1 တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 2 အချင်းလူသား၊ သင်သည် ပုန်ကန်တတ်သော အမျိုးထဲမှာနေ၏။ သူတို့သည် မြင်ရသော မျက်စိရှိသော်လည်း မမြင်တတ်။ ကြားရသော နားရှိသော်လည်း မကြားတတ်။ ပုန်ကန်တတ်သော အမျိုးဖြစ်ကြ၏။ဟေရှာ၊ ၆:၉-၁၀။ ယေ၊ ၅:၂၁။ မာ၊ ၈:၁၈။3 သို့ဖြစ်၍၊ အချင်းလူသား၊ အခြားသို့ ပြောင်းသွားခြင်းငှာ ဥစ္စာပရိကံများကို ပြင်ဆင်၍၊ နေ့အချိန်၌ သူတို့မျက်မှောက်တွင် ပြောင်းသွားလော့။ သူတို့မျက်မှောက်တွင် အခြားတစ်ပါးသို့ နေရာပြောင်းလော့။ ပုန်ကန်တတ်သော အမျိုးဖြစ်သော်လည်း၊ သတိရကောင်း ရကြလိမ့်မည်။ 4 နေရာပြောင်းစရာဖို့ ပြင်ဆင်သော ဥစ္စာပရိကံများကဲ့သို့၊ သင်၏ဥစ္စာပရိကံများကို နေ့အချိန်၌ သူတို့မျက်မှောက်တွင် ထုတ်ရမည်။ သိမ်းသွားခြင်းကို ခံရသောသူကဲ့သို့၊ ညအချိန်၌ သူတို့မျက်မှောက်တွင် ထွက်သွားရမည်။ 5 သူတို့မျက်မှောက်၌ အုတ်ရိုးကိုတူးဖောက်၍၊ ဥစ္စာပရိကံများကို ထုတ်သွားလော့။ 6 ညဉ့်ဦးယံအချိန်၌ သူတို့မျက်မှောက်တွင် ပခုံးပေါ်မှာထမ်း၍ ထုတ်ရမည်။ မြေကိုမမြင်ရအောင် မျက်နှာကိုဖုံးရမည်။ အကြောင်းမူကား၊ သင့်ကို ဣသရေလအမျိုးအား နိမိတ်လက္ခဏာဖြစ်စေခြင်းငှာ ငါခန့်ထားပြီဟု မိန့်တော်မူသည်အတိုင်း၊ 7 ငါသည် သိမ်းသွားခြင်းကို ခံရသောသူ၏ ဥစ္စာပရိကံများကဲ့သို့၊ ငါ၏ဥစ္စာပရိကံများကို နေ့အချိန်၌ထုတ်၍၊ ညအချိန်၌ အုတ်ရိုးကို ကိုယ်လက်နှင့် တူးဖောက်ပြီးမှ၊ ညဉ့်ဦးယံအချိန်၌ သူတို့မျက်မှောက်တွင် ပခုံးပေါ်မှာထမ်းသွား၏။
8 နံနက်အချိန်၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 9 အချင်းလူသား၊ ပုန်ကန်တတ်သော ဣသရေလအမျိုးက၊ သင်သည် အဘယ်သို့ပြုသနည်းဟု သင့်အားမေးသည်ရှိသော်၊ 10 အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်။ ဤဗျာဒိတ်တော်သည် ယေရုရှလင်မြို့ကို အစိုးရသောမင်းမှစ၍၊ ထိုမြို့၌ရှိသော ဣသရေလအမျိုးသားအပေါင်းတို့နှင့် ဆိုင်ပေ၏။ 11 ငါသည်သင်တို့၏နိမိတ်လက္ခဏာဖြစ်၏။ ငါပြုသကဲ့သို့ သင်တို့သည် ပြုရကြလိမ့်မည်။ နေရာပြောင်း၍ သိမ်းသွားခြင်းကို ခံရကြလိမ့်မည်။ 12 သင်တို့၏ မင်းသည်လည်း၊ မိမိပခုံး၌ထမ်း၍ ညဉ့်ဦးယံအချိန်၌ ထုတ်သွားရလိမ့်မည်။ ထုတ်သွားစရာဖို့ အုတ်ရိုးကို တူးဖော်ရလိမ့်မည်။ မြေကိုမမြင်ရအောင် မျက်နှာကို ဖုံးရလိမ့်မည်။ 13 ထိုမင်းကိုလည်း ငါ၏ပိုက်ကွန်နှင့်အုပ်၍၊ ငါ၏ကျော့ကွင်း၌ ကျော့မိစေမည်။ ခါလဒဲပြည် ဗာဗုလုန်မြို့သို့ ဆောင်သွားမည်။ ထိုမြို့၌ သေရသော်လည်း မြို့ကိုမမြင်ရ။၄ ရာ၊ ၂၅:၇။ ယေ၊ ၅၂:၁၁။14 သူ့ကိုမစခြင်းငှာ ဝိုင်းသောသူတို့နှင့် တပ်သားအပေါင်းတို့ကို အရပ်ရပ်သို့ ဖြန့်ကြဲမည်။ သူတို့နောက်၌လည်း ဓားကိုလွှတ်လိုက်မည်။ 15 လူအမျိုးမျိုးတို့တွင် ကွဲပြားစေ၍၊ အတိုင်းတိုင်း အပြည်ပြည်သို့ဖြန့်ကြဲသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်။ 16 သို့ရာတွင်၊ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့နှင့် လွတ်၍၊ ငါကျန်ကြွင်းစေသော သူအချို့တို့သည် မိမိတို့ပြုဖူးသော စက်ဆုပ်ရွံရှာဖွယ် အမှုရှိသမျှတို့ကို၊ နောက်ရောက်သော တစ်ပါးအမျိုးသားနေရာပြည်တို့၌ ဖော်ပြကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
17 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 18 အချင်းလူသား၊ တုန်လှုပ်လျက် အစာကိုစားလော့။ တုန်လှုပ်လျက်၊ သတိပြုလျက် ရေကိုသောက်လော့။ 19 အရှင်ထာဝရဘုရားသည် ဣသရေလပြည်၊ ယေရုရှလင်မြို့သားတို့ကို ရည်မှတ်၍ မိန့်တော်မူသောစကားကို ဆင့်ဆိုရမည်မှာ၊ သူတို့သည် သတိပြုလျက် အစာကို စားရကြမည်။ မိန်းမောတွေဝေလျက် ရေကို သောက်ရကြမည်။ ထိုသို့သောအားဖြင့်၊ ပြည်သူပြည်သား အပေါင်းတို့ပြုသော အဓမ္မအမှုကြောင့်၊ ဣသရေလပြည်သည် မိမိပြည့်စုံခြင်းနှင့် ကင်းလွတ်ရလိမ့်မည်။ 20 လူနေသော မြို့တို့သည်လည်း ပျက်စီး၍၊ တစ်ပြည်လုံး ဆိတ်ညံလျက် ရှိရလိမ့်မည်။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
21 တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ 22 အချင်းလူသား၊ နေ့ရက်ကာလ ရွေ့လျက်ရှိ၍၊ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပျက်ကြပြီဟု၊ ဣသရေလပြည်၌ သုံးတတ်သော စကားပုံကား အဘယ်သို့နည်း။ 23 သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ထိုစကားပုံကို ငါပျောက်စေမည်။ နောက်တစ်ဖန် ဣသရေလအမျိုး၌ မသုံးရကြ။ နေ့ရက်ကာလနီးပြီ။ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပြည့်စုံကြလိမ့်မည်ဟု ပြောလော့။ 24 နောက်တစ်ဖန် ဣသရေလအမျိုး၌ အချည်းနှီးသော ရူပါရုံမရှိရ။ ချော့မော့စွာ ပရောဖက်ပြုခြင်းလည်း မရှိရ။ 25 ငါသည် ထာဝရဘုရား ဖြစ်၏။ ငါပြောလျှင်၊ ပြောသည်အတိုင်း ပြည့်စုံလိမ့်မည်။ ပြည့်စုံချိန်လည်း မရွေ့ရ။ အချင်းပုန်ကန်တတ်သောအမျိုး၊ သင်တို့လက်ထက်၌ ငါပြောမည်။ ပြောသည်အတိုင်းလည်း ပြည့်စုံစေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
26 တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ 27 အချင်းလူသား၊ ဣသရေလအမျိုးသားတို့က၊ သူမြင်သော ဗျာဒိတ်ရူပါရုံသည် ဝေးသေး၏။ ဝေးသေးသောကာလကို ရည်မှတ်၍ ဟောတတ်သည်ဟု ပြောဆိုကြ၏။ 28 သို့ဖြစ်၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ငါ၏စကား ပြည့်စုံချိန်မရွေ့ရ။ ငါပြောသည်အတိုင်းလည်း ပြည့်စုံစေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
1 A palavra de Jeová também veio a mim, dizendo: 2 Filho do homem, tu habitas Is 6.5no meio da Ez 2.7-8;Sl 78.40;Is 1.23casa rebelde, que Jr 5.21;Mt 13.13-14;Jo 9.39-41tem olhos para ver e não vê, que tem ouvidos para ouvir e não ouve, porque casa rebelde é. 3 Portanto, tu, filho do homem, prepara-te trastes para Ez 12.11mudar de país e, de dia, muda à vista deles; e mudarás do teu lugar para outro lugar à vista deles. Jr 26.3;36.3,7;Lc 20.13;2Tm 2.25Pode ser que considerem, ainda que é casa rebelde. 4 À vista deles, tirarás, de dia, os teus trastes, como trastes de quem se muda; e sairás, Ez 12.12;2Rs 25.4;Jr 39.4de tarde, à vista deles, como quem sai para o cativeiro. 5 Faze para ti, à vista deles, uma abertura na parede e, por ela sairás, levando uma trouxa. 6 À vista deles, a carregarás aos ombros e a transportarás nas trevas; Ez 12.12-13;1Sm 28.8cobrirás o teu rosto, para que não vejas o chão. Pois te pus Ez 12.11;Ez 4.3;24.24;Is 8.18;20.3para sinal à casa de Israel.
7 Eu Ez 24.18;37.7,10fiz assim como se me ordenou: Ez 12.3-6tirei para fora, de dia, os meus trastes, como trastes de quem se muda; e, de tarde, fiz com a mão uma abertura na parede. Nas trevas, saí, levando uma trouxa, e a carreguei aos ombros, à vista deles.
8 Pela manhã, veio a mim a palavra de Jeová, dizendo: 9 Filho do homem, não te perguntou a casa de Israel, Ez 12.1-3;Ez 2.5-8casa rebelde: Ez 17.12;20.49;24.19Que fazes tu? 10 Dize-lhes: Assim diz o Senhor Jeová: Esta Ez 12.3-8;2Rs 9.25;Is 13.1trouxa diz respeito ao príncipe em Jerusalém e a toda a casa de Israel, que está no meio dela. 11 Dize: Eu sou o vosso Ez 12.6sinal. Como fiz, assim se lhes fará; Ez 12.3;Jr 15.2;52.15,28-30irão para o exílio, para o cativeiro. 12 O Ez 12.6;2Rs 25.4;Jr 39.4;52.7príncipe que está no meio deles levará uma trouxa aos ombros, nas trevas, e sairá. Farão uma abertura na parede, para saírem por ela, levando trouxas; ele cobrirá o seu rosto, porque com os seus olhos não verá o chão. 13 Também estenderei sobre ele a Ez 17.20;19.8;Is 24.17-18;Os 7.12minha rede, e ele será apanhado no meu laço. Levá-lo-ei para Babilônia, para a terra dos caldeus; contudo, Jr 39.7;52.11não a verá, ainda que lá morrerá. 14 A todos os ventos Ez 5.2;17.21;2Rs 25.4-5espalharei todos os que estão ao redor dele para o ajudarem, e bem assim todas as suas tropas; e desembainharei a espada após eles. 15 Ez 12.16,20;Ez 6.7,14Saberão que eu sou Jeová, quando eu os dispersar entre as nações e os espalhar entre os países. 16 Mas deles deixarei ficar uns poucos salvos Ez 7.15;14.21da espada, da fome e da peste, para que Ez 14.22;36.20publiquem todas as suas abominações entre as nações para onde forem. Jr 22.8-9Saberão que eu sou Jeová.
17 Demais, a palavra de Jeová veio a mim, dizendo: 18 Filho do homem, come o teu pão com estremecimento, e bebe a tua água com tremor e com ansiedade, 19 e dize ao povo da terra: Assim diz o Senhor Jeová acerca dos habitantes de Jerusalém, na terra de Israel: Ez 4.16Comerão com ansiedade o seu pão e beberão Ez 23.33com espanto a sua água, para que a terra dela seja Ez 6.6-7,14;Jr 10.22;Mq 7.13;Zc 7.14despida de tudo quanto há nela, por causa da violência de todos os que nela habitam. 20 Ez 5.14;Is 3.26;Jr 4.7As cidades que são habitadas, ficarão devastadas, Ez 36.3;Is 7.23-24;Jr 25.9e a terra tornar-se-á uma desolação; e sabereis que eu sou Jeová.
21 A palavra de Jeová veio a mim, dizendo: 22 Filho do homem, que Ez 16.44;18.2-3provérbio é este que vós tendes na terra de Israel: Prolongados Ez 12.27;Ez 11.3;Jr 5.12;Am 6.3;2Pe 3.4são os dias, Ez 7.26e falha toda a visão? 23 Portanto, dize-lhes: Assim diz o Senhor Jeová: Ez 18.3Farei cessar esse provérbio, e não será mais usado em Israel como provérbio; porém dize-lhes: Os dias estão Ez 12.25,28;Jl 2.1;Sf 1.14próximos e o cumprimento de toda visão. 24 Não haverá mais visão, nem Ez 13.6,23;Jr 14.13-16;Zc 13.2-4adivinhação lisonjeira no meio da casa de Israel. 25 Eu sou Jeová; falarei, Ez 12.28;Ez 6.10;Nm 14.28-34;Is 14.24e a palavra que eu proferir será cumprida e não será por mais tempo diferida. Pois Jr 16.9;Hc 1.5em vossos dias, Ez 12.2ó casa rebelde, falarei a palavra e a cumprirei, diz o Senhor Jeová.
26 Veio a mim de novo a palavra de Jeová, dizendo: 27 Filho do homem, eis que dizem os da casa de Israel: A visão que este tem é para Ez 12.22;Dn 10.14muitos dias no futuro, e ele profetiza de tempos que estão mui longe. 28 Portanto, dize-lhes: Nenhuma das minhas palavras será Ez 12.25;Jr 4.7;Mt 24.48-50diferida daqui em diante, porém a palavra que eu proferir será cumprida, diz o Senhor Jeová.