1 တစ်ဖန်ငါမျှော်ကြည့်၍၊ ပျံဝဲလျက်ရှိသော စာစောင်ကို မြင်၏။ 2 ကောင်းကင်တမန်ကလည်း၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးလျှင်၊ ပျံဝဲလျက်ရှိသော စာစောင်ကို မြင်ပါ၏။ အလျား အတောင်နှစ်ဆယ်၊ အနံ အတောင်တစ်ဆယ်ရှိပါသည်ဟု လျှောက်၏။ 3 ကောင်းကင်တမန်ကလည်း၊ ထိုစာစောင်သည် တစ်ပြည်လုံးကို နှံ့ပြားသောကျိန်ခြင်းဖြစ်၏။ ခိုးတတ်သောသူ ရှိသမျှတို့သည်၊ ထိုစာစောင်တစ်ဖက်၌ ပါသည်အတိုင်း ပယ်ဖြတ်ခြင်းကို ခံရကြမည်။ အကျိန်ရဲသော သူရှိသမျှတို့သည်၊ ထိုစာစောင်တစ်ဖက်၌ ပါသည်အတိုင်း ပယ်ဖြတ်ခြင်းကို ခံရကြမည်။ 4 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုစာစောင်ကို ငါထုတ်ဖော်မည်။ ခိုးတတ်သော သူ၏အိမ်ထဲသို့လည်းကောင်း၊ ငါ့နာမကို တိုင်တည်၍ မမှန်သောကျိန်ဆိုခြင်းကို ပြုသောသူ၏ အိမ်ထဲသို့လည်းကောင်းဝင်၍ နေရာကျသဖြင့်၊ သစ်သားများ၊ ကျောက်များနှင့်တကွ ထိုအိမ်ကိုစားလိမ့်မည်ဟု မိန့်တော်မူ၏။
5 တစ်ဖန် ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည် ထွက်၍၊ ယခုထွက်လာသောအရာကို မျှော်ကြည့်လော့ဟု ငါ့အားဆိုလျှင်၊ 6 ထိုအရာကား အဘယ်အရာနည်းဟု ငါမေးသော်၊ ထိုအရာသည် ထွက်သွားသော ဧဖာဖြစ်သည် ဟူ၍လည်းကောင်း၊ ထိုအရာသည် တစ်ပြည်လုံး၌ သူတို့၏အကြံအစည်ဖြစ်သည် ဟူ၍လည်းကောင်း ဆို၏။ 7 ခဲအခွက်တစ်ဆယ်ကိုလည်း အထက်သို့ ချီမြှောက်၍ မိန်းမတစ်ယောက်သည် ဧဖာထဲ၌ ထိုင်သည်ကို ငါမြင်၏။ 8 ကောင်းကင်တမန်ကလည်း၊ ထိုမိန်းမသည် ဒုစရိုက်အပြစ်ဖြစ်၏ဟု ဆိုလျက်၊ သူ့ကို ဧဖာထဲကိုချထား၍ ဧဖာအဝပေါ်မှာ ခဲပြားကို တင်လေ၏။ 9 တစ်ဖန် ငါမျှော်ကြည့်၍၊ တောငန်း၏အတောင်ကဲ့သို့၊ အတောင်ရှိသော မိန်းမနှစ်ယောက်တို့သည်၊ အတောင်တို့၌ ဝိညာဉ်ပါလျက် ထွက်လာ၍၊ ထိုဧဖာကို မြေကြီးနှင့် မိုးကောင်းကင်စပ်ကြားသို့ ချီသွားကြ၏။ 10 ထိုဧဖာကို အဘယ်သို့ ချီသွားကြသနည်းဟု ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အား ငါမေးသော်၊ 11 ရှိနာပြည်၌ ဧဖာအဖို့ အိမ်ဆောက်ခြင်းငှာ ချီသွားကြ၏။ ထိုပြည်၌ သူ၏ခုံပေါ်မှာ တင်ထား၍ နေရာချကြလိမ့်မည်ဟု ဆို၏။
1 Tornei a levantar os olhos e vi, e eis um Jr 36.2;Ez 2.9rolo volante. 2 Perguntou-me o anjo: Zc 4.2Que vês tu? Eu respondi: Vejo um rolo volante; o seu comprimento é de vinte cúbitos, e a sua largura, de dez cúbitos. 3 Ele me disse: Esta é a Is 24.6;43.28;Jr 26.6maldição que sai pela face de toda a terra; porque, de um lado, será purgado conforme ela todo o que Êx 20.15;Lv 19.11;Ml 3.8-9furtar, e, de outro lado, será purgado conforme ela todo o Zc 5.4;Êx 20.7;Lv 19.12;Is 48.1;Jr 5.2;23.10que jurar. 4 Ml 3.5Fá-la-ei sair para fora, diz Jeová dos Exércitos, Os 4.2-3e entrará ela na casa do Jr 2.26ladrão e na casa daquele que jurar falsamente pelo meu nome; ficará no meio da casa do tal e Lv 14.34-45;Jó 18.15;Pv 3.33;Hc 2.9-11;Tg 5.2-3a consumirá juntamente com a sua madeira e com as suas pedras.
5 Então, saiu para fora o Zc 1.9anjo que falava comigo e me disse: Zc 5.1;Zc 1.18;2.1;6.1Levanta os teus olhos e vê que é o que sai. 6 Eu perguntei: Que é isso? Ele disse: É um Lv 19.36;Am 8.5;Mq 6.10efa que sai. Disse ele mais: Esta é a sua semelhança em toda a terra. 7 Eis que foi levantado um talento de chumbo, e uma mulher estava sentada no meio do efa. 8 Prosseguiu o anjo: Esta é Os 12.7;Am 8.5;Mq 6.11a impiedade. Ele a lançou no fundo do efa e sobre a boca do efa pôs Zc 5.7o peso de chumbo. 9 Então, Zc 5.5levantei os meus olhos e vi: eis que saíram duas mulheres, e o vento estava nas suas asas (ora, tinham elas asas como as asas da Lv 11.13,19;Sl 104.17;Jr 8.7cegonha), e elevaram o efa entre a terra e o céu. 10 Perguntei ao anjo que falava comigo: Para onde levam elas o efa? 11 Respondeu-me: Para lhe edificar uma casa na terra de Gn 10.10;11.2;14.1;Is 11.11;Dn 1.2Sinear; quando a casa tiver sido preparada, ela será estabelecida no seu lugar.