1,2 နေဗတ်၏သား ယေရောဗောင်မင်းကြီး နန်းစံတစ်ဆယ်ရှစ်နှစ်တွင်၊ အဘိယသည် ယေရုရှလင်မြို့၌ မင်းပြု၍၊ ယုဒပြည်ကိုသုံးနှစ်စိုးစံ၏။ မယ်တော်ကား၊ အဘရှလုံ၏သမီး မာခါအမည်ရှိ၏။ 3 ခမည်းတော်ပြုသော ဒုစရိုက်ကိုပြုမြဲပြု၍၊ ဘေးတော်ဒါဝိဒ်ကဲ့သို့ မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ စိတ်နှလုံးစုံလင်သည်မဟုတ်။ 4 သို့သော်လည်း ဒါဝိဒ်၏မျက်နှာကိုထောက်၍၊ သူ၏ဘုရားသခင်ထာဝရဘုရားသည် ဆွေတော်မျိုးတော်ကို ချီးမြှောက်၍၊ ယေရုရှလင်မြို့ကို တည်စေသဖြင့်၊ ထိုမြို့၌ ဒါဝိဒ်၏မီးခွက်ကို ထွန်းလင်းစေတော်မူ၏။၃ရာ၊၁၁:၃၆။5 အကြောင်းမူကား၊ ဒါဝိဒ်သည် ဟိတ္တိအမျိုး ဥရိယအမှုကိုထားလျှင်၊ တစ်သက်လုံး ထာဝရဘုရားမှာထားတော်မူသော အမှုတစ်စုံတစ်ခုကိုမျှ မရှောင်၊ ရှေ့တော်၌ တရားသဖြင့် ကျင့်သောအကြောင်းတည်း။၂ရာ၊၁၁:၁-၂၇။6 ရောဗောင်သားအဘိယနှင့် ယေရောဗောင်တို့သည် အသက်ရှည်သမျှကာလပတ်လုံး ရန်ဘက်ပြုကြ၏။၆ရာ၊၁၃:၃-၂၁။
7 အဘိယပြုမူသောအမှုအရာ ကြွင်းသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ 8 အဘိယသည်ဘိုးဘေးတို့နှင့် အိပ်ပျော်၍ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်အာသသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
9 ဣသရေလရှင်ဘုရင် ယေရောဗောင် နန်းစံနှစ်ဆယ်တွင်၊ အာသသည် ယေရုရှလင်မြို့၌ လေးဆယ်တစ်နှစ်မင်းပြု၍ ယုဒပြည်ကိုစိုးစံလေ၏။ 10 အဖွားတော်ကား၊ အဘရှလုံ၏သမီး မာခါဖြစ်၏။ 11 အာသသည် အဘီတော်ဒါဝိဒ်ပြုသကဲ့သို့ ထာဝရဘုရားရှေ့တော်၌ တရားသဖြင့်ပြု၏။ 12 ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာတို့ကိုလည်းကောင်း၊ ဘိုးတော်ဘေးတော်လုပ်သော ရုပ်တုရှိသမျှတို့ကိုလည်းကောင်း၊ ပြည်တော်ထဲက ပယ်ရှားတော်မူ၏။၆ရာ၊၁၅:၈-၁၅။13 အဖွားတော်မာခါသည် အာရှရပင်အဖို့ ရုပ်တုကိုလုပ်သောကြောင့်၊ မိဖုရားအရာကိုနုတ်၍၊ ရုပ်တုကို ဖျက်ဆီးပြီးလျှင်၊ ကေဒြုန်ချောင်းနားမှာ မီးရှို့တော်မူ၏။ 14 မြင့်သောအရပ်တို့ကို မပယ်ရှားသော်လည်း၊ လက်ထက်တော် ကာလပတ်လုံး၊ အာသစိတ်နှလုံးသည် ထာဝရဘုရားရှေ့တော်၌ စုံလင်ခြင်းရှိ၏။ 15 ခမည်းတော်လှူသော ဥစ္စာ၊ ကိုယ်တိုင်လှူသော ဥစ္စာ၊ ရွှေ၊ ငွေတန်ဆာများကို ဗိမာန်တော်ထဲသို့သွင်းတော်မူ၏။
16 အာသနှင့် ဣသရေလရှင်ဘုရင် ဗာရှာတို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။ 17 ဣသရေလရှင်ဘုရင် ဗာရှာသည် ယုဒပြည်သို့စစ်ချီ၍၊ ယုဒရှင်ဘုရင်အာသထံသို့ အဘယ်သူမျှ မထွက်မဝင်စေခြင်းငှာ ရာမမြို့ကိုတည်၏။ 18 ထိုအခါ ကျန်ကြွင်းသော ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာတည်းဟူသော ရွှေငွေရှိသမျှကို အာသသည်ယူ၍ မိမိကျွန်တို့၌အပ်သဖြင့်၊ ဒမာသက်မြို့မှာနေသော ရှုရိရှင်ဘုရင် ရေဇုန်သား တာဗရိမုန်၏သား ဗင်္ဟာဒဒ်ထံသို့ ပေးလိုက်၍၊ 19 ငါသည်သင်နှင့်လည်းကောင်း၊ ငါ့ခမည်းတော်သည် သင့်ခမည်းတော်နှင့်လည်းကောင်း၊ မိတ်သဟာယဖွဲ့ခြင်းရှိသည်ဖြစ်၍၊ ရွှေငွေကို ငါလက်ဆောင်ပေးလိုက်၏။ ဣသရေလ ရှင်ဘုရင်ဗာရှာသည် ငါ့ထံမှ ထွက်သွားစေခြင်းငှာ၊ သူနှင့်ဖွဲ့သော မိတ်သဟာယကိုဖျက်၍လာပါဟု မှာလိုက်လေ၏။ 20 အာသမင်းကြီး၏စကားကို ဗင်္ဟာဒဒ်သည် နားထောင်၍၊ ဣသရေလမြို့ရွာတို့ကို စစ်ချီစေခြင်းငှာ မိမိဗိုလ်များကို စေလွှတ်သဖြင့်၊ သူတို့သည် ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလဗက်မာခါမြို့မှစ၍ ဂင်္နေသရက်ပြည်လုံး၊ နဿလိပြည်လုံးကို လုပ်ကြံကြ၏။ 21 ထိုသတင်းကို ဗာရှာသည် ကြားသောအခါ၊ ရာမမြို့ကို လက်စမသတ်ဘဲ တိရဇမြို့၌ နေရ၏။ 22 ထိုအခါ အာသမင်းကြီးသည် ယုဒပြည်တစ်လျှောက်လုံးတွင် အမိန့်တော်ကို ကြော်ငြာစေသဖြင့်၊ ပြည်သားတစ်ယောက်မျှမလွတ်၊ ရှိသမျှတို့သည် ရာမမြို့၌ ဗာရှာမင်းသွင်းသောကျောက်နှင့် သစ်သားကိုယူသွားကြ၍၊ အာသမင်းကြီးသည် ဗင်္ယာမိန်ခရိုင်၌ဂေဘမြို့နှင့် မိဇပါမြို့ကိုတည်၏။ 23 အာသမင်းပြုမူသော အမှုအရာကြွင်းသမျှနှင့် တန်ခိုးကြီးခြင်း၊ မြို့များကိုတည်ခြင်းအရာတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ သို့ရာတွင် အသက်ကြီးသောအခါ ခြေတော်၌အနာရောဂါစွဲသဖြင့်၊ 24 ဘိုးဘေးတို့နှင့်အိပ်ပျော်၍ အဘီတော်ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်ယောရှဖတ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
25 ယုဒရှင်ဘုရင် အာသနန်းစံနှစ်နှစ်တွင်၊ ယေရောဗောင်သား နာဒဒ်သည် ဣသရေလနိုင်ငံ၌ မင်းပြု၍ နှစ်နှစ်စိုးစံ၏။ 26 ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ခမည်းတော်လိုက်သောလမ်း၊ ဣသရေလအမျိုးကို ပြစ်မှားစေသောလမ်းသို့ လိုက်လေ၏။ 27 ဣသခါအမျိုး၊ အဟိယသားဗာရှာသည် သင်းဖွဲ့၍၊ နာဒဒ်မင်းနှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် ဖိလိတ္တိပြည် ဂိဗေသုန်မြို့ကို ဝိုင်းထားကြစဉ်၊ 28 ယုဒရှင်ဘုရင်အာသ နန်းစံသုံးနှစ်တွင်၊ ဗာရှာသည် နာဒဒ်မင်းကိုလုပ်ကြံ၍ နန်းထိုင်လေ၏။ 29 နန်းထိုင်သောအခါ ယေရောဗောင်အမျိုးရှိသမျှကိုလည်း လုပ်ကြံ၏။ ထာဝရဘုရားသည်မိမိကျွန်၊ ရှိလောမြို့သား အဟိယအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ယေရောဗောင်အမျိုးကို မဖျက်မီတိုင်အောင်၊ အသက်ရှူသောသူ တစ်ယောက်ကိုမျှ မချန်မထား။၃ရာ၊၁၄:၁၀။30 အကြောင်းမူကား၊ ယေရောဗောင်သည် ကိုယ်တိုင်ပြစ်မှားသောအပြစ်နှင့် ဣသရေလအမျိုးကိုလည်း ပြစ်မှားစေသောအပြစ်အားဖြင့်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်သောအကြောင်းတည်း။ 31 နာဒဒ်မင်းပြုမူသော အမှုအရာကြွင်းသမျှတို့သည် ဣသရေလရာဇဝင်၌ရေးထားလျက်ရှိ၏။ 32 အာသနှင့် ဣသရေလရှင်ဘုရင် ဗာရှာတို့သည် အသက်ရှည်သမျှ ကာလပတ်လုံးရန်ဘက်ပြုကြ၏။
33 ယုဒရှင်ဘုရင် အာသနန်းစံသုံးနှစ်တွင်၊ အဟိယသားဗာရှာသည် တိရဇမြို့မှာမင်းပြု၍၊ ဣသရေလနိုင်ငံကို နှစ်ဆယ်လေးနှစ် စိုးစံ၏။ 34 ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ယေရောဗောင်လိုက်သောလမ်း၊ ဣသရေလအမျိုးကို ပြစ်မှားစေသောလမ်းသို့ လိုက်လေ၏။
1 2Cr 13.1Ora, no décimo oitavo ano do rei Jeroboão, filho de Nebate, começou Abias a reinar sobre Judá. 2 Reinou três anos em Jerusalém. Sua mãe chamava-se Maaca, filha de Absalão. 3 Andou em todos os pecados que seu pai tinha cometido antes dele; 1Rs 11.4o seu coração não era perfeito para com Jeová, seu Deus, como o fora o coração de seu pai Davi. 4 Todavia, em atenção a Davi, deu-lhe Jeová uma 1Rs 11.36;2Sm 21.17lâmpada em Jerusalém, suscitando a seu filho depois dele e dando estabilidade a Jerusalém; 5 1Rs 9.4;14.8porque Davi fez o que era reto aos olhos de Jeová e em nada se afastou de tudo o que lhe ordenou em todos os dias da sua vida, 2Sm 11.4,15-17;12.9-10exceto no que se passou a respeito de Urias, heteu. 6 1Rs 14.30Houve sempre guerra entre Roboão e Jeroboão.
7 2Cr 13.2,21-22O restante dos atos de Abias, e tudo o que ele fez, não estão, porventura, escritos no Livro das Crônicas dos Reis de Judá? 2Cr 13.3-20Houve guerra entre Abias e Jeroboão. 8 2Cr 14.1Adormeceu Abias com seus pais, e sepultaram-no na Cidade de Davi. Em seu lugar, reinou seu filho Asa.
9 No vigésimo ano de Jeroboão, rei de Israel, começou Asa a reinar sobre Judá. 10 Reinou quarenta e um anos em Jerusalém. 1Rs 15.2Sua mãe chamava-se Maaca, filha de Absalão. 11 2Cr 14.2Asa fez o que era reto aos olhos de Jeová, como o fizera Davi, seu pai. 12 1Rs 14.24;22.46;Dt 23.17Tirou da terra os sodomitas e 1Rs 11.7-8;14.23;2Cr 14.2-5removeu todos os ídolos que seus pais tinham feito. 13 Também 2Cr 15.16-18a Maaca, sua mãe, a removeu, para não ser ela rainha-mãe, porque tinha feito uma imagem horrível para servir de Aserá; Asa cortou essa imagem que ela tinha feito e a Êx 32.20queimou junto à torrente de Cedrom. 14 1Rs 22.43;2Rs 12.3Os altos, porém, não foram tirados; todavia, 1Rs 15.3;1Rs 8.61o coração de Asa foi perfeito todos os seus dias para com Jeová. 15 1Rs 7.51Meteu na Casa de Jeová as coisas que seu pai tinha dedicado e as que ele mesmo tinha dedicado: prata, e ouro, e vasos.
16 1Rs 15.32Houve sempre guerra entre Asa e Baasa, rei de Israel. 17 Pois 2Cr 16.1-6Baasa, rei de Israel, subiu contra Judá e 1Rs 15.21-22edificou a Ramá, 1Rs 12.26-29para que não deixasse sair alguém dos territórios de Asa, rei de Judá, nem neles entrar. 18 Então, 1Rs 15.15;1Rs 14.26tomou Asa toda a prata e ouro que ficaram nos tesouros da Casa de Jeová, e os tesouros da casa do rei e os entregou nas mãos dos seus servos. 2Rs 12.17-18O rei Asa enviou-os a Ben-Hadade, filho de Tabirimom, filho de Heziom, rei da Síria, que habitava em 1Rs 11.23-24;Gn 14.15Damasco, dizendo: 19 Haja 2Cr 16.7aliança entre mim e ti, como houve entre meu pai e teu pai. Eis que te envio um presente de prata e de ouro; vai e quebra a tua aliança com Baasa, rei de Israel, para que ele se retire de mim. 20 Ben-Hadade deu ouvidos ao rei Asa, e enviou os generais dos seus exércitos contra as cidades de Israel, e feriu a 2Rs 15.29Ijom, a 1Rs 12.29Dã, a 2Rs 15.29Abel-Bete-Maaca e todo o distrito Js 11.2;12.3de Quinerete, juntamente com toda a terra de Naftali. 21 O que tendo Baasa ouvido, 1Rs 15.17deixou de edificar a Ramá e habitou em 1Rs 14.17;16.15-18Tirza. 22 O rei Asa convocou a todo o Judá, sem excetuar ninguém. Levaram as pedras de Ramá e as suas madeiras, que Baasa havia empregado em a edificar, e com elas edificou o rei Asa a Js 18.24;21.17Geba de Benjamim e a Mispa.
23 Ora, 2Cr 16.11-14o restante de todos os atos de Asa, e todo o seu poder, e tudo o que ele fez, e as cidades que edificou não estão, porventura, escritos no Livro das Crônicas dos Reis de Judá? Porém, no tempo da sua velhice, padeceu dos pés. 24 Asa adormeceu com seus pais e foi sepultado com eles na Cidade de Davi, seu pai. 1Rs 22.41-44;2Cr 17.1Em seu lugar, reinou seu filho Josafá.
25 1Rs 14.20Nadabe, filho de Jeroboão, começou a reinar sobre Israel no segundo ano de Asa, rei de Judá; e reinou sobre Israel dois anos. 26 Fez o mal à vista de Jeová e 1Rs 12.28-33;13.33-34andou nos caminhos de seu pai e no 1Rs 14.16;15.30,34pecado que seu pai tinha feito Israel cometer. 27 1Rs 14.14Conspirou contra ele Baasa, filho de Aías, da casa de Issacar, e feriu-o em Js 19.44;21.23Gibetom, que pertencia aos filisteus. Nadabe e todo o Israel sitiavam a Gibetom. 28 Baasa matou a Nadabe, no terceiro ano de Asa, rei de Judá, e reinou em lugar dele. 29 Tanto que começou a reinar, matou a toda a casa de Jeroboão (não lhe deixou ninguém com vida, exterminando-o, 1Rs 14.9-16conforme a palavra que Jeová falou por intermédio do seu servo Aías, silonita.), 30 por causa dos pecados que Jeroboão cometera e 1Rs 15.26pelos que fizera Israel cometer, por causa da provocação com que irritara a Jeová, Deus de Israel.
31 1Rs 14.19Ora, o restante dos atos de Nadabe e tudo o que ele fez não estão, porventura, escritos no Livro das Crônicas dos Reis de Israel? 32 Houve sempre guerra entre Asa e Baasa, rei de Israel1Rs 15.16.
33 No terceiro ano de Asa, rei de Judá, começou Baasa, filho de Aías, a reinar sobre todo o Israel, em Tirza, e reinou vinte e quatro anos. 34 Ele fez o mal à vista de Jeová 1Rs 15.26e andou no caminho de Jeroboão e no pecado que ele tinha feito Israel cometer.