1 တစ်ဖန် အချင်းလူသား၊ ဣသရေလတောင်တို့အား ပရောဖက်ပြု၍ ဆင့်ဆိုရမည်မှာ၊ အို ဣသရေလတောင်တို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ 2 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရန်သူက၊ အေ့ဟေ၊ ထာဝရတောင်တို့သည် ငါတို့လက်သို့ ရောက်ကြပြီဟု သင်တို့တစ်ဖက်၌ ဆိုမိသောကြောင့်၊ 3 ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် ကျန်ကြွင်းသော တစ်ပါးအမျိုးသားတို့ သိမ်းယူရာဖြစ်ရသည်တိုင်အောင်၊ သင်တို့ကို သုတ်သင်ပယ်ရှင်း၍ ပတ်လည် ကိုက်စားသောကြောင့်လည်းကောင်း၊ သင်တို့သည် လူများပြောဆိုရာ၊ ကဲ့ရဲ့ရာဖြစ်သောကြောင့်လည်းကောင်း၊ 4 အို ဣသရေလတောင်တို့၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရဘုရားသည် တောင်ကြီး၊ တောင်ငယ်၊ မြစ်ရေစီးရာ၊ ချိုင့်ရာ၊ သုတ်သင်သောလွင်ပြင်မှစ၍၊ ပတ်လည်၌နေသော တစ်ပါးအမျိုးသား အကျန်အကြွင်းတို့သည် လုယူကဲ့ရဲ့၍၊ မြို့သားစွန့်သွားသောမြို့တို့အား မိန့်တော်မူသည်ကား၊ 5 အကယ်စင်စစ် ငါ့ပြည်ကိုလုယူစရာဖို့ ပစ်ထားခြင်းငှာ အလွန်ဝမ်းမြောက်သောစိတ်၊ အငြိုးထားသောစိတ်ရှိ၍၊ ကိုယ်တိုင်လုယူစရာဖို့ စီရင်သော ဧဒုံအမျိုးသားအပေါင်းတို့နှင့် ကျန်ကြွင်းသော တစ်ပါးအမျိုးသားတို့ တစ်ဖက်၌ ငါသည် ဒေါသမီးထွက်၍ ပြောထားပြီ။ 6 သို့ဖြစ်၍၊ ဣသရေလပြည်ကို ရည်မှတ်၍ ပရောဖက်ပြုလျက်၊ တောင်ကြီး၊ တောင်ငယ်၊ မြစ်ရေစီးရာ၊ ချိုင့်ရာတို့အား အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် တစ်ပါးအမျိုးသားတို့ ကဲ့ရဲ့ခြင်းကိုခံရသောကြောင့်၊ ငါသည် ဒေါသအမျက်ထွက်၍ ပြောပြီ။ 7 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ် သင်တို့ပတ်လည်၌နေသော တစ်ပါးအမျိုးသားတို့သည် ကိုယ်အရှက်ကွဲခြင်းကို ခံရကြလိမ့်မည်ဟု ငါကျိန်ဆိုပြီ။ 8 အို ဣသရေလတောင်တို့၊ သင်တို့မူကား၊ အပင်ပေါက်၍ ငါ၏လူဣသရေလအမျိုးသားတို့အဖို့ အသီးကို သီးရကြလိမ့်မည်။ သူတို့ ပြန်လာချိန်နီးပြီ။ 9 ငါသည် သင်တို့ဘက်၌နေ၍ သင်တို့ရှိရာသို့ ပြန်လာသဖြင့်၊ သင်တို့အပေါ်မှာ လယ်လုပ်၍ မျိုးစေ့ကြဲကြလိမ့်မည်။ 10 သင်တို့အပေါ်မှာ လူများတည်းဟူသော ဣသရေလအမျိုးသားအပေါင်းတို့ကို ငါပြန့်ပွားစေသဖြင့်၊ သူတို့သည် မြို့များ၌နေ၍ ပျက်စီးသောအရပ်များကို ပြုပြင်ကြလိမ့်မည်။ 11 သင်တို့အပေါ်မှာ လူနှင့်တိရစ္ဆာန်တို့ကို ငါများပြားစေသဖြင့်၊ သူတို့သည်ပွားများ၍ သားမြေးအစဉ်အဆက် ရှိကြလိမ့်မည်။ နေရင်းအရပ်တို့၌ ငါနေရာချ၍၊ အရင်ပြုသကဲ့သို့ ငါကျေးဇူးပြုမည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ 12 သင်တို့အပေါ်မှာ လူများတည်းဟူသော ငါ၏လူဣသရေလအမျိုးသားတို့သည် သွားလာမည်အကြောင်း ငါပြုမည်။ သူတို့သည် သင်တို့ကိုသိမ်းယူ၍ အမွေခံရသဖြင့်၊ နောက်တစ်ဖန် သင်တို့ကြောင့် သားမဆုံးရှုံးရကြ။ 13 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အချင်းပြည်၊ သင်သည် လူတို့ကို ကိုက်စားတတ်၏။ ကိုယ်အမျိုးသားတို့ကို လုယူဖျက်ဆီးတတ်၏ဟု သူတစ်ပါးဆိုသောကြောင့်၊ 14 နောက်တစ်ဖန် သင်သည် လူတို့ကို မကိုက်မစားရ။ ကိုယ်အမျိုးသားတို့၌ လုယူဖျက်ဆီးခြင်းကို မပြုရဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ 15 နောက်တစ်ဖန် အတိုင်းတိုင်းအပြည်ပြည် ကဲ့ရဲ့အပြစ်တင်သော စကားကိုမကြားရ။ နောက်တစ်ဖန် ကိုယ်အမျိုးသားတို့၌ လုယူဖျက်ဆီးခြင်းကို မပြုရဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
16 တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ 17 အချင်းလူသား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်ပြည်၌နေသောအခါ၊ အလိုအလျောက် ကျင့်ကြံပြုမူသောအားဖြင့် ထိုပြည်ကို ညစ်ညူးစေကြ၏။ သူတို့ အကျင့်ဓလေ့သည် ငါ့ရှေမှာ ဥတုရောက်သော မိန်းမ၏အညစ်အကြေးကဲ့သို့ ဖြစ်၏။ 18 ထိုပြည်၌ လူအသက်ကိုသတ်သောအပြစ်၊ ရုပ်တုတို့နှင့် ညစ်ညူးစေသောအပြစ်ကြောင့်၊ ငါသည် ဒေါသအမျက်ကို သွန်းလောင်းပြီ။ 19 အတိုင်းတိုင်းအပြည်ပြည်သို့ ငါကွဲပြားပျံ့လွင့်စေပြီ။ သူတို့ ကျင့်ကြံပြုမူသည်အတိုင်း ငါစီရင်ပြီ။ 20 သို့ရာတွင် တစ်ကျွန်းတစ်နိုင်ငံသို့ ရောက်သောအခါ ဤသူတို့သည် ထာဝရဘုရား၏လူဖြစ်ကြ၏။ ကိုယ်ပြည်မှ ထွက်သွားရကြ၏ဟု သူတစ်ပါးပြောဆိုသဖြင့်၊ ငါ၏နာမမြတ်ကိုရှုတ်ချသောကြောင့်၊ 21 ဣသရေလအမျိုးသားရောက်ရာ တစ်ကျွန်းတစ်နိုင်ငံအရပ်ရပ်တို့၌ ရှုတ်ချသော ငါ၏နာမမြတ်ကို ငါနှမြော၏။ 22 သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ အို ဣသရေလအမျိုး၊ သင်တို့ကိုထောက်၍ ဤအမှုကို ငါပြုသည်မဟုတ်။ သင်တို့ရောက်သမျှသောအရပ်တို့၌ လူအမျိုးမျိုးတို့ရှေ့မှာ ရှုတ်ချသော ငါ၏နာမမြတ်ကိုသာ ထောက်၍ ပြု၏။ 23 တစ်ပါးအမျိုးသားတို့ အလယ်၌ သင်တို့ရှုတ်ချသော ငါ၏မဟာနာမတော်ကို ငါချီးမြှောက်မည်။ သူတို့ မျက်မှောက်၌ သင်တို့အားဖြင့် ငါသည် ချီးမြှောက်ရာသို့ ရောက်သောအခါ၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ 24 အကြောင်းမူကား၊ သင်တို့ကို အတိုင်းတိုင်း အပြည်ပြည်တို့က ငါခေါ်ခဲ့၍ စုဝေးစေပြီးလျှင်၊ သင်တို့ နေရင်းပြည်သို့ ပို့ဆောင်မည်။ 25 သင်တို့အပေါ်မှာ သန့်ရှင်းသောရေကို ဖျန်းသဖြင့်၊ သင်တို့ကို ခပ်သိမ်းသော အညစ်အကြေးမှစ၍ ခပ်သိမ်းသော ရုပ်တုတို့နှင့် ကင်းစင်စေမည်။ 26 စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို သွင်းထားမည်။ သင်တို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံးကိုနုတ်၍ အသားနှလုံးကို ပေးမည်။ ယေဇ၊၁၁:၁၉-၂၀။27 ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေးသဖြင့်၊ သင်တို့သည် ငါ၏တရားလမ်းသို့လိုက်၍၊ ငါစီရင်တော်မူချက်တို့ကို စောင့်ရှောက်ကြလိမ့်မည်။ 28 ဘိုးဘေးတို့အား ငါပေးသောပြည်၌ သင်တို့သည်နေရ၍ ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သင်တို့၏ဘုရားသခင်ဖြစ်မည်။ 29 သင်တို့ကို အညစ်အကြေးရှိသမျှတို့နှင့် ငါကင်းလွတ်စေမည်။ အစာခေါင်းပါးခြင်းဘေးကို ပယ်ရှားခြင်းငှာ၊ ဆန်စပါးကိုမှာလိုက်၍ များပြားစေမည်။ 30 သင်တို့သည် မွတ်သိပ်၍ တစ်ပါးအမျိုးသားတို့ ကဲ့ရဲ့ခြင်းနှင့် လွတ်စေမည်အကြောင်း၊ သစ်ပင်အသီးနှင့် မြေအသီးအနှံကို ငါများပြားစေမည်။ 31 ထိုအခါ သင်တို့သည် ကိုယ်ကျင့်ဖူးသော အကျင့်ဆိုးနှင့် မကောင်းသောအမှုတို့ကို အောက်မေ့၍၊ ကိုယ်ဒုစရိုက်အပြစ်၊ စက်ဆုပ်ရွံရှာဖွယ်သော အမှုတို့ကြောင့် ကိုယ်ကိုကိုယ် ရွံရှာကြလိမ့်မည်။ 32 သင်တို့ကိုထောက်၍ ဤအမှုကို ငါပြုသည်မဟုတ်ဟု သိမှတ်ကြလော့။ အို ဣသရေလအမျိုး၊ ကိုယ်ပြုမိသောအမှုကြောင့် ရှက်ကြောက်လျက်၊ မိန်းမောတွေဝေလျက်နေကြလော့ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ 33 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ဒုစရိုက်အပြစ်ရှိသမျှတို့ကို ငါရှင်းလင်းသောအခါ၊ မြို့များ၌လူနေစေ၍ ပျက်စီးသောအရပ်တို့သည် ပြုပြင်ခြင်းရှိကြလိမ့်မည်။ 34 လျှောက်သွားသောသူအပေါင်းတို့၏ မျက်မှောက်၌ စွန့်ပစ်ဖူးသော မြေတွင် တစ်ဖန်လယ်လုပ်ကြလိမ့်မည်။ 35 ထိုအခါ သူတစ်ပါးတို့က၊ အရင်စွန့်ပစ်သော ဤမြေသည် ဧဒင်ဥယျာဉ်ကဲ့သို့ ဖြစ်လေပြီ။ သုတ်သင် ပယ်ရှင်းပျက်စီးသော မြို့တို့သည်လည်း ခိုင်ခံ့၍ မြို့သားတို့နှင့် ပြည့်စုံကြပြီဟု ပြောကြလိမ့်မည်။ 36 ထိုအခါ ပျက်စီးသောအရပ်တို့ကို ငါထာဝရဘုရား ပြုပြင်ကြောင်းကိုလည်းကောင်း၊ စွန့်ပစ်သောမြေတွင် လယ်လုပ်ကြောင်းကိုလည်းကောင်း၊ သင်တို့ပတ်လည်၌နေရစ်သော တစ်ပါးအမျိုးသားတို့သည် သိရကြလိမ့်မည်။ ငါထာဝရဘုရားသည် မိန့်မြွက်သည်အတိုင်း ပြုမည်။ 37 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးအဖို့ ဤအမှုကို ငါပြုရမည်အကြောင်း၊ သူတို့သည် ငါ့ကို တောင်းပန်ရကြမည်။ သိုးများပြားသကဲ့သို့ ထိုအမျိုးသားချင်းတို့ကို များပြားစေမည်။ 38 ပျက်စီးသောမြို့တို့သည် သန့်ရှင်းသော သိုးစုတည်းဟူသော၊ ဓမ္မပွဲခံချိန်တွင် ယေရုရှလင်သိုးစုကဲ့သို့သော လူစုတို့နှင့် ပြည့်စုံ၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
1 Tu, filho do homem, profetiza aos Ez 6.2;34.14;37.22montes de Israel e dize: Montes de Israel, eis a palavra de Jeová. 2 Assim diz o Senhor Jeová: Porquanto o inimigo disse contra vós: Ez 25.3;26.2Ah! E também: Os antigos Dt 32.13;Sl 78.69;Is 58.14;Hc 3.19lugares altos são Ez 36.5;Ez 35.10nossos para os possuirmos, 3 portanto profetiza e dize: Assim diz o Senhor Jeová: Porquanto, sim porquanto Jr 2.15vos assolaram Sl 35.25;Jr 51.34;Lm 2.2,5,16e vos devoraram de todos os lados, para que servísseis de posse ao resto das nações, e tendes andado em Ez 35.13;Sl 44.13-14;Jr 18.16lábios de paroleiros e chegado a ser a infâmia do povo, 4 portanto, Ez 36.1,6,8;Dt 11.11montes de Israel, ouvi a palavra do Senhor Jeová Ez 36.6;Ez 6.3aos Ez 34.8,28montes e aos outeiros, às correntes de água e aos vales, aos desertos desolados e às cidades desamparadas, que se tornaram em presa e Sl 79.4;Jr 48.27em opróbrio ao resto das nações circunvizinhas. 5 Portanto, assim diz o Senhor Jeová: Certamente, no fogo Ez 36.6;Ez 5.13;38.19;Is 66.15-16do meu zelo, falei contra o Ez 36.3;Jr 25.9,15-29resto das nações e contra todo Ez 25.12-14o Edom, que Ez 36.2;Ez 35.10apropriaram a si da minha terra por posse com o Ez 35.15;Jr 50.11;Mq 7.8gozo de todo o seu coração, Ez 25.12,15;Am 1.11com despeito de alma, para a lançarem fora, à rapina. 6 Portanto, profetiza acerca da terra de Israel e dize aos Ez 36.4montes e aos outeiros, às correntes de água e aos vales: Assim diz o Senhor Jeová: Eis que falei no meu Ez 36.5zelo e no meu furor, porque Ez 34.29;Sl 74.10;123.3-4levastes sobre vós o opróbrio dos pagãos; 7 por isso assim diz o Senhor Jeová: Ez 20.6,15,23Eu levantei a minha mão, dizendo: Certamente, os pagãos que estão ao redor de vós Jr 25.9,15,29levarão sobre si o seu opróbrio.
8 Mas Ez 36.4vós, ó montes de Israel, Ez 17.23;34.26-29;Is 4.2;27.6produzireis os vossos ramos e dareis o vosso fruto ao meu povo de Israel, pois já estão para vir. 9 Eis que eu vos sou favorável Lv 26.9e me voltarei para vós, e sereis Ez 36.34;Ez 28.26;34.14lavrados e semeados; 10 multiplicarei os homens sobre vós, Ez 37.21-22;Is 27.6;49.17-23toda a casa de Israel, sim, toda ela.
Ez 36.33;Jr 31.27-28;33.12As cidades serão habitadas, e as solidões serão edificadas. 11 Sobre vós multiplicarei Ez 36.37-38homens e animais; eles se aumentarão e frutificarão. Farei que sejais habitadas Ez 16.55;Jr 30.18;Mq 7.14como dantes Jó 42.12;Is 51.3e vos tratarei melhor do que nos vossos princípios; e sabereis que eu sou Jeová. 12 Na verdade, sobre vós Ez 34.13-14farei andar homens, o meu povo de Israel. Ez 36.24Eles te possuirão, e tu serás a sua Ez 47.14herança e, daqui em diante Ez 22.12,27;Jr 15.7não os privarás mais de filhos. 13 Assim diz o Senhor Jeová: Porquanto vos dizem: Tu és uma terra Nm 13.32que devora os homens e tens sido a que privas de filhos a tua nação, 14 por isso não devorarás mais os homens, nem privarás mais de filhos a tua nação, diz o Senhor Jeová. 15 Não te permitirei ouvir mais Ez 36.7;Ez 34.29;Is 54.4;60.14a afronta dos pagãos nem levarás mais sobre ti o Ez 22.4;Sl 89.50opróbrio dos povos; nem farás Is 63.13;Jr 13.16;18.15tropeçar mais a tua nação, diz o Senhor Jeová.
16 Demais, veio a mim a palavra de Jeová, dizendo: 17 Filho do homem, quando a casa de Israel habitava na sua terra, Ez 20.28;Lv 18.24-28;Sl 106.37-38;Jr 2.7contaminaram-na pelo seu caminho e pelos seus feitos. O seu caminho diante de mim tornou-se como a imundícia duma mulher na sua separação. 18 Pelo que Ez 22.20;2Cr 34.21,25;Lm 2.4;4.11derramei sobre eles o meu furor, por causa do Ez 24.6-9sangue que haviam derramado sobre a terra e porque a tinham contaminado com os seus ídolos. 19 Eu Ez 5.12;22.15;Dt 28.64;Am 9.9os espalhei entre as nações, e foram dispersos pelos países; Ez 24.14;39.24;Rm 2.6segundo o seu caminho e segundo os seus feitos, os julguei. 20 Quando chegaram às nações para onde foram, Ez 12.16;14.22;Is 52.5;Rm 2.24profanaram o meu santo nome, porquanto se dizia deles: Estes são o Jr 33.24povo de Jeová, que saiu da sua terra. 21 Porém tive compaixão do meu Ez 20.44;Sl 74.18;Is 37.35;48.9santo nome, ao qual a casa de Israel profanara entre as nações para onde foram.
22 Portanto, dize à casa de Israel: Assim diz o Senhor Jeová: Não é por amor de vós, casa de Israel, que Ez 36.32;Dt 7.7-8;9.5-7;Sl 108.6eu faço isso; mas é em atenção ao meu santo nome, Ez 36.20que tendes profanado entre as nações para onde fostes. 23 Ez 20.41;38.23;39.7,25;Is 5.10;1Pe 3.15Santificarei o meu grande nome, que tem sido profanado entre Sl 102.13,15;126.2as nações, o qual tendes profanado no meio delas; as nações saberão que eu sou Jeová, diz o Senhor Jeová, quando eu for Ez 28.25;39.27santificado em vós diante dos seus olhos. 24 Pois vos Ez 34.13;37.21;Is 43.5-6tirarei dentre as nações, e vos congregarei de todos os países, e vos trarei para a vossa terra. 25 Nm 19.17-19;Sl 51.7;Tt 3.5-6;Hb 9.13,19;10.22Aspergirei sobre vós água pura, e ficareis purificados; de toda a vossa Is 4.4;Zc 13.1imundícia e de todos os vossos Is 2.18,20;Os 14.3,8ídolos, vos purificarei. 26 Também vos darei Ez 11.19;18.31;Sl 51.10;Jo 3.3,5;2Co 5.17um coração novo e dentro de vós porei um espírito novo; tirarei da vossa carne Ez 11.19;Zc 7.12o coração de pedra e dar-vos-ei um coração de carne. 27 Dentro de vós, Ez 37.14;39.29;Is 44.3;59.21;Jl 2.28-29porei o meu Espírito e farei Ez 11.20;37.24que andeis nos meus estatutos, e guardareis os meus juízos e os praticareis. 28 Habitareis na terra que dei a vossos pais; vós sereis o Ez 14.11;37.23,27meu povo, e eu serei o vosso Deus. 29 Livrar-vos-ei de todas as vossas Ez 36.25;Ez 39.24;Jr 33.8;Jl 3.21;Zc 13.1impurezas; chamarei o trigo, e o multiplicarei, Ez 34.27,29;Os 2.21-23e não trarei fome sobre vós. 30 Lv 26.4Multiplicarei o fruto das árvores e a novidade do campo, para que não recebais mais o opróbrio da fome entre as nações. 31 Então, Ez 16.61-63;20.43vos lembrareis dos vossos maus caminhos e dos vossos feitos que não eram bons; Ez 6.9;Is 6.5tereis nojo em vós mesmos das vossas iniquidades e das vossas abominações.
32 Ez 36.22;Ez 20.44Não é por amor de vós que eu faço isso, diz o Senhor Jeová, seja-vos isso bem entendido. Envergonhai-vos e confundi-vos sobre os vossos caminhos, ó casa de Israel. 33 Assim diz o Senhor Jeová: No dia em que vos Ez 36.25purificar de todas as vossas iniquidades, farei que sejam habitadas Ez 36.10;Zc 8.7-8as cidades e Is 58.12edificadas as solidões. 34 A terra que estava desolada será Ez 36.9lavrada, em lugar de ser uma desolação aos olhos de todos os que por ela passavam. 35 Dir-se-á: Esta terra que estava desolada tem-se tornado como o Ez 31.9;Is 51.3;Jl 2.3jardim do Éden; e as cidades desertas, e desoladas, e arruinadas estão fortalecidas e habitadas. 36 Então, as nações que tiverem ficado ao redor de vós Ez 39.27-28saberão que eu, Jeová, reedifiquei os lugares arruinados e plantei o que estava desolado. Eu, Jeová, o disse, e Os 14.4-9o farei.
37 Assim diz o Senhor Jeová: Ainda por isso serei Sl 102.17;Is 55.6-7;Jr 29.12-14;Zc 10.6,9;13.9consultado da casa de Israel, para que eu lhes faça isto: Ez 36.10-11multiplicá-los-ei de homens, como um rebanho. 38 Como o 1Rs 8.63;2Cr 35.7-9;Jo 2.14rebanho para sacrifícios, como o rebanho de Jerusalém nas suas festas fixas, assim Ez 36.33-35as cidades desertas serão cheias de Sl 74.1;100.3;Jr 23.1;Zc 11.17;Jo 10.7,9,16rebanhos de homens; e eles saberão que eu sou Jeová.