1 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 2 အချင်းလူသား၊ ယေရုရှလင်မြို့သည် မိမိ၌ စက်ဆုပ်ရွံရှာဖွယ်သော အမှုအရာတို့ကို သိမည်အကြောင်း ပြုလော့။ 3 ထာဝရဘုရားသည် ယေရုရှလင်မြို့အား မိန့်တော်မူသောစကားကို သင်ဆင့်ဆိုရမည်မှာ၊ သင်၏မူလ၊ သင်၏မွေးဖွားရာဌာနသည် ခါနာန်ပြည်၌ရှိ၏။ သင်၏ အဘသည် အာမောရိလူ၊ သင်၏အမိသည်ဟိတ္တိအမျိုးဖြစ်၏။ 4 သင့်ကို ဖွားခြင်းအကြောင်းအရာဟူမူကား၊ ဖွားသောနေ့၌ ချက်ကြိုးကိုမဖြတ်၊ သန့်ရှင်းစေခြင်းငှာ ရေမချိုး၊ ဆားနှင့်မလူး၊ အဝတ်နှင့် မပတ်ရစ်၊ 5 ကရုဏာစိတ်နှင့် ထိုသို့ပြုစုခြင်းငှာ သင့်ကိုမြင်၍ အဘယ်သူမျှ မသနား။ ဖွားသောနေ့၌ သင်သည် ကိုယ်ကို ရွံရှာရသည်တိုင်အောင် လယ်ပြင်၌ ပစ်ထားခြင်းကိုခံရ၏။ 6 ငါသည် လျှောက်သွား၍ အသွေးနှင့်လူးလျက်ရှိသော သင်ကို မြင်သောအခါ အသက်ရှင်လော့ဟု သင်သည် အသွေး၌ရှိစဉ် ငါဆို၏။ 7 မြက်ပင်ကဲ့သို့ ငါကြီးပွားစေသဖြင့်၊ သင်သည် အစဉ်အတိုင်းကြီး၍ လှသောအဆင်းနှင့် ပြည့်စုံ၏။ ရင်သားထ၍ ကိုယ်၌လည်း အမွေးပေါက်၏။ အရင်က အဝတ်မရှိ၊ အချည်းစည်းနေရ၏။ 8 တစ်ဖန် ငါသည်လျှောက်သွား၍ သင့်ကိုမြင်သောအခါ၊ သင်၌ ချစ်လိုဖွယ်သော အချိန်အရွယ်ရှိသောကြောင့်၊ ငါသည် ကိုယ်အဝတ်စွန်းကို ဖြန့်၍၊ သင်၌ အချည်းစည်းရှိခြင်းကို ဖုံးအုပ်၏။ ကျိန်ဆိုခြင်းကိုလည်း ပြု၍၊ သင်နှင့် ပဋိညာဉ်ဖွဲ့သဖြင့်၊ သင်သည် ငါ၏ခင်ပွန်း ဖြစ်လေ၏။ 9 ထိုအခါ သင့်ကိုရေချိုး၍၊ သင်၌လူးသော အသွေးရှိသမျှကို ငါဆေးကြော၏။ ဆီနှင့် လိမ်း၏။ 10 ချယ်လှယ်သော အဝတ်ကိုဝတ်စေ၏။ တဟာရှသားရေခြေနင်းကို စီးစေ၏။ ဖဲ၊ ပိတ်ချောနှင့် ခြုံစေ၏။ 11 လက်ကောက်နှင့်လည်ဆွဲအစရှိသော တန်ဆာမျိုးကို ဆင်စေ၏။ 12 နားတောင်း၊ နှာဆွဲ၊ လှသောပေါင်းကိုလည်း ဆင်စေ၏။ 13 ထိုသို့ သင်သည် ရွှေငွေနှင့်တကွ၊ ဖဲ၊ ပိတ်ချော၊ ချယ်လှယ်သော အဝတ်တန်ဆာတို့ကို ဆင်လျက်၊ မုန့်ညက်၊ ပျားရည်၊ ဆီကိုစားလျက်၊ အလွန်တရာလှသောအဆင်းနှင့် ပြည့်စုံ၍၊ မိဖုရားအရာကို ခံရ၏။ 14 ငါသည် ကိုယ်အသရေကို သင်၌ အပ်ပေးသောကြောင့်၊ သင်သည် လှသောအဆင်းနှင့် စုံလင်၍၊ အတိုင်းတိုင်းအပြည်ပြည်၌ ကျော်စောလေ၏။
15 သို့ရာတွင်၊ သင်သည် ကိုယ်လှသောအဆင်းကိုကိုးစား၍၊ ဂုဏ်အသရေ ကျော်စောသောကြောင့်၊ ပြည့်တန်ဆာလုပ်၍၊ ခရီးသွားသောသူ အပေါင်းတို့နှင့် မတရားသောမေထုန်ကို အနှံ့အပြားပြုသဖြင့်၊ ယောက်ျားတိုင်း အခွင့်ရ၏။ 16 သင်၏အဝတ်ကိုလည်းယူ၍၊ မြင့်သောအရပ်တို့ကို ထူးခြားသော အဆင်းအရောင်နှင့် ဆင်ပြင်၍၊ တစ်ခါမျှမမြင်စဖူး၊ နောက်၌လည်း မဖြစ်လတ္တံ့သောအမှု၊ မတရားသောမေထုန်ကို ထိုအရပ်၌ ပြုလေပြီ။ 17 ငါပေးသော ရွှေငွေတန်ဆာမြတ်တို့ကိုလည်း ယူ၍၊ ယောက်ျားရုပ်တုတို့ကိုလုပ်ပြီးလျှင်၊ သူတို့နှင့် မှားယွင်းလေပြီတကား။ 18 ချယ်လှယ်သောအဝတ်ကိုလည်း ယူ၍၊ ထိုရုပ်တုတို့ကိုခြုံပြီးလျှင်၊ ငါ့ဆီနှင့် ငါ့နံ့သာပေါင်းကို သူတို့ရှေ့မှာ တင်ထားလေပြီ။ 19 ငါပေးသောဘောဇဉ်၊ သင့်ကိုငါကျွေးသော မုန့်ညက်၊ ဆီ၊ ပျားရည်ကိုလည်း သူတို့ရှေ့မှာ မွှေးကြိုင်စရာဖို့ တင်ထားလေပြီတကား။ 20 ထိုမှတစ်ပါး၊ သင်ဖွားသော ငါ၏သားသမီးတို့ကိုယူ၍၊ ထိုရုပ်တုတို့အား ကျွေးမွေးခြင်းငှာ ယဇ်ပူဇော်လေပြီ။ 21 သင်သည် မတရားသောမေထုန်ကိုပြု၍ စိတ်မပြေသောကြောင့် ငါ၏သားသမီးတို့ကို သတ်၍ ရုပ်တုတို့အား မီးဖြင့်ပူဇော်ရမည်လော။ 22 သင်ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှု၊ မတရားသော မေထုန်အမှုအပေါင်းတို့ကိုပြုစဉ်တွင်၊ အရွယ်ငယ်သောအခါ အဝတ်မရှိ၊ အချည်းစည်းရှိကြောင်း၊ ကိုယ်အသွေး၌ လူးလဲလျက်နေကြောင်းကို မအောက်မေ့ပါတကား။
23 သင်သည် အမင်္ဂလာရှိ၏။ အမင်္ဂလာရှိ၏။ ဒုစရိုက်အပေါင်းကိုပြုပြီးမှ၊ 24 ကိုယ်နေဖို့ ကုဋီတိုက်ကိုတည်၍ လမ်းရှိတိုင်း မြင့်သောအရပ်ကို လုပ်လေ၏။ 25 သင်သည် မြင့်သောအရပ်ကို လမ်းဦးတိုင်းလုပ်၍၊ ကိုယ်လှသောအဆင်းကို ရွံရှာဖွယ်ဖြစ်သည်တိုင်အောင်ပြုလျက်၊ ခရီးသွားသောသူအပေါင်းတို့အား ပေါင်တို့ကိုခွာဖွင့်၍၊ မတရားသောမေထုန်အမှုတို့ကို များပြားစေ၏။ 26 ဆူဖြိုးသော သင်၏အိမ်နီးချင်းအဲဂုတ္တုလူတို့နှင့် မှားယွင်း၍၊ ငါ့အမျက်ကိုနှိုးဆော်လျက်၊ မတရားသော မေထုန်အမှုတို့ကို များပြားစေ၏။ 27 ထိုကြောင့်၊ ငါသည် လက်ကိုဆန့်လျက် သင်၏ရိက္ခာကိုဖြတ်၍၊ သင့်ကိုမုန်းသောသူ၊ သင့်ဆိုးညစ်သော အမှုများကြောင့် ရှက်တတ်သော ဖိလိတ္တိအမျိုးသမီးတို့ လက်သို့အပ်ရ၏။ 28 သင်သည် ကိလေသာစိတ် မပြေသောကြောင့်၊ အာရှုရိလူတို့နှင့်လည်း မှားယွင်းလေ၏။ ထိုသို့ မှားယွင်းသော်လည်း စိတ်မပြေနိုင်။ 29 ထိုမှတစ်ပါး၊ ခါနာန်ပြည်မှသည် ခါလဒဲပြည်တိုင်အောင်၊ မတရားသောမေထုန်အမှုတို့ကို များပြားစေသော်လည်း စိတ်မပြေနိုင်။ 30 အစိုးတရပြု၍ သီလပျက်သောမိန်းမပြုတတ်သမျှသော ဤအမှုတို့ကို သင်သည်ပြုမိလျက်၊ သင့်စိတ်နှလုံးသည် အလွန်မိုက်ပါသည်တကား။ 31 သင်၏ကုဋီတိုက်ကို ခပ်သိမ်းသောလမ်း၌တည်၍၊ လမ်းရှိတိုင်း မြင့်သောအရပ်ကို လုပ်သဖြင့်၊ အခကိုငြင်းသောကြောင့် ပြည့်တန်ဆာနှင့် မတူ။ 32 ကိုယ်မဆိုင်သော ယောက်ျားကို ကိုယ်လင်၏ကိုယ်စားလက်ခံ၍ မျောက်မထားသော မိန်းမနှင့်တူ၏။ 33 ပြည့်တန်ဆာမိန်းမ ရှိသမျှတို့သည် လက်ဆောင်ကို ခံယူတတ်ကြ၏။ သင်မူကား၊ သင်၏ရည်းစားအပေါင်းတို့အား လက်ဆောင်ကို ပေးတတ်၏။ အရပ်ရပ်တို့က လာ၍ မတရားသောမေထုန်ကို ပြုစေခြင်းငှာ၊ သူတစ်ပါးတို့ကို ငှားတတ်၏။ 34 သို့ဖြစ်၍၊ သင်သည် အခြားသော ပြည့်တန်ဆာတို့နှင့် ခြားနားစွာပြုတတ်၏။ သင်ပြုသကဲ့သို့ အဘယ်သူမျှ မတရားသောမေထုန်ကို မပြုတတ်။ သင်သည် အခကိုမခံ၊ သူတစ်ပါးတို့အားပေးသောကြောင့် အခြားသော မိန်းမတို့နှင့် ခြားနား၏။
35 သို့ဖြစ်၍၊ အိုပြည့်တန်ဆာမိန်းမ၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်လော့။ 36 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏ရည်းစားများ စက်ဆုပ်ရွံရှာဖွယ်သော ရုပ်တုအပေါင်းတို့နှင့် မှားယွင်းခြင်းအားဖြင့်လည်းကောင်း၊ သူတို့အားပေးသော သားသမီးတို့၏အသွေးအားဖြင့်လည်းကောင်း သင်သည် ကိုယ်ရှက်ကြောက်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်းကို ထင်ရှားစွာဖော်ပြသောကြောင့်၊ 37 သင့်ကိုချစ်သော ရည်းစားရှိသမျှတို့နှင့် သင်ချစ်သောသူ၊ မုန်းသောသူ အပေါင်းတို့ကို ငါစုဝေးမည်။ သင့်တစ်ဖက်ပတ်လည်၌ စုဝေးစေ၍၊ သင်၌ အဝတ်အချည်းစည်းရှိခြင်းကို ငါပြသဖြင့်၊ ထိုသူအပေါင်းတို့သည် သင်၌ အဝတ်အချည်းစည်းရှိသမျှကို မြင်ရကြလိမ့်မည်။ 38 မျောက်မထားသော မိန်းမနှင့်၊ လူအသက်ကိုသတ်သော မိန်းမတို့ကိုစီရင်သကဲ့သို့ သင့်ကိုငါစီရင်၍၊ ပြင်းစွာသော ဒေါသအမျက်အသွေးကို ငါတိုက်မည်။ 39 သင့်ကို သူတို့လက်သို့ ငါအပ်သဖြင့်၊ သူတို့သည် သင်၏ကုဋီတိုက်ကိုဖျက်၍၊ သင်၏မြင့်သောအရပ်တို့ကို ဖြိုချကြလိမ့်မည်။ သင့်အဝတ်တို့ကို ချွတ်၍ လှသောတန်ဆာတို့ကို လုယူပြီးလျှင်၊ သင့်ကို အဝတ်မပေး၊ အချည်းစည်းရှိစေခြင်းငှာ ပစ်ထားကြလိမ့်မည်။ 40 လူအလုံးအရင်းကိုလည်း ခေါ်သဖြင့်၊ သူတို့သည် ခဲနှင့်ပစ်၍၊ ဓားနှင့်ခုတ်ကြလိမ့်မည်။ 41 သင့်အိမ်တို့ကိုလည်း မီးရှို့၍ များစွာသော မိန်းမတို့ရှေ့မှာ သင့်ကို အပြစ်ဒဏ်ပေးကြသဖြင့်၊ သင်သည် နောက်တစ်ဖန် ပြည့်တန်ဆာမလုပ်ဘဲ နေစေခြင်းငှာ ငါပြုမည်။ နောက်တစ်ဖန် သင်သည် သူတစ်ပါးတို့ကို မငှားရ။ 42 ထိုသို့ ငါ့ဒေါသစိတ်ကို ငါဖြေမည်။ သင့်ကိုမယုံ။ အလွန်ပူပန်သောစိတ်ငြိမ်း၍၊ ငါသည်အမျက်မထွက်ဘဲ ငြိမ်သက်စွာနေမည်။ 43 သင်သည် အသက်ငယ်သောကာလကို မအောက်မေ့၊ အရာရာ၌ ငါ့စိတ်ကို နှောင့်ယှက်သောကြောင့်၊ သင့်အပြစ်ကို သင့်ခေါင်းပေါ်သို့ ငါသက်ရောက်စေမည်။ စက်ဆုပ်ရွံရှာဖွယ်သော အမှုရှိသမျှတို့အပေါ်မှာ ဆိုးညစ်သောအကြံကို ထပ်၍ ထိုအကြံအတိုင်းမပြုရ။
44 စကားပုံကိုသုံးတတ်သော သူအပေါင်းတို့က၊ အမိကဲ့သို့ သမီးဖြစ်၏ဟု သင့်ကိုရည်မှတ်၍ စကားပုံကို ပြောကြလိမ့်မည်။ 45 သင်သည် လင်နှင့် သားသမီးကို ရွံရှာသောမိန်းမ၏သမီးဖြစ်၏။ လင်နှင့် သားသမီးကို ရွံရှာသော မိန်းမ၏ ညီမလည်းဖြစ်၏။ သင့်အမိသည် ဟိတ္တိအမျိုး၊ သင့်အဘသည် အာမောရိလူဖြစ်၏။ 46 သင့်အစ်မသည် မိမိသမီးတို့နှင့်တကွ သင့်လက်ဝဲဘက်၌နေသော ရှမာရိမြို့ဖြစ်၏။ သင့်ထက် အသက်ငယ်သော သင်၏ညီမသည် မိမိသမီးတို့နှင့်တကွ သင့်လက်ယာဘက်၌နေသော သောဒုံမြို့ဖြစ်၏။ 47 သို့ရာတွင်၊ သင်သည် သူတို့ထုံးစံကိုမလိုက်၊ သူတို့ပြုသော ရွံရှာဖွယ်အမှုမျှသာ ပြုသည်မဟုတ်၊ ထိုအမှုကို သာမညအမှုဟူ၍ ထင်မှတ်သဖြင့်၊ သင်သည်အရာရာ၌ သူတို့ထက်သာ၍ ဆိုးညစ်ပေ၏။ 48 ငါအသက်ရှင်သည်အတိုင်း၊ သင်သည် ကိုယ်သမီးတို့နှင့်တကွ ပြုသကဲ့သို့၊ ညီမသောဒုံနှင့် သူ၏သမီးတို့သည် မပြုကြ။ 49 သင့်ညီမသောဒုံ၏အပြစ်ဟူမူကား၊ သူနှင့် သူ့သမီးတို့သည် မာနကြီးခြင်း၊ ဝစွာစားသောက်ခြင်း၊ ငြိမ်ဝပ်စွာကောင်းစားခြင်းရှိ၍၊ ဆင်းရဲငတ်မွတ်သော သူတို့ကို မထောက်ပံ့ဘဲနေကြ၏။ 50 မာနထောင်လွှား၍ ငါ့ရှေ့မှာ စက်ဆုပ်ရွံရှာဖွယ်သော အမှုတို့ကိုပြုကြ၏။ ထိုကြောင့်၊ သင်မြင်သည် အတိုင်းသူတို့ကို ငါပယ်ရှင်းပြီ။ 51 ရှမာရိသည်လည်း၊ သင်ပြုမိသော ဒုစရိုက်တစ်ဝက်ကိုမျှမပြုမိ။ သင်မူကား၊ ညီအစ်မတို့၏အပြစ်ကို မထင်ရှားစေသည်တိုင်အောင်၊ စက်ဆုပ်ရွံရှာဖွယ်သော အမှုတို့ကို သူတို့ထက်မက များပြားစွာပြုလေပြီတကား။ 52 သင်သည် ညီအစ်မတို့ကို အပြစ်တင်၍ စီရင်လျက်ပင်၊ သူတို့ပြုသည်ထက် စက်ဆုပ်ရွံရှာဖွယ်သော အမှုတို့ကို သာ၍ပြုသောကြောင့်၊ အရှက်ကွဲခြင်းကိုခံလော့။ သူတို့သည် သင့်ထက်သာ၍ အပြစ်နည်းကြ၏။ သင်မူကား၊ ညီအစ်မတို့၏အပြစ်ကို မထင်ရှားစေသည်တိုင်အောင်ပြုသောကြောင့် စိတ်ပျက်၍ အရှက်ကွဲခြင်းကို ခံလော့။
53 သိမ်းသွားခြင်းကိုခံရသော သောဒုံနှင့် သူ၏ သမီးများ၊ ရှမာရိနှင့် သူ၏သမီးများကို တစ်ဖန် ငါဆောင်ခဲ့သောအခါ၊ သိမ်းသွားခြင်းကို ခံရသော သင်၏လူတို့ကို သူတို့နှင့်အတူ ငါဆောင်ခဲ့မည်။ 54 သို့ဖြစ်၍၊ သင်သည် သူတို့ကိုနှစ်သိမ့်စေ၍၊ ပြုလေသမျှတို့ကြောင့် စိတ်ပျက်လျက် အရှက်ကွဲခြင်းကို ခံရလိမ့်မည်။ 55 သင်၏ညီအစ်မသောဒုံနှင့် သူ၏သမီးများ၊ ရှမာရိနှင့် သူ၏သမီးများတို့သည် အရင်နေရာသို့ ပြန်ရောက်သောအခါ၊ သင်သည်လည်း သင်၏သမီးတို့နှင့်တကွ အရင်နေရာသို့ ပြန်ရောက်ရလိမ့်မည်။ 56,57 ရှုရိသမီးများနှင့် သူတို့ပတ်လည်၌နေသော သူအပေါင်းတို့သည် သင့်ကိုကဲ့ရဲ့၍၊ သင့်ပတ်လည်၌ နေသော ဖိလိတ္တိသမီးများတို့သည် မထီမဲ့မြင်ပြုကြသဖြင့်၊ သင်ပြုသောဒုစရိုက်အပြစ် မထင်ရှားမီ သင်သည် မာနထောင်လွှားစဉ် ကာလတွင်၊ သင့်ညီမသောဒုံ၏နာမကို အလျှင်းနှုတ်မမြွက်။ 58 ယခုမူကား၊ သင်သည် ကိုယ်ဆိုးညစ်သောအမှုနှင့် စက်ဆုပ်ရွံရှာဖွယ်သော အမှုတို့၏အပြစ်ကို ခံရမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
59 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ဝန်ခံခြင်းပဋိညာဉ်ကို ဖျက်လိုသောငှာ၊ သစ္စာကတိကို မရိုမသေပြုသည်နှင့်အညီ သင်၌ငါပြုမည်။ 60 သို့သော်လည်း၊ ငါသည် သင့်အသက်ငယ်စဉ်၊ ဖွဲ့သောပဋိညာဉ်ကို အောက်မေ့၍၊ တစ်ဖန် ထာဝရပဋိညာဉ်ကိုသင်နှင့် ဖွဲ့ဦးမည်။ 61 သင်သည် ဝန်ခံခြင်းပဋိညာဉ်ကို မစောင့်ရသော်လည်း၊ ပဋိညာဉ်အားဖြင့် သင်၏ညီအစ်မတို့ကို သင်၏သမီးဖြစ်ဖို့ရာ ငါပေး၍၊ သင်သည် ထိုသူတို့ကိုလက်ခံသောအခါ၊ သင်ပြုမိသောအမှုများကို အောက်မေ့၍ ရှက်ကြောက်ရလိမ့်မည်။ 62 ထိုအခါ ငါ၏ပဋိညာဉ်ကို သင်နှင့် ငါဖွဲ့မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်။ 63 သင်ပြုဖူးသမျှသော အမှုတို့ကို ငါမမှတ်။ စိတ်ပြေသောအခါ သင်သည်အောက်မေ့၍ ရှက်ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်းကြောင့်၊ နှုတ်ကိုမဖွင့်ဘဲနေရလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
1 Veio a mim a palavra de Jeová, dizendo: 2 Filho do homem, Ez 20.4;22.2;Is 58.1faze conhecer a Jerusalém todas as suas Ez 8.9-17abominações, 3 e dize: Assim diz o Senhor Jeová a Jerusalém: A tua origem e a tua natividade, vem da terra dos cananeus; Ez 16.45;Gn 11.25-29;15.16;Dt 7.1;Js 24.14-15o amorreu era teu pai, e tua mãe era Ez 16.45;Dt 7.1;Jz 1.26heteia. 4 Quanto à tua natividade, no dia em que nasceste, não te foi cortado o umbigo, nem foste lavada na água para te limpar; não foste esfregada com sal, nem envolta em faixas. 5 Não se apiedou de ti olho algum, para te fazer alguma dessas coisas, compadecendo-se de ti; porém no dia em que nasceste, foste arrojado Dt 32.10fora no campo, porque tiveram nojo de ti.
6 Então, passei junto de ti e, vendo-te Ez 16.22envolta no teu sangue, te disse: Ainda que estás no teu sangue, Êx 19.4;Sl 105.10-15vive. 7 Eu Êx 1.7;Dt 1.10te fiz multiplicar como o renovo do campo, cresceste, e te engrandeceste, e chegaste à grande formosura. Formaram-se os teus peitos, e cresceram os teus cabelos; contudo, estavas Ez 16.22nua e despida. 8 Então, passei junto de ti, olhei para ti, e eis que o teu tempo era tempo de amores. Rt 3.9;Jr 2.2Estendi sobre ti a minha capa e cobri a tua nudez; sim, Gn 22.16-18dei-te juramento Êx 24.7-8e entrei em aliança contigo, diz o Senhor Jeová, Ez 20.5;Êx 19.5;Os 2.19-20e tu ficaste sendo minha. 9 Então, te lavei na água, e te limpei do teu sangue, Rt 3.3e te ungi com óleo. 10 Também te vesti de Ez 16.13,18;Ez 26.16;27.7,16;Êx 26.36roupas bordadas, e te calcei de pele de focas, e te cingi de linho fino, e te cobri de Ez 16.13seda. 11 Também Ez 23.40te enfeitei com adornos e te pus Ez 23.42;Gn 24.22,47;Is 3.19braceletes nas mãos e um Gn 41.42;Pv 1.9colar ao redor do teu pescoço. 12 Eu te pus Gn 24.47;Is 3.21um pendente no nariz, e arrecadas nas orelhas, Ez 16.14;Is 28.5;Jr 13.18e uma bela coroa na cabeça. 13 Assim, foste enfeitada de Ez 16.17;Sl 45.13-14ouro e prata; o teu vestido era de linho fino, Ez 16.10de seda e de bordados; nutriste-te Ez 16.19da flor de farinha, e de mel, e de azeite; eras em Ez 16.14extremo formosa e chegaste a ter 1Sm 10.1;1Rs 4.21estado real. 14 Espalhou-se o teu 1Rs 10.1-24renome entre as nações, por causa da tua formosura; porque era Sl 50.2;Lm 2.15perfeita devido à minha Ez 16.12-13majestade que eu tinha posto em ti, diz o Senhor Jeová.
15 Porém Ez 16.25;Ez 27.3confiaste na tua formosura, e fornicaste por causa do teu renome, e Ez 23.8derramaste as tuas fornicações sobre todo o que passava; estavas ao seu dispor. 16 Tomaste dos teus Ez 16.10vestidos, e te fizeste Ez 6.3,6;20.29-30altos, enfeitados de diversas cores, e fornicaste sobre eles. Coisas semelhantes não virão, nem assim sucederão. 17 Também tomaste as tuas belas Ez 16.11-12joias, feitas do meu ouro e da minha prata que eu te havia dado, Ez 7.20e te fizeste imagens de homens, e fornicaste com elas; 18 tomaste os Ez 16.10teus vestidos bordados, e as cobriste, e puseste diante delas o meu azeite e o meu incenso. 19 Puseste diante delas em suave cheiro o meu pão que te dei, Ez 16.13a flor de farinha, e o azeite, e o mel com que te nutri, e assim se fez, diz o Senhor Jeová. 20 Demais, tomaste teus filhos e tuas filhas, Dt 29.11-12;Is 43.6;2Co 6.18que me geraste, e lhos Ez 20.31;23.37;Sl 106.37-38;Jr 7.31sacrificaste para serem devorados pelas chamas. Acaso, foram as tuas fornicações coisa de tão pouca monta, 21 que mataste os meus filhos e os entregaste, 2Rs 17.17;Jr 19.5fazendo que para elas passassem pelo fogo? 22 Em todas as tuas abominações e fornicações, não te lembraste dos dias da tua mocidade, quando estavas Ez 16.6-7nua, e despida, e envolta no teu sangue.
23 Depois de toda a tua maldade Ez 24.6,9(ai, ai de ti! — diz o Senhor Jeová), 24 edificaste para ti Ez 16.31,39;Ez 20.28-29;Jr 11.13lugares altos em todas as ruas. 25 Edificaste a cada canto do caminho Sl 78.58;Is 57.5,7o teu lugar alto, e prostituíste a Ez 16.15tua formosura, e alargaste os teus pés a todo o que passava, e multiplicaste as tuas fornicações. 26 Também fornicaste com Ez 20.7-8;23.19-21os egípcios, teus vizinhos, homens corpulentos; e multiplicaste a tua fornicação, para Ez 8.17;Jr 7.18-19me provocares à ira. 27 Eis que, portanto, Ez 14.13;20.33-34estendi sobre ti a minha mão, e diminuí a tua Ez 16.13porção, Ez 16.37;Ez 23.22-23,28e te entreguei à vontade Ez 16.57;Is 9.12das que te odeiam, das filhas dos filisteus, as quais se envergonhavam do teu caminho depravado. 28 Também fornicaste com os Ez 23.12;2Rs 16.7,10-18;2Cr 28.16,20-23;Jr 2.18,36;Os 10.6assírios, porquanto eras insaciável; sim, fornicaste com eles; contudo, nem ainda ficaste satisfeita. 29 Demais, multiplicaste a tua fornicação na terra de Canaã até Ez 23.14-17Caldeia e nem ainda com isso ficaste satisfeita.
30 Quão Pv 9.13;Is 1.3;Jr 4.22enfraquecido está o teu coração, diz o Senhor Jeová, fazendo tu todas essas coisas, obras duma Is 3.9;Jr 3.3mulher meretriz e desenfreada, 31 edificando a tua câmara abobadada Ez 16.24no canto de todos os caminhos e fazendo o teu lugar alto em todas as ruas! Não tens sido como a meretriz, visto que Is 52.3desprezas a paga. 32 Mulher que comete adultério, que, em lugar do marido recebe os estrangeiros! 33 A todas as prostitutas se dá a sua paga, mas Ez 16.41;Is 57.9;Os 8.9-10tu pagas a todos os teus amantes e lhes dás peitas, para que de todos os lados venham para fornicarem contigo. 34 A ti sucede o contrário do que sucede a outras mulheres; tu fornicas, e ninguém anda após ti para fornicar; Ez 16.33tu dás a paga, e a ti não se te dá a paga; por isso, és diferente das outras.
35 Portanto, ó meretriz, ouve a palavra de Jeová: 36 Assim diz o Senhor Jeová: Porquanto foi excessiva Ez 16.15;Ez 23.10,18,29a tua lascívia e descoberta a tua nudez nas tuas fornicações com os teus amantes; por causa também de todos Ez 20.31;23.37;Jr 19.5os ídolos das tuas abominações e do sangue de teus filhos que lhes deste, 37 portanto, eis que Ez 23.9,22;Jr 13.22,26;Os 2.3,10;Na 3.5-6ajuntarei todos os teus amantes, com os quais te deleitaste, e todos os que amaste, juntamente com todos os que Ez 23.17,28aborreceste; ajuntá-los-ei de todas as partes contra ti e Is 47.3descobrir-lhes-ei a tua nudez, para que vejam toda a tua nudez. 38 Ez 23.45Julgar-te-ei como são julgadas as adúlteras e as que derramam sangue; e te entregarei ao sangue de Ez 23.25;Sl 79.3,5;Jr 18.21;Sf 1.17furor e de ciúme. 39 Também Ez 21.31;23.9,28te entregarei nas mãos dos teus inimigos, que derribarão a tua Ez 16.24,31câmara abobadada e demolirão os teus lugares altos; que te despirão os teus Ez 16.10,16vestidos, tomarão as tuas Ez 16.11-12,17belas joias e te deixarão nua e despida. 40 Também convocarão contra ti Ez 23.47;Hc 1.6-10uma assembleia, e com pedras te apedrejarão, e te traspassarão com as suas espadas. 41 2Rs 25.9;Jr 39.8;52.13Abrasarão com fogo as tuas casas e executarão sobre ti juízos à vista de muitas mulheres. Ez 23.48Farei que cesses de fornicar, e não tornarás mais a dar paga. 42 Ez 5.13;21.17;2Sm 24.25;Zc 6.8Assim, satisfarei em ti o meu furor, e se desviarão de ti os meus ciúmes; ficarei tranquilo Ez 39.29;Is 40.1-2;54.9-10e não me tornarei mais a irar. 43 Porque Ez 16.22;Sl 78.42;106.13não te lembraste dos dias da tua mocidade, mas me Ez 6.9;Is 63.10irritaste por todas estas coisas; por isso, eis que Ez 11.21;22.31farei recair o teu caminho sobre a tua cabeça, diz o Senhor Jeová; e, a todas as suas abominações não acrescentarás esta depravidade.
44 Eis que todo o que usa Ez 12.22-23;18.2-3;1Sm 24.13de provérbios usará contra ti este provérbio: Tal mãe, tal filha. 45 Tu és filha de tua mãe, que tem nojo de seu marido e de seus filhos; e tu és Ez 23.2irmã de tuas irmãs, que Ez 23.37-39;Gn 18.20;Is 1.4;Zc 11.8tinham nojo de seus maridos e de seus filhos; Ez 16.3vossa mãe era heteia, e vosso pai, amorreu. 46 Ez 23.4;Jr 3.8-11Tua irmã maior é Samaria, que habita à tua mão esquerda, juntamente com suas filhas; e tua irmã menor, que habita à tua mão direita, Ez 16.48-49,53-56,61;Gn 13.11-13;18.20é Sodoma e suas filhas. 47 Contudo, não andaste Ez 5.7nos seus caminhos, nem fizeste conforme as suas abominações; porém, como se isso fora 1Rs 16.31coisa de pouca monta, foste Ez 16.48,51;Ez 5.6;2Rs 21.9mais corrompida do que elas em todos os teus caminhos. 48 Pela minha vida, diz o Senhor Jeová, Mt 11.23-24não fez Sodoma, tua irmã, nem ela nem suas filhas, como fizeste tu e tuas filhas. 49 Eis que esta era a iniquidade de Sodoma, tua irmã: Ez 28.2,9,17;Gn 19.9;Sl 138.6;Is 3.9a soberba, Gn 13.10;Is 22.13;Am 6.4-6a fartura de pão e Lc 12.16-20;16.19a próspera tranquilidade achavam-se nela e em suas filhas, porém não segurava ela a mão do Ez 18.7,12,16pobre e do necessitado. 50 Eram Ez 7.10arrogantes e cometeram abominações diante de mim; portanto, ao ver isso, Gn 19.24-25as removi do seu lugar. 51 Também Samaria não cometeu a Ez 5.6;23.11metade dos teus pecados, mas tu multiplicaste as tuas abominações mais do que elas e Jr 3.8-11;Mt 12.41-42justificaste tuas irmãs por todas as tuas abominações que praticaste. 52 Tu também, que deste sentença favorável a tuas irmãs, Ez 16.54,61;Ez 23.35;36.6-7leva a tua vergonha; pelos teus pecados que cometeste Ez 16.47-48,51mais abomináveis do que elas, são elas Ez 16.51mais justas do que tu; confunde-te também e leva a tua vergonha, pois Ez 16.51justificaste tuas irmãs.
53 Ez 16.61;Ez 29.14;39.25;Jr 48.47;49.6,39Farei voltar o cativeiro delas, o cativeiro de Sodoma e de suas filhas, e o cativeiro de Samaria e de suas filhas, e o cativeiro dos teus cativos Is 19.24-25no meio delas, 54 para que Ez 16.52,61leves a tua vergonha e sejas Jr 2.26envergonhada por causa de tudo o que tens feito, servindo-lhes de Ez 14.22;31.16conforto. 55 Tuas irmãs, Sodoma e suas filhas, tornarão ao seu estado primitivo, e Samaria e suas filhas tornarão ao seu estado primitivo, e tu e tuas filhas tornareis ao vosso Ez 16.53;Ez 36.11;Ml 3.4estado primitivo. 56 Pois tua irmã Sodoma Is 65.5;Lc 15.28-30não foi mencionada pela tua boca no dia da tua soberba, 57 antes que fosse descoberta Ez 16.36-37a tua maldade, como ela o foi no tempo Ez 5.14-15;22.4;2Rs 16.5-7;2Cr 28.5-6,18-23do opróbrio das filhas da Síria e de todos os que estão ao redor dela, isto é, Ez 16.27das filhas dos filisteus, que te desprezam. 58 A tua depravidade e as tuas abominações, Ez 23.49levaste-as tu, diz Jeová. 59 Pois assim diz o Senhor Jeová: Também te farei a ti Ez 7.3;18.30como fizeste, tu que Ez 17.19;Is 24.5desprezaste o juramento, invalidando a aliança.
60 Contudo, eu me lembrarei da minha Ez 16.8;Sl 105.8;Jr 2.2;Os 2.15aliança contigo nos dias da tua mocidade e estabelecerei contigo uma Ez 37.26;Is 55.3;Jr 32.38-41aliança eterna. 61 Então, te Ez 6.9;Jr 50.4-5lembrarás dos teus caminhos e ficarás envergonhada, quando receberes as tuas irmãs, as irmãs mais velhas e bem assim as irmãs mais moças; e tas darei por filhas, porém não pela tua aliança. 62 Ez 20.37;34.25;37.26Eu estabelecerei a minha aliança contigo e Ez 20.43-44;Jr 24.7saberás que eu sou Jeová, 63 para Ez 36.31-32;Dn 9.7-8que te lembres, e fiques confundida, Sl 39.9;Rm 3.19e não abras mais a tua boca por causa da tua vergonha, quando eu Sl 65.3;78.38;79.9te houver perdoado tudo o que fizeste, diz o Senhor Jeová.