1 ကာလအင်တန်ကြာ၍ သုံးနှစ်စေ့သောအခါ၊ ဧလိယသို့ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်က၊ သင်သည် အာဟပ်မင်းအားသွား၍ ကိုယ်ကိုပြလော့။ ငါသည်လည်း မြေပေါ်မှာမိုးရွာစေမည်ဟု မိန့်တော်မူသည်အတိုင်း၊ 2 ဧလိယသည် အာဟပ်မင်းအား ကိုယ်ကိုပြအံ့သောငှာ သွား၏။ ထိုအခါ ရှမာရိမြို့၌ ပြင်းစွာသော အစာအာဟာရခေါင်းပါးခြင်းဘေးရှိ၍၊ 3 အာဟပ်မင်းသည် နန်းတော်အုပ်ဩဗဒိကို ခေါ်၏။ ထိုဩဗဒိသည် ထာဝရဘုရားကို အလွန်ရိုသေသောသူဖြစ်၏။ 4 ယေဇဗေလသည် ထာဝရဘုရား၏ ပရောဖက်တို့ကို ပယ်ဖြတ်သောအခါ၊ ဩဗဒိသည် ပရောဖက်တစ်ရာကို မြေတွင်းထဲမှာ ငါးဆယ်စီဝှက်ထားပြီးလျှင်၊ မုန့်နှင့်ရေကိုပေး၍ ကျွေးလေ၏။ 5 အာဟပ်ကလည်း၊ တစ်ပြည်လုံးသို့လှည့်လည်၍ စမ်းရေတွင်းများ၊ ချောင်းများရှိရာအရပ်ရပ်သို့ သွားလော့။ တိရစ္ဆာန်အပေါင်းတို့သည် မသေ၊ မြင်းနှင့်လားတို့သည် အသက်လွတ်မည်အကြောင်း၊ မြက်ပင်ကို တွေ့ကောင်းတွေ့လိမ့်မည်ဟု ဩဗဒိအားဆိုလျက်၊ 6 သူတို့သည် တစ်ပြည်လုံးကို နှံ့ပြားအောင်ဝေဖန်၍၊ အာဟပ်နှင့် ဩဗဒိသည် လမ်းတခြားစီ ထွက်သွားကြ၏။ 7 ဩဗဒိသည် သွားစဉ်အခါ၊ ဧလိယသည် ဆီး၍ကြို၏။ ဩဗဒိသည် ဧလိယကိုသိ၍ ပျပ်ဝပ်လျက်၊ ကိုယ်တော်သည် အကျွန်ုပ်သခင်ဧလိယ မှန်ပါသလောဟု မေးလျှင်၊ 8 ဧလိယက ငါမှန်၏။ ဧလိယသည် ဤမည်သောအရပ်၌ရှိပါ၏ဟု သင့်သခင်ထံသို့သွား၍ လျှောက်လော့ဟု ပြောဆိုသော်၊ 9 ဩဗဒိကလည်း၊ ကိုယ်တော်ကျွန်၏အသက်ကို သတ်စေခြင်းငှာ အာဟပ်၌အပ်ရမည်အကြောင်း၊ ကိုယ်တော်ကျွန်သည် အဘယ်သို့ ပြစ်မှားဘိသနည်း။ 10 ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်ကို ရှာစေခြင်းငှာ အကျွန်ုပ်သခင်မစေလွှတ်သော တိုင်းနိုင်ငံတစ်ခုမျှ မရှိပါ။ တစ်ကျွန်းတစ်နိုင်ငံသားက၊ ဧလိယမရှိပါဟု လျှောက်သောအခါ၊ ကိုယ်တော်ကို ရှာ၍မတွေ့နိုင်ဟု ထိုတိုင်းနိုင်ငံသားတို့သည် အကျိန်ကိုခံရကြပါ၏။ 11 ယခုမူကား၊ ဧလိယသည် ဤမည်သောအရပ်၌ရှိပါ၏ဟု သင့်သခင်ထံသို့သွား၍ လျှောက်လော့ဟု မိန့်တော်မူပါသည်တကား။ 12 အကျွန်ုပ်သည် ကိုယ်တော်ထံမှ ထွက်သွား၍ အာဟပ်မင်းထံမှာလျှောက်စဉ်တွင်၊ ထာဝရဘုရား၏ဝိညာဉ်တော်သည် အကျွန်ုပ်မသိသောအရပ်သို့ ကိုယ်တော်ကို ဆောင်သွားတော်မူလျှင်၊ အာဟပ်မင်းသည် ကိုယ်တော်ကိုမတွေ့နိုင်သောအခါ အကျွန်ုပ်ကို သတ်ပါလိမ့်မည်။ ကိုယ်တော်ကျွန်မူကား၊ အသက်ငယ်စဉ်ကာလမှစ၍ ထာဝရဘုရားကိုရိုသေပါပြီ။ 13 ယေဇဗေလသည် ထာဝရဘုရား၏ ပရောဖက်တို့ကို သတ်သောအခါ၊ အကျွန်ုပ်ပြုသောအမှုတည်းဟူသော ထာဝရဘုရား၏ ပရောဖက်တစ်ရာကို မြေတွင်းထဲမှာ ငါးဆယ်စီဝှက်ထားပြီးလျှင်၊ မုန့်နှင့် ရေကိုပေး၍ ကျွေးကြောင်းကို အကျွန်ုပ်သခင် ကြားတော်မမူသလော။ 14 ယခုမူကား၊ ဧလိယသည် ဤမည်သောအရပ်၌ရှိပါ၏ဟု သင့်သခင်ထံသို့သွား၍ လျှောက်လော့ဟု ကိုယ်တော်မိန့်တော်မူသည်ဖြစ်၍၊ အာဟပ်သည် အကျွန်ုပ်ကို သတ်ပါလိမ့်မည်ဟု ပြန်ဆို၏။ 15 ဧလိယကလည်း၊ ငါကိုးကွယ်သော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ငါသည် ယနေ့အာဟပ်မင်းအား ကိုယ်ကိုအမှန်ပြမည်ဟု ဆိုပြန်သော်၊ 16 ဩဗဒိသည် အာဟပ်မင်းထံသို့သွား၍ လျှောက်သဖြင့်၊ အာဟပ်သည် ဧလိယကိုကြိုဆိုအံ့သောငှာသွား၍၊ 17 တွေ့မြင်သောအခါ၊ သင်သည် ဣသရေလအမျိုးကို နှောင့်ယှက်သောသူမှန်သလောဟုမေးလျှင်၊ 18 ဧလိယက၊ ငါသည် ဣသရေလအမျိုးကိုမနှောင့်ယှက်၊ သင်နှင့် သင့်အဆွေအမျိုးတို့သည် ထာဝရဘုရား၏ပညတ်တရားကိုစွန့်၍ ဗာလဘုရားတို့ကိုဆည်းကပ်သဖြင့်၊ ဣသရေလအမျိုးကို နှောင့်ယှက်ကြပြီ။ 19 သို့ရာတွင် လူကိုယခုစေလွှတ်၍ ဣသရေလအမျိုးသားအပေါင်းတို့ကိုလည်းကောင်း၊ ဗာလပရောဖက် လေးရာငါးဆယ်ကိုလည်းကောင်း၊ ယေဇဗေလစားပွဲ၌စားသော အာရှရပရောဖက်လေးရာကိုလည်းကောင်း၊ ကရမေလတောင်၊ ငါ့ထံသို့ စုဝေးစေလော့ဟု ဆိုသည်အတိုင်း၊ 20 အာဟပ်သည် ဣသရေလအမျိုးသားအပေါင်းတို့ရှိရာသို့ စေလွှတ်၍၊ ပရောဖက်တို့ကို ကရမေလတောင်ပေါ်မှ စုဝေးစေ၏။
21 ဧလိယသည် လူများရှိရာသို့လာ၍၊ သင်တို့သည် ဘာသာနှစ်ပါးစပ်ကြားမှာ အဘယ်မျှကာလပတ်လုံး ယုံမှားသောစိတ်နှင့် နေကြလိမ့်မည်နည်း။ ထာဝရဘုရားသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့။ ဗာလသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့ဟုဆိုလျှင်၊ လူများတို့သည် တိတ်ဆိတ်စွာနေကြ၏။ 22 တစ်ဖန် ဧလိယက၊ ထာဝရဘုရား၏ပရောဖက်ကား ငါတစ်ယောက်တည်း ကျန်ရစ်၏။ ဗာလ၏ပရောဖက်ကား လေးရာငါးဆယ် ရှိကြ၏။ 23 နွားနှစ်ကောင်ကိုပေးကြလော့။ သူတို့သည် တစ်ကောင်ကိုရွေး၍ အပိုင်းပိုင်းဖြတ်ပြီးလျှင် ထင်းပေါ်မှာ တင်ပါလေစေ။ မီးမထည့်စေနှင့်။ ငါလည်း နွားတစ်ကောင်ကိုလုပ်၍ ထင်းပေါ်မှာတင်မည်။ မီးကိုမထည့်။ 24 သင်တို့သည် သင်တို့ဘုရားများ၏နာမကို ဟစ်ခေါ်ကြလော့။ ငါလည်း ထာဝရဘုရား၏နာမတော်ကို ဟစ်ခေါ်မည်။ မီးဖြင့် ထူးတော်မူသောဘုရားသည် ဘုရားသခင်မှန်ပါစေဟု လူများတို့အား ပြောဆိုလျှင်၊ လူအပေါင်းတို့က၊ ဧလိယ၏စကားသည် လျောက်ပတ်ပေသည်ဟု ဆိုကြ၏။ 25 တစ်ဖန် ဧလိယက၊ သင်တို့သည်များသောကြောင့် နွားတစ်ကောင်ကို အရင်ရွေး၍လုပ်ကြလော့။ မီးမထည့်ဘဲ သင်တို့ဘုရားများ၏နာမကို ဟစ်ခေါ်ကြလော့ဟု ဗာလ၏ပရောဖက်တို့အား ဆိုသည်အတိုင်း၊ 26 သူတို့သည် လူများပေးသောနွားကိုယူ၍ လုပ်ပြီးလျှင်၊ အိုဗာလဘုရား၊ အကျွန်ုပ်တို့အားထူးတော်မူပါဟု နံနက်အချိန်မှစ၍ မွန်းတည့်အချိန်တိုင်အောင် ဗာလ၏နာမကို ဟစ်ခေါ်ကြ၏။ သို့ရာတွင် ဗျာဒိတ်သံမရှိ။ ထူးသောသူလည်း မရှိ။ သူတို့သည် ကိုယ်တည်သော ယဇ်ပလ္လင်ရှေ့မှာ ကခုန်ကြ၏။ 27 မွန်းတည့်အချိန်၌ ဧလိယက၊ ကျယ်သောအသံနှင့် ဟစ်ကြလော့။ ဗာလသည် ဘုရားဖြစ်တော်မူ၏။ ဆင်ခြင်လျက်နေတော်မူ၏။ သို့မဟုတ် တစ်စုံတစ်ခုကို လိုက်၍ရှာတော်မူ၏။ သို့မဟုတ် ခရီးသွားတော်မူ၏။ သို့မဟုတ် ကျိန်းစက်တော်မူသောကြောင့်၊ တစ်စုံတစ်ယောက်သောသူသည် နှိုးရမည်ဟု ပြက်ရယ်ပြု၍ဆို၏။ 28 သူတို့သည်လည်း ကျယ်သောအသံနှင့် ဟစ်၍ ထုံးစံရှိသည်အတိုင်း၊ ကိုယ်အသွေးနှင့် ကိုယ်ကိုလူးခြင်းငှာ ဓား၊ သံစူးနှင့် ကိုယ်ကိုရှစေကြ၏။ 29 မွန်းလွဲ၍ ညဉ့်ဦးယံ ယဇ်ပူဇော်ချိန်တိုင်အောင် ပရောဖက်ပြုကြသော်လည်း၊ ဗျာဒိတ်သံမရှိ။ ထူးသောသူ၊ အမှုထားသောသူလည်း မရှိသောအခါ၊ 30 ဧလိယက၊ ငါ့အနီးသို့လာကြလော့ဟု လူများတို့ကိုခေါ်သည်အတိုင်း၊ လူအပေါင်းတို့သည် အနီးသို့လာကြ၏။ ထိုအခါဧလိယသည် ပြိုပျက်သော ထာဝရဘုရား၏ယဇ်ပလ္လင်ကို ရှင်းလင်းပြီးမှ၊ 31 သင်၏အမည်ကား ဣသရေလဖြစ်ရမည်ဟူသော ထာဝရဘုရား၏ဗျာဒိတ်တော်ကိုခံရသော ယာကုပ်သား အမျိုးအနွယ် အရေအတွက်အတိုင်း၊ ကျောက်တစ်ဆယ်နှစ်လုံးကိုယူ၍၊က၊ ၃၂:၂၈၊၃၅:၁၀။32 ထာဝရဘုရား၏နာမတော်အဖို့ ယဇ်ပလ္လင်ကိုတည်ပြီးမှ၊ မျိုးစေ့နှစ်တင်းလောက်ဝင်နိုင်သောကျုံးကို ယဇ်ပလ္လင်ပတ်လည်၌ တူးလေ၏။ 33 ထင်းကိုစီ၍ နွားကိုလည်း အပိုင်းပိုင်းဖြတ်ပြီးလျှင် ထင်းပေါ်မှာတင်လေ၏။ 34 အိုးလေးလုံးကို ရေနှင့်အပြည့်ထည့်၍၊ မီးရှို့စရာယဇ်နှင့် ထင်းပေါ်မှာလောင်းကြလော့ဟု ဆိုသည်အတိုင်း သူတို့သည်လောင်းပြီးမှ၊ တစ်ဖန် လောင်းကြဦးလော့ဟု ဆိုသည်အတိုင်း သူတို့သည်လောင်းပြီးမှ၊ သုံးကြိမ်တိုင်အောင် လောင်းကြလော့ဟု ဆိုသည်အတိုင်း၊ သူတို့သည် သုံးကြိမ်တိုင်အောင် လောင်းကြ၏။ 35 ရေသည် ယဇ်ပလ္လင်ပတ်လည်၌စီး၍ ကျုံးသည်လည်း ရေနှင့်ပြည့်လေ၏။ 36 ညဉ့်ဦးယံ ယဇ်ပူဇော်ချိန်ရောက်သောအခါ၊ ပရောဖက်ဧလိယသည် ချဉ်းလာ၍၊ အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဣသရေလအမျိုး၏ ဘုရားသခင် ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်သည် ကိုယ်တော်ကျွန်ဖြစ်၍ အမိန့်တော်အတိုင်း ဤအမှုအလုံးစုံတို့ကို ပြုကြောင်းကိုလည်းကောင်း၊ ယနေ့သိကြပါစေသော။ 37 အိုထာဝရဘုရား၊ ကိုယ်တော်သည် ထာဝရအရှင်ဘုရားသခင် ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ ဤလူတို့စိတ်သဘောကို ပြောင်းလဲစေတော်မူကြောင်းကိုလည်းကောင်း၊ သူတို့သည် သိစေခြင်းငှာ အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ နားထောင်တော်မူပါဟု ဆုတောင်းလေ၏။ 38 ထိုအခါ ထာဝရဘုရား၏မီးသည်ကျသဖြင့်၊ မီးရှို့ရာယဇ် အစရှိသောထင်း၊ ကျောက်၊ မြေမှုန့်ကိုလောင်၍ ကျုံး၌ရှိသောရေကိုလည်း ခန်းခြောက်စေ၏။ 39 လူအပေါင်းတို့သည် မြင်လျှင် ပျပ်ဝပ်၍၊ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏ဟု ဝန်ခံကြ၏။ 40 ဧလိယကလည်း၊ ဗာလ၏ပရောဖက်တို့ကို ဖမ်းဆီးကြလော့။ တစ်ယောက်ကိုမျှမလွတ်စေနှင့်ဟု စီရင်သည်အတိုင်း၊ သူတို့ကို ဖမ်းဆီး၍ ဧလိယသည် ကိရှုန်ချောင်းသို့ ယူသွားပြီးလျှင် ကွပ်မျက်လေ၏။
41 ထိုနောက်မှ ဧလိယက၊ မင်းကြီးသည် စားသောက်ခြင်းငှာတက်သွားပါလော့။ များစွာသော မိုးရွာမည့်အသံရှိသည်ဟု အာဟပ်အားပြောဆိုလျှင်၊ 42 အာဟပ်သည် စားသောက်ခြင်းငှာတက်သွား၏။ ဧလိယသည် ကရမေလတောင်ပေါ်သို့တက်၍၊ မြေ၌ပျပ်ဝပ်လျက် မျက်နှာကို ဒူးကြားမှာထားလျက်၊ 43 မိမိကျွန်အား သင်တက်၍ ပင်လယ်သို့ ကြည့်ရှုလော့ဟုဆိုသည်အတိုင်း၊ ကျွန်သည်တက်၍ ကြည့်ရှုလျှင်၊ အဘယ်အရာမျှမရှိပါဟုပြောဆို၏။ ဧလိယက၊ ခုနစ်ကြိမ်တိုင်အောင်သွား၍ ကြည့်ရှုဦးလော့ဟုဆို၏။ 44 ခုနစ်ကြိမ်မြောက်သောအခါ၊ လူလက်နှင့်တူသော မိုးတိမ်ငယ်တစ်ခုသည် ပင်လယ်ထဲကတက်ပါ၏ဟုဆိုသော်၊ အာဟပ်မင်းထံသို့ သွားလော့။ မိုးရွာ၍ ဆီးတားမည်ကို စိုးရိမ်စရာရှိသောကြောင့်၊ မင်းကြီးပြင်ဆင်၍ ပြန်သွားမည်အကြောင်း လျှောက်ထားလော့ဟု မှာလိုက်လေ၏။ 45 မကြာမမြင့်မီ မိုးကောင်းကင်သည် မိုးသက်မုန်တိုင်းနှင့် မည်း၍ ပြင်းစွာမိုးရွာ၏။ အာဟပ်သည် ရထားစီး၍ ယေဇရေလမြို့သို့ သွား၏။ယာ၊ ၅:၁၈။46 ထာဝရဘုရား၏လက်တော်သည် ဧလိယအပေါ်မှာရှိ၍၊ သူသည် ခါးပန်းကိုစည်းလျက် အာဟပ်မင်းအရင် ယေဇရလမြို့တံခါးဝသို့ပြေးလေ၏။
1 1Rs 17.1Passados muitos dias, veio a palavra de Jeová a Elias, no terceiro ano, dizendo: Vai mostrar-te a Acabe; e farei cair chuva sobre a terra. 2 Partiu Elias a se mostrar a Acabe. A fome era extrema em Samaria. 3 Acabe chamou a Obadias, 1Rs 16.9que estava sobre a sua casa (Ora, Obadias temia muito a Jeová, 4 porque, 1Rs 18.13quando Jezabel exterminava os profetas de Jeová, tomou Obadias cem profetas, e os escondeu cinquenta numa caverna e cinquenta na outra, e os sustentou de pão e água.). 5 Disse Acabe a Obadias: Vai, pela terra, a todas as fontes de água e a todas as torrentes; talvez possamos achar erva e salvar a vida aos cavalos e machos, de maneira que não percamos todos os animais. 6 Repartiram entre si a terra, para a percorrerem; Acabe foi sozinho por um caminho, e Obadias foi sozinho por outro caminho.
7 Quando Obadias estava em caminho, eis que Elias se encontrou com ele. Obadias, 2Rs 1.6-8reconhecendo-o, prostrou-se com o rosto em terra e disse: És tu, meu senhor Elias? 8 Ele respondeu: Sou eu; vai e dize ao teu senhor: Eis aqui está Elias. 9 Ele disse: Em que pequei, para que tu entregues o teu servo nas mãos de Acabe, para ele me matar? 10 1Rs 17.1Pela vida de Jeová, teu Deus, que não há nação nem reino, aonde o meu senhor não tenha enviado em busca de ti, e, dizendo eles: Não está aqui, fazia ele jurar a nação e o reino que não te haviam achado. 11 Agora, tu dizes: Vai e dize ao teu senhor: Eis aqui está Elias. 12 Logo que eu me apartar de ti, levar-te-á 2Rs 2.16;Ez 3.12,14;At 8.39o Espírito de Jeová para um lugar que ignoro; quando eu vier e o disser a Acabe, e ele não te puder achar, tirar-me-á a vida. Porém eu, teu servo, temo a Jeová desde a minha mocidade. 13 1Rs 18.4Acaso, não se te disse o que fiz quando Jezabel matava os profetas de Jeová, a saber, como escondi cem dos profetas de Jeová, cinquenta numa caverna e cinquenta na outra, e os sustentei de pão e água? 14 Agora, dizes tu: Vai e dize ao teu senhor: Eis aqui está Elias. Ele me matará. 15 Elias disse: 1Rs 17.1Pela vida de Jeová, em cuja presença estou, hoje mesmo, me hei de mostrar a ele.
16 Foi Obadias encontrar-se com Acabe e avisou-o; e foi Acabe ter com Elias. 17 Vendo-o, 1Rs 21.20;Js 7.25disse-lhe: És tu, ó perturbador de Israel? 18 Respondeu Elias: Eu não tenho perturbado a Israel; mas tu e a casa de teu pai, por 1Rs 9.9;2Cr 15.2terdes deixado os mandamentos de Jeová e 1Rs 16.31;21.25-26por teres tu seguido os Baalins. 19 Agora, envia e ajunta a mim todo o Israel no Js 19.26;2Rs 2.25monte Carmelo e os quatrocentos e cinquenta 1Rs 18.22profetas de Baal, e os quatrocentos profetas da 1Rs 16.33Aserá, que comem da mesa de Jezabel.
20 Acabe enviou a todos os filhos de Israel e ajuntou os profetas no monte Carmelo. 21 Elias, chegando-se a todo o povo, disse: Até Dt 4.35;2Rs 17.41quando claudicareis para duas partes? Js 24.15Se Jeová é Deus, segui-o; se, porém, Baal o é, segui-o. O povo não lhe respondeu palavra. 22 Então, disse Elias ao povo: 1Rs 19.10,14Eu sou o único que fiquei dos profetas de Jeová, mas os profetas de Baal são 1Rs 18.19quatrocentos e cinquenta homens. 23 Deem-se-nos, portanto, dois novilhos; escolham eles para si um novilho e, dividindo-o em pedaços, o ponham sobre a lenha, porém não metam fogo por baixo; eu prepararei o outro novilho e pô-lo-ei sobre a lenha, porém não meterei fogo por baixo. 24 Invocai vós o nome do vosso deus, e eu invocarei o nome de Jeová; o 1Rs 18.38Deus que responder por meio do fogo, seja esse o Deus. Todo o povo, respondendo, disse: É boa a proposta.
25 Disse Elias aos profetas de Baal: Escolhei para vós um novilho, e preparai-o primeiro, porque sois muitos, e invocai o nome do vosso deus, e não metais fogo por baixo. 26 Tendo eles tomado o novilho que lhes fora dado, prepararam-no e invocaram o nome de Baal desde a manhã até o meio dia, dizendo: Baal, responde-nos. Porém não havia voz, nem havia quem respondesse. Rodeavam, manquejando, o altar que se tinha feito. 27 Ao meio-dia, Elias zombava deles e dizia: Gritai em altas vozes, pois ele é um deus; ou está meditando, ou está em retiro, ou está em viagem, ou, porventura, está dormindo e necessita que o acordem. 28 Clamavam em altas vozes e, segundo o seu costume, Lv 19.28;Dt 14.1;Mq 6.7se retalhavam com facas e lancetas, até sair-lhes sangue. 29 Passado o meio-dia, profetizavam Êx 29.39,41até o tempo de se oferecer a oblação da tarde; porém não havia voz, nem havia quem respondesse, nem atendesse.
30 Então, disse Elias a todo o povo: Chegai-vos a mim. Chegou-se a ele todo o povo. Elias 1Rs 19.10,14;2Cr 33.16consertou o altar de Jeová, que tinha sido derrubado. 31 Tomou doze pedras, conforme o número das tribos dos filhos de Jacó, a quem viera a palavra de Jeová, dizendo: Gn 32.28;35.10;2Rs 17.34Israel será o teu nome. 32 Com as pedras, edificou um altar ao nome de Jeová e fez um sulco capaz de conter duas medidas de semente ao redor do altar. 33 Gn 22.9;Lv 1.7-8Dispôs a lenha, dividiu o novilho em pedaços e pô-lo sobre a lenha. Ele disse: Enchei de água quatro talhas e entornai-a sobre o holocausto e sobre a lenha. 34 Disse ainda: Fazei-o segunda vez; e fizeram-no segunda vez. De novo, disse: Fazei-o terceira vez; e fizeram-no terceira vez. 35 A água corria ao redor do altar; ele encheu também de água o sulco. 36 1Rs 18.29Sendo já o tempo de se oferecer a oblação da tarde, chegou-se Elias e disse: Êx 3.6;4.5Ó Jeová, Deus de Abraão, de Isaque e de Israel, seja manifestado, hoje, que tu és Deus em Israel, e que eu sou teu servo, e Nm 16.28-32que por tua ordem tenho feito todas essas coisas. 37 Responde-me, Jeová! Responde-me para que este povo conheça que tu, Jeová, és Deus, porque fizeste voltar para trás o seu coração! 38 Gn 15.17;Lv 10.1-2;2Rs 1.12;Jó 1.16Caiu o fogo de Jeová, e consumiu o holocausto, e a lenha, e as pedras, e o pó, e sorveu a água que estava no sulco. 39 O que tendo visto todo o povo, prostraram-se com o rosto em terra e disseram: 1Rs 18.21,24Jeová é o Deus; Jeová é o Deus. 40 Disse-lhes Elias: Agarrai os profetas de Baal; que nenhum deles escape. Agarraram-nos. Elias fê-los descer Jz 4.7;5.21à torrente de Quisom e Dt 13.5;18.20;2Rs 10.24-25ali os matou.
41 Disse Elias a Acabe: Sobe, come e bebe, porque se ouve o ruído duma grande chuva. 42 Subiu Acabe a comer e a beber. Elias subiu ao cume do 1Rs 18.19-20Carmelo e, inclinado por terra, meteu o rosto entre os joelhos. 43 Disse ao seu criado: Sobe agora e olha para a banda do mar. Subiu, olhou e disse: Não há nada. Elias disse-lhe: Torna a ir sete vezes. 44 À sétima vez, disse: Eis Lc 12.54que se levanta do mar uma nuvem, ao tamanho da mão dum homem. Disse-lhe Elias: Sobe e dize a Acabe: Manda aprontar o teu carro e desce, para que a chuva não te impeça de o fazer. 45 Em pouco tempo, o céu enegreceu de nuvens e de vento, e caiu uma grande chuva. Acabe subiu ao carro e foi para Js 17.16;Jz 6.33Jezreel. 46 2Rs 3.15;Is 8.11A mão de Jeová foi sobre Elias, que 2Rs 4.29;Jr 1.17;1Pe 1.13cingiu os lombos e correu adiante de Acabe até a entrada de Jezreel.