1 ဂိလဒ်ပြည် တိရှဘိမြို့သားဧလိယက၊ ငါကိုးကွယ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလပတ်လုံး မိုးမရွာ၊ နှင်းမကျရဟု အာဟပ်မင်းအားမြွက်ဆို၏။ယာ၊ ၅:၁၇။2 ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဧလိယသို့ ရောက်လာသည်ကား၊ 3 သင်သည် ဤအရပ်မှ ထွက်သွားလော့။ အရှေ့သို့ပြောင်း၍ ယော်ဒန်မြစ်တစ်ဖက်၊ ခေရိတ်ချောင်းနားမှာ ပုန်းရှောင်၍နေလော့။ 4 ထိုချောင်းရေကို သောက်ရမည်။ ကျီးအတို့သည် သင့်ကိုကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့်တော်မူသည်အတိုင်း၊ 5 ဧလိယသည်သွား၍ ယော်ဒန်မြစ်တစ်ဖက်၊ ခေရိတ်ချောင်းနားမှာနေလေ၏။ 6 ကျီးအတို့သည် နေ့တိုင်း နံနက်တစ်ခါ၊ ညဉ့်ဦးတစ်ခါ မုန့်နှင့် အမဲသားကို ဆောင်ခဲ့ကြ၏။ ချောင်းရေကိုလည်းသောက်ရ၏။ 7 နောက်တစ်ဖန် မိုးမရွာသောကြောင့် ချောင်းရေခန်းခြောက်လေ၏။
8 ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ရောက်လာသည်ကား၊ 9 သင်ထလော့။ ဇိဒုန်ပြည်၊ ဇရတ္တမြို့သို့သွား၍ နေလော့။ ထိုမြို့၌နေသော မုဆိုးမတစ်ယောက်သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့်တော်မူသည်အတိုင်း၊လု၊ ၄:၂၅-၂၆။10 ဧလိယသည်ထ၍ ဇရတ္တမြို့သို့သွား၏။ မြို့တံခါးသို့ရောက်သောအခါ၊ မုဆိုးမသည် ထင်းခွေလျက်ရှိ၏။ ဧလိယက၊ ငါသောက်စရာ ရေအနည်းငယ်ကို ခွက်နှင့် ယူခဲ့ပါလော့ဟု ဟစ်၍ဆို၏။ 11 မိန်းမသည်ရေကိုယူခြင်းငှာ သွားစဉ်တွင်၊ တစ်ဖန်ဟစ်၍ မုန့်တစ်ဖဲ့ကိုလည်း သင့်လက်၌ ယူခဲ့ပါလော့ဟု ဆိုပြန်လျှင်၊ 12 မိန်းမက၊ သင်၏ဘုရားသခင် ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ မုန့်ပြားတစ်ပြားမျှမရှိ။ အိုးထဲမှာ မုန့်ညက်တစ်လက်ဆုပ်၊ ဘူး၌ ဆီအနည်းငယ်သာရှိ၏။ ကျွန်မနှင့်သားငယ်အဖို့ဖုတ်၍ စားလိုသောငှာလည်းကောင်း၊ စားပြီးမှ သေလိုသောငှာလည်းကောင်း၊ ထင်းစနှစ်ခုကို ယခုခွေပါ၏ဟု ပြန်ပြော၏။ 13 ဧလိယကလည်း မစိုးရိမ်နှင့်။ သင်ဆိုသည်အတိုင်း သွား၍ပြုလော့။ သို့ရာတွင် ငါ့အဖို့ မုန့်ပြားငယ်တစ်ပြားကို အရင်လုပ်၍ ယူခဲ့လော့။ နောက်မှ သင်နှင့် သင်၏သားငယ်အဖို့ လုပ်လော့။ 14 ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထာဝရဘုရားသည် မြေပေါ်မှာ မိုးရွာစေတော်မမူမီတိုင်အောင်၊ အိုး၌ရှိသောမုန့်ညက် မကုန်။ ဘူး၌ရှိသောဆီ မလျော့ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။ 15 ထိုမုဆိုးမသည်သွား၍ ဧလိယစကားအတိုင်း ပြုသဖြင့်၊ ဧလိယနှင့်တကွ ကိုယ်တိုင်မှစ၍၊ အိမ်သားတို့သည် အင်တန်ကာလပတ်လုံးစားရကြ၏။ 16 ထာဝရဘုရားသည် ဧလိယအားဖြင့် မိန့်တော်မူသောစကားအတိုင်း၊ အိုး၌ရှိသော မုန့်ညက်မကုန်၊ ဘူး၌ရှိသောဆီ မလျော့။
17 ထိုနောက်မှ အိမ်ရှင်မ၏သားသည် ပြင်းပြစွာသော အနာရောဂါစွဲသောကြောင့် အသက်ချုပ်၏။ 18 မိန်းမကလည်း၊ အို ဘုရားသခင်၏လူ၊ ကိုယ်တော်သည် ကျွန်မနှင့် အဘယ်သို့ဆိုင်သနည်း။ ကျွန်မအပြစ်တို့ကို အောက်မေ့စေ၍၊ ကျွန်မသားကို သတ်အံ့သောငှာ ကျွန်မဆီသို့ ကြွလာတော်မူသလောဟု ဧလိယအားဆိုသော်၊ 19 သင်၏သားကို ငါ့အားပေးလော့ဟုဆိုလျက်၊ မိန်းမရင်ခွင်ထဲကယူ၍ မိမိနေရာအထက်အခန်းသို့ ဆောင်သွားသဖြင့်၊ မိမိအိပ်ရာပေါ်မှာထားပြီးလျှင်၊ 20 အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တည်းခိုသော ဤမုဆိုးမ၌ ဘေးဥပဒ်ပြု၍၊ သူ၏သားကို သေစေတော်မူမည်လောဟု ထာဝရဘုရားကို ကြွေးကြော်လေ၏။ 21 တစ်ဖန် သူငယ်အပေါ်မှာ မိမိကိုယ်ကိုသုံးကြိမ်မှောက်လျက်၊ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ဤသူငယ်၏ဝိညာဉ်ကို တစ်ဖန် ဝင်စေတော်မူပါဟု ထာဝရဘုရားကို ကြွေးကြော်ပြန်၏။၄ရာ၊ ၄:၃၄-၃၅။22 ဧလိယစကားကို ထာဝရဘုရားကြားတော်မူ၍၊ သူငယ်၏ဝိညာဉ်သည်ဝင်သဖြင့်၊ သူသည် အသက်ရှင်ပြန်၏။ 23 ဧလိယသည် သူငယ်ကို အထက်အခန်းမှ အောက်သို့ယူသွား၍ ကြည့်လော့။ သင်၏သားအသက်ရှင်ပြီဟုဆိုလျက် အမိ၌အပ်လေ၏။ 24 မိန်းမကလည်း၊ ဤအမှုကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင်၏လူ ဖြစ်ကြောင်းကိုလည်းကောင်း၊ ကိုယ်တော်ဆင့်ဆိုသော ထာဝရဘုရား၏စကားတော် ဟုတ်မှန်ကြောင်းကိုလည်းကောင်း၊ ကျွန်မသိပါသည်ဟု ဧလိယအားဆို၏။
1 Elias, tisbita, que era dos que Jz 12.4peregrinavam em Gileade, disse a Acabe: 1Rs 18.10;22.14;2Rs 5.20Pela vida de Jeová, Deus de Israel, em cuja presença estou, 1Rs 18.1;Lc 4.25;Tg 5.17não haverá neste ano nem orvalho nem chuva, senão conforme a minha palavra. 2 Veio a ele a palavra de Jeová, dizendo: 3 Retira-te daqui, vai para a banda do oriente e esconde-te junto da torrente de Querite, que está defronte do Jordão. 4 Beberás da torrente; eu 1Rs 17.9ordenei aos corvos que te sustentem ali mesmo. 5 Partiu e fez conforme a ordem de Jeová, porque foi e habitou junto da torrente de Querite, que está defronte do Jordão. 6 Os corvos traziam-lhe pela manhã pão e carne, também, de tarde, pão e carne; e ele bebia da torrente. 7 Mas passados dias, secou a torrente, porque não chovia sobre a terra.
8 Veio-lhe a palavra de Jeová, dizendo: 9 Levanta-te, vai para Ob 20;Lc 4.26Sarepta, que pertence a Sidom, e ali habita. Eis que 1Rs 17.4ordenei ali a uma mulher viúva que te sustente. 10 Levantou-se e foi para Sarepta. Quando chegou à porta da cidade, estava ali uma mulher viúva apanhando lenha; Gn 24.17;Jo 4.7ele a chamou e lhe disse: Traze-me, num vaso, um pouco de água para eu beber. 11 Indo ela a trazê-la, ele a chamou e lhe disse: Traze-me também um bocado de pão na tua mão. 12 Ela respondeu: 1Rs 17.1Pela vida de Jeová, teu Deus, 2Rs 4.2-7não tenho pão, senão somente um punhado de farinha no vaso e um pouco de azeite na almotolia. Eis que ando apanhando uns gravetos para ir prepará-lo para mim e para meu filho, a fim de que o comamos e morramos. 13 Elias disse-lhe: Não temas, vai e faze como disseste; mas primeiro faze dele para mim um pãozinho e traze-mo cá fora; para ti e para teu filho o farás depois. 14 Porque assim diz Jeová, Deus de Israel: A farinha que está no vaso não se acabará, nem o azeite da almotolia faltará, até o dia em que Jeová faça cair chuva sobre a terra. 15 Ela foi e fez conforme a palavra de Elias; comeram ele, e ela, e sua casa muitos dias. 16 A farinha não se acabou no vaso, nem o azeite faltou na almotolia, conforme a palavra que Jeová falou por meio de Elias.
17 Depois dessas coisas, adoeceu o filho da mulher, dona da casa, e a sua doença foi tão grave, que não lhe ficou mais fôlego. 18 Então, disse ela a Elias: 2Sm 16.10;2Rs 3.13;Jo 2.4Que tenho eu contigo, 1Rs 12.22ó homem de Deus? Vieste a mim para trazeres à memória o meu pecado e para matares a meu filho! 19 Ele lhe disse: Dá-me teu filho. Tomou-o do seu regaço, e levou-o para cima, à câmara, onde ele mesmo assistia, e pô-lo em cima do seu leito. 20 Clamou a Jeová e disse: Ó Jeová, meu Deus, trouxeste também o mal sobre a viúva em cuja casa assisto, matando-lhe o filho? 21 2Rs 4.34-35;At 20.10Estendeu-se sobre o menino três vezes, e clamou a Jeová, e disse: Ó Jeová, meu Deus, faze que a alma deste menino torne a entrar nele. 22 Jeová ouviu a voz de Elias, e Hb 11.35a alma do menino tornou a entrar nele, e reviveu. 23 Elias tomou o menino, e desceu-o da sua câmara à casa, e entregou-o à sua mãe, e disse: Vê! Teu filho vive! 24 Então, disse a mulher a Elias: Jo 2.11;3.2Agora, sei que tu és um homem de Deus e que a palavra de Jeová na tua boca é verdade.