 3.9fornicaram na sua mocidade.
Ali, foram apertados os seus peitos e ali foram pisados os seios da sua virgindade. 4 Os nomes delas eram Oolá, a mais velha, e Oolibá, sua irmã; Ez 16.8tornaram-se minhas e deram à luz filhos e filhas. Quanto aos seus nomes, Ez 16.46Samaria é Oolá, e Jerusalém é Sl 76.2Oolibá.
5 Fornicou 1Rs 12.28-30Oolá, sendo minha; apaixonou-se pelos seus amantes, pelos Ez 16.28;2Rs 15.19;16.7;17.3;Os 5.13;8.9-10assírios, seus vizinhos, 6 que se vestiam de azul, Ez 23.12,23governadores e sátrapas, todos mancebos apetecíveis, cavaleiros montados a cavalo. 7 Ez 23.30;Ez 16.15Entregou-se a fornicações com todos estes que eram os mais escolhidos da Assíria Ez 20.7;22.3-4;Os 5.3;6.10e contaminou-se com todos os ídolos daqueles pelos quais se apaixonava. 8 Nem deixou as suas fornicações Ez 23.3,19;Êx 32.4;1Rs 12.28;2Rs 10.29;17.16desde os dias do Egito; pois muitos se deitaram com ela na sua mocidade, pisaram os seios da sua virgindade e sobre ela Ez 16.15derramaram a sua fornicação. 9 Pelo que a entreguei nas mãos dos seus Ez 23.22;Ez 16.37amantes, nas mãos dos 2Rs 15.29;18.9-12;Os 11.5assírios, pelos quais se apaixonava. 10 Estes Ez 23.18,29;Ez 16.36-37;Os 2.10descobriram a sua nudez; levaram-lhe Ez 23.47os filhos e as filhas e mataram-na com a espada; ela se tornou um Ez 16.57provérbio entre as mulheres, pois nela executaram juízos.
11 Sua irmã Ez 23.4Oolibá viu isso, contudo ficou Ez 16.51;Jr 3.8-11mais corrompida na sua paixão do que ela, como também nas suas fornicações, que eram mais numerosas do que as de sua irmã. 12 Apaixonou-se pelos Ez 16.28;2Rs 16.7-15;2Cr 28.16-23assírios, Ez 23.6,23governadores e sátrapas, seus vizinhos, vestidos mui esplendidamente, cavaleiros montados a cavalos, todos mancebos apetecíveis. 13 Vi que se tinha contaminado; Ez 23.31;2Rs 17.18-19;Os 12.1-2ambas seguiram o mesmo caminho. 14 E aumentou as suas fornicações, porque viu uns homens Ez 8.10pintados na parede, imagens dos Ez 16.29caldeus, pintados de Jr 22.14vermelho, 15 cingidos os seus lombos de Is 22.21cintos, tendo largas tiaras tingidas sobre as cabeças, todos príncipes no parecer, à semelhança dos filhos de Babilônia, na Caldeia, terra do seu nascimento. 16 Logo que os viu, Ez 23.20;Mt 5.28apaixonou-se por eles e mandou-lhes embaixadores à Caldeia. 17 Vieram ter com ela 2Rs 24.17os filhos de Babilônia para a cama dos amores e Ez 23.30a contaminaram com as suas fornicações; ela se contaminou com eles, e depois a sua alma Ez 23.28;Ez 16.37se alienou deles. 18 Assim, Ez 23.10;Ez 21.24;Jr 8.12descobriu as suas fornicações e descobriu a sua nudez; então, a minha alma Sl 78.59;106.40;Jr 12.8se alienou dela, assim como se alienara de Ez 23.9;Am 5.21sua irmã. 19 Todavia, ela Ez 23.14;Am 4.4multiplicou as suas fornicações, lembrando-se dos dias da sua Ez 23.3mocidade, em que fornicara na terra do Egito. 20 Ez 16.26;17.15Apaixonou-se pelos seus amantes, cujas carnes são como as carnes de jumentos e cujo fluxo é como o fluxo de cavalos. 21 Assim, te lembraste da Ez 23.3;Jr 3.9luxúria da tua mocidade, quando foram pelos egípcios apalpados os teus seios, quando foram pisados os peitos da tua mocidade.
22 Portanto, ó Oolibá, assim diz o Senhor Jeová: Eis que eu suscitarei contra ti Ez 23.9;Ez 16.37os teus amantes, dos quais está alienada a tua alma, e fá-los-ei vir contra ti de todos os lados: 23 Ez 23.14-17;Ez 21.19;2Rs 20.14-17os filhos de Babilônia e todos os 2Rs 24.2;Jó 1.17;Is 23.13caldeus, Jr 50.21Pécode, e Soa, e Coa, juntamente com todos os Gn 2.14;25.18;Ed 6.22assírios, Ez 23.6,12mancebos apetecíveis, todos governadores e sátrapas, príncipes e homens de renome, todos montados a cavalo. 24 Ez 21.15,19Virão contra ti com armas, Ez 26.10;Jr 47.3;Na 2.3-4carros e carroças e com uma Ez 16.40assembleia de povos; por-se-ão contra ti ao redor, com pavês, e escudo, e capacete; Ez 23.45;Ez 16.38;Jr 39.5-6entregar-lhes-ei o juízo, e te julgarão conforme os seus juízos. 25 Porei contra ti o meu Ez 5.13;8.17-18;Êx 34.14;Sf 1.18zelo, e eles te tratarão com furor; tirar-te-ão o nariz e as orelhas, e o que te ficar de resto cairá pela espada. Levarão teus Ez 23.47;Os 2.4filhos e tuas filhas, e o que em ti ficar, será Ez 20.47-48;22.20-21devorado pelo fogo. 26 Eles Ez 23.29;Ez 16.39;Jr 13.22te despojarão dos teus vestidos, e te levarão os teus Is 3.18-23belos adornos. 27 Farei Ez 23.48;Ez 16.43;22.15cessar de ti a tua luxúria e a tua fornicação trazida da terra do Ez 23.3,8Egito, de sorte que não levantarás os olhos para eles, nem te lembrarás mais do Egito. 28 Pois assim diz o Senhor Jeová: Eis que te entregarei nas mãos daqueles a quem Ez 23.17,22;Ez 16.37;Jr 21.7-10;34.20odeias, nas mãos daqueles de quem está alienada a tua alma; 29 eles Ez 23.25-26,45-47;Dt 28.48te tratarão com ódio, e te levarão todo o teu trabalho, e te deixarão nua e despida; Ez 23.10a nudez das tuas fornicações será descoberta, tanto a tua luxúria como as tuas fornicações.
30 Essas coisas se te farão, porquanto Ez 23.7,17;Sl 106.35-38;Jr 2.18-20;16.11-12fornicaste após os pagãos e te contaminaste com os seus ídolos. 31 Andaste pelo caminho de tua Ez 23.4;Ez 16.47-51irmã; portanto, darei o seu Ez 23.33;2Rs 21.13;Jr 7.14-15cálice na tua mão. 32 Assim diz o Senhor Jeová: Sl 60.3;Is 51.17;Jr 25.15Beberás o cálice de tua irmã, o qual é fundo e largo; serás Ez 5.14-15;16.57;22.4-5objeto de escárnio e de irrisão; o cálice leva muito. 33 De Jr 25.15-16,27;Hc 2.16embriaguez e de dor te encherás, do cálice de Ez 4.16;12.19espanto e de desolação, do cálice de tua irmã Samaria. 34 Tu Sl 75.8;Is 51.17o beberás, e esgotarás até as fezes, e roerás os seus cacos, e te rasgarás os teus peitos; pois eu o falei, diz o Senhor Jeová. 35 Portanto assim diz o Senhor Jeová: Porque Ez 22.12;Is 17.10;Jr 3.21;Os 8.14;13.6te esqueceste de mim 1Rs 14.9;Jr 2.27;32.33e me lançaste para trás das tuas costas, portanto Ez 23.49;Ez 7.4leva também a tua luxúria e as tuas fornicações.
36 Disse-me mais Jeová: Filho do homem, Ez 20.4;22.2;Jr 1.10julgarás tu a Oolá e a Oolibá? Então Ez 16.2;Is 58.1;Mq 3.8declara-lhes as suas abominações. 37 Pois Ez 23.3-45cometeram adultério, e se acha Ez 22.3sangue nas suas mãos, e com os seus ídolos cometeram adultério; também Ez 16.20-21,36fizeram passar pelo fogo para eles, a fim de serem consumidos, aos filhos que me geraram. 38 Ainda isto me fizeram: Ez 5.11;7.20;2Rs 21.4,7contaminaram no mesmo dia o meu santuário e profanaram os meus Ez 20.13,24;Jr 17.27sábados. 39 Pois, quando tinham sacrificado seus filhos aos seus ídolos, no mesmo dia, entraram no meu Jr 7.9-11santuário para o profanarem e eis que assim fizeram no meio da minha casa. 40 Além disso mandastes buscar homens Ez 23.16;2Rs 20.13-15;Is 57.9que vieram de longe, aos quais fora enviado um mensageiro, e eis que vieram; Ez 16.16-19por amor dos quais te lavaste, 2Rs 9.30;Jr 4.30pintaste os teus olhos Ez 16.13-16;Is 3.18-23e te enfeitaste dos teus adornos; 41 e te sentaste sobre um Et 1.6;Is 57.7;Am 6.4leito magnífico, diante do qual estava Ez 44.16;Is 65.11uma mesa preparada, sobre que puseste o meu Jr 44.17;Os 2.8incenso e o meu óleo. 42 Ouvia-se com ela a voz duma multidão Ez 16.49;Os 6.3-6que folgava, e, na companhia de homens da classe baixa, foram do deserto trazidos uns Jr 51.7bêbados, que puseram Ez 16.11-12;Gn 24.30braceletes nas mãos delas e coroas formosas, nas suas cabeças.
43 Então, disse eu da que estava Ez 23.3;Ed 9.7;Sl 106.6gasta em adultérios: Agora, cometerão fornicação com ela, e ela, com eles! 44 Entraram a estar com ela, como quem entra a estar com uma prostituta; assim, entravam a estar com Oolá e Oolibá, mulheres perdidas. 45 E homens justos Ez 16.38;Os 6.5as julgarão com o juízo das Ez 23.37-39;Lv 20.10adúlteras e com o juízo das mulheres que derramam sangue; porque são adúlteras, e se acha sangue nas suas mãos. 46 Pois assim diz o Senhor Jeová: Farei subir contra elas uma Ez 23.24;Ez 16.40;Jr 25.9assembleia e as entregarei ao Jr 15.4;24.9;29.18tumulto e ao saque. 47 Essa assembleia Ez 16.40;Lv 20.10as apedrejará com pedras, e as matarão com as suas espadas; trucidarão Ez 23.25;Ez 24.21;2Cr 36.17seus filhos e suas filhas e Jr 39.8abrasarão as suas casas com fogo. 48 Assim, farei Ez 23.27;Ez 16.41cessar da terra a luxúria, para que todas as mulheres sejam ensinadas a não praticarem segundo a vossa luxúria. 49 A vós Ez 23.35;Ez 7.4,9;9.10;Is 59.18vos pagarão a vossa luxúria, e levareis os pecados dos vossos ídolos; Ez 6.7;20.38e sabereis que eu sou o Senhor Jeová.