1 ဣသရေလအမျိုးသားအပေါင်းတို့သည် ရောဗောင်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှာ၊ ရှေခင်မြို့သို့သွားကြ၍ သူသည်လည်းသွား၏။ 2 ရှောလမုန်မင်းကြီးထံမှ အဲဂုတ္တုပြည်သို့ပြေးသော နေဗတ်၏သား ယေရောဗောင်သည် ထိုသတင်းကိုကြား၍ အဲဂုတ္တုပြည်မှ ပြန်လာ၏။ 3 ဣသရေလလူတို့သည် သူ့ထံသို့လူကိုစေလွှတ်၍ ခေါ်သဖြင့်၊ စည်းဝေးသော ပရိသတ်အပေါင်းတို့သည် သူနှင့်အတူ ရောဗောင်ထံသို့ ဝင်လျက်၊ 4 ခမည်းတော်သည် ကျွန်တော်တို့၌ လေးသောထမ်းပိုးကိုတင်ပါပြီ။ ခမည်းတော်ထံမှာ ပင်ပန်းစွာ ဆောင်ရွက်ရသောအမှု၊ တင်တော်မူသော ထမ်းပိုးလေးကို ပေါ့စေတော်မူပါ။ ထိုသို့ပြုတော်မူလျှင်၊ ကျွန်တော်တို့သည် အမှုတော်ကိုထမ်းပါမည်ဟု လျှောက်ဆိုကြ၏။ 5 ရောဗောင်ကလည်း၊ သင်တို့သွားကြဦးလော့။ သုံးရက်လွန်မှ တစ်ဖန်လာကြဦးလော့ဟု မိန့်တော်မူလျှင်၊ သူတို့သည် သွားကြ၏။ 6 ထိုအခါ ရောဗောင်မင်းကြီးသည် ခမည်းတော်ရှောလမုန် အသက်ရှင်စဉ်အခါ၊ အထံတော်၌ ခစားသောအသက်ကြီးသူတို့နှင့် တိုင်ပင်၍၊ ဤသူတို့အား ငါပြန်ပြောရမည်အကြောင်း အဘယ်သို့ အကြံပေးကြမည်နည်းဟုမေးသော်၊ 7 သူတို့က၊ ကိုယ်တော်သည် ယနေ့ဤသူတို့၏ကျွန်ခံလျက်၊ သူတို့အမှုကိုစောင့်၍ ကောင်းသောစကားနှင့် ပြန်ပြောတော်မူလျှင်၊ သူတို့သည် အစဉ် ကိုယ်တော်၏ကျွန်ခံကြပါလိမ့်မည်ဟု လျှောက်ထားကြ၏။ 8 အသက်ကြီးသူတို့ပေးသော အကြံကို ရောဗောင်သည်မလိုက်။ ခစားမြဲခစားသော မိမိသူငယ်ချင်းတို့နှင့် တိုင်ပင်လျက်၊ 9 ပြည်သားတို့က၊ ခမည်းတော်တင်သောထမ်းပိုးကို ပေါ့စေတော်မူပါဟု လျှောက်ဆိုကြသည်ဖြစ်၍၊ သူတို့အား ငါပြန်ပြောရမည်အကြောင်း အဘယ်သို့ အကြံပေးကြမည်နည်းဟုမေးသော်၊ 10 ထိုသူငယ်ချင်းလုလင်တို့က၊ ခမည်းတော်သည် ကျွန်တော်တို့၌ ထမ်းပိုးကိုလေးစေပါပြီ။ ပေါ့စေတော်မူပါဟု လျှောက်သောပြည်သားတို့အား၊ ကိုယ်တော်က၊ ငါ့လက်သန်းသည် ငါ့ခမည်းတော်ခါးထက်သာ၍ကြီးလိမ့်မည်။ 11 ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသောထမ်းပိုးကို တင်လေပြီ။ ငါသည်လည်း ထပ်၍တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့်ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦးမည်ဟု ပြန်ပြောတော်မူပါဟု လျှောက်ထားကြ၏။ 12 ရှင်ဘုရင်က၊ သုံးရက်မြောက်သောနေ့၌ တစ်ဖန်လာကြဦးလော့ဟု နေ့ရက်ကို ချိန်းချက်သည်အတိုင်း၊ သုံးရက်မြောက်သောနေ့၌ ယေရောဗောင်နှင့် လူအပေါင်းတို့သည် ရောဗောင်ထံသို့ရောက်လာကြ၏။ 13 ရှင်ဘုရင်သည် အသက်ကြီးသူတို့ပေးသော အကြံကိုမလိုက်။ လူပျိုတို့ပေးသောအကြံကိုလိုက်လျက်၊ 14 ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသောထမ်းပိုးကို တင်လေပြီ။ ငါသည်လည်းထပ်၍ တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦးမည်ဟု ကြမ်းတမ်းစွာ ပြန်ပြောတော်မူ၏။ 15 ရှင်ဘုရင်သည် ပြည်သားတို့၏စကားကို နားမထောင်ရသည်အကြောင်းကား၊ ထာဝရဘုရားသည် ရှိလောမြို့သားအဟိယအားဖြင့် နေဗတ်၏သားယေရောဗောင်အား မိန့်တော်မူသောစကားကို ပြည့်စုံစေတော်မူမည် အကြောင်းတည်း။ 16 ဣသရေလအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင် နားမထောင်ကြောင်းကို သိမြင်လျှင်၊ ငါတို့သည် ဒါဝိဒ်နှင့် အဘယ်သို့ဆက်ဆံသနည်း။ ယေရှဲ၏သားနှင့် အဘယ်သို့အမွေခံရသေးသနည်း။ အိုဣသရေလအမျိုး၊ သင်တို့နေရာသို့ သွားကြ။ အိုဒါဝိဒ်၊ သင်၏အိမ်ကို ကြည့်ရှုလော့ဟု ရှင်ဘုရင်အားပြန်ပြောလျက်၊ ဣသရေလလူတို့သည် မိမိတို့နေရာသို့ ပြန်သွားကြ၏။၂ရာ၊၂၀:၁။17 သို့ရာတွင် ယုဒမြို့ရွာတို့၌နေသော ဣသရေလလူတို့ကို ရောဗောင်သည် အုပ်စိုးရသေး၏။ 18 ထိုအခါ ရောဗောင်မင်းကြီးသည် အခွန်တော်ဝန်အဒေါနိရံကို စေလွှတ်၍ ဣသရေလ လူအပေါင်းတို့သည် သူ့ကိုသေအောင် ကျောက်ခဲနှင့်ပစ်ကြ၏။ 19 ရောဗောင်မင်းကြီးသည် ရထားတော်ကိုအလျင်အမြန်တက်၍ ယေရုရှလင်မြို့သို့ ပြေးလေ၏။ ထိုသို့ ဣသရေလအမျိုးသည် ယနေ့တိုင်အောင် ဒါဝိဒ်မင်းမျိုးကို ပုန်ကန်ကြ၏။ 20 ယေရောဗောင်ပြန်လာကြောင်းကို ဣသရေလအမျိုးသားအပေါင်းတို့သည် ကြားသောအခါ၊ လူကိုစေလွှတ်၍၊ ယေရောဗောင်ကို စည်းဝေးရာပရိသတ်ထံသို့ ခေါ်ပြီးလျှင်၊ ဣသရေလအမျိုးကိုအုပ်စိုးသော ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ယုဒအမျိုးမှတစ်ပါး အဘယ်အမျိုးမျှ ဒါဝိဒ်မင်းမျိုးသို့ မဆည်းကပ်။
21 ရောဗောင်သည် ယေရုရှလင်မြို့သို့ ရောက်သောအခါ၊ ဣသရေလအမျိုးကိုစစ်တိုက်၍ နိုင်ငံတော်ကို ရှောလမုန်သား ရောဗောင်လက်သို့ ရောက်ပြန်စေခြင်းငှာ၊ ဗင်္ယာမိန်အမျိုးနှင့်တကွ ယုဒအမျိုးသားအပေါင်းတို့နှင့် ရွေးချယ်သောစစ်သူရဲ တစ်သိန်းရှစ်သောင်းတို့ကို စုဝေးစေ၏။ 22 သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘုရားသခင်၏လူ ရှေမာယသို့ရောက်၍၊ 23 သင်သည် ရှောလမုန်သား၊ ယုဒရှင်ဘုရင်ရောဗောင်နှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးသားများ၊ ကျန်ကြွင်းသောသူများတို့အား ထာဝရဘုရား၏ အမိန့်တော်ကိုဆင့်ဆိုရမည်မှာ၊ 24 သင်တို့ညီအစ်ကိုဖြစ်သော ဣသရေလအမျိုးသားတို့ကို စစ်တိုက်ခြင်းငှာ ချီ၍မသွားကြနှင့်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ ပြန်သွားကြလော့။ ဤအမှုသည် ငါအခွင့်ပေးသောကြောင့်ဖြစ်၏ဟု မိန့်တော်မူသော ထာဝရဘုရား၏စကားတော်ကိုနားထောင်၍ စကားတော်အတိုင်း ပြန်သွားကြ၏။
25 ထိုနောက် ယေရောဗောင်သည် ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကိုတည်၍ နေရာချ၏။ ထိုမြို့မှသွား၍ ပေနွေလမြို့ကိုလည်း တည်၏။ 26 ယေရောဗောင်က၊ ဤနိုင်ငံသည် ဒါဝိဒ်မင်းမျိုးလက်သို့ ပြန်ကောင်းပြန်လိမ့်မည်။ 27 ပြည်သားတို့သည် ထာဝရဘုရား၏ဗိမာန်တော်၌ ယဇ်ပူဇော်ခြင်းငှာ ယေရုရှလင်မြို့သို့သွားလျှင်၊ သူတို့စိတ်နှလုံးသည် မိမိတို့သခင် ယုဒရှင်ဘုရင် ရောဗောင်ဘက်သို့ ပြောင်းလဲ၍၊ ငါ့ကိုသတ်ပြီးမှ ယုဒရှင်ဘုရင်ရောဗောင်ဘက်သို့ တစ်ဖန် ဝင်စားကြလိမ့်မည်ဟု အောက်မေ့သောကြောင့်၊ 28 သူတစ်ပါးနှင့်တိုင်ပင်၍ ရွှေနွားသငယ်နှစ်ကောင်ကိုလုပ်ပြီးလျှင်၊ သင်တို့သည် ယေရုရှလင်မြို့သို့ သွားရသောအမှုခက်လှ၏။ အို ဣသရေလအမျိုး၊ သင်တို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သောဘုရားတို့ကို ကြည့်ရှုကြလော့ဟု ဆိုလျက်၊ထွ၊ ၃၂:၄။29 ဗေသလမြို့၌တစ်ကောင်၊ ဒန်မြို့၌ တစ်ကောင်ကို ထားသဖြင့်၊ 30 ပြစ်မှားစရာအကြောင်းကို ပြုလေ၏။ ပြည်သားတို့သည် နွားသငယ်ကို ကိုးကွယ်ခြင်းငှာ၊ ဒန်မြို့တိုင်အောင် သွားတတ်ကြ၏။ 31 ယေရောဗောင်သည်လည်း၊ မြင့်သောအရပ်ပေါ်မှာ အိမ်ကိုဆောက်၍၊ လေဝိသားမဟုတ်သော သာမညလူတို့ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလေ၏။
32 ယုဒပြည်၌ခံသောပွဲကဲ့သို့ အဋ္ဌမလ တစ်ဆယ့်ငါးရက်နေ့တွင် ပွဲကိုစီရင်၍၊ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်၏။ ထိုသို့ ဗေသလမြို့၌စီရင်၍၊ မိမိလုပ်သောနွားသငယ်တို့အား ယဇ်ပူဇော်၏။ မြင့်သောအရပ်၌ ခန့်ထားသော ယဇ်ပုရောဟိတ်တို့ကိုလည်း ဗေသလမြို့မှာ နေရာချ၏။ဝတ်၊ ၂၃: ၃၃-၃၄။33 ထိုသို့ ကိုယ်အလိုအလျောက် ချိန်းချက်သော အဋ္ဌမလတစ်ဆယ့်ငါးရက်နေ့တွင် ဗေသလမြို့၌ မိမိလုပ်သော ယဇ်ပလ္လင်ပေါ်မှာပူဇော်၏။ ဣသရေလအမျိုးသားတို့အား ပွဲကိုလည်းစီရင်၏။ ယဇ်ပလ္လင်ပေါ်မှာ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့၏။
1 2Cr 10.1Foi Roboão a Siquém, Jz 9.6pois todo o Israel lá se congregara para o fazer rei. 2 1Rs 11.26,40Tendo Jeroboão, filho de Nebate, ouvido isso (pois estava ainda no Egito, para onde tinha fugido da presença do rei Salomão, onde habitava, 3 e donde mandaram chamá-lo.), veio com toda a congregação de Israel, e falaram a Roboão, dizendo: 4 1Rs 4.7,22-25;9.15;1Sm 8.11-18Teu pai fez pesado o nosso jugo; agora, alivia a dura servidão de teu pai e o pesado jugo que nos impôs, e nós te serviremos. 5 Ele lhes respondeu: 1Rs 12.12Ide-vos e, depois de três dias, voltai a mim. Retirou-se o povo.
6 1Rs 4.1-6Teve o rei Roboão conselho com os velhos que tinham assistido diante de seu pai Salomão, quando este ainda vivia, dizendo: Que me aconselhais vós que eu responda a este povo? 7 Eles lhe disseram: Se te tornares hoje servo deste povo, e o servires, e lhe atenderes, e lhe falares boas palavras, eles se farão teus servos para sempre. 8 Ele, porém, abandonou o conselho que os velhos lhe tinham dado e teve conselho com os mancebos que haviam crescido com ele e lhe assistiam. 9 Perguntou-lhes: Que aconselhais vós que respondamos a este povo, que me disse: Alivia o jugo que teu pai nos impôs? 10 Responderam-lhe os mancebos que haviam crescido com ele: Assim dirás a este povo que te falou: Teu pai fez pesado o nosso jugo, porém alivia-o de sobre nós; assim lhe falarás: Meu dedo mínimo é mais grosso do que os lombos de meu pai. 11 Assim que, se meu pai vos carregou de um jugo pesado, eu hei de acrescentar ainda sobre o vosso jugo; meu pai vos castigou com açoites, porém eu hei de vos castigar com escorpiões.
12 Veio Jeroboão com todo o povo a Roboão, no terceiro dia, como o rei lhes ordenou, dizendo: 1Rs 12.5Voltai a mim ao terceiro dia. 13 O rei respondeu asperamente ao povo e deixou o conselho que os velhos lhe tinham dado; 14 e falou-lhe segundo o conselho dos mancebos, dizendo: Êx 1.13-14;5.5-9,16-18Meu pai fez pesado o vosso jugo, porém eu hei de acrescentar sobre o vosso jugo; meu pai vos castigou com açoites, porém eu hei de vos castigar com escorpiões. 15 O rei não deu ouvidos ao povo, 1Rs 12.24;Dt 2.30;Jz 14.4porque isso veio da parte de Jeová, 1Rs 11.11,31para confirmar a palavra que Jeová falou a Jeroboão, filho de Nebate, por intermédio de Aías, silonita.
16 Vendo o povo que o rei não lhe dava ouvidos, respondeu-lhe: Que parte temos nós em Davi? Nem temos herança no filho de Jessé. 2Sm 20.1Às vossas tendas, ó Israel! Agora, cuida da tua casa, ó Davi! Assim, Israel se foi para as suas tendas. 17 Mas, 1Rs 11.13,36quanto aos filhos de Israel que habitavam nas cidades de Judá, sobre eles reinou Roboão. 18 Então, o rei Roboão enviou 1Rs 4.6;5.14;2Sm 20.24Adorão, que estava sobre a leva dos trabalhadores forçados; e todo o Israel o apedrejou até que ele morreu. O rei Roboão, a toda a pressa, montou no seu carro, a fim de fugir para Jerusalém. 19 Assim, 2Rs 17.21Israel se rebelou contra a casa de Davi até o dia de hoje. 20 Tendo ouvido todo o Israel que Jeroboão tinha voltado, mandaram chamá-lo para a congregação e fizeram-no rei sobre todo o Israel; 1Rs 11.13,32,36não houve ninguém que seguisse a casa de Davi, senão somente a tribo de Judá.
21 2Cr 11.1Tendo Roboão chegado a Jerusalém, fez ajuntar toda a casa de Judá e a tribo de Benjamim, cento e oitenta mil homens escolhidos, que eram guerreiros, para pelejar contra a casa de Israel, a fim de restituir o reino a Roboão, filho de Salomão. 22 Veio, porém, a palavra de Deus a 2Cr 12.5-7Semaías, homem de Deus, dizendo: 23 Fala a Roboão, filho de Salomão, rei de Judá, e a toda a casa de Judá e de Benjamim, 1Rs 12.17e ao restante do povo: 24 Assim diz Jeová: Não subireis, nem pelejareis contra vossos irmãos, filhos de Israel; volte cada um para casa, 1Rs 12.15porque isso veio da minha parte. Ouviram a palavra de Jeová, voltaram e se foram em obediência a ela.
25 Então, Jz 9.45-49edificou Jeroboão a Siquém, na região montanhosa de Efraim, e residiu ali; dali saiu e edificou a Gn 32.30-31;Jz 8.8,17Penuel. 26 Disse Jeroboão no seu coração: Agora, tornará o reino para a casa de Davi. 27 Dt 12.5-7,14Se este povo subir para oferecer sacrifícios na Casa de Jeová, em Jerusalém, o coração dele se tornará para o seu senhor Roboão, rei de Judá; a mim me matarão e voltarão para Roboão, rei de Judá. 28 Pelo que o rei, depois de conselhos tomados, 2Rs 10.29;17.16;Os 8.4-7fez de ouro dois bezerros e disse ao povo: Basta de subirdes a Jerusalém; Êx 32.4,8eis os teus deuses, ó Israel, que te tiraram da terra do Egito. 29 Pôs um Gn 28.19em Betel e o outro colocou ele em Jz 18.26-31Dã. 30 1Rs 13.34;2Rs 17.21Isso se tornou em pecado, pois o povo ia até Dã a adorar o bezerro. 31 1Rs 13.32Nos altos, fez casas e, dentre todo o povo, 1Rs 13.33;2Rs 17.32;2Cr 13.9constituiu sacerdotes que não eram dos filhos de Levi. 32 Jeroboão ordenou uma festa no oitavo mês, aos quinze dias do mês, Lv 23.33-34;Nm 29.12como a festa que se celebrava em Judá, e subiu ao altar. Assim fez em Betel, oferecendo sacrifícios aos bezerros que tinha fabricado; e estabeleceu em Betel Am 7.10-13os sacerdotes dos altos que fizera. 33 Subiu ao altar que ele fizera em Betel, ao décimo quinto dia do oitavo mês, isto é, do mês que ele tinha escolhido a seu bel prazer; e ordenou uma festa para os filhos de Israel e subiu ao altar 1Rs 13.1para queimar incenso.