1 ထိုအခါ ယေရောဗောင်သည် နံ့သာပေါင်းကို မီးရှို့ခြင်းငှာ ယဇ်ပလ္လင်နားမှာရပ်နေစဉ်တွင်၊ ဘုရားသခင်၏ လူတစ်ယောက်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း၊ ယုဒပြည်မှ ဗေသလမြို့သို့ ရောက်လာ၍၊ 2 ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း ယဇ်ပလ္လင်တစ်ဖက်၌ ကြွေးကြော်လျက်၊ အိုယဇ်ပလ္လင်၊ ယဇ်ပလ္လင်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဒါဝိဒ်မင်းမျိုး၌ ယောရှိအမည်ရှိသောသူကို ဖွားမြင်လိမ့်မည်။ သင့်အပေါ်မှာ နံ့သာပေါင်းကိုမီးရှို့၍၊ မြင့်သောအရပ်၌ ယဇ်ပုရောဟိတ်လုပ်သောသူတို့ကို ထိုသူသည် သင့်အပေါ်မှာပူဇော်၍၊ လူသေအရိုးတို့ကိုမီးရှို့လိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။၄ရာ၊ ၂၃: ၁၅-၁၆။3 ထိုနေ့ချင်းတွင် ပုပ္ပနိမိတ်ကိုလည်းပေး၍ ထာဝရဘုရားမိန့်တော်မူသော ပုပ္ပနိမိတ်ဟူမူကား၊ ယဇ်ပလ္လင်သည်ကွဲ၍ ပလ္လင်ပေါ်မှာရှိသောပြာလည်း ယိုကျလိမ့်မည်ဟု ဟောလေ၏။ 4 ထိုသို့ ဘုရားသခင်၏လူသည် ဗေသလမြို့ ယဇ်ပလ္လင်တစ်ဖက်၌ ကြွေးကြော်သောစကားကို ယေရောဗောင်မင်းကြီးသည် ကြားလျှင်၊ ယဇ်ပလ္လင်ပေါ်မှာရှိသော မိမိလက်ကိုဆန့်၍ ထိုသူကိုဖမ်းဆီးကြဟုဆိုလျက်၊ ဆန့်သောလက်သည် သွေ့ခြောက်၍ နောက်တစ်ဖန်မရုပ်နိုင်။ 5 ဘုရားသခင်၏လူသည် ထာဝရဘုရား၏နှုတ်ကပတ်တော်အတိုင်း ပေးသောပုပ္ပနိမိတ်နှင့်အညီ ယဇ်ပလ္လင်ကွဲ၍၊ ပြာသည်လည်း ပလ္လင်ပေါ်က ယိုကျလေ၏။ 6 ရှင်ဘုရင်ကလည်း၊ ငါ့လက်၌ ရောက်သောရောဂါကို ပျောက်စေမည်အကြောင်း၊ ငါ့အတွက်ပတ္ထနာပြု၍ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်ပါလော့ဟု ဘုရားသခင်၏လူကိုပြောဆို၏။ ဘုရားသခင်၏လူသည် ထာဝရဘုရားကို တောင်းပန်သဖြင့်၊ ရှင်ဘုရင်လက်သည် ရောဂါပျောက်၍ ပကတိအတိုင်းဖြစ်လေ၏။ 7 ရှင်ဘုရင်ကလည်း၊ ငါနှင့်အတူလိုက်၍ အားဖြည့်လော့။ လက်ဆောင်ပေးမည်ဟု ဘုရားသခင်၏လူအားဆိုလျှင်၊ 8 ဘုရားသခင်၏လူက၊ နန်းတော်တစ်ဝက်ကို ပေးသော်လည်း သင်နှင့်အတူ ငါမလိုက်။ ဤအရပ်၌ မုန့်ကိုမစား၊ ရေကိုလည်း မသောက်ရ။ 9 ထာဝရဘုရား၏နှုတ်ကပတ်တော်က၊ မုန့်ကို မစားနှင့်။ ရေကို မသောက်နှင့်။ လာသောလမ်းဖြင့် မပြန်နှင့်ဟု ငါ့အားပညတ်တော်မူပြီဟု ရှင်ဘုရင်အား ပြောဆို၏။ 10 ထိုနောက် ဗေသလမြို့သို့ လာသောလမ်းကိုရှောင်၍ အခြားသောလမ်းဖြင့် ပြန်သွား၏။
11 ထိုကာလ၌ ဗေသလမြို့တွင် အသက်ကြီးသော ပရောဖက်တစ်ယောက်ရှိ၏။ သူ၏သားတို့သည်လာ၍ ဘုရားသခင်၏လူသည် ထိုနေ့၌ ဗေသလမြို့မှာ ပြုသောအမှုရှိသမျှနှင့် ရှင်ဘုရင်အားပြောသောစကားများကို အဘအားပြန်ကြားလျှင်၊ 12 ယုဒပြည်မှလာသော ဘုရားသခင်၏လူသည် အဘယ်လမ်းဖြင့် ပြန်သွားသည်ကို မြင်ကြသောကြောင့်၊ အဘက ထိုသူသည် အဘယ်လမ်းဖြင့် ပြန်သွားသနည်းဟု မေးပြီးလျှင်၊ 13 မြည်းကို ကုန်းနှီးတင်ကြလော့ဟု ဆိုသည်အတိုင်း၊ သားတို့သည် မြည်းကိုကုန်းနှီးတင်၍ အဘသည် စီးသွားလျက်၊ 14 ဘုရားသခင်၏လူကိုလိုက်လေ၏။ သပိတ်ပင်အောက်မှာ ထိုင်လျက်ရှိသည်ကို တွေ့လျင်၊ သင်သည် ယုဒပြည်မှလာသော ဘုရားသခင်၏လူ မှန်သလောဟုမေးသော်၊ ငါမှန်သည်ဟု ပြန်ဆို၏။ 15 ပရောဖက်ကလည်း၊ ငါနှင့်အတူ ငါ့အိမ်သို့လိုက်၍ မုန့်ကိုစားပါလော့ဟု ခေါ်ပင့်လျှင်၊ 16 ငါသည် သင်နှင့်အတူ မလိုက်ရ၊ သင့်အိမ်သို့ မဝင်ရ။ ဤအရပ်၌ မုန့်ကိုမစား၊ ရေကိုလည်း မသောက်ရ။ 17 ထာဝရဘုရားက၊ ထိုအရပ်၌ မုန့်ကိုမစားနှင့်။ ရေကို မသောက်နှင့်။ လာသောလမ်းဖြင့် မပြန်နှင့်ဟု ငါ့အားမိန့်တော်မူကြောင်းကို ပြောဆို၏။ 18 ပရောဖက်ကလည်း၊ ငါသည် သင်ကဲ့သို့ပရောဖက်ဖြစ်၏။ သင်သည် မုန့်ကိုစား၍ ရေကိုသောက်စေခြင်းငှာ သင့်ကိုငါ့အိမ်သို့ ခေါ်ရမည်အကြောင်း၊ ကောင်းကင်တမန်သည် ထာဝရဘုရား၏နှုတ်ကပတ်တော်အားဖြင့် မှာထားပြီဟု မုသားသုံး၍ပြောဆို၏။ 19 ထိုကြောင့် ဘုရားသခင်၏လူသည် ပရောဖက်နှင့်အတူပြန်လာ၍၊ သူ၏အိမ်မှာ မုန့်ကိုစား၏။ ရေကိုလည်း သောက်၏။ 20 ထိုသူနှစ်ပါးတို့သည် စားပွဲနားမှာထိုင်စဉ်တွင်၊ ခေါ်ခဲ့သော ပရောဖက်သို့ ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ရောက်၍၊ 21 ယုဒပြည်မှလာသော ဘုရားသခင်၏လူအား၊ သင်သည် ထာဝရဘုရား၏နှုတ်တော်ထွက်ကို နားမထောင်၊ သင်၏ ဘုရားသခင်ထာဝရဘုရား ထားတော်မူသော ပညတ်တော်ကိုမစောင့်၊ 22 ဤမည်သောအရပ်၌ မုန့်ကိုမစားနှင့်။ ရေကိုမသောက်နှင့်ဟု ပညတ်တော်မူသောအရပ်သို့ ပြန်လာ၍ မုန့်နှင့်ရေကို စားသောက်သောကြောင့်၊ သင်၏အလောင်းသည် ဘိုးဘေးတို့၏သင်္ချိုင်းသို့ မရောက်ရဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို အော်ဟစ်၍ဆင့်ဆို၏။ 23 မုန့်နှင့်ရေကို စားသောက်ပြီးမှ၊ ထိုပရောဖက်သည် ပြန်လာသော ပရောဖက်အဖို့ မိမိမြည်းကိုကုန်းနှီးတင်၍ လွှတ်လိုက်လေ၏။ 24 လမ်းမှာ ခြင်္သေ့တွေ့၍သတ်၏။ အသေကောင်သည် လမ်း၌လဲ၍၊ မြည်းနှင့်ခြင်္သေ့သည် အနားမှာရပ်နေ၏။ 25 အသေကောင်သည် လမ်း၌လဲ၍ မြည်းနှင့်ခြင်္သေ့သည် အနားမှာရပ်နေသည်ကို ခရီးသွားသောသူတို့သည် မြင်လျှင်၊ အသက်ကြီးသော ပရောဖက်နေသောမြို့သို့လာ၍ သတင်းပြောကြ၏။ 26 ခေါ်ခဲ့သောပရောဖက်သည် ထိုသတင်းကိုကြားလျှင်၊ ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်သော ဘုရားသခင်၏လူ ဖြစ်လိမ့်မည်။ ထာဝရဘုရားသည် ထိုသူအားမိန့်တော်မူသောစကားအတိုင်း၊ သူ့ကိုခြင်္သေ့၌ အပ်တော်မူသဖြင့်၊ ခြင်္သေ့သည် ကိုက်သတ်လေပြီတကားဟု ဆိုလျက်၊ 27 မြည်းပေါ်မှာ ကုန်းနှီးကိုတင်ကြလော့ဟု သားတို့အားဆိုသည်အတိုင်း သူတို့သည် ကုန်းနှီးတင်ကြ၏။ 28 ပရောဖက်သွား၍ အသေကောင်သည် လမ်း၌လဲလျက်၊ မြည်းနှင့်ခြင်္သေ့သည် အနားမှာ ရပ်နေလျက်ရှိသည်ကို တွေ့၏။ ခြင်္သေ့သည် အသေကောင်ကို မစား၊ မြည်းကိုလည်း မကိုက်။ 29 အသက်ကြီးသောပရောဖက်သည် ဘုရားသခင်၏ လူအလောင်းကောင်ကို မြည်းပေါ်သို့ချီ၍ တင်ပြီးလျှင် ငိုကြွေးမြည်တမ်းခြင်းကို ပြု၍၊ သင်္ဂြိုဟ်ခြင်းငှာ မိမိမြို့သို့ ဆောင်သွား၏။ 30 အလောင်းကောင်ကို မိမိသင်္ချိုင်းတွင်း၌ ထားလျက်၊ အိုငါ့ညီဟူ၍ ငိုကြွေးမြည်တမ်းခြင်းကို ပြု၏။ 31 သင်္ဂြိုဟ်ပြီးမှ သားတို့ကိုခေါ်၍၊ ငါသေသောအခါ ဘုရားသခင်၏ လူသင်္ချိုင်းတွင်း၌ သင်္ဂြိုဟ်ကြလော့။ ငါ့အရိုးတို့ကို သူ့အရိုးတို့အနားမှာ ထားကြလော့။ 32 ဗေသလမြို့ ယဇ်ပလ္လင်တစ်ဖက် ရှမာရိမြို့ရွာတွင်၊ မြင့်သောအရပ်ပေါ်မှာ ဆောက်သော အိမ်များတစ်ဖက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း ကြွေးကြော်သောစကားသည် စင်စစ်ပြည့်စုံလိမ့်မည်ဟု မှာထားလေ၏။
33 ထိုနောက်မှ ယေရောဗောင်သည် မိမိအဓမ္မလမ်းကို မရှောင်။ သာမညလူတို့ကို မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ်အရာ၌ ထပ်၍ခန့်ထား၏။ ယဇ်ပုရောဟိတ်လုပ်ချင်သောသူရှိသမျှကို ချီးမြှောက်သဖြင့်၊ သူတို့သည် မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ် ဖြစ်ကြ၏။ 34 ထိုသို့ပြုသောကြောင့် ယေရောဗောင်အမျိုးကို မြေကြီးပြင်မှ သုတ်သင်ပယ်ရှင်းစေသောအပြစ် ရောက်သတည်း။
1 Eis que, por ordem de Deus, veio de Judá a Betel 1Rs 12.22;2Rs 23.17um homem de Deus (E Jeroboão estava ao lado do altar para 1Rs 12.33queimar incenso.). 2 Por ordem de Jeová, 1Rs 13.32exclamou contra o altar e disse: Altar, altar! Assim diz Jeová: Eis que nascerá na casa de Davi um filho que se chamará 2Rs 23.15-16Josias; ele sacrificará sobre ti os sacerdotes dos altos que sobre ti queimaram incenso, e ossos de homens se queimarão sobre ti. 3 Naquele mesmo dia, deu um sinal, dizendo: Êx 4.1-5;Jz 6.17Este é o sinal de que Jeová falou: Eis que se fenderá o altar, e se espalhará a cinza que está por cima dele. 4 Tendo o rei ouvido as palavras que o homem de Deus proferira contra o altar em Betel, Jeroboão estendeu, do altar, a mão, dizendo: Prendei-o. A mão que ele estendera contra o homem de Deus secou, de sorte que ele não a pôde trazer a si. 5 O altar também se fendeu, e a cinza se espalhou do altar, conforme o sinal que, por ordem de Jeová, havia dado o homem de Deus. 6 Então, respondeu o rei ao homem de Deus: Êx 8.8,28;9.28;At 8.24Consegue o favor de Jeová, teu Deus, e ora por mim, para que se me restitua a minha mão. Conseguiu Lc 6.27-28o homem de Deus o favor de Jeová, e a mão do rei se lhe restituiu e tornou-se como dantes era. 7 Disse o rei ao homem de Deus: Vem comigo para casa e conforta-te, e 1Sm 9.7-8;2Rs 5.15dar-te-ei uma recompensa. 8 Respondeu o homem de Deus ao rei: 1Rs 13.16-17;Nm 22.18;24.13Se me deres a metade da tua casa, não entrarei na tua casa, nem comerei pão, nem beberei água neste lugar. 9 Pois assim me foi intimado por ordem de Jeová, dizendo: Não comerás pão, nem beberás água, nem voltarás pelo caminho por que vieste. 10 Ele, pois, se foi por outro caminho e não voltou a Betel pelo caminho por que viera.
11 Ora, 1Rs 13.25;2Rs 23.18morava em Betel um velho profeta; veio um de seus filhos e contou-lhe tudo o que o homem de Deus fizera aquele dia em Betel; as palavras que tinha dito ao rei, contaram-nas também a seu pai. 12 Perguntou-lhes seu pai: Por que caminho se foi ele? Ora, tinham visto seus filhos o caminho por que voltara o homem de Deus, que tinha vindo de Judá. 13 Ele disse a seus filhos: Albardai-me o jumento. Albardaram-lhe o jumento, no qual ele montou. 14 Foi após o homem de Deus e o achou sentado debaixo do terebinto. Perguntou-lhe: És tu o homem de Deus que vieste de Judá? Ele respondeu: Sou. 15 Então, lhe disse: Vem comigo para casa e come pão. 16 Porém ele respondeu: 1Rs 13.8-9Não posso voltar contigo, nem entrar na tua casa; não comerei pão, nem beberei água contigo neste lugar, 17 porque me foi dito 1Rs 20.35por ordem de Jeová: Não comerás pão, nem beberás água ali, nem tornarás a ir pelo caminho por que foste. 18 Tornou-lhe: Eu também sou profeta como tu, e por ordem de Jeová falou-me um anjo, dizendo: Faze-o voltar contigo para a casa, para que ele coma pão e beba água. Mentiu-lhe. 19 Assim, voltou com ele, e comeu pão na sua casa, e bebeu água.
20 Estando eles à mesa, veio a palavra de Jeová ao profeta que o tinha feito voltar; 21 e clamou ao homem de Deus que tinha vindo de Judá, dizendo: Assim diz Jeová: Porquanto não obedeceste a ordem de Jeová e não guardaste o mandamento que Jeová, teu Deus, te ordenou, 22 mas voltaste, e comeste pão, e bebeste água no lugar de que te disse: Não comas pão, nem bebas água, o teu cadáver não entrará no sepulcro de teus pais. 23 Quando o profeta a quem tinha feito voltar havia comido pão e bebido água, albardou o jumento para ele. 24 Foi-se, e, no caminho, 1Rs 20.36um leão saiu-lhe ao encontro e matou-o; o seu cadáver ficou estendido no caminho, o jumento estava parado junto a ele, e também o leão ficou perto do cadáver. 25 Eis que, passando por ali certos homens, viram o cadáver estendido no caminho, e o leão posto em pé ao lado; foram e contaram-no na cidade onde 1Rs 13.11morava o velho profeta.
26 Tendo ouvido isso o profeta que o tinha feito voltar do caminho, disse: É o homem de Deus que desobedeceu à palavra de Jeová; por isso, Jeová o entregou ao leão, que o despedaçou e matou, conforme a palavra que Jeová lhe falou. 27 Disse a seus filhos: Albardai-me o jumento. Eles o fizeram. 28 Então, foi e achou o cadáver estendido no caminho, e o jumento e o leão que estavam ao lado; não tinha o leão devorado o cadáver, nem despedaçado ao jumento. 29 O profeta tomou o cadáver do homem de Deus, pô-lo em cima do jumento e levou-o consigo; e chegou à cidade do profeta velho para o chorar e para o enterrar. 30 Meteu o cadáver no seu sepulcro; e eles o choraram, dizendo: Ai! Meu irmão! 31 Depois de o haver enterrado, disse a seus filhos: Quando eu morrer, enterrai-me no sepulcro em que está enterrado o homem de Deus; 2Rs 23.17-18ponde os meus ossos junto aos seus ossos. 32 Porque certamente se cumprirão 1Rs 13.2as palavras que por ordem de Jeová exclamou contra o altar em Betel e 1Rs 12.31contra todas as casas dos altos que estão nas cidades de 1Rs 16.24Samaria.
33 Depois disso, não tornou Jeroboão do seu mau caminho, porém, dentre todo o povo, fez ainda sacerdotes dos altos; e consagrou Jz 17.5a todo aquele que o queria, para que houvesse sacerdotes dos altos. 34 1Rs 12.30;2Rs 17.21Isso se tornou em pecado à casa de Jeroboão, 1Rs 14.10;15.29-30para a cortar e para a destruir da face da terra.